ေꨟုလူင်ꨀꨱင်းတုင်-ကျိုင်းတုံဟော်နန်းတော် (၁၉၀၆-၁၉၉၁)

`ေꨟုလူင်ꨀꨱင်းတုင်-ကျိုင်းတုံဟော်နန်းတော်” (၁၉၀၆-၁၉၉၁)

၁၉၀၃ ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက်အင်းတလျဲန်း (ꨅဝ်ꨳꨀွꨓ်ꨀꨰဝ်ꨳꨡိꨓ်းတလꨰꨓ်း) အိန္ဒိယနိုင်ငံ သစွှာခံပွဲသို.ကြွရောက်လည်ပတ်ရောက်ရှိခဲ.စဉ် ဟော်မဟာရကြာ ကိုမြင်တွေ.ခဲ.ပြီး ၁၉၀၆ ခုနှစ်မှာဟော်နန်းကြီးကို ယင်းပုံစံအတိုင်းဆောက်လုပ်ခဲ.သည်။

ဟော်နန်းကြီးသည်အနောက်တိုင်း ပုံစံဖြစ်ပြီး အိန္ဒိယမှ ဗိသုကာပညာရှင်များခေါ်ယူကာအခိုင်မာ တည်ဆောက်ထားခြင်း ဖြစသည်ဧရိယာစတုရန်းမိုင်ပေါင်း ၁၂၀၀၀ ကျယ်၀န်းတဲ ကျိုင်းတုံမြို.ဟာ အဲဒီခေတ်ခါတုန်းကစီးပွားအချက်အချာကျသော အရှေ.ပိုင်းသျှမ်းမြို.တော်ကြီးဖြစ်ခဲ.ပါတယ်။

ကျိုင်းတုံ ဟော်နန်းအား ဗမာစစ်တပ်မှ ဖြိုချဖျက်ဆီးခြင်း အနှစ် ၃၀ ပြည့် နှစ်ဖြစ်ပါသည် `

စီးပွားကောင်းမွန်ပြီးအေးချမ်းသာယာသောကျိုင်းတုံစော်ဘွားကြီးရဲ.ချမ်းသာကြွယ်၀မှုဟာလည်း စိတ်နဲ့တောင်မှန်းဆလို မရနိုင်ပါဘူး။ ပြည်သူတွေကိုတရားမျှတစွာအုပ်ချုပ်မင်းလုပ်တဲ.စော်ဘွားကြီး၏ စံအိမ်တော်ဟာတရားမျှတခြင်းနှင် အတူကျက်သရေ မင်္ဂလာအပေါင်းနဲ.ခညောင်းနေမှာ အမှန်ပါဘဲ။

ဟော်နန်းတော်ကြီးတွင် ဂါရဝြပုကန်တော.ခံပွဲ ညီလာခံ တို့ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး စော်ဘွားကြီးသည်ကြင်ယာတော်(၆)ပါးနှင့် အတူသားတော်သမီးတော်(၁၉)ပါးနှင့် အတူနေထိုင်သောစံအိမ်တော်လည်းဖြစ်သည်။ ခရိုင်တစ်ခုလုံး၏ အုပ်ချုပ်ရေးဌာနတစ်ခုလည်း ဖြစ်ပါသည်။

၁၉၅၉ဟော်နန်းကြီးကို ပြည်သူပိုင်မသိမ်းပိုက်ခင်ထိယင်း၏ မြေးတော်ဖြစ်သူ စော်ဘွားကြီး စဝ်စိုင်းလုံသည် ဟော်နန်းကြီး၏နောက်ဆုံးပိုင်ရှင်ဖြစ်ခဲ.ပါသည်။ စဝ်စိုင်းလုံသည် ၁၉၄၇ လူမျိုးစုလွတ်တော်သို့ တက်ရောက်သည် အမတ်များအနက် အသက်အငယ်ဆုံး အမတ်ဖြစ်သည်။ ထိုစဉ်သူ၏အသက်မှာ(၁၉)နှစ်သာရှိပါသေးသည်။

(စဝ်စိုင်းလုံသည် စာသိပ်တော်ကာအရည်ချင်းရှိသည့် အတွက်၁၉၄၆ တွင်လူအများဧ။်တိုက်တွန်းချက်အရ သြစတြေးလျားတွင် ​ကျောင်းတက်နေ ရာမှပြန်လာပြီး ၁၉၄၇ မတ်လ ၁ ရက်နေ.မှစတင်ပြီး နယ်အုပ်ချုပ်ရေး တာ၀န်ခံနှင် ကျိုင်းတုံစော်ဘွားကြီးအဖြစ်တာ၀န်ယူထမ်းဆောင်ခဲ.သည်။)

ယိင်းတို့သျှမ်းတိုင်းရင်းသားတွေနဲ.တနိုင်ငံလုံး ကံဆိုးမိုးမှောင်ကျတဲ. ၁၉၆၂ ခုနှစ်မှာတော. အာဏာရူးတနှာရူး နေ၀င်းဦးဆောင်တဲ.စစ်အစိုးရဟာလက်နက်အားကိုးနဲ.တနိုင်လုံးကိုအာဏာတက်သိမ်းလိုက်ပါတယ်။ နယ်ရှင်စော်ဘွားများအားလုံး နဲ.တပြည်လုံးမှာ၇ှိတဲ.နိင်ငံရေးသမားအားလုံးကိုအင်းစိန်ထောင်မှာ ၆ နှစ်တိတိထောင်နန်းစံစေခဲ.ပါတယ်။

စော်ဘွားကြီးစဝ်စိုင်းလုံဟာ အစ်ကိုတော်နှင်.အတူထောင်နန်းစံခဲ့ပြီးနောက် ပြန်ထွက်လာချိန်တွင် ကျိုင်တုံဟော်နန်းတော်တွင် နေထိုင်ခွင်မရတော.ပေ။အရှိန်ဝါကြီးမားလှသော ခမ်းနားမြင်.မြတ်လှစွာမွေးဖွားသန်.စင်လာသော ကျိုင်းတုံပြည်သူတို.ရဲ.အားထားကိုးကွယ်ရာ သျှမ်းစော်ဘွားကြိးတစ်ဦး၏နေစရာအိမ်မရှိသည့် အဖြစ်သည် အင်မတန်စိတ်ထိခိုက်စရာကောင်းလှပါတယ်။

၁၉၆၂ ခုနှစ်မှစတင်ပြီး ဟော်နန်းတော်ကို စစ်အာဏာရှင်အစိုးရ၏ အစိုးရဌာနရုံးအဖြစ် မောင်ပိုင်စီးအသုံးချခဲ.ပါတယ်။၁၉၉၁ နို၀င်ဘာလ ၉ ရက်နှေ.မှာတော.ရန်ကုန်စစ်ရုံးချုပ်မှအမိန်.စာဖြင့် ဟော်နန်းကြီးဆွေးမြေနေပြီဆိုသည့် အကြောင်းပြချက်ဖြင်.စတင်ဖြိုဖျက်ခဲ.ပါတယ်။ အမှန်မှာဟော်နန်းကြီးသည် ခိုင်မာစွာထည်၇ှိနေပါသေးသည်။

လုံးဝကောင်းမွန်နေသေးသောဟော်နန်းကြီးကို ဗမာပြည်မှအလုပ်သမားများ ကျိုင်းတုံအကျဉ်းထောင်သားများဖြင်.ဖြိုချဖျက်စီးစေခဲ.သည်။ကျိုင်တုံမှ သံဃာတော်များပြည်သူပြည်သားများ အတန်တန်တောင်းပန်နေသည့် ကြားမှဖျက်စီးဖြိုချခဲ.သည်။ မည်သူမှ၀င်ရောက် နှောက်ယှက်ခြင်းမပြုနိုင်အောင် ဟော်နန်း၀င်းကြိးကိုလေးဖက်လေးရံကာပြီး တစ်လနီးပါးကြာအောင်ဖြိုချခဲ.သည်။

ဖြိုချပြီးသော အုပ်ခဲအပိုင်းစများကို လမ်းခင်းချသည်။ ကျိုင်းတုံမြို.သားတို.ခြေလှမ်းတစ်လှမ်းလှမ်း လိုက်တိုင်းစိတ်ထိခိုက် နာကျင်စေမည်.အဖြစ်မျိုးကိုတမင်ဖန်တီးပေးခဲ.သည်။

အဲ.ဒီနာကျင်မှုတွေကနေ ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာသူတို.တွေမတွေးမိကြဘူးနဲ.တူပါတယ်။ ယိင်းတို သျှမ်းတိုင်းရင်းသားတွေရဲ.ယဉ်ကျေးမှုရှေးဟောင်းအမွေနှစ်တွေကို ဖျက်စီးဖြိုဖျက်လို.ရပေမဲ.ပြင်းထန်တဲ.မျိုးချစ်စိတ်ဓာတ်ကိုတော.ဘယ်အရာကမှ ဖျက်စီးနိုင်စွမ်းရှိလိမ်.မယ်လို.ယိင်းမထင်ဘူး။

၁၉၉၄ ခုနစ်မှာတော.ဟိုတယ်နဲ.ခရီးသွား၀န်ကြီးဌာနမှ ဟော်နန်းနေရာတွင် ကျိုင်းတုံအဆင်.မြင်.ဟိုတယ်ကိုတည်ဆောက်ခဲ.သည်။ ၁၉၉၆ ခုနစ်မှာအပြီးသပ်ဆောက်လုပ်နိုင်ခဲ့ပြီးမြန်မာကျပ်ငွေသန်း 500 အကုန်ကျတယ်လို့ သိရပါတယ်၊၊ တစ္ဆေ သူရဲခြောက်တယ်ဆိုတဲ့သတင်းများကြောင့် ဟိုတယ်ကြီးမှာမှန်းထားသလောက်မအောင်ခဲ့ဘူးလို့သိရပါတယ်၊၊

လေးစားစွာဖြင့် စိတ်ထိခိုက်နာကျင်စွာဖြင့်ယိင်းဟွမ်

Ref ပိုꨓ်ꨵꨁိူဝ်းတꨯး ꨬလꨳပိူꨓ်းမိူင်းတꨯး(ꨁိူဝ်းသꨰꨓ်) သျှမ်းပြည်အုပ်ချုပ်ရေးပန္နက်

Credit Tai Youth Yangon

Photo Crd

Likes:
0 0
Views:
487
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *