အမေရိကန်ဂျပန် တွေ့ဆုံဆွေးနွေးမှုအပီးမှာ ပေါက်ဖော် ကိုပြင်းထန်စွာသတိပေးပြောဆိုလိုက်ပါသည်

အမေရိကန်ဂျပန် တွေ့ဆုံဆွေးနွေးမှုအပီးမှာ တရုတ်ကိုပြင်းထန်စွာသတိပေးပြောဆိုလိုက်ပါသည်

တရုတ်၏ ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော အပြုအမူများကို အမေရိကန်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးများ သတိပေး

တရုတ်နိုင်ငံရဲ့ ဖိအားပေး အကျပ်ကိုင်မှုနဲ့ မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူတွေအပေါ် အမေရိကန်နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးတွေက အင်္ဂါနေ့(မတ် ၁၆) မှာ သတိပေးပြောဆိုလိုက်ကြပါတယ်။ နှစ်နိုင်ငံဝန်ကြီးတွေရဲ့ အဆင့်မြင့်အရာရှိအဆင့် တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ၎င်းတို့က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာတာကို ရင်ဆိုင်နေရစဉ် ဒေသဆိုင်ရာ မဟာမိတ်တွေ ပိုမိုအင်အားကောင်းစေရေး လုပ်ဆောင်ဖို့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်တို့ဟာ ၎င်းတို့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် ဂျပန်ဝန်ကြီးတွေနဲ့ နှစ်ဦးနှစ်ဖက်၊ အပြန်အလှန် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ အပြုအမူတွေဟာ လက်ရှိ နိုင်ငံတကာ စနစ်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေကြောင်း ၎င်းတို့က သတိပေးခဲ့ပါတယ်။

ဒေသတွင်းက အခြားနိုင်ငံတွေအပေါ် အကျပ်ကိုင်ဖိနှိပ်မှုနဲ့ မတည်မငြိမ်မှုတွေဖြစ်စေတဲ့ အပြုအမူတွေကို ဆန့်ကျင်သွားမယ်လို့ နှစ်နိုင်ငံဝန်ကြီးတွေက ကတိပြုခဲ့ကြကြောင်းလည်း ၎င်းတို့က ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ မကြာခင်က အပျက်သဘော ဆောင်သော ဖြစ်ပေါ်ခဲ့မှုများအပေါ် အလေးအနက်စိုးရိမ်ကြောင်းလည်း တရုတ်ရဲ့ မကြာခင်က လုပ်ဆောင်ချက်တွေကို တိုက်ရိုက်ရည်ညွှန်းကာ နှစ်နိုင်ငံဝန်ကြီးတွေက ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ရှုပ်ထွေးတဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသတွင်းမဟာမိတ်ဖွဲ့မှုများကို ပြန်ဖော်ဆောင်ဖို့ ကြိုးပမ်းနေမှုနဲ့အတူ ယခု နှစ်နိုင်ငံဝန်ကြီးတွေရဲ့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

CNA

credit : အကုန်သိ သတင်းဌာန

Likes:
0 0
Views:
800
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *