ဆံသဆိုင်

ဆံသဆိုင်

ငယ်စဉ်ကာလတုံးက ဆံသဆိုင်ဆိုတာမြို့နယ်တစ်ခုမှာ လက်ချိုး‌ရေလို့ ရပါတယ်ဟိုတုံးက လူတွေဆိုတာလည်း လူတစ်ယောက်ဒါနဲ့ လုပ်ကိုင်စားသောက်နေပြီဆိုရင် စင်ပြိုင်လိုက်လုပ်ဖို့ အတော်ဝန်လေးကြသကိုးသူ့ထမင်းအိုး ခွဲသလိုဖြစ်သွားလေမလားဆိုတဲ့ကိုယ်ချင်းစာစိတ် အင်မတန်ကြီးခဲ့တဲ့

ကာလမဟုတ်လားမအေးက ဘိန်းမုန့်ရောင်းရင် ဒေါ်သိန်းရင်က ပဲပြုတ်ရောင်းဘဲအမီနာက တိုရှေရောင်းရင် ပြာရီက အာပုံရောင်းငြိမ်းမိက အကျော်ရောင်းရင် မြသန်းစိန်က ကောက်ညှင်းပေါင်း ရောင်းပေတော့အခုခေတ်လို စားသောက်ဆိုင်တစ်ခု အောင်မြင်ရင်ဘေးက အပြိုင် စားသောက်ဆိုင် လိုက်ဖွင့်တာဒန်ပေါက်ဆိုင်ဘေး

ဒန်ပေါက်ဆိုင် လိုက်ပြိုင်ချဲတာရှိမှ မရှိခဲ့ရိုးထားပါတော့ဆံသဆိုင် အကြောင်း ဆက်သွားလိုက်ရအောင်ရပ်ကွက် သို့ မြို့နယ်တစ်ခုရဲ့ ဆံပင်ညှပ်ဆိုင်ဆိုတာအဲဒီရပ်ကွက် အဲ့ဒီမြို့နယ်ရဲ့ သတင်းဖြန့်ချီရာတိုင်းရေးပြည်ရေးဆွေးနွေးရာ အတိတ်နဲ့ အနာဂတ်စီးချင်းထိုးရာ ရပ်ဝန်းတစ်ခုပါဘဲဆံသဆိုင်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကတော့ဆုံလည်

ကုလားထိုင်တစ်လုံး(မလည်လည်းရပါတယ်)မှန် နှစ်ချပ် (ရှေ့ကြည့်ရန်နှင့် နောက်ကြည့်ရန်)သတင်းစာ နဲ့ မဂ္ဂဇင်းဟောင်းတစ်ချို့တချို့ဆိုင်နံရံတွေမှာကာလသားကြိုက် မပေါ့်တပေါ်ပုံလေးတွေလဲ ကပ်ထားတတ်ကြပါသေးတန်းလျားရှည် တစ်လုံးတစ်ချို့ဆိုင်တွေကတော့ မဒလင်ကျားကွက်ဇယ်တောက်ခုံထားတတ်ကြရဲ့ဆံပင်ဆိုတာမျိုးကလည်း

နေ့တိုင်းရှည်နေပေမဲ့ကြာကြာမှ တစ်ခါညှပ်ရတာမျိုးဆိုတော့လူအမြဲရှိနိုင်အောင်ကြံဖန်စီရင် ထားရပါတယ်အချိန်များ ပိုနေတတ်တဲ့ကာလများ ဆိုတော့လည်းရပ်ကွက်ထဲက အလွှာမျိုးစုံ ယောက်ကျားသားများဟာချိန်းထားတာမဟုတ်ပေမဲ့ ဆုံနေတတ်ကြပါတယ်လူပါးတဲ့နေ့များဆို တိုင်းရေးပြည်ရေး ကမ္ဘာ့အရေးဆွေးနွေးငြင်းခုန်နေသူများလည်း ရှိတတ်ရဲ့သက်ကြီးစကား သက်ငယ်ကြားဟိုတုန်းကတော့

ဒီလိုမဟုတ်ပါ လွမ်းခြင်းတွေလည်းခံစားသောတ ဆင်ရတတ်ပါတယ်လူငယ်ခြင်း ဂေါ်ရေး ဂေါ်ရာ မဟာဗြူဟာတွေကိုလည်းဆည်းပူးလက်ဆင့်ကမ်းရာ နေရာလည်း ဖြစ်ပါတယ်(အခုအချိန်လို အရက်ဆိုင်နဲ့ လက္ဘက်ရည်ဆိုင်ကမပေါသေးဖူး မဟုတ်လား)

ရေဒီယိုလေးများ ထားနိုင်တဲ့ ဆိုင်ဆိုရင်တော့ထိပ်တန်းအဆင့်ဆိုင်ပေါ့ညှပ်တဲ့ ပုံစံကလည်း သိပ်ရွေးချယ်ခွင့်မရှိတိုတိုလားရှေရှေလားဘိုကေလား ဘဲမှီးလား ဒီလောက်ဘဲပြီးရင် ခုံပေါ်ထိုင် ခပ်ညစ်ညစ်အဝတ်စလေးနဲ့လယ်ပင်းချည် ကပ်ကျီးသံ ဂျပ်ဂျပ်စက်ကပ်ကျီးသံ တစ်ကျိကျိ ပေးရင်း ညှပ်ပါပြီနောက်တော့

သင်တုံးဒါး ကို ချိတ်ထားတဲ့ နွားသားရေပြားလေးမှာ ရှေ့နောက် လေးငါးချက်ဆွဲဂျိ ဂျိ နဲ့ ရှေ့တွေ နောက်တွေ တိနောက်ဆုံးအဆင့်ကတော့ နံပြား ကပ်ပြီး ကင်တဲ့အဝတ်ထုတ် အသေးစားမျိုးလေးနဲ့ ပေါင်ဒါတွေဇက်ပိုးနဲ့ နားထင်မှာ ရိုက်ပေး မျက်နှာသုတ်ပုဝါအသေးလေးနဲ့ခါ

ပြီးပြီပေးလိုက် ငါးမူးအခုခေတ် ညှပ် လျော်ဆေးဆိုးပေါင်းတင်ဖယောင်းသွင်းဆိုင်တွေပေါ်လာပေမဲ့ဟိုးတုံးကရပ်ကွက်ထဲကဆိုင်လေးကို ပြန်သတိရနေ တတ်ပါတယ်။

Credit : Aungkhing

Likes:
0 0
Views:
402
Article Tags:
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *