ထီးတော်လည်းရောက်မင်းခေါင်ပျောက်(သို့) ဘိုးမင်းခေါင်

ရာဇဝင်ထဲကဝိဇ္ဇာဓိုရ်များ

(နောက်ဆုံးပိုင်း)

-ထီးတော်လည်းရောက်မင်းခေါင်ပျောက်(သို့) ဘိုးမင်းခေါင်

တချို့သောဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင်သည် အလွန်ထင်ရှားသူဖြစ်ပေသည်။ဘိုးတော် မယ်တော် ၊ဝိဇ္ဇာများကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေကြသည်။

ပထမံ ဘိုးဘိုးအောင်ကဲ့သို့ပင် အလျင်းသင့်သလို ဒုက္ခရောက်နေသူများအား ကူညီစောင့်ရှောက်လေ့ရှိသည်။မကောင်းသူကိုပယ်-ကောင်းသူကိုကယ်တတ်သည်။ စိတ်ထားကောင်းမွန်သူ၊ ရိုးသားဖြောင့်မတ်သူများကို အထူးကူညီစောင့်ရှောက်လေ့ရှိသည်။

ဘိုးတော် အောင်မင်းခေါင်ဟူ၍ လည်း တစ်ချို့က ခေါ်ကြလေသည်။ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အထူးယုံကြည်လေးစားဦးထိပ်ပန်ဆင်သူတစ်ဦး ဖြစ်သည်။ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားရေးအတွက် တတ်စွမ်းသ၍ အထူးကူညီပံ့ပိုးခဲ့သော ဘိုးတော်ဖြစ်သည်။စကားပြောရာတွင် ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောတတ်သည်။အဘအောင်မင်းခေါင်လောင်းလျာ မောင်ဘိုးအောင်ကိုကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှ အဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှမြန်မာသက္ကရာဇ်

(၁၂၄၂)ခုနှစ်၊ကဆုန်လဆန်း

(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ဖွားမြင်ခဲ့သည်။မွေးချင်းငါးယောက်အနက် ဒုတိယသားဖြစ်သည်။

မွေးချင်းများမှာ

(၁)ဦးဘိုးသောင်း၊

(၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊

(၃)ဦးထွန်းမောင်၊

(၄)ဦးဘိုးဆောင်၊

(၅)ဒေါ်ငွေမြင့်

တို့ဖြစ်ကြပါတယ်။

မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘ၀ကပင်ရှင်သာမဏေဘောင်၀င်ခဲ့ပါတယ်။အရွယ်ရောက်လတ်သော် မြင့်မြတ်သော ရဟန်းအဖြစ်ရောက်ရှိခဲ့ပါတယ်။ ဘွဲ့အမည်မှာ ဦးအာစိဏ္ဏ ဖြစ်ပါတယ်။ရဟန်းဘ၀ သုံးဝါအရမှာပင်ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့ပါတယ်။ရဟန်း(၁၀)ဝါအရတွင် မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပြီး မကြာမကြာမွေးရပ်မြေ စင်မြင့်ရွာသို့ပြန်လာလေ့ရှိပါတယ်။

ထိုစဉ်ကပင် ဦးအာစိဏ္ဏသည် တွေ့မြင်ကြရသော ထူးခြားဖြစ်စဉ်များကြောင့် မြေကြောရှုံ့နိုင်သည့် ပထဝီသိဒ္ဓိပေါက်နေပြီဟု သိမီသူတို့မှခန့်မှန်းပြောဆိုကြသည်ဟူ၏။ရဟန်း(၁၃)ဝါအရတွင် ရဟန်း၀တ်နှင့်ပင် ခရီးထွက်သွားပြီး နှစ်ပေါင်း(၃၀)ကြာအောင်ပင်ထူးဆန်းစွာ ခြေရာဖျောက်သွားခဲ့သည်။

သေသည်ရှင်သည်မသိခဲ့ရပေ။ထို့နောက် ” မင်းခေါင် ” နာမည်ယူ၍ လူ၀တ်ကြောင်ဖြင့် ရောက်နေကြောင်း စင်မြင့်ရွာရှိညီအစ်ကိုမောင်နှများက သတင်းကြားသဖြင့် လာရောက်ကြည့်ရှုကြသည်။ထိုအခါ ဦးအာစိဏ္ဏဖြစ်နေသည်ကို တွေ့ကြရသည်။ ဆွေမျိုးများက နူတ်ဆက်မေးမြန်းကြရာ မင်းခေါင်သည် “အင်း….ဟုတ်တယ်…..မဟုဘူး ” ဟူသောစကားမျှသာပြောပြီး တုံဏှိဘာဝေ နေသည်။

ထိုအခါဆွေမျိုးများက ကိုဘိုးအောင် ရူးသွားပြီဆိုကာ ရွာသို့ပြန်လာကြသည်ဟူ၏။အဘအောင်မင်းခေါင်၏ ထူးခြားဆန်းပြား ဖြစ်စဉ်တချို့

၁။ထမင်းဆိုင်တို့တွင် လည်လှီးသတ်ပြီးသား ကြက်သေများကို အသက်ပြန်ရှင်အောင် လုပ်ပြခဲ့ခြင်း။၂။ဧရာ၀တီမြစ်ထဲ၌ သစ်တုံးကြီးကိုင်စီးပြီး ရေဆန် ကိုတက်ပြခဲ့ခြင်း။၃။ကျားရိုင်းကြီးများကို အိမ်မွေးကြောင်လေးတစ်ကောင်နှယ် ကစားပြခဲ့ခြင်း။၄။အင်ဂျင်မပါ ဘီးမပါသောသော ကားပျက်ကြီးကို ပုပ္ပါးမှ ကျောက်ပန်းတောင်းအရောက် မောင်းပြခဲ့ခြင်း။

၅။ဧရာ၀တီမြစ်ကြီးထဲ ရေပေါ်လမ်းလျှောက်သွားလာပြခဲ့ခြင်း။ ၆။ငှက်ပျောပင်ပေါ်ရှိ ငှက်ပျောရွက်ပေါ်တွင်တက်၍ အိပ်ပြခဲ့ခြင်း။၇။ကိုယ်ခွဲ ရုပ်ခွဲများခွဲ၍ ကန်တော့ခံခြင်း။၈။သူတပါးစိတ်အကြံကို လျှင်မြန်စွာသိခြင်း။

၉။ဧရာမကြီးထွားလှသည့် သစ်ပင်ကြီးကို လက်တစ်ဖက်ထဲဖြင့် နူတ်ပြခဲ့ခြင်း။၁၀။ဝါရုံပင်ကြီးတွေကို နူတ်ပြခဲ့ပြီး အခြားတစ်နေရာတွင် ရှင်သန်အောင်စိုက်ပြခဲ့ခြင်း။၁၁။အဘဘိုးမင်းခေါင်သည် နမ္မားနှင့်ပုပ္ပါးတောင်တော်၌ ရှိနေစဉ် ပုပ္ပါးတောင်ကလပ်၌ လေအလွန်တိုက်၍အေးချမ်းလွန်းစဉ် အင်္ကျီမ၀တ်ဘဲ သုံးလ/လေးလ အိပ်ယာမှမထခြင်း။

၁၂။အဘသည် ရေဘယ်တော့မှမချိုးခြင်း ထမင်းမစား ဟင်းမစားဘဲ လေးငါးလခန့်နေနိုင်ခြင်း..ထိုသို့နေခဲ့သော်လည်း ကိုယ်တွင်ချေးညှော်အနံ့အသက် တစ်စုံတစ်ရာမရှိခြင်း။ ၁၃။သုံးလေးရက်မျှသာ တစ်ကြိမ် ကျင်ကြီး/ကျင်ငယ်စွန့်ခြင်း။

၁၄။အတွင်းနေတပည့်တို့မှတပါး မည်သူ့ကိုမှ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမှုမရှိခြင်း။၁၅။ပရိတ်သတ်များထဲ၌ ကြည်ညိုလာလျှင် ကေသရာဇာခြင်္သေ့ကဲ့သို့ခံညားစွာနေထိုင်ခြင်း

၁၆။မကြည်ညိုသူများလာလျှင် မရောက်မှီကပင် အမှုအရာတမျိုးပြောင်း၍ မကြည်ညိုသည်ထက် မကြည်ညိုအောင် နေထိုင်လေ့ရှိခြင်းတို့ဖြစ်ပါတယ်။

အဘဘိုးမင်းခေါင်သည် ပုပ္ပါးမှ တောင်တော်ကလပ်သို့ ပြောင်းရွေ့နေထိုင်ပြီး မကြာမှီ အင်္ဂလိပ်အစိုးရက မသင်္ကာစရာ ပုဒ်မဖြင့် ကျောက်ပန်တောင်း ဂတ်တဲရှိ ရာဇ၀တ်အုပ် ဦးကြွက်ကတောင်ကလပ်သို့ လာရောက်ဖမ်းစီးခဲ့ပါတယ်။ထို့နောက်ကျောက်ပန်းတောင်း ဂတ်တဲတွင် ချုပ်နှောင်ထားခဲ့ပြီးနောက် (၁)လခန့်အကြာ အဘဘိုးမင်းခေါင်က ” ငါမနေချင်တော့ဘူး”

ဟုဆိုကာ ထောင်တံခါးမပွင့်စေဘဲ အပြင်သို့ထွက်သွားခဲ့ပါတယ်။အဘဘိုးမင်းခေါင်သည် အသွင်အမျိုးမျိုးကိုယူဆောင်ကာ သာသနာ့အလင်းရောင်ဓါတ်အားကို မပြတ်မနားဖွင့်လိုက်သောအချိန်တွင်”ဂိုဏ်းတော်ကြီး နှိုးဆော်ချက်”ဟူသော ဓါတ်၀င်သည့်အမိန့်စာကို တစ်ပြည်လုံးသို့ ဖြန့်ဝေလိုက်သောအခါ ဘိုးမင်းခေါင်ကိုယုံကြည်သူအားလုံးပင် လိုက်နာကျင့်ကြံကြပါတော့တယ်။

အဆိုပါ နှိုးဆော်စာအရ…..

“ဘုရားလေး ငယ်ငယ်….ကိုးတောင်ပြည့်တည်၊

ငယ်သာငယ်…..ကယ်ဆယ်မယ့်ဘုရား၊

ဓါတ်ကောလီ…သုံးဆယ်ကူအောင်ကွယ်၊

ဖူးကြအများ”

ဟူ၍ဖြစ်ပါတယ်။

မြန်မာပြည်အတွင်းရှိ မြို့ကြီး(၈၀)ကျော်နှင့် ကျေးရွာပေါင်း(၄၀၀၀)ကျော်တို့တွင် ကိုးတောင်ပြည့်စေတီလေးများ တစ်မြို့တစ်ရွာလျှင် တစ်ဆူတည်ထားကိုးကွယ်ကြသဖြင့်တစ်နိုင်ငံလုံး ဘုရားတကာ ဘုရားတကာမ များဖြစ်လာခဲ့ကြပါတယ်။ဘိုးမင်းခေါင်သည်ကမ္ဘာကပ်ကျော်ရန် အေးစေရန်အတွက် ပုပ္ပါးတောင်ကလပ်တွင် ပြည်လုံးချမ်းသာကပ်ကျော်ကမ္ဘာလုံးစေတီတော် ကိုတည်ထားကိုးကွယ်တော်မှုစဉ် ထိုစေတီတော်ကြီးတွင် တင်လှူမည့်

“ထီးတော်လည်းရောက်မင်းခေါင်ပျောက်” ဆိုသည့်တဘောင်အတိုင်း၁၃၁၄-ခုနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ ညနေ(၄း၂၀)မိနစ်အချိန်တွင် ပုပ္ပါးတောင်ကလပ်မှ ခန္ဓာ၀န်ချ၍ ထွက်ရပ်စခန်း ကြွမြန်းတော်မူခဲ့ပါသည်။

ငredit0rgRef:Wikipedia

(၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ) မူလ ဥက္ကလာဦးစေတီအကြောင်း သိကောင်းစရာများ, အတွဲ (၁၄) အမှတ် (၂), သူရဇ္ဇမဂ္ဂဇင်း,

ဘိုးမင်းခေါင်ဆိုသည်မှာ ….

(၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့) ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ.

Credit : Min Gyi

Leave a Reply

Your email address will not be published. Required fields are marked *