” မင်းတုန်းမင်းကြီး ဘာကြောင်အစွမ်းထက် ရပါသလည်း “

“ပရန္နဝါ, ပါးပါးလွှာသကာများနှင့်ဖက်၊ဒန့်သလွန်ပွင့်, အုန်းဆံရင့်ချိန်သင့်ညီမျှစွက်၊မင်းတုန်းမင်းခေါင်, သူသုံးဆောင်ဘုန်းခေါင်နေသို့လက် “

( ပရန္နဝါပင် )

သိပ္ပံအမည် Boerhavia diffusa Linnအာယုဗ္ဗေဒဆေးပညာတွင် ရသာယနဆေးဘက်ပစ္စည်းအဖြစ် အဓိကအသုံးပြုသော အပင်ဖြစ်သည်။Punarnavine, Triacontanol,Hentriacontane, ursolic acid5, 7-dihydroxy-6, 8di methyl fkavone, retenoid boeravinones A1 B1 C2 D-F, boerhavine, boerhavic acid, tannins, phlobaphenes ဓာတ်ပေါင်းများပါဝင်ပါသည်အိန္ဒယနိုင်ငံတွင် လေ့လာမှုအရ နွေရာသီမေလတွင် တူးဖော်သော ၃စင်တီမီတာ အချင်းရှိသည့် ဆေးမြစ်သည် အသဲက်ို ကောင်းစွာကာကွယ်ပေးနိုင်သော အာနိသင်ရှိကြောင်း သိရှိရပါသည်။

အိန္ဒယနိုင်ငံတွင်နှလုံးအားတိုးဆေး အသဲဆေး ဆီးဆေး အသက်ရှည်နုပျိုဆေးအဖြစ်သုံးစွဲကပါသည်။ဗီယက်နမ်နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေးအသဲရောဂါ အဖောရောဂါပျောက်ဆေးအဖြစ်အသုံးပြုကြပါသည်။

မြန်မာနိုင်ငံ တွင် ပရန္နဝါပါးပါးလွှာ သကာပျားနှင့်ချက် ဒန့်ဒလွန်ပွင့်အုန်းဆံရင့် ထည့်သင့်လျှော်အောင်ထည့်မင်းတုန်းမင်းခေါင်မြတ်သုံးဆောင် ဘုန်းရောင်နေသို့တက်သေသာနက်မှောင်လျှက်အသံကရဝိတ်ငှက် ဒန္တာသံမှိုနှက်စသည့်စာချိုးသည် နာမည်ကျော်ကြားသောစာချိုးဖြစ်သည်နှင့်အညီ အစွမ်းထက်သောပရန္နဝါယိုဖြစ်သည်။

ကျား,မ မရွေး အားဆေး

ပရန္နဝါ,ပါးပါးလွှာသကာများနှင့်ဖက်၊ဒန့်သလွန်ပွင့်, အုန်းဆံရင့်ချိန်သင့်ညီမျှစွက်၊မင်းတုန်းမင်းခေါင်, သူသုံးဆောင်ဘုန်းခေါင်နေသို့လက်။အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။

ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

” အထက်ပါဆေးနည်းကို ဖော်စပ်နည်း “(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။

(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။” စားသုံးနည်း “အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။

အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ ” သွေးလေမမှန်သောရောဂါ၊ “ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။”

ကျောက်ကပ်ကျောက်တည်ရောဂါအတွက်”( ပရန္နဝါပင် )ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင် !!မြန်မာ့ဆေးလောကမှ ထင်ပေါ်ကျော်ကြား လူသိများသည့် အစွမ်းထက်ဆေးပင် ပရန္နဝါပင်ဖြင့် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

” ဆေးဖော်စပ်နည်း “(၁) ပရန္နဝါပင်၏ ပဥ္ဒငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။(၂) ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။(၃) သုံးခွက်တစ်ခွက်ကျန်သည့်အထိ ကျိုပါ။(၄) ၄င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊နေ့၊ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။ ။တိုင်းရင်းဆေးနည်းအဘိဓာန် ( တင်ထားသောပုံများမှစာများကိုလေ့လာပါ )

ပရန်နဝါ

Hog weeds (ပရန်နဝါ)Botany Term : Boerhavia diffusa LinnSpecies/Family : Nyctaginaceaeပုံသဏ္ဌာန် : အပင် – အပွင့်ကို လိုက်၍ အပင် သုံးမျိုး ကွဲသည်။ အဖြူ ၊ အနီ ၊ အညို ဖြစ်၍ သုံးမျိုးလုံး အကျိုးပြု သည်။ မြေတွင် ဖြန့်ပေါက် သော နွယ်ပင် မျိုး ဖြစ်သည်။ အရွက် – အဆစ်မှ အရွက် များ မျက်နှာချင်း ဆိုင် ထွက်သော် လည်း တစ်ဖက် တွင် တစ်ရွက် ထွက်၍ အခြား တစ်ဖက် တွင် နှစ်ရွက် ထွက်သည်။ ရွက်ရင်း ကျယ်သော ဘဲဥ ပုံရှိ ရွက်ထိပ် အချို့ ချွန်ပြီး အချို့ ဝိုင်း၏ ။ အရွက် အပေါ် မျက်နှာပြင် ချောမွတ်သည်။

အပွင့် – ပန်းခိုင်ထိပ်တွင်သေးငယ်သောအပွင့် ကလေးများစု၍ပွင့်၏ ။အမျိုးလိုက်၍အဖြူ ၊ အနီ ၊အညို အရောင်သုံးမျိုးကွဲ၏ ။ အသီး – သေးငယ်သည်။ အခန်း ၅ ခန်း ပါရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ အရွက် ၊ အမြစ် ၊ အပင်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် အနှံ့အပြား တွင် ပေါက်ရောက်သည်။

သဘာ၀ အလျောက် အလေ့ကျ ပေါက်၏ ။ အသုံးဝင်ပုံ : အာနိသင် – မြန်မာ ဆေးကျမ်းများ အလိုအရပရန္နဝါသည်ခါး၏ ၊ စပ်ရှားရှားရှိ၏ ၊ ပူ၏ ၊ အသက်ကိုရှည်စေ၏ ။

နှလုံး ရောဂါ ၊ဖောရောင်ခြင်း ၊ ပန်းနာ ၊ လေ ၊ သလိပ်ရောဂါတို့ကို ပျောက်ကင်းစေနိုင်၏ ။ ဝမ်းမီးကိုတောက်စေ၍ဝမ်းသက်စေ ပြီး ဆီးကို ရွှင်စေသည်။ချွေးကိုထွက်စေ၍ ရေဖျဉ်းရောဂါကို နိုင်သောသတ္တိရှိ၏။

အသုံးပြုပုံ- အရွက်

၁။ ပရန္နဝါ ရွက်ရည်ကို နို့နှင့်ရောသောက်ကဆီးအောင့် ရောဂါ ၊ ဆီးပူညောင်းကျ ရောဂါ ၊ ပန်းသေရောဂါနှင့် အဖျားရောဂါတို့ကို ပျောက်ကင်း စေရုံမျှ မကအသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၂။ အရွက်ကို ငါးကြင်းသားနှင့် ချက်စားပါက ကိုယ်တစ်ခြမ်းသေရောဂါပျောက်၏ ။ ၃။ မီးဖွားပြီးစအမျိုးသမီး များနို့မထွက် လျှင်ပရန္နဝါရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာထွက်ပြီးနို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်းပျောက်ကင်းစေ၏။

၄။ ပရန္နဝါ ရွက်ကိုငါးပနော်နှင့်ကြော်ချက်စားခြင်း ၊ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင်ရောဂါ ၊ရေဖျဉ်း ၊မြင်းသရိုက် ၊ လေနာသလိပ်နာ ၊ အစာမကြေ ရောဂါများပျောက်၏ ။

၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်းခြင်းများ အတွက် အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။

အမြစ် ၁။အမြစ်မှုန့်ကိုသကြားနှင့်စားသော် ချောင်းခြောက်ဆိုးခြင်းနှင့်ကြက်ညှာချောင်းဆိုး ခြင်းနှင့် ကြက်ညှာချောင်းဆိုးခြင်းများ ပျောက်၏ ။ပျားရည်နှင့် လျက်ပေးသော်ပန်းနာရောဂါပျောက်၏ ။

အပင် -၁။ ပရန္နဝါ ကို ကြိတ်မှန်ရွက်နှင့်ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။

၂။ ဒန့်ကျွဲစေ့နှင့် ရော၍စားခြင်း ၊လိမ်းခြင်းပြုသော် ပွေးနာပျောက်၏ ။

၃။ တောင်သာ ဆရာမ မုန်း၏ ဆေးညွှန်း အရ ` ပရန္နဝါပါးပါးလွှာ ၊ သကာပျားရည်နှင့် စပ် ၊ ဒန့်သလွန်ပွင့် အုန်းဆံရင့်ချင့်၍လျော်အောင် စပ်၊ မင်းတုန်းမင်း​ခေါင် သူသုံးဆောင်၊ ဘုန်းရောင်နေသို့တက် ၊ ဒန္တာသံမှိုနှက် ၊ အသံကရဝိတ်ငှက် ၊ ကေသာပိတုန်းရောင် နက်´ ဟူ၍ဖော်ပြထားသည်ကိုတွေ့ရသည်။

[၁]ကိုးကား​ Credit. ..Wikipedia မှမေတ္တာဖြင့်”မသိသူကျော်သွား သိသူဖော်စား “#CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
650
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *