မြန်မာပထမဆုံး လေထီးဆင်လေထီးဆင်း အဖွဲ့ (အိန္ဒိယရောက် လေထီးရဲဘော်များ)

ဗမာပြည်လွတ်လပ်ရေး တိုက်ပွဲစဉ်အတွင်း ဂျပန်ပြည်ရောက် စစ်ပညာသင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ကြီး အရေးပါခဲ့သလို ရဲဘော်သုံးကျိပ် ပြီးရင် အိန္ဒိယရောက် လေထီးရဲဘော်များအဖွဲ့ဟာလည်း အရေးပါတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။

သမိုင်းကြောင်းဂျပန်အဝင်-အင်္ဂလိပ်အဆုတ်မှာ ထောင်က လွတ်မြောက်လာကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပြန်လည် တွေ့ဆုံကြ အဆက်အသွယ် ရကြပြီး ဂျပန်ဖက်ဆစ်များကိုလည်း ပြန်လည်တွန်းလှန်ဆန့်ကျင်ကြရေး အတွက် အခြေခံ သဘောထား တညီတညွတ်တည်းနီးပါး အခြေအနေရောက်ရှိလာခဲ့ပါတယ်။

သခင်သန်းထွန်းက သခင်သိန်းဖေကို အိန္ဒိယသို့ သွားဖို့ တိုက်တွန်းခဲ့ပါတယ်။မဟာမိတ်များ နှင့် အဆက်အသွယ်၁၉၄၂-ဇွန်လမှာ သခင်သိန်းဖေ (သိန်းဖေမြင့်) နဲ့ သခင်တင်ရွှေတို့ အိန္ဒိယကိုစတင်ရောက်ရှိသွားပါတယ်။ သခင်သိန်းဖေက အိန္ဒိယကနေ မဟာမိတ်များနဲ့အဆက်အသွယ်ရရေး ကြိုးပမ်းပါတယ်။

သခင်သိန်းဖေ နဲ့ သခင် တင်ရွှေတို့ဟာ အင်္ဂလိပ်တပ်ဖွဲ့ (ဖို့ ၁၃၆) (Force 136) နဲ့ အဆက်အသွယ်ရရှိလာခဲ့ပါတယ်။ သခင်သိန်းဖေ ကတဆင့် သခင်သန်းထွန်း အပါ (ဖတပလ) အဖွဲ့ကြီးနဲ့ အဆက်အသွယ် ရရှိလာခဲ့ပြီး ‘ဖတပလ’ အဖွဲ့ကြီးနဲ့ ဖို့ ၁၃၆ အဆက်အသွယ် ရရှိလာခဲ့ပါတယ်။ ဖတပလ နဲ့ ဖို့ ၁၃၆ ဟာ တပတ်နှစ်ကြိမ် ဝါယာလက် ဆက်သွယ်မှု လုပ်နိုင် လာခဲ့ပါတယ်။

ဖက်ဆစ်တိုက်ဖျက်ရေး၊ ဖက်ဆစ်တော်လှန်ရေးအတွက် အရေးကြီးတာဝန်များကို ထမ်းဆောင်နိုင်ရန်၊ စစ်ပညာများ ကို သင်ကြားနိုင်ရန်၊ ခိုင်မာစိတ်ချရတဲ့ မျိုးချစ်လူငယ်တော်လှန်ရေးသမားတွေကို ရွေးချယ်ပြီး ‘ဖတပလ’ ကနေအိန္ဒိယရှိ သခင်သိန်းဖေ နဲ့ မဟာမိတ် အင်္ဂလိပ်တပ်ဖွဲ့ဆီ လျို့ဝှက် ပို့ဆောင်စေလွှတ် ခဲ့ပါတယ်။

အင်္ဂလိပ် လေ့ကျင့်ပေးတဲ့ ရဲဘော်သုံးကျိပ်၁၉၄၄-စက်တင်ဘာလမှာ သခင်ဗိုလ် နဲ့ မန်းဝင်းမောင် တို့ ဦးဆောင်တဲ့ ရဲဘော် တော်လှန်ရေးသမား တသိုက်ကို ပထမဆုံးအသုတ်အဖြစ် စေလွှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း တသုတ်ပြီးတသုတ် စေလွှတ် ပို့ဆောင်ခဲ့ပါတယ်။ (ရခိုင်တော်လှန်ရေးခေါင်းဆောင် ကိုညိုထွန်းတို့ အဖွဲ့မပါ) အားလုံး ရဲဘော် (၃၀) တိတိ ရှိပါတယ်။

အိန္ဒိယ ရောက် သခင်သိန်းဖေ၊ သခင်တင်ရွှေ-သခင်တင်ရွှေ ဇနီးတို့ပါ စုပေါင်းရေတွက်မယ်ဆိုရင် (၃၃) ဦး ရှိပါတယ်။ ဒီရဲဘော်များ ကို ပို့ဆောင်ရေးအတွက် ဗမာ့တပ်မတော် ကနေ တာဝန်ယူပို့ဆောင်ပေးခဲ့ပါတယ်။

မန်းဝင်းမောင်တို့လို တိုးတက်တဲ့ ကရင်လူငယ် တွေ ပါဝင်ခဲ့သလို၊ ဘီဒီအေအတွင်း တို့ဗမာ ဆင်းရဲသား အစည်းအရုံးအတွင်း အာရှလူငယ် အစည်းအရုံးအတွင်းက တိုင်းချစ်ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်များပါဝင်ခဲ့ပါတယ်။ အများစုကတော့ မြေအောက် ဗမာပြည် ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်ကြပါတယ်။

အိန္ဒိယရောက် ရဲဘော်များဟာ အိန္ဒိယ၊ သီဟို (သီရိလင်္ကာ) တို့မှာ နိုင်ငံရေးသင်တန်းများ တက်ခြင်း၊ စစ်ပညာ သင်တန်းများ တက်ခြင်းတွေအပြင် လေထီးသင်တန်းများပါ တက်ခဲ့ကြပါတယ်။ထင်ရှားသော လေထီးရဲဘော်များအိန္ဒိယရောက် လေထီးရဲဘော်များ အတွင်း ပါဝင်ခဲ့ပြီး ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ ထင်ရှား ပေါ်လွင် ခဲ့ကြသူတွေ ကတော့သခင်ဗိုလ်၊မန်းဝင်းမောင် (နောင်-ဗမာပြည်သမ္မတကြီး)၊ဗိုလ်မှူးချစ်ကောင်း၊ဗိုလ်အုံးမောင် (လေထီး)၊ဦးကျော်ရင် (ပါမောက္ခ-ဦးကျော်ရင်)သခင်လှကွန်း၊ကိုစောဟန်၊ကိုသောင်း၊

ကိုဘသောင်း၊ကျော်ဝင်းမောင်၊သခင်တင်ရွှေ၊မစ္စတာဂိုရှယ်၊ကိုစောဖြူ(ဒုတိယ ကာကွယ်ရေးဦးစီးချုပ်လေး)၊ကိုစံတင့် (စံတင့်-ရှမ်းပြည်)၊ကိုညိုထွန်း သံအမတ်ကြီးသခင်ဖေတင့်၊မမြရီ၊ကိုဘစော (သံအမတ်ကြီး)စတဲ့ ပုဂ္ဂိုလ်တေ ွဖြစ်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြတဲ့အချိန်မှာ မဟာမိတ်များအကူအညီနဲ့ မဟာမိတ်များနဲ့အတူ တော်လှန်ရေး တာဝန်ကျရာ နယ်မြေတွေအတွင်း လေထီးနဲ့ ခုန်ဆင်း လာခဲ့ကြတဲ့အတွက် ‘လေထီး’ ရဲဘော်တွေအဖြစ် လူသိများခဲ့ကြပါတယ်…

ကိုးကား – WikiPhoto – 1945 ခုနှစ်က ရန်ကုန်သို့ ဆင်းခဲ့သော ဂေါ်ရခါး လေထီးတပ်ဖွဲ့

U Zinn Myo

Likes:
0 0
Views:
586
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *