ကိုးကန့်ရဲ့စစ်ဘုရင်မ(သို့) ဘိန်းရာဇာ Olive Yang

အာရှတိုက်ရဲ့ အကြီးဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသ( ၂) ခုထဲက ဒုတိယတစ်ခုဖြစ်တဲ့ နာမည်ကျော် ရွှေတြိဂံနယ်မြေကိုတော့ လူတိုင်းသိကြပါတယ်။

အာရှတိုက်မှာသာမက ကမ္ဘာ့အကြီးဆုံးဘိန်းဖြူထုတ်လုပ်ရာဒေသက အာဖဂန်နစ္စတန်နိုင်ငံက ရွှေလခြမ်းဒေသ (Golden Crescent) ဖြစ်ပြီး၊မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသကတော့ ဒုတိယနေရာလိုက်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ရွှေတြိဂံဒေသတစ်လျှောက် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းဘုရင်မ အိုလစ်ဖ်ယန်း (Olive Yang) အကြောင်းဖြစ်ပြီး အိုလစ်ဖ်ယန်းဟာ CIA ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ကာ ရွှေတြိဂံဒေသကို စိုးမိုးနိုင်ခဲ့သူ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

(၂၀၁၇ ဂျူလိုင် ၁၃ ရက် နေ့ )အသက် (၉၀)မှာ ကွယ်လွန်သွားတဲ့ (အိုလစ်ဖ်ယန်း)သည် ရှမ်းပြည်နယ် ကိုးကန့်ဒေသကို မျိုးရိုးစဉ်ဆက်အုပ်စိုးခဲ့သူ ကိုးကန့်စော်ဘွား သားသမီးဆယ်တစ်ယောက်ထဲက သမီးတော်တပါး ဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံတွင် မဟာဆီမဟာသွေးအဖြစ် မွေးဖွားခဲ့သော်လည်း နန်းတော်ထဲကဘဝကိုစွန့်ပစ်ကာလက်နက်ကိုင်ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။

သူသည် ယောက်ျားရင့်မာတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ကာ လက်နက်ကိုင်တပ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်း(ယောက်ကျားစိတ်)ပေါက်နေတဲ့ သူမအဖို့ စော်ဘွားသမီးတော် ဘ၀တွင် မပျော်ပိုက်နိုင်ပဲ ရွှေတြိဂံဒေသတွင် စီအိုင်အေ အထောက်အပံ့နဲ့ ကျော်ကြားလှတဲ့ ဘိန်းဘုရင်မကြီးတပါး ဖြစ်လာခဲ့တယ်။

အားလုံးသိခဲ့ကြတဲ့(လော်စစ်ဟန်)က ထိုအချိန်က သူရဲ့ လက်ထောက်တဦးသာ ဖြစ်ပါတယ်။သူမ ဘ၀တလျောက်လုံး ရာပေါင်းများစွာသော လက်နက်ကိုင်တပ်ကြီးကို ဦးဆောင်ခဲ့သူ၊ထောင်အကြိမ်ကြိမ်ကျ နှိပ်စက်ညှင်းပန်းခံခဲ့ရရုံမက မြန်မာရုပ်ရှင်မင်းသမီး တဦးကို ပါ အချစ်တော်ထားခဲ့တဲ့ သူမ ဘ၀က စိတ်၀င်စားစရာတွေ နဲ့ ပြည့်နှက်ပြီးနေပါတယ်။

(အိုလစ်ဖ်ယန်း)သည် ငယ်စဉ်ဘ၀ထဲက ယောက်ကျားစိတ်ပေါက်နေသူ ဖြစ်သဖြင့် ယောကျာ်းလို ၀တ်ဆင်ပြီး၊ အကိုတွေရဲ့ရည်းစားတွေကို လိုက်လံ ပိုးပန်းသူ ဖြစ်လာပါတယ်။အခုလို ဟော့ဟော့ရမ်းရမ်း နေထိုင်လာတဲ့ သမီးတော်အတွက် ရတက်မအေး ဖြစ်လာတဲ့ မိဘများက သူမထက် အသက်ငယ်တဲ့ မောင်တ၀မ်းကွဲ တော်သူ နှင့် လက်ဆက်ထိမ်းမြားစေခဲ့ပါတယ်။

ကိုယ်၀န်ရှိလာပြီး မကြာမီကပဲ စွန့်စားတာကို ဝါသနာပါတဲ့ အိုလစ်ဗဖ်ယန်းက အိမ်ထောင်သည်ဘ၀ကို စိတ်ကုန်ပြီး လင်ယောက်ျားဖြစ်သူကို ထားခဲ့ကာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ဘ၀ကို ခံယူခဲ့ပါတယ်။သူမရဲ့ သားဖြစ်သူကိုတော့ မိသားစုတွေကပဲ စောင့်ရှောက်က္ဈေးမွေးခဲ့ရပါတယ်။

ဒီနောက်ပိုင်း အိုလဗ်ယန်းဟာ (Olive’s Boys )ဆိုတဲ့ နာမည် နဲ့ကိုယ် ပိုင် တပ် ကို ထူထောင်ထားပြီးဒီတပ် ဟာ မြန်မာ နိုင်ငံ တွင်း ၀င်ရောက် တပ် စွဲ ထား တဲ့ ကူမင်တန် တပ် ဖွဲ့ တွေ နဲ့ လည်းအဆက် အသွယ် ရှိခဲ့ပါတယ်။

(Olive Boy )တပ် ဟာ အိုလဗ်ယန်းကိုအကာအကွယ်ပေးဖို့နဲ့သူ့ရဲ့ဘိန်းမှောင်ခို လုပ်ငန်း တွေ ကို ကြီး ကြပ် ဖို့ဖြစ်ပါတယ်။အိုလဗ်ယန်း ဟာတကယ့် ကို ပဲ ရှားရှား ပါးပါး အမျိုးသမီး ဘိန်း ဧကရီ တစ်ယောက် လည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ်မှာစစ်ခေါင်းဆောင်ကြီး ဖြစ်လာပြီး သူမရဲ့ လက်အောက်မှာ စစ်အင်အားက ရာချီပြီး များပြားလာကာ လား များနှင့်ဘိန်းတွေသယ်ပြီး တောအထပ်ထပ်၊ တောင်အထပ်ထပ် ဖြတ်ကာ ထိုင်းနိူင်ငံထဲထိ သယ်ယူ ရောင်းချလာခဲ့ပါတယ်။သူမ ကိုယ်တိုင် ရှာဖွေ ဖေါက်ထွက်ခဲ့တဲ့ လမ်းကြောင်းက နောက်ပိုင်းမှာ ရွေတြိဂံဒေသတွင် ထင်ရှားခဲ့တဲ့ မူးယစ်ဆေး သယ်ယူရာ လမ်းကြောကြီး ဖြစ်လာခဲ့ပြီး၊

အမေရိကန်နဲ့ ဥရောပ စျေးကွက်များအတွက် အဓိက ကုန်ကြမ်းတွေ ထောက်ပံ့ရာ စျေးကွက်ကြီး ဖြစ်လာပါတော့တယ်။(အိုလစ်ဖ်ယန်း)အဖို့ ထိုအချိန်က မြန်မာနိူင်ငံအတွင်း ခိုလှုံနေကြတဲ့ ကူမင်တန် တရုတ်ဖြူတွေနဲ့ အကျိုးတူ ပူးပေါင်းလာတဲ့အတွက် မြန်မာအစိုးရမှရန်စူးရန်ညှောင့်တခုအဖြစ် စတင်ရှု့မြင်လာခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကြီးရဲ့ ပွဲဦးထွက်ကာလလည်း ဖြစ်နေတာမို့ ကွန်မြူနစ်တရုတ်များရဲ့ ရန် ပြန့်ပွားမလာအောင် တွန်းလှန်နေပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူများကိုအမေရိကန်စီအိုင်အေက လျစ်လျူ ရှု့မနေပဲ ထောက်ပံ့လာခဲ့ပါတယ်။စီအိုင်အေက တရုတ်ဖြူများနဲ့ သဘောတူညီချက်ရယူပြီး (Operation Paper )လို့ အမည်ပေးထားတဲ့ လျို့ဝှက်စစ်ရေးလှုပ်ရှားမှုအဖြစ် ၎င်းတို့ ပိုင် လေယာဉ်များနဲ့ လက်နက်တွေကို တရုတ်ဖြူများထံ ပို့ပေးခဲ့ပါတယ်။

တဖက်ကလည်း တရုတ်ဖြူများနဲ့ အိုလစ်ဖ်ယန်းတို့က ဘိန်းကုန်ကူးမှုများဖြင့်လည်းသူတို့ရဲ့ တပ်တွေအတွက် ရံပုံငွေ ရှာခဲ့ကြပါတယ်။နောက်ပိုင်းစီအိုင်အေက ပံ့ပိုးတဲ့ လက်နက်တွေ အိုလစ်ဖ်ယန်းလက်ထဲ ရောက်နေပြီဆိုတဲ့ အထောက်အထားတွေကို )(၁၉၅၂ )က မြန်မာအစိုးရမှ တရုတ်ဖြူများ ကျုးကျော်လာနေမှုအား ကုလသမဂ္ဂကို တိုင်တန်းရာမှာ တင်ပြခဲ့ပါတယ်။

အိုလစ်ဖ်ယန်းရဲ့ တပ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး၊ ထိုင်းနိူင်ငံရှိ လေယာဉ်ကွင်းသို့ သွားရောက်ကာ အမှတ်တံဆိပ် မပါရှိပဲ တိုင်၀မ်မှ ဆိုက်ရောက်လာတဲ့ C-47 လေယာဉ်နဲ ပါလာတဲ့ လက်နက်တွေကို သွားရောက် လက်ခံခဲ့ကြတာ တွေခဲ့ကြရပါတယ်။

သိပ်မကြာခင်မှာပဲအိုလစ်ယန်းနဲ့ လက်ထောက်ဖြစ်သူ လော်စစ်ဟန်တို့နှစ်ဦးသား ထိုင်းနယ်စပ်မှ ကားနှင့် ပြန်လာစဉ်၊မြန်မာရဲအဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး မြန်မာနိူင်ငံအတွင်းသို့ တရုတ်ဖြူစစ်သားများ ခိုးသွင်းသည်ဟုဆိုကာ မန္တလေးထောင်မှာ ငါးနှစ် စံမြန်းခဲ့ရပါတယ်။

ယင်းသည်ကား သူတို့နှစ်ဦး အဖို့ ပထမဦးဆုံးအကြိမ် ထောင်ရဲ့ အရသာကို မြည်းစမ်းခွင့် ရခဲ့ခြင်းပင် ဖြစ်ပါတယ်။(လော်စစ်ဟန်)ကတော့ နောက်ပိုင်းမှာ “အရှေ့တောင်အာရှ ရဲ့ ဘိန်းဘုရင်ကြီး” ဘွဲ့ကို အမေရိကန် မူးယစ်ဆေးဝါး ထိမ်းချုပ်တားဆီးရေး အရာရှိများက ပေးခဲ့ကြပါတယ်။

လော်စစ်ဟန်ကမြန်မာအစိုးရမှ ဗကပသူပုန်များကို တိုက်ခိုက်ရာမှာ အကူအညီပေးတဲ့အတွက် အပြန်အလှန်အနေနဲ့ ၊မူးယစ်ဆေးဝါးများ ရောင်း၀ယ် ဖေါက်ကားခွင့် ပြုလိုက်တဲ့အတွက် အခုလို တဟုန်ထိုး ထင်ရှားလာရတာလည်း ဖြစ်ပါတယ်။

၁၉၅၉ မှာ အကို ဖြစ်သူ ကိုးကန့်စော်ဘွားက ရှမ်းပြည်နယ်ရှိ အခြားစော်ဘွားများလို ထီးနန်း စွန့်လွှတ်ပေးခဲ့ရပြီးနောက်မှာ အိုလစ်ယန်းက ကိုးကန့်တပ်တွေကို ဆက်လက် ဦးဆောင်ခဲ့တဲ့အတွက် ကိုးကန့်ဒေသမှာ အကြီးအကဲ လို ဖြစ်လာခဲ့ရပါတယ်။

သူမရဲ့ ဆွေမျိုးသားချင်းတွေ အဆိုအရ လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာထိုခေတ်ကာလများမှာ နာမည်ကြီးရုပ်ရှင်မင်းသမီးတယောက် နဲ့ ဇာတ်လမ်းစခဲ့ပြီး ပိုးကြေးပန်းကြေးအဖြစ် အဖိုးတန် လက်ဆောင်တွေတနင့်တပိုးကြီးပေးခဲ့တဲ့ ပါတယ်တဲ့။နောက်ဆုံးမှာသူမပိုင်တဲ့ ခြံ နဲ့ တိုက်ဂရန်ကိုပါ သူမနာမည် နောက်မှာအဲ့ဒီမင်းသမီးနာမည်ကိုပါ ထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။

အိုလစ်ယန်းရဲ့မိသားစု၀င်တွေကတော့ သူတို့နှစ်ယောက်ကို အတွဲအဖြစ်သဘောထားခဲ့ကြပြီး အခုထက်ထိ မင်းသမီးကတော့ထိုအ်ိမ်မှာပဲဆက်လက်နေထိုင်ဆဲဖြစ်တယ်လို့ဆိုပါတယ်။

သို့သော်၂၀၁၅ မှာအဲဒီမင်းသမီးကြီးနဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ အိုလစ်ယန်းနဲ့ သူမ နဲ့ဘာမှမပါတ်သက်ဖူးလို့ ငြင်းဆိုခဲ့ပါတယ်။မည်သို့ပင် ဖြစ်စေ သူတို့နှစ်ဦး တွေ့ဆုံပါတ်သက်ခဲ့တယ်ဆိုတဲ့ အကြောင်းက (၁၉၆၃ )မှာ မပြောမဆိုနဲ့ တခန်းရပ်သွားခဲ့ရပါတယ်။

အာဏာသိမ်းပြီးကာစ ပူပူနွေးနွေးသာရှိသေးတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ရဲအဖွဲ့က အိုလစ်ယန်းကို ဖမ်းဆီးလိုက်တာကြောင့် အင်းစိန်ထောင်မှာ ခြောက်နှစ် ကျခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းမှု မျိုးစုံ ခံခဲ့ရတယ်လို့ သတင်းများ ထွက်ခဲ့ပါတယ်။၁၉၈၉ မှာတော့ အိုလစ်ယန်းရဲ့ ဘ၀မှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းတခု ကြုံလာခဲ့ရပါတယ်။

ထိုအချိန်က အသက်ကလည်း ၆၀ ကျော်လာပြီဖြစ်လို့ စစ်ဘုရင်ကြီး အဖြစ်က အနားယူသွားခဲ့ပေမယ့် ကိုးကန့်ဒေသရှိ လက်အောက်ငယ်သားများရဲ့ လေးစားမှုကို ခံနေရဆဲဖြစ်တဲ့ သူမနဲ့ ယခင်လက်ထောက် ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ကို ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က ချည်းကပ်ခဲ့ပါတယ်။

၎င်းတို့နှစ်ဦးအား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ ဆွေးနွေးရာမှာ အကူအညီပေးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။

ဒီအတွက် အိုလစ်ယန်းနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ (ဖုန်ကြားရှင်)ရဲ့ ကိုးကန့်သူပုန် အဖွဲ့နဲ့ မြန်မာ အစိုးရ သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ အချိန်အထိ တည်မြဲခဲ့ပါတယ်။

(၂၀၁၅)အတွင်း လေဖြတ်ရောဂါ ခံစားခဲ့ရပြီးနောက် သိတ်မကြာခင်မှာပဲ သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ရာမှာ အခုလို မိမိအပေါ် ရိုသေလေးစားကြဆဲ ဖြစ်တဲ့ တပ်ဖွဲ့တွေနဲ့ အတူ နေရတာ ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသမီးနဲ့သူမအိမ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ထုတ်ပြတော့ ကျေနပ်တဲ့ အပြုံးနဲ့ သဘောကျ သွားပြီး လက်တဖက်က စီးကရက်ကို ကိုင်ရင်း ကျန်လက်တဖက်နဲ့ ဓါတ်ပုံကိုထောက်ပြကာ

“That whole property was mine”(အကုန်လုံး ငါ့ဟာတွေချည်းပဲ) လို့ စီးကရက်တစ်လိပ်လက်ကြားညှပ်ရင်းပြောခဲ့တယ်လို့ဆိုပါတယ်။

မသေဆုံးမှီ အချိန်အထိ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘ၀ကို ဖြတ်သန်းရင်း ခင်ပွန်းဖက်က ပါလာတဲ့ သားဖြစ်သူနဲ့ ကိုးကန့် ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ စောင့်ရှောက်ပေးမှု ဖြင့်မူဆယ်က ခြံ၀င်းကြီးတခုထဲမှာ ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။

အိုလစ်ဖ်ယန်းဟာ ဇူလိုင်လ (၁၃) ရက်နေ့ ၂၀၁၇ ခုနှစ် အသက် (၉ဝ)အရွယ်မှာ မူဆယ်မှာပဲကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ညီမ (၂) ဦးနဲ့ သားဖြစ်သူတို့ ကျန်ခဲ့ပါတယ်။

အိုလစ်ဖ်ယန်းရဲ့ အုတ်ဂူက ကိုးကန့်အပြင်ဘက် မူဆယ်မြို့အနီးမှာရှိနေပါတယ်။

သူရဲ့ ကိုးကန့်တပ်ဖွဲ့တပ်သားတွေကတော့ အိုလစ်ဖ်ယန်း သေဆုံးမှုဟာ ကိုးကန့်နယ်သားတွေအတွက် ဝမ်းနည်းစရာဖြစ်ကြရတယ်လို့ ပြောဆိုခဲ့ကြောင်းဆိုကြပါတယ်။

Ref: နယူးယောက် တိုင်းမ် သတင်းစာကြီးတွင်ပါရှိသော Gabrielle Paluch နဲ့ ရန်ကုန်ရှိ Alice Dawkin တို့ ရေးသားသော “The female warlord who had C.I.A connections and opium routes” ဆောင်းပါးကိုကောက်နှုတ်ရေးသားထားခြင်းဖြစ်ပါတယ်။

Credit0rg

MinGyi

Likes:
0 0
Views:
909
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *