“​မောက်တို၊​ ​မောက်ရှည်”လော – “​မောက်တို၊ ​မောက်ရူ”​လော​

ရှေးမြန်မာတို့သည် အလွန်စစ်ခင်းဝါသနာထုံ​သောလူမျိုးဖြစ်လင့်ကစား စစ်ပစ္စည်းအသုံး​ဆောင်တို့ကိုလဲသူ့​နေရာနှင့်သူ တွင်တွင်ကျယ်ကျယ်၊ ကျကျနန အသုံးပြုခဲ့ကြ​လေသည်။​အောက်​ချေစစ်မှုထမ်း တပ်သားမှစ၍ ရှင်ဘုရင်ထိတိုင် ​”မောက်တို” ဟူ​သော ဦး​ဆောင်းနှင့် “​မောက်ရူ” ​ခေါ်​ နဖူးအထက်စွပ်၍ ဝတ်ဆင်ရ​သော စစ်ဝတ်စုံများကို အသုံးပြုကြသည်။

ရာထူး အဆင့်မြင့်သူတို့သည် “မျဥ်းတို၊ မျဥ်းရှည်​”ခေါ်သော အ​ပေါ်ဝတ်များကို ဝတ်ဆင်​ကြသေးသည်။ဒသမတန်း ဘတ်စာ “ပင်ရင်းမြန်မာစကား​ပြေလက်​ရွေးစင်” တွင်ပါရှိသည့် “စီးချင်းတိုက်ပွဲ” တွင် ​​”ရှေးမြန်မာစစ်သည်တပ်သားတို့ ​ဆောင်း​လေ့ရှိသည့် ထိပ်ဖူးတပ်ဦး​ဆောင်းတစ်မျိုး” ဟူ၍ ​ဖော်ပြ​ထားသည်။

၎င်းသည် ​တောင်ငူ​ခေတ်ဖြစ်၍ ထို​ခေတ်ကပင် ​”မောက်တို”ဟု​ခေါ်​ဝေါ်ခဲ့ကြသည်ဟု​မှတ်ရ​ပေမည်။သို့​သော်လည်း ယ​နေ့​ခေတ်တွင် “မျဥ်းတို၊ မျဥ်းရှည်” ရှိ၍ ​”မောက်တို”ရှိလျှင် “​မောက်ရှည်” ရှိရမည်ဟု အမှတ်မှား​နေကြဟန်တူသည်။

ရှင်ဘုရင်များအသုံးပြုသည့် ​”မောက်တို”များပင်လျှင် အထွတ်တပ်ထား​သော​ကြောင့် ​အောက်​​​ချေ စစ်သား​များအသုံးပြုသည့် “​မောက်တို”များထက် အရပ်ပိုမြင့်​သော်ငြား “မောက်တို”ဟုသာ ​ခေါ်​ဝေါ်​ကြောင်း ပုရပိုက် ပုံများတွင် အထင်းသား ​တွေ့မြင်နိုင်သည်။

ကင်း​ဝန်မင်းကြီး လန်ဒန်သွား​နေ့စဥ်မှတ်စာတမ်း စာမျက်နှာ-၇၂ တွင်လည်း ​မောက်တိုဟုသာ ​ရေးထား​လေသည်။ စာတစ်အုပ်လုံး “​မောက်ရှည်”ဟူ၍မပါ။တစ်ချို့ကလည်း တိကျမှုမရှိ​သော သမိုင်းစာများကို ဖတ်ရ၍ ​”မောက်တို”အား ​”မောက်ရူ” ဟုအမှတ်မှားကြ​လေ​တော့သည်။ သမိုင်းဆရာကြီးများကိုယ်တိုင်ပင် မှားယွင်း​နေကြသည်ကို စိတ်မ​ကောင်းဖွယ် မြင်​တွေ့​ရသည်။

၎င်းကို ​ဒေသိယစကားဖြင့် ​”မောက်လူ”၊ “​မောက်ကလူ” ဟူ၍​ခေါ်ကြ​သည်လည်း ဖတ်ရ၊ မှတ်ရ ဘူးသည်။​၎င်း”​မောက်တို” ကို ​​​ကြေး၊သံ အစရှိ​သော သတ္ထုဖြင့်ပြုလုပ်၍ သစ်​စေးမံကာ ​ရွှေပိန်းချရသည်။ ရှင်ဘုရင်​ဆောင်းရတနာ​မောက်တိုများကိုမူ တစ်ခုလုံး ​ရွှေသားဖြင့်ပြုလုပ်သည်။ ​အောက်​ခြေစစ်သားများအတွက်မူ ဟင်္သာပြဒါးအ​ရောင်သာ သုံး​လေ့ရှိသည်။

သစ်​စေးမပါ​သော “​မောက်တို”များလည်းရှိ​သည်။ထို့အပြင် တပ်မူးမှစ၍ စစ်​သေနာပတိ၊ ရှင်ဘုရင်များအထိ အဆင့်ဆင့် ရာထူးအလိုက် ​ရွှေဖြင့်ပြုလုပ်ထား​သော “တမာရွက်​ထောင်” ​ခေါ်​သော အပြားက​လေးများကို “မောက်တို” အအုံပတ်လည်တွင် တပ်ကာ အဆင့်သတ်မှတ်​လေ့ရှိ​သေးသည် ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်း​မောင်ထံမှ ကျွန်ုပ် မှတ်သားဘူးသည်။ ​​

ကျေးဇူးတင်ပါသည် ဆရာကြီး ခင်ဗျ။စင်စစ် “​မောက်ရူ”မှာ ပါးကာ၊ နားကာနှင့်အ​​​နောက်ကာ တွဲလျှက်ပါရှိ​သော ထိပ်တွင်အ​ပေါက်ပါသည့် ဦး​ခေါင်းကိုစွပ်၍ ဝတ်ဆင်ရ​သော ​အစွပ်ပင်ဖြစ်သည်။ မြန်မာတို့သည် ​သျှောင်ထုံး​လေ့ရှိ​သော​ကြောင့် ထိပ်တွင် အ​ပေါက်ထားရခြင်းဖြစ်သည်။

“​မောက်ရူ”ကို ​အောက်​ချေ ဆင်​ခြေဖုံး တပ်သားများတွင် ရိုးရိုးဖျင်ကြမ်းစဖြင့် ပြုလုပ်၍ ရာထူးအဆင့်မြင့်သည်အ​လျှောက် တန်ဘိုးကြီး​သော ကတ္တီပါ ​ရွှေခြည်ထိုး၊ ယက်ပြား အစရှိသည်တို့ဖြင့်ပြုလုပ်ဝတ်ဆင်ကြသည်။

၎င်း”​မောက်ရူ”မှာ အိန္ဒိယမှ ​မွေးစားထားခြင်းဖြစ်ပြီး ယိုးဒယားထိတိုင်မြင်​တွေ့နိုင်သည်။ယ​နေ့တွင် ပခန်းကြီးပြတိုက်၌ ​ရွှေပိန်းချ ​”မောက်တို” တစ်လုံးကို ​လေ့လာနိုင်သည်။ အ​မေရိကန်ပြည်​ထောင်စုရှိပြတိုက်တွင်လည်း ​လေ့လာနိုင်သည် သို့​သော် ပြတိုက်အတိကျမသိ၍ မ​ဖော်ပြ​တော့ပါ။

“​မောက်ရူ” ကိုမြင်​တွေ့​လေ့လာလိုလျှင် ​ညောင်​ရွှေ​ဟော်နန်း၌ အခွင့်​တောင်း၍​သော်လည်း​​ကောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝိတိုရိယနှင့်အဲလ်ဘတ် ပြတိုက် ထားသိုတိုက်(Blythe House) တွင် အခွင့်​တောင်း၍​သော်လည်း​ကောင်း ကြည့်ရှုနိုင်သည်။ဤသို့ဖြင့် အထက်ပါအတိုင်း သမိုင်းအ​ထောက်အထားအချို့ နှင့် ပြုလုပ်ထားပုံအကျဥ်းတို့ကို​ပါထည့်သွင်း၍”​မောက်တို” နှင့် ​”မောက်ရူ” ကွဲပြားကြ​စေ​ကြောင်းကို ပုံနှင့်တစ်ကွ​ဖော်ပြလိုက်ပါသည်။

credit : Ye Thway Aung

Likes:
0 0
Views:
1081
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *