ထိုင်းဘုရင်လောင်းက မိဘုရားမြောက်ဖို့ ကမ်းလှမ်းခံရဖူးတဲ့ သီပေါမင်းရဲ့ မြေးတော် ထိပ်စုဘုရားကြီး

ထိုင်းဘုရင်လောင်းက မိဘုရားမြောက်ဖို့ ကမ်းလှမ်းခံရဖူးတဲ့ သီပေါမင်းရဲ့ မြေးတော် ထိပ်စုဘုရားကြီး

သီပေါမင်းရဲ့ မြေးတော်စပ်တဲ့ ထိပ်စုဘုရားကြီး ကို ထိုင်းပြည်သူတွေကြားမှာ “ထိုင်းနိုင်ငံရဲ့ မိဘုရားခေါင်ကြီး” အဖြစ်နဲ့ ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။သူ ဆယ်ကျော်သက် အရွယ် ၁၉၃၆ ခုနှစ်က ထိုင်းမင်းသား တပါးနဲ့ လက်ဆက်ဖို့ ကမ်းလှမ်းခံရဖူးတာပါ။အဲဒီ အချိန်က ဒုတိယကမ္ဘာစစ် ဖြစ်ခါနီး စစ်ရိပ်စစ်ငွေ့သန်းနေပြီလို့ ဆိုပါတယ်။

ထိပ်စုဘုရားကြီးက သီ​ပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ စတုတ္ထသမီး​တော် ထိပ်စုမြတ်ဖုရား​လေးနဲ့ ကိုကိုနိုင်တို့က ဖွားမြင်​တဲ့ ဒုတိယသမီး​တော်ပါ။ခမည်းတော် ကိုကိုနိုင်၊ မယ်တော် အရှင် ထိပ်စုမြတ်ဘုရားကလေးတို့မှ ဖွားမြင်တာ သားသမီး ခြောက်ယောက် ရှိပြီး ထိပ်စုဘုရားကြီးက ဒုတိယမြောက်ပါ။

သူ့ကို ကမ်းလှမ်းတဲ့ ထိုင်းမင်းသားဟာ နောင်မှာ အာနန္ဒာ အမည်နဲ့ နန်းတက်ခဲ့ပြီး အသက် ငယ်ငယ်နဲ့ သေနတ်ထိမှန် နတ်ရွာစံခဲ့ပါတယ်။ သူ့နေရာ ဆက်ခံသူက ညီတော်တဲ့ ထိုင်းဘုရင် ဘူမိဘောပါ။

ဒီအချိန်က ထိပ်စုဘုရားကြီးဟာ ကွန်ဗင့်ကျောင်းမှာ စာသင်နေတုန်းလို့ဆိုပါတယ်။မော်လမြိုင်စိန့်ဂျိုးဇက်ကွန်ဗင့် နဲ့ ရန်ကုန်မြို့မ အမျိုးသမီး အထက်တန်းကျောင်းမှာ ပညာသင်ခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့က ပန်းချီ တက္ကသိုလ်မှာ ​ရွေးချယ်ခံရပါတယ်။ ရန်ကုန်မြို့ အ​မေရိကန်နဲ့ ဩစ​တြေးလျနိုင်ငံ သံရုံးများမှာ အလုပ် လုပ်ခဲ့သူပါ။

နောက်ပိုင်း အလွတ်သင် အင်္ဂလိပ် ကျူရှင်ဆရာမ အလုပ် လုပ်နေခဲ့တာပါ။ထိုင်းဘက်က လက်ဆက်ဖို့ မကမ်းလှမ်းခင် ကလည်း သူ့မိဘတွေက ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ နေရာချပေးဖို့ စီမံခဲ့တယ်လို့ သက်တော် ၉၅ နှစ် ရှိပြီ ဖြစ်တဲ့ ထိပ်စုဘုရားကြီးက မိန့်ကြား ပါတယ်။

ထိပ်စု ဘုရားကြီးနဲ့ လက်ဆက်သူကတော့ မွန်မင်း အဆက်အနွယ်ထဲက ဦးမောင်မောင်ခင် ဖြစ်ပြီး နန်းရင်းဝန်ဟောင်း ဒေါက်တာဗမော်ရဲ့ တူလည်း ဖြစ်ပါတယ်။

၁၉၄၃ ခုနှစ်မှာ ​တော်ဘုရားကြီးရဲ့ ဇနီး ခင်ကြည်ရဲ့ ​မောင်​တော် ​မောင်​မောင်ခင်နဲ့ လက်ထပ်ခဲ့ပါတယ်။၁၉၈၃ ခုနှစ်မှာ ​မောင်​မောင်ခင်​ သေဆုံးခဲ့ပြီး သား​တော် ၃ ပါး၊ သမီး​တော် ၂ ပါး နဲ့ ကျန်ရစ်ပါတယ်။ဒီအရင်ကလည်း သူ့မယ်တော် သီပေါမင်းရဲ့ စတုတ္ထ သမီးတော်ကို လက်ဆက်ဖို့ ထိုင်းမင်းသား တပါးက ကမ်းလှမ်းခဲ့ဖူးကြောင်း မြန်မာ သမိုင်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဆွေ က ပြောပါတယ်။

ဒီမင်းသားဟာ ထိုင်းဘုရင် ဘူမိဘောရဲ့ ဘိုးတော် ချူလာလောင်ကွန်တို့နဲ့ တန်းတူ မင်းသားတပါး ဖြစ်တယ်လို့လည်း ဆိုပါတယ်။အဲဒီအချိန်က စတုတ္ထ သမီးတော်နဲ့ ကိုကိုနိုင်တို့ ချစ်ကြိုက်နေပြီမို့ မဖြစ်မြောက် ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါတွေဟာ သီပေါမင်း နတ်ရွာစံပြီး စုဘုရားလတ် ရန်ကုန် ပြန်ရောက်မှ ဖြစ်တာတွေ လို့လည်း ဆိုပါတယ်။

မင်းတုန်းမင်းကြီး၏ မြစ်တော်၊ သီပေါမင်း၏မြေးတော် ထိပ်စုဘုရားကြီး ကံတော်ကုန်ရှာပြီမြန်မာ့ ထီးနန်း၏ သက်တော်ရှည် မင်းသမီးကြီးဘွားဘုရား #ထိပ်စုဘုရားကြီး ( ခ ) ဒေါ်စုစုခင် { ဘွားမေ} သက်တော် ( ၉၉ ) နှစ် သည် ယနေ့ 31.12.2021 . နံနက် 4:15 အချိန်တွင် ကံကုန်တော်မူသွားပြီဟု သိရပါသည်။

photocredit#source#wikipedia#mediabbc#facebook#ထိပ်စုဘုရားကြီး#ထူးချွန်ထင်ရှားမြန်မာအမျိုးသမီးများ#စတုတ္ထသမီးတော်

Likes:
3 0
Views:
631
Article Categories:
HistoryKNOWLEDGENEWS

Leave a Reply

Your email address will not be published. Required fields are marked *