ရုပ်ရှင်မင်းသမီးစန္ဒာ

စန္ဒာ (၂၂ မတ် ၁၉၄၉–၂၃ ဒီဇင်ဘာ ၂၀၀၆) သည် မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ စန္ဒာကို ၂၂ မတ် ၁၉၄၉ တွင် ရန်ကုန်မြို့၌ ဦးမြမောင်၊ ဒေါ်မာလာမြင့်တို့က ဖွားမြင်ပြီး၊ ငယ်မည် စာဥ ဖြစ်ပြီး မွေးချင်းများအနက် ‌စတုတ္ထမြောက် ဖြစ်သည်။

ဒေါ်ခင်ဦးမော်၊ ဒေါ်ဝင်းမာ၊ တိုးညွန့် (ရွှေဂေါင်းပြောင်)၊ စန္ဒာနှင့် ဦးမြဇော်(ဖူဂျီ)တို့သည် မွေးချင်းများ ဖြစ်သည်။မိခင်ကျောင်း စိန့်ဖလိုမီနာကျောင်းအလုပ်အကိုင် ရုပ်ရှင်သရုပ်ဆောင်မိဘ(များ) ဦးမြမောင်၊ ဒေါ်မာလာမြင့်ရရှိသည့်ဆုများ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု (၁၉၆၇)

အနုပညာလှုပ်ရှားမှု

ငယ်စဉ်ကပင် ရုပ်ရှင်ဇာတ်ကားအချို့၌ ပါဝင်သရုပ်ဆောင်သည်။ ရတနာပုံ (၁၉၅၃)၊ ဖိုးပြုံးချို (၁၉၅၅) စသည့် ဇာတ်ကားများတွင် အစ်မဖြစ်သူ ဝင်းမာ၏ ငယ်ဘဝ သရုပ်ဆောင်သည်။ နောက် အကျော်အမော်၊ နှောင်းသစ္စာ၊ စွဲတဲ့ မေတ္တာ၊ မေတ္တာရွှေရည်​၊ မင်းထင်ရွှေမှန် စသည့် ဇာတ်ကားများတွင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

ထိုစဉ်က စိန့်ဖလိုမီနာ (​အ.ထ.က(၂)စမ်းချောင်း​) တွင် ပညာသင်ယူရင်း သရုပ်ဆောင်အလုပ် တဖက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၁၉၆၇ တွင် ဒါရိုက်တာ ဦးတင်မောင်၏ မြဇော်ဖလင်းအတွက် ရိုက်ကူးသည့် နှစ်မွှာအသည်း ဇာတ်ကား၌ စန္ဒာအမည်ဖြင့် အဓိကဇာတ်ဆောင်နေရာမှ နှစ်ကိုယ်ခွဲအသွင် ပါဝင်ရပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရသည်။

နှစ်မွှာအသည်း​သည် ဒါရိုက်တာဆုနှင့် ဓာတ်ပုံဆုများလည်း ရသည်။ ယင်းဇာတ်ကားတွင် စန္ဒာကဆံပင်တိုဖြင့် ယောက်ျားလေးပုံစံအတိုင်း သရုပ်ဆောင်မှုများ ရှိရာ ထိုခေတ်ကာလမိန်းကလေးငယ်များ စန္ဒာဆံပင်လိုက်ထားကြသည်အထိလွှမ်းမိုးသည်။မေတ္တာ ဇာတ်လမ်းမှ စ၍ သရုပ်ဆောင် ကျော်ဟိန်း​နှင့် တွဲဖက်သရုပ်ဆောင်ပြီးမေတ္တာမျှအကြောင်းပါသည်။

တချက်ခုတ် နှစ်ချက်ပြတ်၊ ဖူးစာလမ်းဆုံ၊ အရွယ်ရိုင်း စသည့် ဇာတ်ကားအများအပြားတွင်ပါဝင်သရုပ်ဆောင်သည်။ကျော်ဟိန်းနှင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ပြီးနောက် လမ်းခွဲခဲ့ရာ နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ၌ပါဝင်မှုနည်းသွားသည်။

ရုပ်ရှင်လောကမှ အချိန် အတန်ကြာ ပျောက်ကွယ် ပြီးနောက် အစ်ကိုဖြစ်သူတိုးညွန့်၏ ရွှေဂေါင်းပြောင် ဇာတ်ကားတွင် မင်းသား ဝင်းလှိုင်နှင့် တွဲဖက် ပြန်လည် သရုပ်ဆောင်သည်။ ရူပမာလာ​တွင်လည်း သမန်းကျားကိုမြင့်နှင့်တွဲဖက် သရုပ်ဆောင်သည်။ နောက်ပိုင်းမင်းသား​ဇော်လင်း​နှင့် ‌အိမ်ထောင်ပြုပြီး သရုပ်ဆောင်အဖြစ်မှ အနားယူသည်။

ဒါရိုက်တာ မောင်နှင်းမိုး၏ မယ်သီတာလို မိန်းကလေး ဆေးရောင်စုံ ဇာတ်ကားတွင် ရန်အောင်၊ မို့မို့မြင့်အောင်​တို့နှင့်အတူ အစ်မကြီး နေရာမှ နောက်ဆုံး သရုပ်ဆောင်ခဲ့သည်။ကွယ်လွန်ခြင်းစန္ဒာအမည်ဖြင့် ငယ်စဉ်ဘဝကပင် ပြည်သူအများ ချစ်ခင်ခြင်းကို ခံရသော ဒေါ်စန်းစန်းရှင်သည် အသက် ၅၈ အရွယ် ၂၃ ဒီဇင်ဘာ ၂၀၀၆ တွင် ကွယ်လွန်သည်။ကိုးကား↑ တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။

ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ​။ မဇ္ဈိမစာပေ။

ခရက်ဒစ်…ဝီကီပီးဒီးယား

နှစ်မွှာအသည်းရုပ်ရှင်ဇာတ်ကား ( မင်းသမီးစန္ဒာ နှစ်ကိုယ်ခွဲဇာတ်ကား) အောက်မှလင့်မှာ ဖိပြီးကြည့်ရှုနိုင်ပါသည်။

အပိုင်း ၁

အပိုင်း ၂

#CRDSarYarSai Min Thant#

နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
1801
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *