ကတိသစ္စာ….Bဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

ကတိသစ္စာ….Bဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)…………………ဤသုံးဦး (B)

မင်းကျောင်းဆရာတော်လည်း ဇာတာစန်းလဂ် အနေအထားထူးခြားလှသော ကျောင်းသားသုံးဦး၏ လုပ်ပုံကိုင်ပုံကစားပုံမှစ၍ ပြောဆိုဆက်ဆံပုံအထိ အမြဲတစေ အကဲခတ် လေ့လာမှတ်သားနေပါသည်။ မောင်စံသာကား စကားသိပ်နည်းပြီး မောင်အောင်နှင့် မောင်ဝိုင်းတို့အား ဆိုဆုံးမစကားကို မကြာခဏပြောကြားဆုံးမလေ့ရှိသလို ငယ်ရွယ်သူနှစ်ဦး၏ အနွံအတာကိုလည်းခံလျက် မောင်စံသာအဖို့ အင်မတန် အေးချမ်းငြိမ်းချမ်းသောနေရာနှင့် ပတ်ဝန်းကျင်ကို လိုလားတောင့်တတတ်သည်မို့ မင်းကျောင်းဆရာတော်က တွေ့မြင်ရပေသည်။

မောင်ဝိုင်းကား နေရာတကာတွင် ခေါင်းဆောင်လုပ်ချင်သော စိတ်၊ သြဇာပေးလိုသောစိတ်ဆန္ဒများနှင့် စိတ်အနည်းငယ်မြန်ဆန်သော သဘောသတ္တိတို့ကိုတွေ့ရပြီး ရဲတင်းတည်ကြည်သောလုပ်ပုံကိုင်ပုံတို့ကိုလည်း တွေ့မြင်ရပေသည်။ မောင်အောင်မှာမူ စိတ်သဘောထားဖြူစင်သလို အေးအေးသက်သာ ပြောဆိုဆက်ဆံတတ်သော အပြောအဆိုရှိသကဲ့သို့ သူ၏အထိန်းအကြပ်ကို ကိုရင်ကြီးရှင်နန္ဒိယ၏ ပုရပိုက်များနှင့် ဆပစာများအတွင်းမဎ အင်းကွက်ဂါထာတို့ကို မြင်ရလျှင် မလွတ်တမ်း အရွယ်နှင့်မလိုက်အောင် စွဲလမ်းနှစ်သက်သလို သူ၏ စေ့အင်္ကျီအတွင်း၌ သိုသိုဝှက်ဝှက်နှင့် တစ်ပိုင်းတစ်စတွေ့မြင်ရသည့် စိပ်ပုတီးအနက်ကလေးတစ်လုံးကိုလည်း ညအိပ်ရာဝင်ခါနီးထိုင်၍ ထူးထူးခြားခြား အပြင်သို့ ထုတ်ယူပြီး စိပ်နေသည်ကိုကျောင်းထိုင်ဆရာတော်ကြီးက တွေ့ရှိနေရလေသည်။

ကျောင်းသားသုံးဦးသည် တစ်မိဝမ်းအတွင်းမှ သက်ဆင်းလာကြသလို အမွှပူး ညီနောင်သုံးဦးလို စားအတူ၊ သွားအတူ၊ အိပ်အတူ၊ မခွဲတမ်း တပူးပူးတတွဲတွဲ နေထိုင်လေ့ရှိသည်။ဝတ်တက်ဝတ်စဉ် အချိန်မှန်မှန်ရှိနေသလို ကျောင်းဝိုင်းအတွင်း တံမြက်ခတ်ခြင်း၊ သင်္ကန်းလျှော်ခြင်းများကိုလည်း မကပ်မခို မညည်းညူစတမ်း လုပ်ကိုင်ခဲ့ကြသည်။အားလပ်သည့် ကာလဝယ် ကျောင်းတိုက်၏ ဦးပိုင်းရှိလောက ရန်အောင် စေတီတော်တွင် သုံးဦးသား ပန်းကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်းတို့ကို အရွယ်နှင့်မလိုက်အောင် ဘာသာရေး ကိုင်းရှိုင်းမှုစိတ်ဓာတ်ဖြင့် ကျင့်သုံးနေသည်ကို ကျောင်းရှ် ရဟန်းသံဃာအားလုံးတွေ့မြင်ကာ အသိအမှတ်ပြုကြသည်။

ညနေဆည်းဆာအချိန်ကလ တိမ်ရောင်တွေ တောက်ပနေသော စစ်ကိုင်းမြို့၏ ညနေခင်းကလဖြစ်ပါသည်။ လောကရန်အောင်စေတီတော် အရှေ့ဘက်တစ်ဝဂူအနီးဝယ်မောင်အောင်တစ်ယောက်တည်းတင်ပျဉ်ခွေချိတ်လျက် ပုတီးစိပ်နေသည်ကိုတွေ့ရပေ၏။ ဘုရား၏ တောင်ဘက်မျက်နှာ၌မူ မောင်စံသာသည်တံမြက်ခတ်ကာ သန့်ရှင်းရေးလုပ်ငန်းကို လုပ်ကိုင်နေသလို ဘုရားမြောက်ဘက်အရပ်၌ မောင်ဝိုင်းသည် ရေချမ်းနှင့် ပန်းမန်များကိုလည်း ကပ်လှူပူဇော်နေတော့သည်။

အတန်ကြာသည့်ကာလ၌ မောင်စံသာသည် မောင်ဝိုင်းရှိရာသို့ လာရောက် ပူးပေါင်းကာ လုပ်ကိုင်ကူညီလေသည်”လာလေ မောင်ဝိုင်း၊ မောင်အောင် တစ်ယောက်တည်း ပုတီးစိပ်နေတာ အတော်ကြာပြီ။ ပြီးလောက်ပြီ၊သွားစကားပြောရအောင်ဟေ့”ခေါ်ငင်ကာ နှစ်ယောက်သား ဘုရားရှေ့ တစ်ဝဂူဆီသို့ ထွက်လာကြသည်။

မောင်အောင်ကား မည်သူ့ကိုမျှမကြည့်ဘဲ ဘုရားစေတီတော်မြတ်ကို အာရုံပြုလျက် သူ၏အဓိဋ္ဌာန်ပုတီးစိပ်လုပ်ငန်း ပြီးဆုံးသည်အထိ လုပ်ကိုင်ခဲ့ပြီး ဘုရားကို ဦးသုံးကြိမ်ဝတ်ချကန်တော့သည်ကို မောင်စံသာတို့နှစ်ယောက်က တွေ့ရှိလိုက်ပြီး…..”ပြီးပြီလား မောင်အောင်ရေ….”စတင်ကာနှုတ်ဆက်လိုက်သည်တွင်…..”အေးဗျာ၊ကိုရင်စံသာ တစ်နေ့ကို ပုတီးကိုးပတ်ပြည့်အောင်စိပ်ဖို့ ဆုံးထြတ်ထားတဲ့အတိုင်းဘုပ်ရကိုင်ရတာပဲ”ကြည်လင်သော မျက်နှာကလေးဖြင့် နှုတ်ဆက်လိုက်ရင်း….

“ဒါထက် ကိုရင်စံသာ ဘုရားရှင်တော်ဆီမှာ ဘာဆုတောင်းသလဲ၊ဆရာတော်ကြီးက အလှူဒါနလုပ်တိုင်း ဘုရားရှိခိုးတိုင်း၊ပုတီးစိပ်တိုင်း၊ဆုတောင်းရမယ်လို့ မှာခဲ့တာမောင်အောင် သတိရလို့ဗျာ”စတင်ကာ သူငယ်ချင်းသုံးယောက် မျက်နှာစုံညီချိန်ဝယ် မောင်အောင်က စတင်၍ မေးမြန်းလိုက်ရာ အသက်အကြီးဆုံး မောင်စံသာသည်…..”ငါကတော့ မောင်အောင်ရေ….၊ ဆင်းရဲနဲ့ ငဲကင်းတဲ့ နိဗ္ဗာန်ဆုပဲ တောင်းတယ်၊ နိဗ္ဗာန်မရောက်မီကာလမှ တို့မင်းတို့လို စိတ်စေတနာ ကောင်းကောင်းနဲ့ ဘုရား သာသနာတော်ကြီး အမြဲတမ်း စည်ပင်သာယာနိုင်အောင် ငါ့အနေနဲ့လေ သင်္ကန်းဝတ်ပြီးလူတွေကို သိပ်တရားဟောချင်နေတယ် မောင်အောင်ရေ”အားရပါးရ ပြောချလိုက်ပါသည်။

“ဒါနဲ့ မောင်ဝိုင်းရော ဘယ်ဆုတောင်းသလဲ ပြောစမ်းပါဦးကွာ”မောင်အောင်က ထပ်၍မေးမြန်းလိုက်ရာ မောင်ဝိုင်းသည် ရယ်မောပြီး ရှက်သလိုလို မျက်နှာဖြင့်……”ငါတောင်းတဲ့ဆုက တစ်မျိုးပဲ ကိုအောင်ရေ”သူ၏တောင်းနေသည့်ဆုကို ရုတ်တရက်ဖွင့်ဟ၍ မပြောဝံ့ပုံဖြင့်စကားစသိမ်းလိုက်ရာ မောင်အောင်က…..”ပြောပါဦး မောင်ဝိုင်းရဲ့။

တို့သုံးယောက်ဟာ အလွန်ချစ်ကြတဲ့ရောင်းရင်းတွေပဲ၊ ဒီပြင် ဘယ်မှာရှိလို့လဲ။”အားပေးစကားပြောလိုက်မှ မောင်ဝိုင်းသည်”ငါကတော့ကွာ ကိုအောင်ရင်ရဲ့၊တိုင်းသူပြည်သားတွေကို တရားသဖြင့်အုပ်ချုပ်နိုင်တဲ့ ဘုန်းတန်ခိုးကြီးတဲ့ ရှင်ဘုရင်ဖြစ်ဖို့ဆုတောင်းတယ်ဟေ့။ မကောင်းတဲ့၊မသမာတဲ့လူတွေ တို့မြန်မာအမျိုးသားတွေရဲ့ ရန်သူတွေကို ဆုံးမသုတ်သင်ရပါစေလို့ဆုတောင်းနေတယ်၊ဒါနဲ့ ကိုရင်အောင်ကော “ဘာဆုတောင်းသလဲ ပြောပေတော့ ကိုရင်အောင်”မောင်ဝိုင်းက မောင်အောင်ကိုလှည့်၍ပြောလိုက်ရာ မောင်အောင်သည်…..”ငါ့ဆုတောင်းက တစ်မျိုးပဲ ၊ဘုရားရှင်ရဲ့ သာသနာတော်ကိုပြုဖို့ပဲ။

ပြီးတော့ သတ္တဝါမှန်သမျှကို ကယ်တင်နိုင်ဖို့ပဲ၊ ဘယ်သူမှလည်း ရန်သူလိုမမြင်တတ်ဘူး၊၊ကိုရင်စံသာလိုတော့ သင်္ကန်း ဝတ်ချင်တဲ့စိတ်မရှိဘူး။ ဒါပေမဲ့ ငါ့တန်ခိုး အစွမ်းရှိရှိနဲ့သတ္တဝါတွေရဲ့ ဘေးဒုက္ခ တွေကို တားဆီးကူညီချင်တာကလား….”သူ၏ အဓိဋ္ဌာန်ရည်ရွယ်ချက်ကို ပြောကြားလ်ိုက်ရာ မောင်စံသာနှင့် မောင်ဝိုင်းတို့သည် မောင်အောင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး…..”ဘယ်နှယ့်လဲ မောင်အောင်၊ မင်းဆုတောင်းတာက တစ်မျိုးကြီးပါလားကွ။

ဘယ်လို အစွမ်းသတ္တိမျိုးနဲ့ခကူညီဆောင်ရွက်ချင်တာလဲ ဆိုစမ်းပါအု့ံးကွ”ဝိုင်း၍မေးမြန်းလိုက်ရာ မောင်အောင်သည် တည်ကြည်လေးနက်သော မျက်နှာကလေးဖြင့်……”ငါက. စိတ်လ်ိုရာ စေစားနိုင်တဲ့ တန်ခိုးသတ္တိကို သိပ်လိုချင်တယ်၊ တရားတဲ့ လုပ်ငန်းတွေကိုလည်း လုပ်လိုချင်တယ်၊ဗုဒ္ဓသာသနာကြီးကိုလည်း ပြုစုချင်တယ် မောင်စံသာ၊ မောင်ဝိုင်း၊ တစ်ခါခါကွာ အိပ်မက်ထဲမှာ ကိုရင်ကြီး နန္ဒိယ ပုရပိုက်ထဲက အင်းမျိုးတွေ တစ်ထပ်ကြီး ငါ့ရှေ့မှာ လာလာမြင်နေတယ်”

ဘာတွေမှန်းလဲ မသိဘူး၊ဗျည်းတွေ၊ ကကြီးတွေ၊ ဏကြီးတွေလည်းပါတယ် ကိုရင်စံသာရဲ့……စသည်ဖြင့် သူ၏ထူးဆန်းသော အိမ်မက်တွင်း အဓိဋ္ဌာန် ကိုပြောပြနေပါသည်။ဘုရား၏ တစ်ဖက်ထောင့်စွန်းမှကွယ်၍ ကျောင်းသားသုံးဦး၏ အရွယ်နှင့်မလိုက်အောင် ပြောဆိုတိုင်ပင်နေကြပုံတို့ကို ထူပါရုံမင်းကျောင်း ဆရာတော်ကြီးက အသာချောင်းမြောင်းနားထောင်နေရာမှ ဝမ်းမြောက်ဝမ်းသာ ဖြင် မှတ်သားကာ လေးနက်သည့် မျက်နှာတော်ဖြင့် ခေါင်းညိတ်လိုက်ပါတော့သည်။ပါရမီထူးလှသော ဤကျောင်းသားသုံးဦး၏ဖြသ်ရပ်မှာ အစကနဦးကပင် ဆန်းကြယ်ပြောင်မြောက်လှပါပေ၏။

Credit : Kyi Kyaw

ကတိသစ္စာ….Bဗိုလ်တာရာ PDF file Download here

Likes:
1 0
Views:
648

Leave a Reply

Your email address will not be published. Required fields are marked *