မြင်းခြံနယ်မှ_ထင်ပေါ်ကျော်ကြားသူများအကြောင်း# စံတော်ချိန်_စိန်ဘမောင်

မြင်းခြံနယ်မှ_ထင်ပေါ်ကျော်ကြားသူများအကြောင်း# စံတော်ချိန်_စိန်ဘမောင်

မြန်မာအသံရုပ်မြင်သံကြားနဲ့ရေဒီယိုတွေမှာ သတင်းမတင်ဆက််မီ တီးသွားတဲ့ စံတော်ချိန်တီးလုံးလေးကို လူတိုင်းသိကြမည်ထင်ပါတယ်။ ထိုစံတော်ချိန်တီးလုံးရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ မြင်းခြံခရိုင်၊တောင်သာနယ်သား ဆိုင်းဆရာကြီး “စံတော်ခ​ျိန် စိန်ဘမောင်” ရဲ့အကြောင်းကို တင်ပြပေးချင်ပါတယ်။

“စံတော်ချိန် စိန်ဘမောင်အကြောင်း” မေွးဖွားရာဇာတိ ဆိုင်းဆရာကြီး စိန်ဘမောင်ကိုတော့ (၁၉၂၃) ခုနှစ်မှာ တောင်သာမြို့နယ်၊ကျောက်ကာရွာမအုပ်စု၊”တဲယာကျေးရွာ” မှာ မွေးဖွားခဲ့ပါတယ်။အမိအဖများကတော့ ဦးဖေနဲ့ဒေါ်ပိုက််မ တို့ပဲဖြစ်ကြပါတယ်။ဆိုင်းပညာသင်ယူခြင်း ဖခင်ဖြစ်တဲ့ ဦးဖေ ဟာလည်း ဆိုင်းဆရာကြီးဖြစ်တာမို့ သားဖြစ်သူ “မောင်ဘမောင်” ရဲ့အသက် (၁၀)နှစ်အရွယ်ရောက်လာချိန်မှာတော့ ဆိုင်းဆရာကြီး “စိန်ဗေဒါ” ထံသို့ ပညာသင်ဖို့ စေလွှတ်ပါတယ်။

ဒါပေမယ့်လည်း မောင်ဘမောင်ဟာ (၉)ယောက််မြောက် တပည့်ဖြစ်နေတာမို့ “စိန်ဗေဒါ”ဟာ လက််မခံခဲ့ပဲ သူရဲ့တပည့်ရင်းဖြစ်တဲ့ “မလှိုင်စိန်ငှက်ရိုး” ထံမှာ အပ်နှံပေးခဲ့ပါတယ်။ပညာသင်ဘဝ မောင်ဘမောင်ဟာ “မလှိုင်စိန်ငှက်ရိုး” ထံမှာ (၃)နှစ် ကတိဝန်ခံချက်နဲ့ ေဝယျာဝစ္စများ ကူလုပ်ပေးရင်း ပညာသင်ဖို့ လုပ်ရပါတယ်။ဒါပေမယ့် အဲ့ဒီ (၃)နှစ်အတွင်းမှာတော့ “မလှိုင်စိန်ငှက်ရိုး” က ပတ်တီးသင်မပေးပါဘူး။ ပထမတစ်နှစ်မှာ တောက်တိုမယ်ရများ ကူလုပ်ပေးရပါတယ်။ ဒုတိယနှစ်မှာ ပတ္တလားတီးသင်ပေးပါတယ်။

အဲ့ဒီ ဒုတိယနှစ်မှာတော့ ဆရာ”စိန်ငှက်ရိုး” နဲ့အတူ “ရွှေမန်းတင်မောင်” ဇာတ်နဲ့ လိုက်ပါခဲ့ပါတယ်။ဉာဏ်အလွန်ကောင်းတဲ့ “မောင်ဘမောင်” ကို”ရွှေမန်းတင်မောင်” က သဘောကျခဲ့ပါတယ်။တတိယနှစ်မှာတော့ ေမာင်းတီးသင်ပေးပါတယ်။”စိန်ဘမောင်” ဟာ မောင်းတီးအလွန်ကောင်းကြောင်း မြင်းခြံသားဖြစ်တဲ့ “ရွာစားစိန်တင်ဟန်”ကသူ့ရဲ့ဆိုင်းသမားစာအုပ်မှာ ရေးသားထားခဲ့ပါတယ်။

ရွှေမန်းဇာတ်နဲ့အတူ “ေမာင်ဘမောင်” ဟာ “စိန်ငှက်ရိုး” ထံမှာ (၃)နှစ်နေပြီးသော်လည်း ဆရာဖြစ်သူက ပတ်တီးသင်မပေးတာမို့ မိဘများဟာ “မောင်ဘမောင်” ကို တောင်သာဆီ ပြန်ခေါ်ကြပါတယ်။ ဒါပေမယ့် “ရွှေမန်းတင်မောင်” က ပြန်ခေါ်တာမို့ ရွှေမန်းဇာတ်နဲ့လိုက်ပါခဲ့ရပါတယ်။ရွှေမန်းဇာတ်မှာ မောင်းတီးဆရာအဖြစ်နေရာရခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ “စိန်ငှက်ရိုး” ကလည်း ပတ်တီးပညာသင်ပေးပါတာ့တယ်။အဲ့ဒီ ရွှေမန်းဇာတ်နဲ့တွဲစဥ်မှာပဲ “မောင်ဘမောင်” ဟာ မင်းသမီး “စိန်လှကြည်” နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။?နာမည်တူ ဦးဘမောင် “စံတော်ချိန်စိန်ဘမောင်” ဖြစ်လာမယ့် ကိုဘမောင်နဲ့နာမည်တူ ဦးဘမောင် တစ်ယောက်လည်းရှိပါသေးတယ်။ သူကတော့ “အလင်္ကာကျော်စွာဦးဘမောင်” ဖြစ်ပါတယ်။

သူကတော့ ကိုဘမောင် (စံတော်ချိန်)ထက် (၂၆) နှစ်ခန့်ကြီးပါတယ်။ “အလင်္ကာကျော်စွာဦးဘမောင်” က “စိန်ဗေဒါ”ရဲ့အစ်ကို ဆိုင်းဆရာကြီးဆရာစိမ့်ရဲ့သားမို့ “စိန်ဗေဒါ”နဲ့ တူဝရီးတော်စပ်ပါတယ်။ သူ့ဆီကနေ ကိုဘမောင်(စံတော်ခ​ျိန်)က ဆိုင်းမောင်းတီးလည်း သင်ယူခဲ့ဖူးပါတယ်။ ထို့အတူ “အလင်္ကာကျော်စွာဦးဘမောင်” ထံမှာ “စံတော်ချိန်စိန်ဘမောင်”၊ စိန်လှမြိုင်၊ ရွာစားစိန်တင်ဟန်တို့ဟာ အတူသင်ကြားခဲ့ကြဖူးပါတယ်။ကိုဘမောင်ကဟာ ရွှေမန်းဇာတ်နဲ့တွဲနေတဲ့အချိန်မှာ “အလင်္ကာကျော်စွာဦးဘမောင်”က ပတ်တီးပါတယ်။

နောင် ဦးဘမောင်အနားယူပြီးမှပဲ ကိုဘမောင်ဟာ ပတ်တီးဖြစ်လာပါတော့တယ်။အဲ့ဒီလို ပတ်တီးဆရာဖြစ်လာတဲ့ “စိန်ဘမောင်” ဟာ ရွှေမန်းဇာတ်နဲ့ နှစ်(၂၀) လောက်တွဲခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားလိုက်၊ပြန်ဝင်လိုက်နဲ့ပါပဲ။စံတော်ချိန်စိန်ဘမောင်ဖြစ်လာပုံ (၁၉၆၃) ခုနှစ်၊ ကျိုက္ကဆံကွင်း(ရန်ကုန်)မှာ ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားမှာ “စိန်ဘမောင်” ဟာ အေဝမ်းဆရာညှာ ရေးသားထားတဲ့ မင်းသား (၆)လက် အပြိုင်ကရသော တီးလုံးကို တီးရာ “ဦးနေဝင်း” က သဘောကျသွားခဲ့ပါတယ်။

အဲ့ဒါနဲ့ အဲ့ဒီတီးလုံးကို မြန်မာ့အသံ ရေဒီယိုကနေ ထုတ်လွှင့်စေခဲ့ပါတယ်။သတင်းမကြေ​​​ငြာမီ တီးရတဲ့တီးလုံးဖြစ်ပီး တီးလုံးပြီးတဲ့နောက််မှာ “မြန်မာစံတော်ချိန် ရှိပါပြီရှင်” လို့ ကြေ​ငြာတဲ့အတွက်ကြောင့် အဲ့ဒီတီးလုံးဟာလည်း “စံတော်ချိန်တီးလုံး” လို့ အမည်တွင်ခဲ့ပါတယ်။ထို့အတူပဲ “စိန်ဘမောင်” ဟာလည်း အဲ့ဒီအချိန်ကစပြီး “စံတော်ချိန် စိန်ဘမောင်” ဆိုတဲ့ နာမည်တွင်လာခဲ့ပါတယ်။

စိန်ဗိုလ်တင့်ရဲ့စံတော်ချိန်တီးလုံး ဟိုးယခင်ကတော့ မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့ရေဒီယိုမှာ စံတော်ခ​ျိန်တီးလုံးကို “စံတော်ချိန် စိန်ဘမောင်” ရဲ့ မူရင်းတီးလုံးကိုသာ ထုတ်လွှင့်ခဲ့သော်လည်း အခုနောက်ပိုင်း ထုတ်လွှတ်နေတဲ့ စံတော်ချိန်တီးလုံးကတော့ ဆိုင်းဆရာ “စိန်ဗိုလ်တင့်” ပြန်တီးထားတဲ့ တီးလုံးသာ ဖြစ်ပါတယ်။

ဘဝနဂုံး “စံတော်ချိန် စိန်ဘမောင်” ဟာ ဆိုင်းဧည့်ခံတီးနေရင်းမှာပဲ ရောဂါအမောဖောက်ပြီး အသက် (၅၉) နှစ်အရွယ် (၁၉၈၂) ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

History of Myingyan မြင်းခြံသမိုင်းများ စုစည်းတင်ပြရာမြင်းခြံမြို့။

#wellknown_famouspersonsfrommyingyan#HistoryOfMyingyan

Likes:
0 0
Views:
912
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *