Godfather of Heroin (သို့)လော်စစ်ဟန်

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးရေးသမိုင်းကို ကြည့်ပါက ဗြိတိသျှတို့ အုပ်စိုးစဉ် ကိုလိုနီဘဝကစတင်ခဲ့ခြင်းဖြစ်ပါတယ်။ဗြိတိသျှတို့ကတရုတ်ပြည်ကြီးကို ဘိန်းစစ်ပွဲဆင်နွှဲပြီးနောက်ပိုင်းတရုတ်လူမျိုး အများအပြား မြန်မာနိုင်ငံအတွင်းသို့ တံခါးမရှိဓါးမရှိ ၀င်ရောက်လာခဲ့ကြပါတယ်။

နောက်ပိုင်းမြန်မာပြည်မှာတရုတ်ဘိန်းစားများသာမကဘိန်းရောင်းဝယ်သမားများ၊ ဘိန်းရှူခန်းများ ပေါ်ပေါက်ခဲ့ပြီးဗြိတိသျှအစိုးရကဘိန်းခန်းဖွင့်ခွင့်လိုင်စင်ပါထုတ်ပေးတဲ့အထိဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနဲ့ထိစပ်နေပြီးမြန်မာဘက်သို့ ဘိန်း စိုက်ပျိုးမှုချဲ့ထွင်ရာတွင် ကိုးကန့်နဲ့၀ဒေသများတွင် ဘိန်းခင်းများ လွှမ်းခဲ့ပါတယ်။ယခင်က ကြူကုတ်၊ဝမ်တိန် နယ်စပ်မြို့များသည် ဘိန်းမှောင်ခိုကုန်ကူးရာ လမ်းကြောင်းများ ဖြစ်ခဲ့ သည်။ယနေ့လူသိများသောဘိန်းဘုရင်လော်စစ်ဟန်ကိုမထင်မရှားကိုးကန့်တရုတ်မိသားစုကနေ(၁၉၃၅)ခုနှစ်မှာမွေးဖွားလာခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာကိုးကန့်စော်ဘွားမိသားစုရဲ့လက်နက်ကိုင်တပ်ဖွဲ့ထဲကို၀င်ရောက် ခဲ့ ပါတယ်။

အသက် (၂၀)ကျော်အရွယ်မှာကိုးကန့်စော်ဘွားကြီးရဲ့သမီးတော်(အိုလဗ်ယန်း )ရဲ့လက်ရုံး တပ် မှာလော်စစ်ဟန်ဟာတပ်မှုးတစ်ယောက်အဖြစ်တာဝန် ထမ်းဆောင်ခဲ့တာတွေဟာသူရဲ့ဘဝခရီးအစတွေပါ။လော်စစ်ဟန်ကိုတရုတ်နာမည်နှင့် အသံထွက်ပါက (လိုရှင်းဟန်)ဟူသောအသံကပို၍နီးစပ်ပါတယ်။လော်စစ်ဟန်ရဲ့ဇနီးကျန်ရှောင်ဝမ်သည်တရုတ်လူမျိုးဖြစ်ပြီး၎င်းတို့မှာသားသမီး ရှစ်ဦးရှိပြီးတစ်ဦးက စင်ကာပူတွင် တစ်ဦးက ထိုင်းနှင့် တစ်ဦးက ထိုင်ဝမ်တွင် တစ်ဦးက မြန်မာနိုင်ငံတွင် စသဖြင့် အခြေချပြီးစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် လော်စစ်ဟန်သည်မြန်မာနိုင်ငံရဲ့ထိိပ်ဆုံး စီးပွါးရေးလုပ်ငန်းကြီးဖြစ်သည့် (Asia World )ကုမ္ပဏီကြီးတည်ထောင်ပြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။သူ့သား Steven Law (ခေါ် )ဦးထွန်းမြင့်နိုင်က စီအီးအို(အယ်ဒီ) အဖြစ်ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။

လော်စစ်ဟန်မမွေးခင်(၁၉၂၀ ) ပြည့်လွန်နှစ်များကတည်းကမြန်မာတရုတ်နယ် စပ်များတွင်ဘိန်းများစတင် စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ထိုခေတ်ကလူသိများသော မူလဘိန်းဘုရင်မှာအိုလစ်ဖ်ယန်း (Olive Yang) ဖြစ်ပြီးလော်စစ်ဟန် လူငယ်ဘဝကတည်းကဘိန်းဘုရင်မ အိုလစ်ဖ်ယန်း၏ တပည့် ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့စစ်အာဏာသိမ်းမှု ဖြစ်ပွါးပြီးနောက်ပိုင်းအိုလစ်ယန်းလည်းထောင်ဒဏ်ချမှတ်ခံရပါတယ်။အိုလဗ်ယန်း ထောင်ထဲမှာရှိနေစဉ် အချိန် တွေ မှာ လော်စစ်ဟန်ဟာရွှေတြိဂံ ဘိန်းမှောင်ခိုလုပ်ငန်းလည်ပတ်ပုံကိုပိုရင်းနှီးလာပြီးပြည်ပဘိန်းကုန် သည် တွေ နဲ့ထိစပ်မှုရှိလာခဲ့ပါတယ်။ဗမာ ပြည် ကွန်မြူနစ် ပါတီကအရှေ့မြောက် မြန်မာ-တရုတ်ပြည် နယ်စပ် မှာစစ်မျက်နှာ အသစ်ဖွင့် တဲ့အခါ မှာတော့ကိုးကန့်စော်ဘွားနဲ့ အနွယ် တွေ လည်း မောင်းထုတ်ခံရကာ(ဘိန်းဘုရင်မအိုလဗ်ယန်း)လည်း တစ်ဇာတ်သိမ်း သွားပါတော့တယ်။

ဗမာပြည်ကွန် မြူနစ်ပါတီကြောင့်သူရဲ့အရှင်သခင်ကိုးကန့်စော်ဘွားလဲမောင်းထုတ်ခံရ ၊ ကိုးကန့်ဘိန်းရာဇာပေါက်စတွေလည်းဖရိုဖရဲဖြစ်တဲ့အခါမှာလော်စစ်ဟန်လည်းဗကပတွေကိုစိတ်နာပြီးနယ်စွန်နယ်ဖျားဒေသတွေကိုရောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံနိုင်ငံရေးတွင် ဗကပ အလံဖြူကွန်မြူနစ်ပါတီတောခိုပြီးနောက် ပဲခူးရိုးမတွင်အခြေစိုက်ကာ ထကြွပုန်ကန်ခဲ့ပြီး၊ပဲခူးရိုးမတွင် တပ်မတော်က ဖြိုခွင်းနိုင်သော အခါ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းသို့ ပြောင်းရွှေ့လျက် ၀၊ကိုးကန့်တိုင်းရင်းသားများနှင့် ပူးပေါင်းကာ ဗကပတို့ခြေကုတ်ယူခဲ့ပြန်ပါတယ်။

ထိုဒေသမှ ကွန်မြူနှစ်တို့ကိုတပ်မတော်မှနှိမ်နင်းသောအခါ ဦးနေဝင်းလက်ထက်က စီမံချက်အရ နယ်မြေခံလက်နက်ကိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်ကာကွယ်ရေးတပ်အသွင်နှင့် ပူးပေါင်းခဲ့ပါတယ်။ထိုအခါ နောက်လိုက်လက်နက်ကိုင်အင်အားအသင့်အတင့်ရှိသော(လော်စစ်ဟန်)ကို ကာကွယ်ရေး ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

လော်စစ်ဟန်ခေါင်းဆောင်သောသူ့တပ်ဖွဲ့ တွေဟာအစိုးရစစ်တပ်တွေနဲ့ ပူးပေါင်းပြီး ဗမာပြည် ကွန်မြူနစ်ပါတီကိုဆန့်ကျင်တိုက်ခိုက်ပေးခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ဗိုလ်ချုပ်နေဝင်းအစိုးရကအသိအမှတ် ပြု တဲ့ ဘိန်းမှောင်ခိုဘ၀ရောက်သွားပြီး ဒေသတွင်းမှာတရားမ၀င်ဘိန်းထုတ် လုပ်ရောင်းချနိုင်ခွင့် ရရှိ သွား ပါတယ်။

အာဏာရှင် ဦးနေဝင်း ရဲ့ခွင့် ပြု မှု နဲ့ဘိန်းသယ်ဆောင် ရောင်းချ နိုင်ခဲ့တာ ဟာလော်စစ်ဟန် တစ်ယောက် ကျိကျိတက်ချမ်းသာ ဖို့နဲ့ဘိန်းရာဇာ ဖြစ်လာဖို့လမ်းစဖြစ်လာပါတယ်။ရွှေတြိဂံ ဒေသ ဘိန်းထုတ် လုပ် မှု မြင့် တက် လာ တာ နဲ့အတူ လော်စစ်ဟန်လည်း ကိုး ကန့်နဲ့ ထိုင်း မြန်မာ နယ်စပ် မှာ ထင်ရှားသူ တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

နောက်ပိုင်း အရှေ့မြောက်ပိုင်း ဒေသကို ဗမာ ပြည်ကွန်မြူနစ် ပါတီ ရောက်ရှိလာပြီး ကိုးကန့် စော်ဘွားတွေကို မောင်းထုတ် လိုက်တဲ့အခါ လော်စစ်ဟန် အတွက် ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် အဖြစ် ရှေ့တန်း ရောက်ဖို့ အခွင့်အရေး ရလာပါတယ်။

၁၉၇၀ ကျော် အစပိုင်း ကာလတွေ အထိ သူဟာ အစိုးရတပ်မတော်နဲ့ လက်တွဲပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ပူးပေါင်း တိုက်ခိုက် ခဲ့သလို ဘိန်းကုန်ကူးပြီးလည်းချမ်းသာ ခဲ့ပါတယ်။၁၉၇၃ ခုနှစ်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖျက်သိမ်း လိုက်တဲ့နောက်ပိုင်း မှာတော့ သူ့တပ်ဖွဲ့ဟာ တရားမဝင် မြေအောက် တပ်ဖွဲ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဘိန်းရာဇာ အဖြစ် ထိုင်း စစ်တပ်က သူ့ကို ဖမ်းပြီး မြန်မာ အစိုးရ လက်အပ် လိုက်ပါတယ်။

နာမည်ကြီး ဘိန်းသမား လည်း ဖြစ်ပြီးနိုင်ငံတကာ ကလည်း လိုလားနေတဲ့ ဘိန်းရာဇာ ဖြစ်တဲ့ အတွက် မြန်မာ အစိုးရက သူ့ကို သေဒဏ် အပြစ်ပေး လိုက်ပါတယ်။ဒါပေမဲ့ သူ့ကို ဘိန်းမှုနဲ့ အပြစ် ပေးခဲ့တာတော့မဟုတ်ပါဘူး။သူ့ကို အစိုးရက ဘိန်းကုန်ကူးခွင့် ပေးထားတာ ဖြစ်တဲ့ အတွက် သူ့ကို တရားစွဲတဲ့အခါသူပုန်မှုနဲ့သာ တရားစွဲခဲ့ပါတယ်။အဲဒီ(သေဒဏ်)ကိုလည်းဘယ်တော့မှ လက်တွေ့ အကောင်အထည် မဖော်ခဲ့ပါဘူး။သေဒဏ် နဲ့အင်းစိန် ထောင် တွင်း မှာ အကျဉ်း ကျ ခံ ရ စဉ် သူ ဟာ တခြား အကျဉ်းသားတွေ နဲ့လည်း မတူ တဲ့ စည်းစိမ် အပြည့် အ၀ ခံစား ပြီးနေခဲ့ ရပါတယ် ။

အဲဒီနောက် (၁၉၈ဝ )ပြည့်နှစ်ဦးနေဝင်းလက်ထက်မှာဘဲမှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။အဲသလို လွှတ်ပေး လိုက်ပြီးတဲ့ နောက်မှာ သူဟာ လားရှိုး ပြန်သွားခဲ့ပါတယ်။ လားရှိုးမှာ အရင်က ကာကွယ်ရေးတပ်ထက် ပိုပြီး အင်အား ကြီးမားတဲ့ ပြည်သူ့ စစ်ကို ထူထောင်ပါတယ်။

လော်စစ်ဟန်ထောင်ဒဏ်ကျခံနေရစဉ်မှာသူရဲ့ပြိုင် ဘက်တွေဖြစ်တဲ့MTA ခေါင်းဆောင်(ခွန်ဆာ )နဲ့ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်(ဖုန်ကြားရှင်) တို့ဟာထင်ရှားတဲ့ဘိန်းရာဇာတွေဖြစ်လာခဲ့ကြပါတယ်။လော်စစ်ဟန်ထောင်ကလွတ်လာပြီးတစ်နှစ်အတွင်းမှဘဲကိုးကန့်ဒေသမှာဘိန်းဖြူချက် စက်ရုံ(၁၇)ခုအထိတိုးချဲ့တည်ထောင်ခဲ့ပြီး၊

သူရဲ့ဆုံးရှုံးခဲ့ရတဲ့မူးယစ်ဆေးဝါး အင်ပါယာကို ပြန်လည်ကြိုးကိုင်ပြီးသူ မရှိစဉ်နေရာယူကြီးစိုးခဲ့သည့် ပြိုင်ဖက်ခွန်ဆာကို လွှမ်းမိုးရန်အစီအစဉ်ချ ဆောင်ရွက်ခဲ့ပါတယ်။ဒါနဲ့ဘဲရွှေတြိဂံ နယ်မှာ သူ့သြဇာ ကြီးထွား လာခဲ့ ပါတယ်။ဒါပေမဲ့ တကယ်တမ်း သူ့သြဇာ ပိုကြီးလာတာက (၁၉၈၉ )ခုနှစ် ကွန်မြူနစ် ပါတီ အတွင်းမှာ တိုင်းရင်းသား တွေရဲ့ ပုန်ကန်မှု ဖြစ်လာတဲ့ အချိန်မှာ သူဟာ (နဝတ)အစိုးရ အတွက် အလွန် အရေးပါတဲ့ လူတယောက် ဖြစ်လာခဲ့ပါတယ်။

အဲဒီ အချိန်မြန်မာပြည်မှာ အလွန် အရေးကြီးတဲ့(၁၉၈၈)ရှစ်လေးလုံး အရေးအခင်း ကြီး ဖြစ်ခဲ့ ပါတယ်။ ထောင်သောင်း ချီတဲ့ ကျောင်းသား တွေဟာတောခို ခဲ့ကြ ပါတယ်။အဲဒီ အချိန်က ကျောင်းသား တွေကို လက်နက် ခွဲဝေ တပ်ဆင် ပေးနိုင်စွမ်း ရှိတဲ့ တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ ဟာ ဗမာပြည် ကွန်မြူနစ် ပါတီပေါ့။

ကျောင်းသားတွေကိုကွန်မြူနစ်ပါတီကလက်နက် တပ်ဆင် ပေးနိုင်ခဲ့ရင် အခြေအနေတွေဟာ တမျိုးတဖုံ ဖြစ်သွား နိုင်ခဲ့ပြီးဒါပေမဲ့လည်းအဲဒါတွေ ကဖြစ်မလာခဲ့ပါဘူး။နောက်ပိုင်းကွန်မြူနစ်များကိုတိုက်ခိုက်ရာတွင်လော်စစ်ဟန်၏အကူအညီ ရရှိခဲ့ပြီး(၁၉၈၉ )ခုနှစ်တွင် ကိုးကန့်နှင့် ၀ သောင်းကျန်းသူအဖွဲ့များက ကွန်မြူနစ်တို့ ရဲ့ခေါင်းဆောင်မှုကိုဆန့်ကျင်တော်လှန်နိုင်ခဲ့ပါတယ်။

ဗမာပြည် ကွန်မြူနစ် ပါတီကို တိုင်းရင်းသား တွေကပုန်ကန်လိုက်တဲ့အခါ ထောက်လှမ်းရေးဗိုလ်ချုပ် ခင်ညွန့်ကတိုင်းရင်းသားတွေနဲ့ဗမာပြည် ကွန်မြူနစ်ပါတီ ပြန်ပြီးမပေါင်းစည်းနိုင်ဖို့ စေ့စပ်တဲ့အဖွဲ့ တဖွဲ့စေလွှတ်လိုက်ပါတယ်။အဲဒီအဖွဲ့က အောလစ်ဗ်ယန်း၊ လော်စစ်ဟန်နဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ခေါင်းဆောင်တဲ့အဖွဲ့ပါပဲ။

ကျောင်းသားတွေကို လက်နက်မထောက်ပံ့ဖို့နဲ့ အစိုးရနဲ့ စစ်ရပ်စဲရင် ရမယ့်စီးပွားရေး လုပ်ပိုင်ခွင့်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကို မြန်မာစစ်အစိုးရကအပိုင်စည်းရုံး နိုင်ခဲ့ပါတယ်။စစ်အစိုးရကို ကူညီခဲ့မှုကြောင့်မျက်နှာသာပေးခြင်းခံခဲ့ရပြီးဗမာပြည်ကွန်မြူနစ်ပါတီကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လော်စစ်ဟန်ကို အစိုးရက အသုံးချလို့ ရနေလို့ပါ။

အဲဒီနောက် သူ့သြဇာ အာဏာအကြီးဆုံးကာလကိုရောက်သွား ပါတယ်။သူဟာ ၁၉၉၂ ခုနှစ်မှာ (အေးရှားဝါးလ် )ကုမ္ပဏီ ထူထောင်ခွင့်ရခဲ့ပြီးရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။လော်စစ်ဟန် နဲ့သူ့ရဲ့မိသားစုကို စစ်ထောက်လှမ်းရေး နဲ့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့တပ်တစ်ချို့မှလက်နက် ကိုင် လုံခြုံရေး အစောင့် အရှောက် အတွက် အစောပိုင်းနှစ် တွေမှာတာ၀န်ယူပေးထားရပါတယ်။

လော်စစ်ဟန် အပါအဝင်လော်စစ်ဟန် နဲ့အတူပါလာတဲ့ဖုန်ကြားရှင်စတဲ့ ကိုးကန့်ခေါင်းဆောင်များကို လည်း လက်နက်ငယ်များတရားဝင် ကိုင် ဆောင်ခွင့် ကို မြန်မာ စစ်ထောက်လှမ်းရေး အကြီး အကဲဗိုလ်ချုပ်ကြီးကြီး ခင်ညွန့် ရဲ့အမိန့်နဲ့ခွင့်ပြုထားခဲ့ရပါတယ်။

နေပြည်တော်၊ရန်ကုန် ၊ မန္တလေးလိုမြို့ကြီးတွေ မှာတော့ကိုးကန့်နဲ့၀တွေအပစ်ရပ်တွေဟာလက်နက်ကိုပေါ်ပေါ်ထင်ထင်ကိုင်လေ့မရှိ ကြ ပါ ဘူး။ရန်ကုန် တွင်အပြီးအပိုငအခြေချချိန်မှာလော်စစ်ဟန် နဲ့အတူ အမေရိကန် ဒေါ်လာ (၁၈ )သန်းကျော်ခန့်ပါလာပြီး ၊တရုတ် ယွမ်ငွေသန်းပေါင်းများ စွာ နှင့် ထိုင်း ဘတ် ငွေ များ လည်း အတူပါလာတယ်လို့ဆိုပါတယ်။

အရေးကြီးတဲ့ ပြည်တွင်းက ဆောက်လုပ်ရေးနဲ့ ကုန်သွယ်ရေးတွေ တရုတ် ပိုက်လိုင်း စီမံကိန်းတွေရေနက်ဆိပ်ကမ်းတွေအမြောက်အများ လုပ်ကိုင်ခွင့် ရခဲ့ပြီးဘိန်းဘုရင်အဖြစ်မှမြန်မာနိုင်ငံ၏ ထိပ်ဆုံး စီးပွါးရေးလုပ်ငန်းရှင်တဦးအဖြစ်ရောက်ရှိလာခဲ့ပါတယ်။၂ဝဝ၆ )ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မင်္ဂလာပွဲကို ကြီးမှူး ကျင်းပ ရာမှာဘိန်းဘုရင်လော်စစ်ဟန် မိသားစု ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လောစစ်ဟန်ကို (ဘိန်းဖြူလုပ်ငန်းရဲ့ ဂေါ့ဖားသား)ဟုဆိုပြီး အမေရိကန်အစိုးရက (၂ဝဝ၈ )ခုနှစ်က သူတို့ မိသားစု လုပ်ငန်း တွေကို ဒဏ်ခတ် ပိတ်ဆို့မှု တွေ ချမှတ်ခဲ့ပါတယ်။တချိန်ကကမ္ဘာကျော် ဘိန်းဘုရင်တဆူဖြစ်ခဲ့သူ အသက် (၈၀ )အရွယ်လော်စစ်ဟန်ဟာ၂၀၁၃ဇွန်လ ၆ ရက် စနေနေ့က ရန်ကုန်မြို့နေအိမ်မှာကွယ်လွန်သွားခဲ့ပြီးယူနန်သုဿန်မှာဂူသွင်းသင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။

Ref:wikipedia

Irrawaddy News

Likes:
0 0
Views:
927
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *