“ ရသာ ” မုန့်တိုက်

အခုခေတ်ကိတ်မုန့်ဆိုင်အများကြီးပဲ။ပုံအမျိုးမျိုးအရောင်အမျိုးမျိုး စားကြည့်လိုက်ရင်မုန့်အကုန်လုံးအရသာသိပ်မကွာကြဘူး။အတူတူလိုပဲ။ရွှေဘုံသာလမ်းဂျေဒိုးနတ်ဆိုင်စဖွင့်တော့လူတွေအရမ်းအားပေးကြတယ်။

ကျုံးကြီးလမ်းရွှေပုဇွန်မုန့်တိုက်အသစ်ပြင်ဖွင့်ပြီးအရမ်းရောင်းရတယ်။ဒေါပုံရွှေပုဇွန်ဆိုင်အသစ်ဖွင့်တော့ ဖာလူဒါသောက်ခွင့်ရဖို့ပိုက်ဆံနဲ့ ကြိုဝယ်ထားတဲ့တိုကင်ကိုင်ပြီး အပြင်ကစောင့်ရသေးတယ်။အခုခေတ်မှာဆူပါမတ်ကက်တိုင်းမှာ နာမည်အမျိုးမျိုးနဲ့ကိတ်မုန့်အစုံရှိတယ်။ရန်ကင်းရဲစခန်းရှေ့အရင် “မစိန်သန်း” လဘက်ရည်ဆိုင်မှာကိတ်မုန့်နှစ်မျိုးရှိတယ်။

ပလိန်းကိတ်နဲ့အဆော့တကိတ်(Assorted Cake) ပါ။၁၉၇၅ လောက်ကပလိန်းကိတ်တစချပ်ဆယ်ပြားအဆော့တကိတ်တစတုံးဆယ့်ငါးပြား။အဆော့တကိတ်စားရင်ပါးစပ်မှာခရင်ပေနေတတ်တယ်။ကိတ်မုန့်ကိုဝအောင်စားရတာ သီတင်းကျွတ်ကာလတွေပါ။

သာမန်အချိန်မှာဝယ်စားခဲတယ်။မြန်မာမုန့်လောက်ကိတ်မုန့်ကိုသိပ်မကြိုက်ဘူး။မစိန်သန်းရဲ့အမေကတပတ်တစ်ခါမြို့ထဲစျေးဝယ်ထွက်တတ်တယ်။

“ရှားမီး” မုန့်တိုက်ခေါ်တဲ့အစိုးရပိုင် “ရသာ” မုန့်တိုက်ကကိတ်မုန့်ဘူးတွေဝယ်လာတတ်တယ်။လဘက်ရည်ဆိုင်မှာပြန်ရောင်းဖို့ပါ။မဆလအစိုးရခေတ်ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနပိုင် ရသာမုန့်တိုက်ဆိုတ ရှားမီးမုန့်တိုက်ကိုပြည်သူပိုင်သိမ်းထားတာပါ။” ဟ ငါတို့အစိုးရကကိတ်မုန့်ဆိုင်တောင်ပြည်သူပိုင်သိမ်းပါလား” ဆိုပြီးအဲ့ဒီတုန်းက စဉ်းစားမရဖြစ်ဖူးတယ်။

ရန်ကင်းစာတိုက်မှတ်တိုင်မှာ ၇ အနီပေါ်ကနေခြင်းကြားကြီးနှစ်လုံးနဲ့ဆင်းလာတတ်တဲ့ မစိန်သန်းအမေကိုမကြာခဏတွေ့ဖူးတယ်။ ကော်ဖီသကြားလဘက်ခြောက်တွေနဲ့အတူ “ ရသာ” ကိတ်မုန့်ဘူးတွေပါလာတတ်တယ်။ဆိုင်းဘုတ်က “ရသာ” လို့ပြောင်းသွားပေမယ့်လူတွေကနဂိုနာမည် “ ရှားမီး” ပဲပါးစပ်ထဲစွဲနေကြတယ်။

အဲ့ခေတ်နာမည်ကျော်အောင်ကြီးကိတ်က ၁၉၈၃-၈၄ တဝိုက်မှာနာမည်စကြီးလာတယ်။တစဖြည်းဖြည်းနဲ့ “ရသာကိတ်” နာမည်မှိန်စပြုလာတယ်။

ခန့်မှန်း ၁၉၇၅ တဝိုက်ဓါတ်ပုံထဲမှာ ဆူးလေဘုရားနားက “ ရသာ ” မုန့်တိုက်( မဟာဗန္ဓုလလမ်းနဲ့ ၃၂ လမ်းထောင့်)ကိုတွေ့နိုင်ပါတယ်။

လွင်ဦး(ရန်ကင်း)# lwinooyankin

Likes:
0 0
Views:
485
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *