ဘောင်ရာ ဆောင်ဒင် ကုမ္ပဏီ ” (သို့မဟုတ်) Bowyer, Sowden & Co”

“ဘောင်ရာ ဆောင်ဒင် ကုမ္ပဏီ ” (သို့မဟုတ်) “Bowyer, Sowden & Co”

တချိန်တုန်းက ရန်ကုန်မြို့ ကုန်သည်လမ်းတွင် ရှိတဲ့ ထူးခြားမှုတွေ အပြည့်နဲ့ နာမည်ကျော်ခဲ့သော… “Bowyer, Sowden & Co” ။ “ဘောင်ရာ ဆောင်ဒင် ကုမ္ပဏီ လိမိတက်”…အား ၁၈၉၂ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်လမ်းတွင် စတင်တည်ထောင်ခဲ့ကြသည် Bowyer, Sowden & Co, ဘောင်ရာဆောင်ဒင်ကုမ္ပဏီတွင် ယေဘူယျအားဖြင့်အများစု ဝတ်ဆင်အသုံး ပြုကြသောအဝတ်အထည်များကိုမှာကြားသူရဲ့လိုအပ်တဲ့ အချိန်အပေါ် မူတည်ကာ… စိတ်တိုင်းကျ ဖြစ်စေပြီး အမြန်ဆုံး ပြီးစီးအောင် ချုပ်လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။

ဒီလိုဝယ်သူတွေ စိတ်ကျေနပ်မှု ရရှိအောင်လုပ်နိုင်တဲ့ အတွက် လုပ်ငန်း စတင်ပြီးတော့ သိပ်မကြာခင်မှာပဲ ဝယ်ယူသုံးစွဲဖို့ မှာကြားတဲ့သူတွေက နှစ်ဆအထိ ချက်ချင်းမြင့်တက်လာခဲ့တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ် လာခဲ့ပါတယ်။

ထို့အပြင် အဆင့်အတန်းရှိပြီး ချုပ်ပုံချုပ်နည်း တိကျ၍ အနုစိတ်တွေပါသော အနောက်တိုင်းအမျိုးသား ဝတ်စုံများကို အသေးစိတ်မှအစ တိကျသေသပ်စွာ ချုပ်လုပ်နိုင်ပြီး ချုပ်တာလည်း အမြန် ရတဲ့အတွက် ဝယ်သူ များလာခဲ့လို့ ထိုအလုပ်မှာ ကုမ္ပဏီရဲ့ ပင်မ စီးပွားရေးလုပ်ငန်း ဖြစ်လာခဲ့သည်။

ဒီလိုထူးခြားချက်ဖြစ်တဲ့ ကုတ်အကျီင်္ ချုပ်ခြင်းအပြင်ရှပ်အကျီ င်္ချုပ်တဲ့လုပ်ငန်းကိုပါ တွဲပြီး လုပ်ကိုင်ခဲ့တဲ့ အတွက် စက်ချုပ်ရန်နှင့် အထည်စဖြတ်တောက်ရန်တို့ အတွက် ကျွမ်းကျင်အလုပ်သမား အများအပြားကို လည်း အလုပ်ခန့်ထားခဲ့ရပါတယ်။

ဒါ့အပြင် ပိုမိုထူးခြားပြီးနာမည်ကျော်စေတဲ့ အချက် အနေဖြင့်…ထိုစဉ်က ကမ္ဘာတဝှမ်းတွင် လူသိများပြီး အောင်မြင်နေ သော “Acme” ဆိုတဲ့ နာမည်ကျော် ဘွတ်ဖိနပ်ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ခဲ့သလို ဒီ့အတွက်ကြောင့်လည်း အရင်ထပ်ပိုပြီး အောင်မြင်လာခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်လို့လာခဲ့ပါတော့တယ်။

(AcmeBootsကြော်ငြာ ၂ ခု ပူးတွဲပုံနဲ့ ဖော်ပြပေးထားပါတယ်)နောက်ထပ် ကုမ္ပဏီ၏ ထူးခြားမှု တစ်ခုဖြစ်သလို…

ကုမ္ပဏီ၏ ရောင်းအားကို ပိုပြီးတိုးပွားလာတဲ့ အထိ အရေး ပါတဲ့ အရောင်းဌာနဖြစ်ပြီး ထိုအရောင်းဌာနမှာ ခရီးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချသည့် အရောင်းဌာနပဲဖြစ်ပါတယ်။ ထိုအရောင်းဌာနတွင် ခရီးသွားကြမည့်သူတိုင်းအတွက် မပါ မဖြစ်နဲ့ မရှိ မဖြစ် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း အမျိုးမျိုး တို့ကို ဖော်ပြ ရောင်းချပေးသည့် နေရာဖြစ်ပါတယ်။

ဘောင်ရာဆောင်ဒင် ဆိုင်တွင်စျေးဝယ်ကြသူတွေ အများအပြားနဲ့ ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ကြောင်းကိုတော့ များပြားလှသော လစဉ်ထုတ် ကက်တလောက်များမှ သက်သေထူပြ နေလျက်ရှိပါတယ်။

မန္တလေးမြို့တွင်လည်း ဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်ခဲ့ကြ ပြီး လုပ်ငန်းအတွက် သင့်တော်မယ့် အဆောက်အဦးတစ်ခု ကိုတည်ဆောက်ခဲ့ကာ ဖွင့်လှစ်ခဲ့ကြသည့်… ဘောင်ရာ ဆောင်ဒင် ကုမ္ပဏီ(ဆိုင်ခွဲ)မှာလည်း မျှော်လင့်ထားသည်ထပ် ပိုမိုအောင်မြင်သော ဆိုင် တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

အဆိုပါလုပ်ငန်းကို H.G. Bowyer, S. P. Sowden နှင့် C. A. Rowe တို့မှ အတူပူးပေါင်း၍ စတင်ကာ တည် ထောင်လာခဲ့ကြခြင်းဖြစ်သည်။၁၉၀၉ ခု အစောပိုင်း မစ္စတာ Sowden ကွယ်လွန်ချိန် မှစ၍ နောက်ပိုင်းကာလများအထိ ထိုလုပ်ငန်းကို ကျန်ရှိ နေတဲ့ အခြာလုပ်ဖော်ကိုင်ဖက် နှစ်ဦးမှ ဆက်လက်ပြီး လည်ပတ်ကာ လုပ်ဆောင်ခဲ့ကြပါတယ်။

Written_By_ThawZinAung

Likes:
0 0
Views:
484
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *