ဒုတိယကမ္ဘာစစ်ကာလတုန်းက Burma Road ဆိုတာ

ဒုတိယကမ္ဘာစစ်ကာလတုန်းကBurma Road ဆိုတာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် လီဒို(Ledo) မြို့မှကချင်ပြည်နယ် တနိုင်း၊မြစ်ကြီးနား၊ဗန်းမော်နဲ့တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ကိုဆက်သွယ်ထားတဲ့လမ်းပါ။

ကမ္ဘာ့စစ်သမိုင်းမှာအရမ်းနာမည်ကြီးလမ်းဖြစ်ပါတယ်။ဂျပန်ဝင်တိုက်လို့မရှုမလှဖြစ်နေတဲ့တရုတ်ကိုစစ်ကူပေးနိုင်ဖို့ ၇၁၇ မိုင်ရှည်တဲ့ဒီ Burma Rd ကို အမေရိကန်စစ်တပ်ကအ‌ရေးပေါ်ဖေါက်လုပ်ခဲ့တာပါ။

ဒီလမ်းမကြီးရဲ့အစိတ်အပိုင်းတော်တော်များများကိုယနေ့ခေတ်ကောင်းကောင်းတွေ့နိုင်ပါသေးတယ်။Burma Rd ကိုလီဒိုလမ်း၊စတီးဝဲလ်လမ်းလည်းခေါ်ကြပါတယ်။တောင်ပြိုကျတာတွေနှင်းထုကြီးပြိုဆင်းလာတာတွေအမြဲလိုလိုဖြစ်နေတော့ဒီ BurmaRd.ကြီးဟာမကြာခဏပိတ်ဆို့ခဲ့ရပါတယ်။

ကြမ်းတမ်းတဲ့ရာသီဥတုအောက်မှာတရုတ်အလုပ်သမား ၂ သိန်းနဲ့ဖေါက်လုပ်ခဲ့တဲ့ Burma Rd.ဟာ မိုင် ၇၀၀ ကိုတောင်တွေကျော်ခွဖြတ်ထုတ်ခက်ခက်ခဲခဲဖေါက်လုပ်ခဲ့ရတာ။Burma Road ဆိုတာတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်ကူမင်းနဲ့မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဗန်း‌‌မော်ကိုချိတ်ဆက်ဖေါက်လုပ်ထားတာပါ။

၁၉၄၂ ခုနှစ်မြန်မာနိုင်ငံဂျပန်လက်အောက်ရောက်တဲ့အထိ Burma Rd ကိုအဓိကသုံးနေရပါတယ်။မဟာမိတ်တပ်အမေရိကန်ဗိုလ်ချူပ်ဂျိုးဇက်စတီးဝဲလ် (Gen Joseph Stilwell)ကဒီလမ်းကြီးကိုစစ်ရေးလိုအပ်ချက်အရပြန်ဖွင့်ခဲ့ပါတယ်။ဒါကြောင့် စတီးဝဲလ်လမ်းခေါ်တာပါ။

ကျုးကျော်သူဂျပန်ကြောင့်အလူးအလဲခံနေရတဲ့တရုတ်အတွက်စစ်ကူကိုအိန္ဒိယကနေလေထီးနဲ့ချပေးပြီးတရုတ်ပြည်ထဲကဂျပန်တွေကိုတိုက်ထုတ်ဖို့ဒီလမ်းမကြီးကို‌အရေးပေါ်ဖေါက်လုပ်ခဲ့တာပါ။

မြွေလိမ်မြွေကောက်တောင်စောင်းကွေ့ ၂၄ ခုရှိတယ်သတ်မှတ်ထားတဲ့ Burma Rd ကိုအဲ့တုန်းကကမ္ဘာ့အန္တရာယ်အများဆုံးတောင်ကြားဖြတ်ကျော်လမ်းသတ်မှတ်ထားခဲ့ပါတယ်။

တရုပ်ဂျပန်စစ်ပွဲမှာမဟာမိတ်တပ်ကအိန္ဒိယက‌နေပို့လိုက်တဲ့ထောက်ပံ့ရေးပစ္စည်းများတရုတ်နိုင်ငံရှေ့တန်းတပ်နဲ့နီးတဲ့ Chongquing မြို့အထိစစ်ဘက်‌ထောက်ပံ့ရေးပစ္စည်းများကို Burma Jeep နဲ့ ၂၄ခေါက် Burma Rd အတိုင်းပို့ဆောင်ပေးခဲ့ရတဲ့မှတ်တမ်းအမေရိကန်စစ်တပ်မှာရှိတယ်။

Ref: Wikipedia လွင်ဦး(ရန်ကင်း) lwinooyankin

Likes:
0 0
Views:
507
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *