အဆိုတော်ကြီး Playboy သန်းနိုင်

အဆိုတော်ကြီး Playboy သန်းနိုင် တကိုယ်တော်ဖျော်ဖြေပွဲကိုဆာကူရာတာဝါအပေါ်ဆုံးထပ်ဘားမှာလုပ်မယ် Online မှာ အရင်ကကြော်ငြာခဲ့ဖူးတယ်။ခေတ်နဲ့အညီပေါ့။အသက် ၅ ထိပ်စီးအထက်မှာ Playboy သန်းနိုင်အမာခံပရိတ်သတ်အများကြီးရှိကြတယ်။အချို့ Playboy သန်းနိုင်အသေကြိုက်ကြတယ်။သူ့ခေတ်အခါကရုပ်ရှင်မင်းသမီးတွေ Playboy စတိတ်ရှိုးအရမ်းကြိုက်ကြတယ်။

အဆိုတော်ရုပ်ရှင်မင်းသမီးချိုပြုံးအင်တာဗျုးတခုမှာ Playboy စတိတ်ရှိုးကိုညကြီးမင်းကြီးနေကာမျက်မှန်တတ်၊တံဘက်ခေါင်းခြုံပြီးရှေ့ဆုံးတန်းကသွားကြည့်ဖူးတယ်ဗျုးထားတယ်။Playboyသန်းနိုင်သီချင်းဆိုတာမင်းသမီးကကြည့်ချင်လို့တဲ့။မြန်မာပြည်မှာစတီရီယိုတေးဂီတအစပြုသူထဲမှာ Playboy သန်းနိုင်ပါတယ်။

Playboy band နဲ့သူ့အမျိုးသမီး အဆိုတော်ပုလဲကိုကျနော်တို့ငယ်ငယ်ကအတော်ကြိုက်ခဲ့ကြတာပါ။သူတို့လင်မယားနှစ်ယောက်စုံတွဲသီချင်းဆိုထားတာအများကြီး။အကုန်ကြိုက်တယ်။

တေးသံရှင်ပုလဲ ရုပ်လည်းချောတယ်။ဘိုဆန်တယ်။အသံကောင်းတယ်။ညှို့သံပါတယ်။Playboy သန်းနိုင်ပုလဲကိုလိုက်ဖက်ညီတဲ့အတွဲအဲ့ဒီခေတ်လူတိုင်းအသိအမှတ်ပြုကြတယ်။Playboy သန်းနိုင်နာမည်ကျော် “ညမွှေးပန်း ” သီချင်းဟာဂီတာတီးခါစလူငယ်တိုင်းအတွက်မတီးမဖြစ်တီးရမယ့်ဂန္ဓဝင်ဂီတသင်ခန်းစာတပုဒ်ပါ။

ကျွန်တော်မှတ်မိသလောက် Playboy သန်းနိုင်အကောင်းဆုံးသီချင်းထဲမှာ………….

မာနမင်းသား

ပကာသနဇတ်ပျက်သမား…

လမ်းဆက်လျှောက်မယ်

အနှေးရထား…

အို….မမ…

သုံးရာသီအချစ်…

သီချင်းအများကြီးရှိပါသေးတယ်။

မှတ်မှတ်ရရ Playboy သန်းနိုင် “ အဝါရောင်လမ်းကလေး” သီချင်းကိုဒီနေ့ခေတ်သီချင်းဆိုပြိုင်ပွဲမှာပြန်ဆိုလာကြတယ်။ဒီသီချင်းဟာဆိုရခက်တဲ့သီချင်းတစ်ပုဒ်ပါ။Playboy သန်းနိုင်သီချင်းတော်တော်များများဟာကော်ပီသီချင်းတွေဖြစ်ပေမယ့်မြန်မာနားနဲ့နားထောင်လို့ကောင်းပြီးအရသာ အသစ်ကိုပေးနိုင်တယ်။ Playboy သန်းနိုင်သီဆိုဟန်ကကိုယ်ပိုင်စတိုင်ဖြစ်ပြီးခေတ်ရှေ့အတော်လေးရောက်ခဲ့တယ်။

Playboy Band ပင်တိုင် Drummer Playboy သန်းနိုင်‌သီချင်းနဲ့အရမ်းပေါက်ကွဲမြူးကြွနေချိန်မြန်မာပြည်သိန်းတန်ကတိုက်ပုံအဖြူဝတ်ပြီးခေါင်းငိုက်စိုက်နဲ့မတုန်မလှုပ်လိဒ်ဂစ်တာတီးနေတတ်တယ်။

အခုမြန်မာပြည်သိန်းတန်အရမ်းသွက်နေတာကို Playboy သန်းနိုင်လိုက်မမှီတော့ဘူး။Playboy သန်းနိုင်သီဆိုဟန် ကတမျိုးတဘာသာပါ။ဘယ်အဆိုတော်နဲ့မှမတူဘူး။သူ့ကိုယ်ပိုင်သီဆိုဟန်စတိုင်ကိုတည်ဆောက်နိုင်ခဲ့သူပါ။သူ့ခေတ်မှာတယောက်ဆိုတယောက်ပါ။ရန်ကင်းရပ်ကွက်စတိတ်ရှိုးမှာ Playboy သန်းနိုင် “ လမ်းဆက်လျှောက်မယ်” သီချင်းကမပါမဖြစ်နှစ်တိုင်းပါတယ်။

ရန်ကင်းသားတေးရေးမောင်သစ်မင်းမကွယ်လွန်ခင်စတီရီယိုခေတ်ဦး၊ခေတ်လယ်အဆိုရှင်ကြီးတွေကိုတီဗွီမှာပြန်ပွဲထုတ်ဖူးပါတယ်။ဒီအစီအစဉ်မှာ Playboy သန်းနိုင်လည်းပါခဲ့တယ်။နာမည်သာကြားဖူးပြီးကျွန်တော်တစ်ခါမှမတွေ့ဖူးတဲ့စတီရီယိုခေတ်ဦးတေးသံရှင်(ဒေါ်)ရှယ်လီထွားကိုအဲ့တော့မှတီဗွီအစီအစဉ်မှာမြင်ဖူးတာပါ။

အရင်ကလက်မှတ်စျေးကြီးလို့ Playboy Band ကိုလက်မှတ်ဝယ်မကြည့်ဖူးဘူး။မှတ်မှတ်ရရ ဆရာဝန်အသင်းတိုက်မှာလုပ်တဲ့ Playboy စတိတ်ရှိုးကိုလက်မှတ်အလကားရလို့သွားကြည့်ဖူးတယ်။ စင်ပေါ်မှာစတိုင်ကျကျသီဆိုနေတဲ့ Playboy သန်းနိုင်ကိုအရှင်လတ်လတ်စမြင်ဖူးတာပါ။

၁၉၇၉-၈၀ ဘောက်ထော်ဘောလုံးကွင်းနှစ်ကျိတ်ရှစ်ဆူနဲ့အတူလုပ်ခဲ့တဲ့တီးဝိုင်းသုံးဝိုင်းဖျော်ဖြေပွဲတုံးက Playboy တီးနေတာကိုသံဆူးကြိုးကာထားတဲ့အပြင်ကထိုင်နားထောင်ခဲ့ဖူးတယ်။ဒီနေ့ခေတ်အထိအရမ်းပေါက်တဲ့ စတော်ဘယ်ရီချစ်သည်းရှင်၊ ဆု၊ဪမိန်းမ သူ့သီချင်းတွေအများကြီးပါ။အထူးသဖြင့်အဲလ်ခွန်းရီနဲ့စုံတွဲသီဆိုထားတဲ့အမြန်ယာဉ် (၁)(၂)နဲ့ ပန်းသီးစီးရီးထဲကအောင်မြင်တဲ့သီချင်းအများကြီးရှိတယ်။

Playboy တီးဝိုင်းက ၁၉၇၀ လောက်မှာပေါ်လာတယ်ထင်တယ်။ယုန်ကလေးနားရွက်ထောင်နေတဲ့ပုံလေးနဲ့။PlayboyBand ပျက်လိုက်ပြန်ဖွဲ့လိုက် ၂-၃ ခါဖြစ်သေးတယ်ကြားမိတယ်။

ဂေါက်ကွင်းတစ်ခုမှာ Playboy သန်းနိုင်သီချင်းဆိုနေတုံး “ ကပ္ပတိန်ကသီချင်းဆိုတာခဏရပ်ခိုင်းတယ်” ပြောတော့ Playboy သန်းနိုင်က “ ဘာဗိုလ်ကြီးလဲဂရုမစိုက်ဘူး” ပြောပြီးသီချင်းပြီးအောင်ဆိုပြီးတာနဲ့မကျေမနပ်ထပြန်သွားတယ်။ဂေါက်သီးလောကမှာ Captain ဆိုတာဂေါက်ကွင်းတစ်ခုလုံးရဲ့အုပ်ချူပ်ရေးအကြီးအကဲကိုခေါ်တာပါ။

Playboy သန်းနိုင်ကနားလည်မှုလွှဲပီးစစ်တပ်ကသုံးပွင့်ဗိုလ်ကြီးသူ့ကိုသီချင်းဆိုလာရပ်ခိုင်းတယ်ထင်ပြီးစိတ်ခုသွားတာ။နောက်အကြောင်းသိတော့မှပြန်တောင်းပန်တယ်စာစောင်တခုမှာရေးခဲ့ဖူးတယ်။

လွင်ဦး(ရန်ကင်း) lwinooyankin

Likes:
0 0
Views:
1040
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *