အမရပူရမြို့တော်ကြီး ဖြစ်ပေါ်လာခဲ့သော နေ့စွဲးများ

အမရပူရမြို့တော်ကြီးဖြစ်ပေါ်လာခဲ့သောနေ့စွဲးများ

ကုန်ဘောင်ခေတ်ကို စတင်တည်ထောင်တော်မူသော အလောင်းမင်းတရားကြီးနှင့် မဟာမင်္ဂလာ ရတနာဓိပတိသိရီရာဇစန္ဒာဒေဝီဘွဲ့ခံမိဘုရာခေါင်ကြီးတို့မှဖွားမြင်သော စတုထ္တသားတော်ဘိုတော်မင်းတရား(ဗဒုံမင်း)နှင့် ၎င်း၏မိဖုရာခေါင်ကြီးဖြစ်သောအ၀ဗိုလ်မှုးမင်းလှကျော်သူနှင့်မဟာအတုလဒေဝီမယ်အိတို့မှ ဖွားသည့်သီရိပ၀ရမဟာရာဇိန္ဒာမင်္ဂလာရတနာဒေဝိတို့သည် ကုန်ဘောင်မင်ဆက်၏ ဆဌမမြောက်မင်းဆက်ကိုဆက်ခံခဲ့ပါသည်။

၎င်းလက်ထက်တော်၌ ကုန်ဘောင်မင်းဆက်၏ဘုန်းလက်ရုံသည်နေလိုလလိုထွန်းတောက်ခဲ့ပါသည်။ ထိုအချိန်အခါ၌ဘိုးတော်မင်းတရားသည်အင်းဝနေပြည်တော်ကိုစွန့်၍ အမရပူရနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းခဲ့ပါသည်။

အမရပူရမြို့တော်ကြီးသည် အရှေ့အောင်ပင်လယ်၊ အရှေ့တောင်ရွှေစာရံ၊တောင်ပလိပ်ရွာ၊ အနောက်တောင်တဘက်ဆွဲး၊အနောက်မြောက်စကိုင်းနယ်၊မြောက်ဘက်တောင်ကျုံးကြီး၊ အရှေ့မြောက်ဘုတ်သက်ကယ်ကျင်းထိကျယ်၀န်းသည်။ ၁၁၄၄ခုတန်ဆောင်မုန်းလ္ဆန်း ၅ ရက်မှစ၍ထီးပေါင်းကားအရပ်မှစတင်၍ တောရှင်းစေခဲ့သည်။

၎င်းနှစ်ပြာသိုလဆန်း၁၁ရက်နေ့တွင်မြို့တော်ကို ရွှေပန္နက်ငွေပန္နက်များစိုက်ထူးခဲ့သည်။ ၁၁၄၄ခုတပို့တွဲးလ္ဆန်း ၇ ရက်နေ့တွင်မြို့တော်၊ကျုံးတော်၊နန်းတော်၊ရွှေဂူတော်၊ကျောင်းတော်၊ ပိဠကတ်တိုက်တော်၊ကန်တော်ခုနှစ်ဌာနကိုတပြိုင်တည် တည်ဆောက်ခဲ့ပါသည်။အမရပူရမြို့တော်အရှေ့မျက်နှာမြောက်ဘက်လေးကျွန်းတံခါး၊ အလယ်တွင်ဦးနှိမ်တံခါ၊တောင်ဘက်သိမ်းဆည်တံခါး။

တောင်မျက်နှာအရှေ့ဘက်ကျွန်းလုံး၀င်တံခါး၊ အလယ်ကုန်းမော်တံခါး၊အနောက်နန္ဒမူတံခါး။အနောက်မျက်နှာတောင်ဘက်အာဠဝီတံခါး၊အလယ်တွင်စည်ရှင်တံခါး၊မြောက်ဘက်ရန်နှင်တံခါး။ မြောက်မျက်နှာအနောက်ဘက်ရန်မျိုးအောင်တံခါး၊ အလယ်တွင်လေးသိန်းတံခါး၊အရှေ့ဘက်မုဒ်ဦးတံခါးဟူ၍တံခါး၁၂ ရပ်နှင့်မြို့ရိုးကြီးတည်ခဲ့သည်။

အမရပူရမြို့တော်ကြီးကိုမြနန်းဘုံစံ၊ ရွှေနန်းတော်ကိုအောင်နန်းစံရာဟုသမုတ်ခဲ့သည်။ ဘိုးတော်မင်းတရားကြီးသည်၁၁၄၅ခုနယုန်လ္ဆန်း၅ရက်နေ့တွင်ပြဿဒ်တော်၊ထီးတော်၊ပလ္လင် ၈ခန်းတို့ကိုအပြီးတင်စေသည်။ ၎င်းနောက်စွယ်တော်ကျောင်း၊ထီးဖြူတော်၊ရွှေနန်းတော်အဆောင်ဆောင်မှမှန်ကန်းတို့ကို ဆင်ရင်တပ်ဆင်တော်မူသည်။

၎င်းနှစ်နယုန်လ္ဆန်း ၁၂ ရက်နေ့တွင်ဘို တော်မင်းတရားသည်အင်း၀မှအမရပူရသို့ရွှေဖောင်တော်၊ ရွှေလှေတော်၊ဆင်လုံမြင်းရင်း၊စစ်အင်္ဂါလေးပါးနှင့်သိမ်းယူတော်မူခဲ့သည်။ ထိုကဲ့သို့အမရပူရမြို့တော်ကိုတည်ထောင်ဖန်ဆင်းခဲ့သောဘိုးတော်မင်းသည်နန်ရမိဖုရား ၃ ပါး၊ဆောင်ရမိဖုရာ၂ ပါး၊အခြားမိဖုရား ၁၃ ပါး၊ကိုယ်လုပ်တော် ၃၅ ပါး၊စုစုပေါင်း၅၃ ပါးနှင့်စံမြန်ခဲ့ရာသားတော်သ္မီးတော်၁၂၂ပါးရရှိခဲ့ပြီးငယ်ကလွန်၅၁ပါးရှိ၍ ၇၁ပါးအဖတ်တင်ခဲ့လေသည်၊

၎င်းတို့မှတိုးတက်ပွားများခဲ့ရာမြေးတော်၂၀၈ပါး၊မြစ်တော်၈၁ပါးထိပွားများခဲ့လေသည်။ ဘိုးတော်မင်းတရားကြီးသည်၁၁၈၁ခုနယုန်လဆန်း ၁၃ ရက်နေ့တွင်နတ်ရွာစံခဲ့ရာမြေတော်ဘကြီးတော် မင်းတရာကထီးမွေနန်းမွေဆက်ခံခဲ့လေသည်။ ဘကြီးတော်မင်းတရားသည်၁၁၈၃ခုကဆုန်လဆုပ် ၁၀ရက်အမရပူရမီးကြီးလောင်ပြီးနောက်မြို့တော်ကိုစွန့်ခွာ၍ ၁၁၈၇ခုတွင်အင်း၀သို့စံခဲ့ပြန်ပါသည်။

၎င်းနောက်သာယာ၀တီမင်းကြီးက ၁၁၉၉ခုတွင်အမရပူရကိုမြို့ တော်အဖြစ်စံတော်မူခဲ့ပြန်ပါသည်။ ၁၂၀၀ပြည့်တွင်နန်းတက်သောပုဂံမင်သည်လည်အမရပူရကိုမြို့တော်အဖြစ်စံမြန်ခဲ့ပါသည်။

၎င်းနောက်မင်းတုန်းမင်းတရားသည် ၁၂၂၁ခုတွင်မန္တလေးရတနာပုံနေပြည်တော်ကို တည်ထောင်ဖန်ဆင်း၍စံခဲ့လေရာအမရပူရမြို့တော်ကိုမြို့ဟောင်းဟု၎င်း၊ တောင်မြို့ဟု၎င်းခေါ်တွင်ခဲ့လေသည်။

ကျမ်းကိုး။ ။ကုန်းဘောင်ဆက် ပ၊ဒု၊တ။ မြန်မာမင်းအုပ်ချပ်ပုံစာ

Likes:
0 0
Views:
550
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *