“ပေလေးပင်၊ရှင်လေးပါး”

ရှင်ဥတ္တမကျော် ကလေးဘဝထဲကအိမ်မြောင်၊ကျောင်းမြောင်ငြင်းမှု့ကိုလက်မြောင်ဟု၎င်း၊မိန်းမပျိုပါးကိုလုလင်နမ်းမှု့ကိုနံ့သာကိုနမ်းပါသည်ဟု၎င်း,စကားအခြေအတင်ပြောဆိုနိုင်သူ၊ရှေ့နေမောင်ကျဘမ်းသည်ရှင်မဟာရဠသာရဆရာတော်နှင့်ပင်စကားတုပြိုင်ပြောခဲ့သူဖြစ်သည်၊

နံနက်တိုင်းဆွမ်းခံကြွသူစာသင်ရဟန်းငယ်များ၊ဇရာပိုင်းသို့ရောက်ရှိသဖြင့်ဉာဏ်ထိုင်းသူရဟန်းအိုများအား၊အဆမတန်နက်နဲခက်ခဲတဲ့မေးခွန်းများမေ့းလေ့ရှိသူဖြစ်တယ်၊မေးတိုင်းမဖြေနိုင်တဲ့အခါ”ဤရဟန်းတို့သည်ဘာမျှမသိနားမလည်သောအရှင်တွေပါလား”ကဲ့ရဲ့ရှုံ့ချလွှတ်လေ့ရှိ၏ မြန်မာသက္ကရာဇ်ရှစ်ရာခုနှစ်တွင်မိုးညှင်းမင်းတရားကြီးနန်းစံလျှက်ရှိစဉ်”ပေလေးပင်၊ရှင်လေးပါး”ပေါ်လိမ့်မည်

ဟုတဘောင်ပေါ်၏ နောက်လေးနှစ်ကြာသော်,တောင်တွင်းကြီးမြို့နယ်၊မြို့လုလင်ရွာကြီးအနီးကြီးစွာသောပေလေးပင်ပေါ်၏၊နှစ်ပင်ကတောင်ပို့နှစ်ခု၏ဂူဝမှ‌ပေါက်ကာသက်တန့်ထွက်၍ပေနှစ်ပင်ကို‌ပေါင်းကူးဆက်သွယ်လျှက်ရှိ၏ ထိုအရပ်၌,အမိမယ်နှင်းဆီ၊

အဖမောင်သောကြာမှမွေးဖွားသူမောင်ဥက္ကာသည်နောင်တွင်”ရှင်ဥတ္တမကျော်”ဖြစ်သည်၊ခြောက်ရက်‌မြောက်နေ့ထိုအရပ်တွင်မောင်ကြည်၊မယ်ဒွေး၌မွေးသူမောင်ညိုသည်နောင်တွင်”ရှင်မဟာသီလဝံသ”ဖြစ်သည်၊

သူတို့နှစ်ဦးကငယ်သူငယ်ချင်းများဖြစ်၏ အသက်နှစ်ဆယ်မပြည့်မီပိဋိကတ်တစ်ဖတ်ကမ်းတတ်မြောက်၏၊ဆရာတော်သက်တော်လေးဆယ့်လေး၊ဝါတော်နှစ်ဆယ့်သုံးဝါအ‌ရောက်,အင်းဝမြို့ဇရပ်၌တံမြတ်စည်းလှည်းနေသူမောင်ကျဘမ်းနှင့်ဆုံ၏ မောင်ကျဘမ်းကရှစ်ခိုးခြင်းမပြု၊ထက်ဝယ်ခွေထိုင်လျှက်နေ၏၊

ဆရာတော်မှ”ဤအရပ်မှာဘုန်းကြီးတစ်ပါးစာဆွမ်းရနိုင်လား”ဟုမေးသောအခါ”နေလိုလလိုထွန်းလင်းနေတဲ့မင်းနေပြည်တော်ကြီးမှာဘယ်အိမ်မဆိုပါးရိုက်ချက်ခိုင်းလို့ရတယ်”ဟုဝသီအလျှောက်မောက်မောက်မိုမိုဆို၏ ဆရာတော်ကမောင်ကျဘမ်းအိမ်မေး၍သူ့ရဲ့မိန်းမကို”ဆွမ်းတစ်အုပ်ချက်စမ်းဟဲ့ဒါယိကာမ”ဟုပါးကိုရိုက်၍အိမ်ဦးခန်းထိုင်နေ၏၊

မောင်ကျဘမ်းကအိမ်အရောက်,ကိုယ့်ရှူးကိုယ်ပတ်ဒေါသထွက်သည်၊အိမ်ထက်‌၊အောက်ခေါက်တုံ့လျှောက်၍အရူးပမာဖြစ်၏၊ သူ့ရဲ့မိန်းမကို”ဟဲ့နင့်လင်စားဖို့မြန်မြန်ချက်၊င့ါအိမ်ပေါ်မှာနေသည်ကိုငါမကြည့်လို”ဟုကြိမ်းမောင်း၏၊ဆရာတော်မျက်လွှာချထားခြင်းကို”အိုကြည့်ကြပါ၊ရဟန္တာကဲ့သို့လူကြည်ညိုအောင်ပြုနေတယ်”ဟုဆိုပြန်၏၊

ရိုက်မည်ဟန်ပြုသည် ဤဖြစ်စဉ်ကိုအရှင်နှင့်ရှေ့နေနှစ်ဦးဝိနည်းစုံ၊စကားပရိယာယ်ကြွယ်စွာရှင်းကြသည် ထိုကိစ္စနှင့်ပါတ်သက်၍သံဃရာဇာဆရာတော်၊သုဓမ္မာဆရာတော်၊ပရိတ်သတ်တို့မှချင့်ချိန်ဆုံးဖြတ်၍‌မောင်ကျဘမ်းအားဆံပင်ကိုဖားလျားချ၊စားဖိုပြာကြောသုတ်စေကာတောင်းပန်စေ၏ထိုနေ့မှစ၍သူဟာသံဃာတော်များကိုစော်ကားခြင်းမပြုတော့ပါ ဆရာတော်ကပုဂံသတိုးကြီးအားဆုံးမပဲ့ပြင်ခဲ့သူလည်းဖြစ်၏၊,

နောင်တွင်ဘုရင်မင်းမြတ်ပူဇော်ကိုးကွယ်သူဖြစ်လာသည်။1955ခုနှစ်ကတန်ဖိုးငွေတစ်ကျပ်နှင့်ရောင်းချထုတ်ဝေခဲ့သည့်မူရင်းစာအုပ်မှအကျဉ်းချုံးဖော်ပြခြင်းဖြစ်ပါတယ်။

Daw Phyu Lay

Likes:
0 0
Views:
492
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *