ညဘက်ဂစ်တာအတီးကောင်းတဲ့သူတယောက် ( စိုးလွင်လွင်)

၁၉၇၉-၈၀ တဝိုက်ငါးလုံးတန်းဘက်ပိုက်လုံးပေါ်မှာညဘက်ဂစ်တာအတီးကောင်းတဲ့သူတယောက်မကြာခဏရောက်လာတတ်တာသတိထားမိတယ်။နောက်မှသိရတာ ၁၂ လုံးတန်းကတဲ့။ မိုးဖွဲဖွဲမှာဂီတာကိုရင်မှာပိုက်ပုဆိုးခြုံနဲ့ပိုက်လုံးပေါ်ခပ်သွက်သွက်လျှောက်ပြီးသီချင်းအော်ဆိုသွားတဲ့လူတယောက်ကိုညပိုင်းတွေ့မိလိုက်တယ်။

သိတဲ့သူငယ်ချင်းတယောက်က ” အဲဒါ “ပိုပို” ၁၂ လုံးတန်းက “၁၉၈၄ ခုနှစ်က “ ချစ်လူမိုက် ” အမည် ပေးထားတဲ့တေးစီးရီးစ်ထုတ်ခဲ့ပြီး “ ငယ်သူမို့ ” သီချင်းအပါအဝင်တခွေလုံးနီးပါးပေါက်ခဲ့တယ်။

အဆိုတော် “စိုးလွင်လွင်” ၁၂ လုံးတန်းကတဲ့။စိုးလွင်လွင်နာမည်ကိုထပ်ကြားဖူးတာပါ။၁၉၈၅ ငါးလုံးတန်းမှာစတိတ်ရှိုးတီးကြတော့သီချင်းဆိုပေးဖို့စိုးလွင်လွင်ကိုသိတဲ့သူနဲ့အကူအညီသွားတောင်းခဲ့ဘူးတယ်။အဲ့တုန်းကသူကငါးလုံးတန်းစာကြည့်တိုက်နားနှစ်ထပ်အောက်ခန်းမှာနေတာ။မီးလုံးမှိန်မှိန်ဧည့်ခန်းထဲမှာစိုးလွင်လွင်နဲ့ညဦးပိုင်းတွေ့တယ်။

ဆံပင်တိုတို၊စွတ်ကြယ်လက်ပြတ်၊ပုဆိုးတိုတို၊ရုပ်ဖြောင့်ဖြောင့်။ဧည့်ခန်းထဲကကျွန်းဘီဒိုဟောင်းတလုံးပေါ်မှာဂစ်တာထည့်တဲ့သားရည်အိတ်အနက်တလုံးဘေးစောင်းလှဲထားတယ်။“ ကျွန်တော်ရပ်ကွက်နဲ့ Clash ဖြစ်မှာစိုးတယ် ” သူကတိုးတိုးညင်သာပြောတယ်။သူ့ဘယ်ဘက်လက်ချောင်းလေးတွေကဂစ်တာကော့ဒ်ကိုင်နေသလိုအထက်အောက်လှုပ်ရှားနေကြတယ်။အနုပညာသမားဖြစ်လို့လူကပျော့ပြောင်းပြီးယဉ်ကျေးတဲ့အမူအယာရှိတယ်။နောက်ပိုင်းအဆိုတော်စိုးလွင်လွင်သီချင်းကိုနေရာတိုင်းမှာကြားနေရပြီ။

၁၉၈၈ အရေးတော်ပုံမဖြစ်ခင်အထိဆံပင်စုတ်ဖွားနဲ့ဆေးပေါ့လိပ်ခဲထားတဲ့စိုးလွင်လွင်ကိုရန်ကင်းမှာမကြာခဏတွေ့ရတတ်တယ်။သူ့အတွေးနဲ့သူပျော်မွှေ့နေပြီးဘဝကိုသူအဆင်ပြေသလိုဖြတ်သန်းနေတဲ့ကိုယ်ပိုင်သံစဉ်နာမည်ကြီးရန်ကင်းသားအဆိုတော်တယောက်ပါ။၁၉၉၅ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာလူအချို့အလုပ်ခန့်ဖို့အင်တာဗျုးရတယ်။လူတယောက် CV ကိုကြည့်လိုက်တော့”ရန်ကင်း” ဆိုတော့စိတ်ဝင်စားမိသွားတယ်။အရပ်ရှည်ရှည်မျက်ခုံးကောင်းကောင်းလူငယ်တယောက်အခန်းထဲဝင်လာတယ်။

နာမည်ကမိုးသွင်သွင်။အဆိုတော်စိုးလွင်လွင် ညီတဲ့။ကျွန်တော်ဘာမှမေးမနေတော့ဘူး။မိုးသွင်သွင်ကိုအလုပ်ခန့်ပေးဖို့ထောက်ခံ လိုက်တယ်။သူ့အကိုစိုးလွင်လွင်ကိုလေးစားတာရယ်၊ရန်ကင်းသားဖြစ်နေလို့ပါ။ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ကို ၁၉၆၂ စက်တင်ဘာမွေးဖွားခဲ့တယ်။အိမ်နာမည်ပိုပိုခေါ်တဲ့စိုးလွင်လွင်ဟာ ၁၉၈၀ စတီရီယိုတေးဂီတလောကထဲခြေချခဲ့တယ်။

နာမည်ကြီးအဆိုတော်ဖြစ်ကြတဲ့ရန်ကင်းသားကိုင်ဇာ၊လွှမ်းမိုးနဲ့မောင်ဂဠုန်အတွက်နာမည်ကျော်တေးသီချင်းများစွာသူရေးဖွဲ့ပေးခဲ့တယ်။စိုးလွင်လွင်ထုတ်ဝေခဲ့တဲ့တေးစီးရီးအယ်ဘမ် ၂၈ ခုလုံးကိုသူ့ပရိတ်သတ်များအရမ်းအားပေးခဲ့တယ်။စိုးလွင်လွင်ဖန်တီးခဲ့တဲ့အနုပညာလက်ရာများကို Alternative ,Andie အမျိုးအစားလို့ဂီတပညာရှင်များသတ်မှတ်ထားတယ်။ စိုးလွင်လွင်ခံစားသီဆိုထားတဲ့သီချင်းများစွာထဲမှာအကြိုက်ဆုံးလေးပုဒ်ရှိပါတယ်။

ဒီနေ့အထိလည်းမကြာခဏပြန်နားထောင်ဖြစ်တယ်။ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့ထားတဲ့ (ကိုယ်ချစ်)။စာသားကိုလတ်(မြန်မာစာ)သီကုံးပြီးသံစဉ်စိုးလွင်လွင်ရေးဖွဲ့သီဆိုထားတဲ့ (ကိုယ်ချင်းစာနာခဲ့ရပြီ)။ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့တဲ့ (ဂန္တဝင်ဆည်းဆာ) နဲ့။ရန်ကင်းသားအဆိုတော်ကိုင်ဇာရေးဖွဲ့တဲ့ (မောင့်မျက်ရည်ဝိုင်း) သီချင်းတွေပါ။

ဒိပြင့်သီချင်းကောင်းတွေအများကြီးရှိသေးပေမယ့်အခုလေးပုဒ်ကိုအတော်ကြိုက်ပါတယ်။မောင့်မျက်ရည်ဝိုင်းကိုရန်ကင်းသားအဆိုတော်အောင်ခိုင်မော်သီဆိုခဲ့သေးတယ်။ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ဟာ ၁၉၉၉ ဇူလိုင်လမှာကွယ်လွန်ခဲ့ပါတယ်။သူ့မိသားစုရန်ကင်းမှာကျန်ခဲ့တယ်ကြားမိပါတယ်။ပရိတ်သတ်လက်ခံတဲ့အနုပညာရှင်ဟာလူသေပေမယ့်နာမည်မသေပါဘူး။အဆိုတော်စိုးလွင်လွင်နာမည်ကျော်သီချင်းများအမြဲပျံ့လွှင့်နေမှာပါ တလောကဆုံးသွားတဲ့ကိုဒေဝ(စိုးလွင်လွင်သားကြီး)နဲ့ Online မှာဆုံခဲ့တယ်။

သူ့အဖေအကြောင်းရေးဖွဲ့ထားတဲ့ PDF ဖိုင်တခုလက်ဆောင်ပေးခဲ့သေးတယ်။

Source : Google

လွင်ဦး(ရန်ကင်း) #lwinooyankin

Likes:
0 0
Views:
664
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *