ဟီနိူးဘီဒီ (Hino BD)

တောင်ဥက္ကလာမြို့မတည်ခင်တုံးမြို့ထဲဆူးလေကလာတဲ့ ကားတွေရန်ကင်းကံဘဲ့သံလမ်းမှတ်တိုင်မှာဂိတ်ဆုံးတယ် လူကြီးတွေပြောတာကြားဖူးတယ်။ အဲ့ဒီတုံးကကံဘဲ့မိုးကောင်းထိပ်မှာမြင်းလှည်းဂိတ်ရှိတယ်။

ကံဘဲ့သံလမ်းတစ်ဖက်ခြမ်းတောင်ဥက္ကာလာဖြစ်လာမယ့်ဘက်ကရွာတွေ နဲ့ကံဘဲ့ကျောက်ကုန်းဘောက်ထော်ဘက်ကိုမြင်းလှည်းနဲ့သွားတာပြောပြတယ်။ဘတ်စ်ကားလိုင်းပေါ်လာတော့ နံပတ်နဲ့မဟုတ်သေးဘူး။

ရုပ်ပုံနဲ့ ၊ ရွက်လှေ၊ မြင်းကျား၊ ပန်းအိုး၊မီးသင်္ဘော၊ဆင်မည်းပုံလူကြီးတွေပြောတာကြားဖူးတယ်။ သိတတ်စအရွယ် ပထမဆုံးဘတ်စ်ကားက HINO ဘတ်စ်ကားပါ။ နအဖ‌ခေတ်အရမ်းဖိုက်လို့ နာမည်ပျက်သွားတဲ့ BM ကားအကြီးစား ဟီးနိူး BD တွေပါ။ဒုတိယကမ္ဘာစစ်ဂျပန်စစ်လျှော်ကြေးနဲ့ပေးခဲ့တဲ့ကားအသစ်တွေ။

အပြာရောင်မြို့ပတ်ရထားလည်း ဂျပန်စစ်လျှော်ကြေးနဲ့ရခဲ့တာ။ တစက်ရုံအများကြီးပါတယ်ဂျပန်အလျှော်ပေးခဲ့တာ။ ဟီနိူးဘီဒီ (Hino BD) ကားအကုန်လုံးအဖြူမှာအပြာစင်းနဲ့၊ နဖူးစည်းမှာ (၁၇) ရေးထားတဲ့ကားကတောင်ဥက္ကလာကလာ၊ ရန်ကင်းဖြတ်မြို့ထဲကိုသွားတာ။ လက်ဝဲကပ်မောင်းစနစ်၊ အခုလိုလက်ယာကပ်မောင်းစနစ်မဟုတ်သေးဘူး။

ဂျပန်လုပ်ကားနည်းတယ်။ စစ်ကျန်ဥရောပနဲ့အမေရိကန်ကားများတယ်။ အဲ့ဒီတုံးကအင်းစိန်-ဆူးလေ နံပတ်(၈)၊မင်္ဂလာဒုံ – ဆူးလေ နံပတ် (၉) အကုန် ဟီးနိူးဘီဒီ၊ရန်ကင်းဖြတ်သွားတဲ့ကားကဟီးနိူးနံပတ်(၁၇)။ စပယ်ယာကအမျိးသမီးကြီးတွေ၊ အသက် ၃၀ လောက်အညာသူပုံစံ၊ညိုညိုတောင့်တောင့်၊ဘလောက်အင်္ကျီအဖြူ၊ထမိန်အပြာရောင်၊ခါးမှာလယ်သာခါးပတ်ပြားကြီးပတ်ထားတယ်။

ဒီခါးပတ်ကြီးမှာပိုက်ဆံအကြွေထည့်ဖို့အိပ်၊ တန်ဘိုးအမျိုးမျိုးနဲ့ဘတ်စ်ကားလက်မှတ်ထည့်ဖို့အိပ်အသေးလေးပါတယ်။ လက်မှတ်ကိုအကုန်ပေးလိုက်တာမဟုတ်ဘူး။ တပိုင်းဖြတ်ပြီးတပိုင်းစပယ်ယာဆီမှာလက်ခံကျန်ခဲ့တယ်။ ဘတ်စ်ကားလက်မှတ်တန်ဘိုးကိုအရောင်နဲ့ခွဲထားတယ်။အမဲရောင်၊အပြာရောင်၊အစိမ်းရောင်၊အနီရောင်ဘတ်စ်ကားလက်မှတ်။

အပြာရောင်လယ်သာကူရှင်ထိုင်ခုံနဲ့မတ်တပ်ရပ်စီးတဲ့သူရှိတော့ရှိတယ်နည်းတယ်။ ကျနော်တို့နေတဲ့ဆရာအတတ်သင် (အခုရန်ကင်းပညာရေးကောလိပ်) ရှေ့ကနေညဘက်ကြည့်လိုက်ရင် (၁၇)ဘတ်စ်ကားလာနေတာကိုအဝေးကတန်းမြင်နေရတယ်။ ကားအတွင်းခန်းတစ်ခုလုံးမီးထိန်နေအောင်ထွန်းထားလို့ပါ။ အဲ့ဒီခေတ်ကားရှားသေးလို့ ဘတ်စ်ကားလာရင်အဝေးကမြင်ရတယ်။

မဆလ စနစ်ဆိုးအောက်မှာပြုပြင်ထိမ်းသိမ်းနိုင်မှုမရှိလို့တဖြည်းဖြည်းနဲ့ ဒီကားကြီးတွေပျောက်ကွယ်သွားခဲ့တယ်။ နယ်မှာတောင်မတွေ့တော့ဘူး။ကျနော်တို့ဘတ်စ်ကားစီးခဲ့တဲ့ ကာလတွေမှာဟာမစ်တစ်ကုန်းနှင်းဆီကုန်းဘိုးဘွားရိပ်သာ အတက်ကိုမနည်းဖြစ်ညှစ်တက်နေရတဲ့စစ်ကျန် Bedford ဘတ်စ်ကားအိုကြီးတွေနဲ့ပဲစခန်းသွားခဲ့ရတယ်။

၁၉၈၈ အရေးတော်ပုံကာလအထိကားပေါ်တက်တဲ့လှေကားမှာခြေတဖဝါးစာရရင် ခရီးဆက်လို့ရပြီ။ အခုခေတ်လူငယ်များကံကောင်းပါတယ်။ ဓါတ်ပုံထဲက ကားက Hino BD ပါ။

Source : Googleလွင်ဦး(ရန်ကင်း) #lwinooyankin

Likes:
0 0
Views:
595
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *