” သနပ်ခါး ပါးတို့ပွဲ “

ဒီဆောင်းပါးမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ယောဒေသရဲ့ ချစ်စရာဓလေ့ကောင်းတွေကို တ၀ကြီးတွေ့မြင် ခံစားကြရမှာပါ။

သနပ်ခါး_ပါးတို့ပွဲ

မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် မိမိတို့နေထိုင်ရာဒေသနှင့် လူမျိုးကိုလိုက်၍ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာပွဲတော်များမှာ အများအပြားရှိနေပါသည်။ ယင်းပွဲများအနက် ယောဓလေ့ သနပ်ခါးပါးတို့ပွဲသည်လည်း အပါအ၀င်ဖြစ်ပါသည်။ ယင်းပွဲကိုကျင်းပခြင်းကြောင့် ပျော်ရွှင်ချမ်းမြေ့မှုရသ၊ တစ်ရွာနှင့်တစ်ရွာ(၅၂၈)သွယ်သော မေတ္တာရသ၊ လူငယ္ဘာ၀ မောင်နှင့်မယ် (၁၅၀၀) မေတ္တာရသနှင့် အမြတ်ဆုံးသော ဗုဒ္ဓအားဆီမီးကပ်လှူရခြင်းကြောင့် ကုသိုလ္ထူးမ်ားကို ရရှိနိုင်ပေသည်။

မြတ်စွာဘုရားသခင်သည် ဝါတွင်းသုံးလပတ် ကာလလုံး တာ၀တိံသာနတ်ပြည်တွင် အဘိဓမ္မာတရားဟောကြားနေရာမှ ပြီးဆုံးခြင်းသို့ရောက်သည့်သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿနဂိုရ်ပြည်သို့ ကြွချီဆင်းသက်တော်မူရာ လမ်းတစ်လျှောက်၌ လူနတ်ဗြဟ္မာများက ဆီမီး၊ န့ံသာ၊ ဖယောင်းတိုင်များဖြင့် ထွန်းညှိပူဇော်ခဲ့ကြပါသည်။

ယင်းအစဉ်အလာနှင့်အညီ ဗုဒ္ဓဘာသာမြန်မာများသည် သီတင်းကျွတ်လကို မီးထွန်းပွဲလဟု သတ်မှတ်ပြီး ဆီမီး၊ နံ့သာ၊ ဖယောင်းတိုင်များထွန်းညှိ၍ ဗုဒ္ဓမြတ်စွာအား ကြီးစွာသော ပူဇော်သက္ကာရပြုကြရာ ယနေ့တိုင် အစဉ်အလာတစ်ရပ် ထင်ကျန်ရစ်ခဲ့ပေသည်။ထီးလင်းမြို့နယ်တွင်လည်း ဝါလကင်းလွတ် သီတင်းကျွတ်သည်နှင့် တစ်ဦးချင်းအနေဖြင့် မိမိတို့အိမ်တိုင်း၌ ဆီမီးဖယောင်းတိုင်များ အမြောက်အများဖြင့် ထွန်းညှိ၍လည်းကောင်း၊ ရောင်စုံဆီမီးပုံးများ ထွန်းညှိ၍လည်းကောင်း ပူဇော်သက္ကာရပြုကြသကဲ့သို့ စုပေါင်းပူဇော်ပွဲအနေဖြင့် မီးကြာလှည့်ပွဲ၊ ဆီမီးထောင်လှည့်ပွဲများကိုလည်း တစ်ရွာလုံးစုပေါင်း၍ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါသည်။

ယင်းသို့ မိမိတို့ကျေးရွာရှိ ဘုန်းကြီးကျောင်းဘုရားစေတီများတွင် ဆီမီးထောင်လှည့်ပွဲကျင်းပရခြင်းကို ကျေနပ်အားရမှုမရှိသဖြင့် မိမိတို့နှင့် နီးစပ်ခင်မင်ရာ အခြားကျေးရွာများသို့ သွားရောက်၍ ဆီမီးထောင်လှည့်ပွဲကို ဆောင်ရွက်လာကြပါသည်။ ထိုသို့ တစ်ရွာတစ်ကျေးသွားရောက်ပြီးဆီမီးထောင်လှည့်သည့်အခါ ရွာခံအပျိုလူပျိုတို့မှ တုံ့လှယ်မေတ္တာဖြင့် ဆီမီးထောင်လှည့်ရာကျောင်း၀မှ နှစ်ဘက်ညှပ်စီတန်းပြီး မှန်ထောင်ပြခြင်း၊ နံ့သာသနပ်ခါးများဖြင့် ပါးတို့ပေးခြင်းများကို ယဉ်ကျေးစွာ ဆောင်ရွက်ပေးကြပါသည်။

ဤသို့ဖြင့် သနပ်ခါးပါးတို့ပွဲသည် ပေါ်ပေါက်လာရပါသည်။သို့ဖြစ်၍ သနပ်ခါးပါးတို့ပွဲသည်ကား အပျော်အပျက်ပွဲမဟုတ်၊ ဘာသာရေးပွဲတစ်ပွဲဖြစ်သည်နှင့်အညီ တစ်ရွာနှင့်တစ်ရွာ မေတ္တာတုံ့လှယ် ချစ်ဖွယ်သော ယောဓလေ့ယဉ်ကျေးမှု၏ ပြယုဂ်လည်းဖြစ်ပါသည်။တိမ်မြုပ်ပျောက်ကွယ်လုနီးဖြစ်နေသည့် ယောဓလေ့သနပ်ခါးပါးတို့ပွဲ ပြုလုပ်ကြပုံကို စာရေးသူ၏ဘခင်မှ ပြောပြသည့်အတိုင်း စာရှုသူများအားဖောက်သည်ချ တင်ပြအပ်ပါသည်။

လူလေးက ပြောပြစမ်းပါဆိုလို့သာ ပြောပြရမယ်၊ ငယ်မူပြန်ရတယ်ဆိုတာ ဟိရီတရားကို ပစ်ပယ်ရာကျတယ်ကွဲ့၊ အဖေတို့ငယ်စဉ်ခေတ်က မင်းတို့ခေတ်လိုမဟုတ်ဘူး၊ တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံမှုတွေ အင်မတန်များတာကဘဲ၊ ဝါတွင်းရောက်တာနှင့်ဝါကျွတ်မှာ ပျော်နိုင်အောင်ကြိုတင် စီစဉ်ကြရတာကလား။ကြိုတင်တယ်ဆိုတာက အတီးအမှုတ် အကအခုန်တွေ တိုက်ရတာတို့၊ ကာလသားသမီးရန်ပုံငွေ ကြိုတင်စုရတာတို့ကို ပြောတာကွဲ့အတီးအမှုတ်တွေကျင့်၊ ဇာတ်စာတွေရေး၊ ဇာတ်တိုက်ဆိုတာတွေကလဲ လုပ်ရတယ်လေ၊ အဖေတို့ခေတ်က ခုနှစ်အိမ်ပတ်တစ်၀ိုင်းနှင့် အရပ်တိုင်းပျော်ကြတဲ့ ခေတ်ကိုးကွဲ့၊ ကိုယ့်ရွာကနေပြီး အခြားရွာဘုန်းတော်ကြီးကို ကန်တော့ဖို့သွားရင်း ဆီမီးထောင်လှည့်၊ ညလုံးပေါက်ဇာတ်တွေလဲက ဒီလိုလုပ်ကြတာကလား…

အေးပေါ့ ကိုယ့်ဆီက ဆီမီးထောင်လှည့်တာနှင့် သူတို့ရွာခံက သနပ်ခါးတို့၊ ပပ၀တီသင်းကြူကြူဆိုတဲ့ ပေါင်ဒါအင်မတန်မွှေးတယ်၊ စက္ကူထုတ်လေးနှင့်ရောင်းတယ်၊အဲဒီပေါင်ဒါမှုန့်တွေနှင့် ပါးတို့ပေးကြ၊ တို့ပေးတဲ့သနပ်ခါး ညီမညီကြည့်နိုင်အောင် မှန်ထောင်ပြကြနှင့် လုပ်ပေးကြတာကိုး၊ သီးသန့်အစီအစဉ်ကြီးဆွဲပြီး ခင်ဗျားတို့ရွာနှင့်ကျုပ်တို့ရွာ သနပ်ခါးပါးတို့ပွဲ လုပ်ကြရအောင်လို့ ညှိနေတာ မဟုတ္ဘူး၊ ကတညူတကတေ၀ဒီဆိုသလို ကိုယ့်ရွာက ဆီမီးထောင်လှည့်ရင် သူ့ရွာခံကပါးတို့၊ သူ့ရွာကဆီမီးထောင်လှည့်ဖို့လာရင် ကိုယ့်ရွာက သနပ်ခါးပါးတို့ လုပ်ကြရတာကလား။

သူ့ရွာလဲ စားကြသောက်ကြ၊ တစ်ရွာကအပျိုတွေကို ပိုးကြ ပန်းကြ၊ ပွဲအတူကြည့်ကြနှင့် ပျော်စရာကြီးကိုး။ ဟော ကိုယ့်ရွာလာရင်လဲချက်ပြုတ်ကြ ကျေွးမွေးကြနှင့် တစ်ရွာသားစိတ်ချမ်းသာအောင် ဧည့်၀တ်နန်း၀တ် အင်မတန်ကြေကြတဲ့ ခေတ်ကိုးကွဲ့။နှစ်တစ်နှစ်မှာဆိုရင် အဖေတို့ လုံးပေါင်ရွာက ကျောက်အုပ်၊ လောင်းဘိုကြီး၊ ကျိုင်း၊ ရင်ရောင်း၊ ခပေါင်းတော၊ ပြင်ပ၊ တိ ဆိုတဲ့ ရွာခုနှစ်ရွာအထိ ဇာတ်ပွဲတွေနှင့် ကန်တော့သွားဖူးတယ်။ကျေွးရမွေးရတာလဲ ဘယ်ပင်ပန်းမလဲ အဲဒီနှစ်က မိုးအင်မတန်ကောင်းလို့ ဆန်ရေစပါးကလဲပေါ၊ ဟင်းရံဆိုတာကလဲ အိမ်စဉ်အလှည့်အတိုင်း တစ်အိမ်ကြက်တစ်ကောင်ဆင့်လိုက်တာနှင့် အမွေးအအူနှုတ်ပြီး ပို့လာတားကိုး၊ ရွှေဖရုံသီးကလည်း အင်မတန်ပေါ၊ ရွှေဖရုံသီး သိတ်သိတ်(စေးစေး)လေးနှင့် ကြက်သားရောချက်၊ ချဉ်ရည်ဟင်းလေး၊ ငရုတ်သီးထောင်းလေးနှင့် ကျေွးကြတာကိုး ရွှေဖရုံသီးနှင့်ကြက်သား ရောချက်စားရင် အင်မတန်ကောင်းတာကလား၊ အဲဒီတုံးက လူကလဲ ငယ်ငယ်ရွယ်ရွယ် စားကောင်း၊ သောက်ကောင်းဆိုတော့ ထမင်းစားကောင်းတာများ အခုထိသတိရသေးတယ်။

ကိုယ့်ရွာကနေပြီး၊ တစ်ခြားရွာ ဘုန်းကြီးကန်တော့ဖို့ သွားတော့မယ်ဆိုရင် (၃)ရက်လောက်ကကြိုတင်ပြီး ဘုန်းကြီးကန်တော့လာမယ်၊ ဇာတ်ပွဲပါမယ်၊ ဆီမီးထောင်လှည့်မယ်၊ လူဦးရေဘယ်လောက်ပါမယ်ဆိုပြီး စာနှင့်ဆက်သွယ်ထားရတယ်အဲဒီစာရောက်လာတာနှင့် သူတို့ရွာကလည်း ကာလသားခေါင်းအိမ်မှာ အပျိုလူပျိုတွေစုေ၀းပြီး လူပျို၊ အပျိုတွေက မှန်ကိုင်ဖို့၊ သနပ်ခါးပါးတို့ဖို့ လာတဲ့ဧည့်သည်ကို ကျေွးမွေးဧည့်ခံဖို့ ကြိုတင်စီစဉ်ကြတာပေါ့။ကျေွးဖို့မွေးဖို့အတွက် ဆန်ရဖို့၊ ဟင်းရဖို့နှင့် ချက်တဲ့ပြုတ်တဲ့အပိုင်းကိုတော့ ရွာသူကြီးက လူလတ်ပိုင်းတွေနှင့် စီစဉ်ပေးတယ်ကွဲ့၊ အပျိုလူပျိုတွေကတော့ လာမယ့်ပရိသတ်အခြေအနေကိုကြည့်ပြီး အိမ်ကျယ်ကျယ် နှစ်အိမ်သုံးအိမ်လောက်မှာ အပျိုနှင့်လူပျို မျှပြီးတွဲထားပေးရတယ်၊ ကိုယ္တာ၀န္က်တဲ့ အိမ်မှာ စားပြဲ ပန်းကန် ခွက်ယောက်တွေစုပြီး ခင်းကျင်းပြင်ဆင်ကြ၊ အမှိုက်အရိုက်ပေါင်းမြက်ကအစ ရှင်းလင်းကြရတာပေါ့။

အပျိုလူပျိုမျှပြီး တွဲတဲ့နေရာမှာလည်း ကာလသားခေါင်းက မဲချပြီး တွဲပေးကြရတာကများတယ်၊ သို့မဟုတ်ရင် တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုလေးတွေ၊ အဖုအဆစ်လေးတွေ ဖြစ်လာတတ်တယ်၊ လူငယ္ဘာ၀ လှတဲ့အပျိုနှင့် တွဲချင်ကြတာကိုး၊ မှန်ကိုင်နှင့်သနပ်ခါးပါးတို့ဖို့ အပျိုကိုလည်း မှန်ကိုင်လူပျိုနှင့်အပျိုတစ်တွဲ၊ သနပ်ခါးပါးတို့ လူပျိုနှင့်အပျိုတစ်တွဲ တစ်လှည့်စီတွဲရတာကိုး၊ တွဲရာမှာလည်း ဒီလိုဘဲ ရှေ့ဆုံးကနေချင်တာနှင့် ကိုယ့်လူပျိုနှင့် အပျိုအတူကျချင်တာနှင့် ကာလသားခေါင်းခင်ဗျာ အတော်အလုပ်ရှုပ်တာကလား။

ပြောခဲ့တာတွေက ရွာခံဘက်က ပြင်ကြဆင်ကြတဲ့အပိုင်း၊ ဧည့်သည်အဖြစ်သွားရောက်မယ့် ရွာဘက်က ပြင်ဆင်ပုံကို ပြောဦးမယ်။ဆီမီးထောင်လှည့်ပွဲသွားဖို့ (၅)ရက် (၆)ရက်လောက်အလိုကစပြီး ကာလသားခေါင်းအိမ်မှာ အပျိုလူပျိုတွေစုေ၀းကြတယ်၊ ဆီမီးထောင်လှည့်ရာမှာ လိုအပ်တဲ့ ကြက်လျာ၊ မုလေးပွားလုပ်ဖို့ ငါးမျိုးစက္ကူတို့၊ ဖယောင်းထုတ်တို့၊ မီးကြာလုပ်ဖို့ မှန်ရောင်စက္ကူတို့၊ ပန်းပွင့်လုပ်ဖို့ ပန်းစက္ကူတို့၊ ဘုန်းကြီးအလှူရန်ဖို့၊ ဓာတ်မီးထွန်းရေနံတို့၊ ဓာတ်မီးစာတို့ကို မြို့ကိုလွှတ်ပြီး ၀ယ်ယူစေရတယ်၊ ရန်ပုံငွေ မလုံလောက်ရင် ထပ်စုကြနှင့်ပေါ့ကွယ်။ဒီကိစ္စတွေကို ကာလသားခေါင်းမင်းနှင့်ခေါင်းခွဲတွေက ညှိနှိုင်းတာ၀န်ပေးကြတာကလား။

ခေါင်းခွဲ ဆိုတာက လူပျိုထဲက လုပ်ရည်ကိုင်ရည်ရှိပြီး သြဇာညောင်းတဲ့သူ (၂)ဦးလောက်ကို သဘောတူရွေးထားတာကွဲ့၊ ခေါင်းမင်းဆိုတာက လူပျိုမဟုတ်ဘူး၊ အိမ်ထောင်ကျပြီးသား လူလတ်ပိုင်းထဲက လူငယ်တွေအပေါ် ထိန်းသိမ်းနိုင်တဲ့သူကို ခေါင်းမင်းကြီး(ခေါင်းဆောင်ကြီး)အဖြစ် ရွေးထားကြတာ၊ အပျိုလူပျိုတွေဟာ မိမိတို့ရဲ့ခေါင်းမင်းကြီးကို ကာလသားရန်ပုံငွေ အနည်းအများကိုကြည့်ပြီး သင့်တော်တဲ့ အ၀တ်အထည်တွေနှင့် နှစ်စဉ်ကန်တော့ကြတယ်၊ မြန်မာမှုပေါ့ကွယ်။

ခေါင်းမင်းကြီးဆိုတာက လူပျိုအပျိုအဖွဲ့အစည်းအပေါ်မှာတော့ အတော်သြဇာညောင်းတာကလား၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကလဲ သူကြီးအိမ်ကအစ ကာလသားသမီးအဖွဲ့ကို မေခ်မငံ မဆက်ဆံရဲကြဘူး၊ ရွာရဲ့သာရေး၊ နာရေး၊ ေ၀ယျာ၀စ္စမှန်သမျှ ဒိုင်ခံလုပ်ပေးတဲ့အဖွဲ့ကိုး၊ အဖေတို့ငယ်ငယ်တုန်းက စပါးကြိတ်စက်တွေ မပေါ်သေးဘူး၊ အလှူမသာရှိရင် စပါးလှန်း၊ စပါးကြိတ်ထိုး၊ ဆန္ဖြတ္ကအစ လူငယ်အဖွဲ့က လုပ်အားပေးရတယ်ကွယ့်၊ စပါးကေန ဆန်(၁၀)(၁၅)တင်းရအောင် ဆန်ဖွတ်ကြိတ်ထိုး လုပ်ရတာ နည်းတဲ့တာ၀န်မှမဟုတ်ပေတာကဘဲ၊ ဒါလေးတင်မကဘူး၊ ရေခပ်ပေး၊ ထမင်းကျေွးပေးဆိုတာတွေကလဲ ကာလသားသမီးအဖွဲ့တာ၀န်ကိုး၊ ကာလသားသမီးအဖွဲ့နှင့်မတည့်လို့ ကျဉ်လိုက်တယ်(ပယ်လိုက်တယ်)ဆိုရင် သူ့အိမ်က နာရေးသာရေးတွေ ဘာမှကူလုပ်မပေးတော့ဘူးကိုး၊ဘယ်အကျဉ်ခံရဲမလဲ၊ ဒါ့ကြောင့် ကာလသားသမီးအဖွဲ့ဟာ ရွာပေါ်မှာလည်း သြဇာညောင်းတယ်ကွဲ့။

အသက်အရွယ်က စကားပြောလာတယ်ဆိုတာ ဒါကိုပြောတာကွဲ့၊ စကားရှည်ရှည်ပြောရရင် မောတယ်၊ ဒါပေမယ့် အဖေဆက်ပြောပါ့မယ်။မြို့အ၀ယ်လွှတ်လိုက်တဲ့သူဆီက ပစ္စည်းတွေ ရောက်လာတာနှင့် ကာလသားခေါင်းမင်းကြီးအိမ်မှာ လူတွေပြန်စုပြီး ကြက်လျာတွေကိုက်၊ မုလေးပွားတွေကိုက်၊ တုတ်တံလုပ်၊ ကြိုးကျစ်ပြီး တပ်သူကတပ်ပေါ့၊ ဓာတ်မီး (အောက်လင်းဓာတ်မီး)ကို ဆီပန်းကောင်းမကောင်းစမ်းကြည့်၊ ချေးဆေးတန်ဆေး၊ အပျိုတွေကလည်း ကော်တွေကျိုတတဲ့သူကကျို၊ ဖယောင်းတိုင်နေလှန်းပြီး အုန်းလက်တံနှင့်ထိုးတဲ့သူကထိုး၊ ငွေပဒေသာပင်ပြင်တဲ့သူကပြင်၊မီးကြာပြင်တဲ့သူကပြင်၊ ဆူးရစ္သား၊ ထန်းဖူး၊ ပေဖူးတွေနှင့် ကြာပန်းလုပ်တဲ့သူကလုပ်၊ ပန်းစက္ကူနှင့်ပန်းပွင့်လုပ်တဲ့သူကလုပ်နှင့်ပေါ့ကွယ်။

ဒီကိစ္စတွေလုပ်ရင်း တစ်ဦးနှင့်တစ်ဦး ငြင်းကြခုံကြ၊ ရိသဲ့သဲ့ပြောကြ၊ မောင်းဆိုင်းတီးတဲ့သူကတီး၊ ပုလွေတွေမှုတ်တဲ့သူကမှုတ်၊ လင်းကွင်းကြီးကို (ချမ်း)ကနဲတီးပြီး လှန့်တဲ့သူကလှန့်၊ သီးချင်းဆိုတဲ့သူကဆို၊ အပျိုလူပျိုတွေချည်း လူပေါင်း(၃၀)(၄၀)ဆိုတော့ အင်မတန်ပျော်ကြပါကလား။ဆီမီးအုပ်လုပ်ပုံကို ပြောရဦးမယ်ကွဲ့၊ အပျိုတိုင်းဟာ ဆီမီးအုပ်ကိုရွက်ရမှာဖြစ်သလို လူပျိုတွေကလည်း မိမိတာ၀န္က်တဲ့ ဆီမီးအုပ်တွေမှာ မီးမငြိမ်းအောင် တာ၀န်ယူရတယ်၊ ဘယ်သူ့ဆီမီးအုပ်တွေကို ဘယ္သူက မီးထွန်းပေးရမယ်ဆိုတာကအစ စေ့စေ့ငငတွဲပေးထားတာကိုး။မရဘူး ကိုယ်ကြိုက်တဲ့အပျိုနှင့် တွဲချင်လို့မရဘူး၊ အရင်ကလိုဘဲ မဲခ်ထားတာ၊ မဲကျတဲ့အပျိုတွေရဲ့ ဆီမီးအုပ္ကိုသာ မီးညှိပေးရတယ်။

ဆီမီးအုပ်လုပ်ဖို့အတွက် ပထမဆုံး ငှက်ပျောပင်တစ်ပင်က ငှက်ပျောတုံးတစ်တုံးကို လေးလက်မလောက် ညီညီညာညာဖြတ်၊ အလယ်တည့်တည့်မှာ(၈)လက် မလောက်ရှည်ပြီး လက်သန်းလုံးလောက်ရှိတဲ့ တုတ္တိုတို တစ်၀က်လောက် မြုတ်အောင်စိုက်၊ တစ်တောင့်ထွာလောက်ရှိတဲ့ ငှက်ပျောပင်ပေါက်ကိုခုတ်ပြီးကျန်နေတဲ့ တုတ်စတစ်ဘက်မှာ အပေါ်တည့်နေအောင် ထိုးစိုက်လိုက်ရတယ်။ ငှက်ပျောရွက်ကလေးတွေကို ညီညီညာညာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ကပ်ညှပ်ပေးပြီး ငှက်ပျောပင်ပေါက် ဘေးပတ်လည်မှာ ဆူးရစ္သား၊ ပေရွက်၊ ထန်းရွက်၊ ပန်းစက္ကူများနှင့်ပြုလုပ်ထားတဲ့ ပန်းပွင့်တွေကို လှအောင် တပ်ဆင်ပေးရတယ်။

နောက်ပြီးမှ မှန်ရောင်စက္ကူတွေနဲ့ ပြုပြင်ထားတဲ့ မီးကြာခွက်ကလေးတွေကို အောက်ခြေငှက်ပျောတုံးကြီးမှသုံးခုလေးခုလောက်ထိုးတပ်ပြီး ငှက်ပျောပင်ပေါက်လေး ထိပ်တည့်တည့်မှာလည်း မီးကြာခွက်တစ်ခွက်ကို ထိုးတပ်လိုက်ရတယ်၊ မီးကြာခွက်ကိုတပ်တဲ့အခါ ဖယောင်းတိုင်လည်း ထွန်းလို့ကောင်းအောင် အလှပန်းပွင့်တွေကိုလည်း မီးမလောင်အောင် တပ်ကြရတယ်။ကိုယ့်ချစ်တဲ့သူမှာဖြစ်စေ၊ကိုယ်တာ၀န်ကျတဲ့ ဆီမီးအုပ်မှာဖြစ်စေ၊ စက္ကူပန်းပွင့်လေးတွေ၊ ဆူးရစ္သား၊ ပေဖူး၊ ထန်းဖူးနဲ့လုပ်ထားတဲ့ ပန်းကြာလေးတွေဟာ လှလှပပဖြစ်အောင် ဂရုစိုက်ပြင်ပေးရတယ်ကွဲ့။

ပန်းစက္ကူလေးတွေကလည်းလှ၊ မီးကြာခွက်ရောင်စုံလေးတွေကလည်းလှ၊ ကိုယ့်ချစ်သူလေးကလည်းလှဆိုတော့ အင်မတန်ပသာဒရှိသပေါ့ကွယ်။အဲဒါလေးတွေပြီးတော့မှ မြန်မာ့ဆိုင်း၀ိုင်း(အငြိမ့်)မွာ ဘယ္သူက ကမယ်၊ ဒိုးပတ်၀ိုင်းမှာ ဘယ္သူ၊ အိုးစည်၀ိုင်းမှာ ဘယ်သူဆိုပြီး အကရွေးကြတယ်။ ကချင်သူမပေါ်ရင် မဲချပြီး က်တဲ့သူက ကရတာပဲ၊ ဒို့ရွာက ကိုသာလွမ်ားဆို ဦးရွှေရိုးအက၊ အလွန်ကောင်းတာကိုး။ ပုဆိုးကွက်ထောက်၊ ပင်နီတိုက်ပုံနှင့် နှုတ်ခမ်းမွှေးတုကြီးတပ်၊ အိမ်တော်ရာထီးစုတ်ဆောင်းပြီး စည်းချက်နှင့်ပါးစပ်ရွဲ့ပြ၊မျက်ခုံးလှုပ်ပြ၊ မျက်လုံးပြူးပြ၊ ကွတွကွတွနှင့် ကေနတာ အခုတိုင်မြင်ရောင်သေးတယ်။

အခုပြောခဲ့တာတွေက ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းပေါ့ကွယ်။ဆီမီးထောင်လှည့်သွားမဲ့နေ့မှာတော့ နံနက်ကစပြီး၊ လူပျိုတစ်ယောက် ဆီမီးထောင်လှည့်မဲ့ရွာကို ကြိုတင်လွှတ်လိုက်တယ်။ ဒိဋ္ဌဓမ္မလာမယ်ဆိုတဲ့အကြောင်းပြောဖို့ပေါ့ကွယ်၊ ကျန်တဲ့ အပျို၊ လူပျို၊ ကေလး၊ လူကြီးတွေကတော့ ညေန(၂)နာရီလောက်ကစပြီး မိမိတို့ဆိုင်ရာပစ္စည်းတွေနဲ့ ၀တ်ဖို့စားဖို့ အ၀တ်အစားတွေယူပြီး ရွာကထွက်ကြတာပေါ့။

ထွက်တဲ့အခါမှာတော့ သူ့အတွဲ ကိုယ့်အတွဲလေးနဲ့ စကားတစ်ပြောပြောနဲ့ သွားကြတာလည်း ရှိရဲ့၊ အစုလိုက်အေ၀းလိုက် သွားကြတာလည်းရှိကြရဲ့၊ နောက်အကျဆုံး ညေန (၄)နာရီခွဲလောက်မှာ ဆီမီးထောင်လှည့်မဲ့ရွာကိုရောက်ဖို့ အဓိကပဲ၊ ဒီအချိန်ရောက်မှ ဆီမီးထောင်လှည့်မဲ့ရွာမှာ ရေချိုး၊ သနပ်ခါးလိမ်း၊ ထမင်းစား ပြင်ဆင်နိုင်ကြမှာကိုးဆီမီးထောင်လှည့်သွားတဲ့အဖွဲ့ ရွာထဲ၀င်လာတာနဲ့ ရွာခံကလေးတွေကလည်း တစ်အုပ်တစ်မကြီး ထွက်ကြည့်ကြ၊ လူကြီးပိုင်းတွေကလည်း ရွာခံအသိအကျွမ်းဆွေမျိုးတွေကို မာရဲ့လား၊ သာရဲ့လား၊ စပါး၊ နှမ်း၊ ဝါ ကောင်းရဲ့လား၊ လှမ်းနှုတ်ဆက်ကြ၊ အပျို လူပျိုအချင်းချင်းတွေကလည်း ရိကြ သဲ့ကြ ရွာခံကာလသား ခေါင်းအိမ်ကလည်း မောင်းတဒူဒူနဲ့ လူတွေစုဖို့ တကယ့်ပျော်စရာကြီး ရုတ်ရုတ်သဲသဲနဲ့ပေါ့ကွာ။

ရွာရောက်ပြီးတာနဲ့ နီးစပ်ရာအိမ်တွေမှာ တက်ရောက်လည်ပတ်ကြ၊ တစ္ခြက္တစ္ဖလား ဝါသနာပါသူကမော့ကြ၊ လဘက်ရည်ကြမ်း၀ိုင်းဖွဲ့ကြ၊ ရွာခံနှင့်ဧည့်သည် စကားတွေဖောင်ဖွဲ့ကြပေါ့ကွာ။(၅)နာရီထိုးပြီးတာနဲ့ ရေချိုး၊ ထမင်းစား၊ ဖီးလိမ်းပြင်ဆင်ပြီး (၆)နာရီခွဲလောက်မှာတော့ ရွာလယ်လမ်းမကြီးမှာ ဆီမီးထောင်လှည့်မည့် (မဲ့) ဧည့်သည်ရွာက လူတွေစုကြတာပေါ့၊ ပါလာတဲ့ အိုးစည်၊ ဒိုးပတ်၊ ဗုံမောင်းတွေလည်း ဆူညံအောင် တီးကြ၊ ကကြပေါ့ကွယ်။ရွာခံ အပျိုလူပျိုတွေကလည်း သနပ်ခါးပါးတို့ဖို့ လွလွပပ ၀တ်စားပြင်ဆင်ပြီး မှန်တွေ သနပ်ခါးဘူးတွေယူပြီး ဆီမီးထောင်လှည့်မဲ့ကျောင်း၀ိုင်းကို သွားကြတယ်။

ရွာခံမှာရှိတဲ့ ဓာတ်မီးအိုး ဧည့်သည်ဘက်ကပါလာတဲ့ ဓာတ်မီးအိုးတွေလည်း ရွိသမွ် ထွန်းညှိထားတော့ မီးရောင်ကလည်း ဖွေးဖွေးလှုပ်နေတာဘဲ။လူစုံတာနဲ့ ဧည့်သည်ရွာကလူတွေဟာ ကြေးစည်ထမ်း၊ မလေးပွားကိုင်၊ အလှူရံကိုင်၊ ဆီမီးအုပ်ရွက်၊ ဆီမီးတုံးကိုင်၊ အစဉ်အလိုက်စီတန်းကြပြီး ဒိုးပတ်၊ ဆိုင်း၀ိုင်း၊ အိုးစည်ပွဲတွေလည်း သင့်လျှော်အောင် သူ့နေရာနှင့်သူ ယူပြီးတာနှင့် ဖယောင်းမီး၊ မီးကြာခွက်တွေကို မီးစညှိတာပေါ့။

အဲဒီအချိန်မှာတော့ ကျေးရွာတစ်ရွာလုံးဟာ ရုပ်ရုပ်သဲသဲပေါ့ကွာ၊ အဖိုးကြီး၊ အဖွားကြီး၊ ကေလး ကြီးငယ်မကျန် အိမ်ရှိလူကုန် ဆီမီးထောင်လှည့်မဲ့လမ်းမကြီးပေါ်ရောက်နေတာကိုးအဲဒီအချိန်တုန်းက ယောအိမ်တွေဟာ မျက်နှာစာဖက်မှာ ဟင်းလင်းဖွင့်ထားကြတာတွေဟာ များတယ်။ သူခိုးသူဖွက်ကလည်း မရွိသေလာက္ကိုး၊ အိမ်၀ိုင်းပေါက်လောက်ပိတ်ပြီး အိမ်ရှိလူကုန် ထွက်ကြည့်တာကလား။လူတိုင်းလူတိုင်းဟာ အပြုံးမျက်နှာတွေနဲ့ အိုးစည်သံ၊ ဒိုးပတ္သံ၊ ဆိုင်းသံ၊ ဗုံသံ၊ သီချင်းဆိုသံ၊ ရယ္သံ၊ မောသံ၊ ကြေးစည်သံတွေနဲ့ ဆီမီးထောင်လှည့်တဲ့ ဧည့်သည်ရွာကလည်း အတန်းမပျက်၊ ဘုန်းကြီးကျောင်းရှိရာ ချီတက်ကြသလို ပွဲကြည့်ပရိတ်သတ်ကလည်း လမ်းလုံးပြည့် သူ့အစု ကိုယ့်အစု ကလေးမြေးငယ်တွေ လက်စွဲပြီး လမ်းဘေးက ကပ်ကြည့်ရင်း ဘုန်းကြီးကျောင်းအရောက် လိုက်ကြည့်ကြတာကလား။

ဓာတ်မီးအိုးကိုင်သူတွေကလည်း ဓာတ်မီးအိုးကို ပခုံးထမ်း လမ်းမြင်အောင်ပြ မြူးမြူးကြွကြွ၊ ဆီမီးအုပ်တွေမှာ မီးသေရင်ပြန်ညှိပေးဖို့ တာ၀န်ယူသူတွေကလည်း ဖယောင်းတိုင်သုံးတိုင် ပူးထွန်းပြီး ကိုယ်တာ၀န်ကျတဲ့ မီးအုပ်တွေမှာ မီးမသေရအောင် ဂရုစိုက်ရင်း ဟန်ရေးတပြပြ၊ ပွဲလှည့်တဲ့သူတွေကလည်း ဒီအချိန်မှာ အလှဆုံးပြင်ထားတာမို့ လန်းလန်းဆန်းဆန်း၊ တီးမှုတ်တဲ့သူတွေကလည်း အရပ်အနားမရှိ သူ့လက်သံ ကိုယ့်လက်သံ အားသွန်တီးလို့ ပျော်ပျော်ရွှင်ရွှင်နှင့် ကတဲ့သူတွေကလည်း မမောမပန်း ကိုယ်စွမ်းရှိသမျှ အကုန်ထုတ် တလှုပ်လှုပ်နဲ့ ကနေကြတာမို့ ပွဲကြည့်သူ၊ ပွဲလှည့်သူတွေအားလုံးဟာ မြူးနေကြတာကလားကွဲ့။

ပွဲလှည့်သူတွေ ဘုန်းကြီးကျောင်းနှင့်နီးလာတာနဲ့ ရွာခံသနပ်ခါးပါးတို့မဲ့အဖွဲ့ကလည်း အရင်မဲချထားတဲ့အတိုင်း လူပျိုတွေက တစ်တန်း၊ အပျိုတွေကတစ်တန်း၊ ကျောင်း၀င်းပေါက်ကစပြီး ကျောင်းဘက်ကို တန်းစီနေရာယူကြတယ်။ ရှေ့ဆုံးက သနပ်ခါးဘူးကိုင် အပျိုနှင့်လူပျိုကတစ်တွဲ၊ နောက်တဆက်တည်း မှန်တစ်ချပ်ကိုကိုင်မဲ့ လူပျိုနှင့်အပျိုကတစ်တွဲ၊ အစီအစဉ်အတိုင်း တန်းစီပြီး နေရာယူကြတယ်။

ဆီမီးထောင်လှည့်အဖွဲ့ ကျောင်း၀င်းပေါက်ရောက်တာနှင့် ပေါင်ဒါမှုန့်၊ သနပ်ခါးမှုန့်နှင့် ပါးနှစ်ဘက်ကို တို့ဖတ်လေးနှင့် ဟိုဘက်တစ်ယောက်၊ ဒီဘက်တစ်ယောက်တို့ပေး၊ မှန်ကိုင်အတွဲကလည်း မှန်ကိုထောင်ပြပေး၊ မှန်ကိုကြည့်ပြီး သနပ်ခါးညီအောင်ညှိပြီးတာနှင့် မှန်အောက်ကို ရှိုးပြီးသွားသာအောင် အပေါ်မြှောက်ပေး နောက်တစ်တွဲက ဆက်တို့ပေါ့ကွာ။ဒီနေရာမှာ သနပ်ခါးပါးတို့တဲ့အဖွဲ့အနေနဲ့ အရွယ်သုံးပါး မိမိတို့နှင့် ရင်းနှီးကျွမ်း၀င်မှုတွေကိုကြည့်ပြီး သနပ်ခါးတို့ပေးကြတယ်။

သက်ကြီးရွယ်အိုတွေကို ရိုရိုသေသေယဉ်ယဉ်ကျေးကျေးတို့၊ ကိုယ်နှင့်ပြောင်ဘက်နောက်ဘက်လူ ၀င်လာရင် မျက်ခုံးတွေ၊ မျက်လုံးတွေပါမကျန် ဖွေးနေအောင် အပြောင်အနောက်တို့၊ ကိုယ်ချစ်နေတဲ့သူ၊ ရည်မှန်းထားသူ၀င်လာရင် ညီညီညာညာ လှလှပပဖြစ်အောင် ကြင်ကြင်နာနာတို့ပေါ့ကွယ်။ သနပ်ခါးပါးတို့တဲ့သူရော ပါးတို့ခံရသူပါ ခံစားချက်ကလေးတွေနဲ့ပေါ့၊ မျက်စိချင်းဆုံကြ၊ ရင်ခုံကြ၊ ကြည်နူးကြ၊ ပျော်သွားကြရတာကဘဲ၊ ဘယ္သူမွစိတ္ဆိုး၊ စိတ်ကောက်မရှိဘူး၊ ဟိုအရင်က အဆင်မပြေတဲ့ အဖုအထစ်ကလေးတွေရှိခဲ့စေအုံး(အုန်း) ဒီနေရာမှာ ကျေကြ၊ ပျောက်ကြတော့တာဘဲ။သနပ်ခါးပါးတို့အဖွဲ့ကလည်း မှန်တန်းထဲကိုလာသမျှ၊ ကလေးကြီးငယ်မကျန် တို့ကြတာကိုး၊ အတီးအဖွဲ့တွေလည်း အတီးတွေရပ်ပြီး မှန်တန်းထဲ၀င် ပါးတို့ခံကြတာကလား။

တစ်ဦးနှစ်တစ်ဦး ပြောင်ကြ၊ နောက်ကြ၊ မိမိမေတ္တာသငေ်္ကတကိုပြကြနှင့်အင်မတန် ပျော်စရာကောင်းတာကလားကွဲ့။ဒီလိုနှင့် ပါးတို့တာပြီးတာနှင့် ဆီမီးထောင်လှည့်အဖွဲ့က ကျောင်းကို(၃)ပတ်ပြည့်အောင်လှည့်ပြီး၊ တီးကြ၊ ကကြသေးတယ်ကွဲ့။ ကျောင်းကြီးပတ်နေတုံးမှာ သနပ်ခါးပါးတို့တဲ့အဖွဲ့ကလည်း အတန်းကိုရုပ်ပြီး ပွဲလှည့်ကြည့်ကြသေးတယ်။ ကြည့်ရင်းနှင့် နောက်နှစ်လည်းလာပါအုံး ဘယ္သူကေတာ့ နောက်နှစ်လာရင် အိုတော့မှာ၊ ဘယ်နေ့ငါတို့ဆီက နင်တို့ဆီလာမယ်နဲ့ နှုတ်ဆက်ကြတာပေါ့ကွယ်။ကျောင်းသုံးပတ်ပြည့်တာနဲ့ ဘုန်းကြီးကျောင်းပေါ်တက် ဗုဒ္ဓဘာသာထုံးစံအတိုင်း ငြိမ်ငြိမ်သက်သက် တရားနာနေကြရတယ်။

တရားနာပြီးတာနဲ့ ပွဲပါရင်ပွဲဆက်က၊ ဇာတ်ပွဲမပါရင် ဓာတ်မီးအိုးတွေနဲ့ ရွာအရောက်ပြန်ကြတာဘဲ၊ အဲ တစ်ချို့လူပျိုတွေကတော့ ခေါင်းခွဲထံမှာ ခွင့်တောင်းပြီး အဲဒီရွာမှာ အပျိုလည်ရင်းလဲ ကျန်ရစ်ခဲ့ကြတာပေါ့ကွယ်။ဤကား အဖေပြောပြသော သနပ်ခါးပါးတို့ပွဲပြုလုပ်ရန် ပြင်ဆင်ပုံနှင့် သနပ်ခါးပါးတို့ပွဲပြုလုပ်ကြပုံဖြစ်ပါသည်။ သနပ်ခါး ပါးတို့ပွဲသည် မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မှမရှိ၊ ယောနယ်တွင်သာရှိသော ပွဲတစ်ခုဖြစ်ပါသည်။

တစ်ရွာနှင့်တစ်ရွာ မောင်နှင့်မယ် မေတ္တာသငေ်္ကတကို ပြသခြင်းလည်းဖြစ်ရာ ယောဒေသရှိ အပျိုလူပျိုများ၏ အမျှော်လင့်ဆုံးပွဲတစ်ပွဲလည်းဖြစ်ပါသည်။ယခုအခါ သနပ်ခါးပါးတို့ပွဲများ ကွယ်ပျောက်လုမတတ်ဖြစ်နေပေပြီ။ ခ်စ္စရာ၊ ကြည်နူးစရာကောင်းသော ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သော သနပ်ခါးပါးတို့ပွဲများ မပျောက်ပျက်ရအောင် အစဉ်အလာကောင်း ယဉ်ကျေးမှုတို့ကို ဆက်လက်ထိန်းသိမ်းသင့်လှပေသည်။သဘောဖြူ၊ မနောဖြူ ယောသူတို့ရွာ၊ ပုံတောင်ပုံညာကာဆီးကြီးဧရာ့ရွာ၊ အပျိုချောတွေ သောသောညံမစဲ (အပျို)၄ လူပျိုချောတွေ သောသောညံမစဲ (လူပျို)၄၊ တစ်နှစ်တစ်ခါ ကြုံဆုံရမည့်မလွဲပါ၊ အချစ်ဘူတာရုံ ဆိုရမည်မလွဲပါ၊

ညလုံးပေါက် ဆင်နွဲကြတာ၊ သနပ်ခါးပါးတို့ပွဲပါ။လင်းခေးလုလင်ရေးစပ်သည့် အထက်ပါသီချင်းခွေပေါ်လာခြင်း၊ သီချင်းစာသားနှင့်အညီ ထီးလင်းမြို့ကထိန်ပွဲ၊ ကျောင်းကပွဲ၊ ရွှေကွန်အုပ်ဘုရားပွဲများတွင် သနပ်ခါးပါးတို့ပွဲ သရုပ်ဖော်ကပြခြင်းများသည် သနပ်ခါးပါးတို့ပွဲ မပျောက်ပျက်ရေးအတွက် အားသစ်လောင်းလျက်ရှိသည်ကိုပင် ကျေးဇူးတင်ရပေသေးသည်။ ။

မြတ်လင်းခိုင်( ၁၉၉၄ ခုနှစ်ထုတ်ဝေခဲ့သော ထီးလင်းမြို့နယ် မဂ္ဂဇင်းမှ မြတ်လင်း၏ သနပ်ခါးတို့ပွဲ)

#CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
421
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *