သေမင်းတမန်ရထားလမ်း ( The bridge on the river Kwai )

မြန်မာပြည်ထဲမှာသွားလည်ချင်တဲ့နေရာအများကြီးရှိတယ်။မွန်ပြည်နယ်သံဖြူဇရပ်မှာရှိတဲ့သေမင်းတမန်မီးရထားလမ်းကိုသွားလည်ချင်တယ်။The bridge on the river Kwai ဒုတိယကမ္ဘာစစ်နောက်ခံနာမည်ကြီးရုပ်ရှင်ဇတ်ကားရှိတယ်။တ‌လောကတီဗွီလိုင်းမှာပြလို့ထပ်ကြည့်ဖြစ်သေးတယ်။

၁၉၅ရ ခုနှစ်ကထွက်ခဲ့ပြီးအကယ်ဒမီဆုအများကြီးရတဲ့ဒီရုပ်ရှင်ကားကိုနာမည်ကြီးအင်္ဂလိပ် မင်းသားကြီး William Holden,Alec Guinness တို့သရုပ်ဆောင်ထားတယ်။တကယ်ဆိုသေမင်းတမန်မီးရထားလမ်းဟာထိုင်းနိုင်ငံကွေး (Kwai )မြစ်ပေါ်ဖြတ်ပြီးတံတားထိုးခဲ့တာမဟုတ်ပဲ မဲခလောင် (Mae Klong) မြစ်ပေါ်ဖြတ်ထိုးထားတဲ့တံတားပါ။

မဲခလောင်မြစ်ကိုထိုင်းနိုင်ငံ မှာ ကွေးရိုင်း(Khwae Yai ) မြစ်ခေါ်တယ်။ဒါပေမယ့်သေမင်းတမန်ရထားလမ်းကိုကွေးမြစ်ပေါ်ကတံတားပဲလူသိများတယ်။သေမင်းတမန်ရထားလမ်းကို Kwai မြစ်နဲ့မျဉ်းပြိုင်ဖေါက်ခဲ့တာပါ။၄၁၅ မိုင်ရှည်တဲ့ကမ္ဘာကျော်သေမင်းတမန်မီးရထားလမ်းဟာမြန်မာနိုင်ငံသံဖြူဇရပ်နဲ့ထိုင်းနိုင်ငံဘန်ပေါင်းမြို့ကိုဆက်သွယ်ထားတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်စစ်မြေပြင်ကိုဂျပန်ဖက်စစ်တပ်အမြန်ပို့နိုင်ဖို့ဂျပန်စစ်တပ် က ၁၉၄၂- ၁၉၄၃ ခုနှစ်မှာတံတားကိုတက်သုတ်ရိုက်တည်ဆောက်ခဲ့တာ။အင်္ဂလိပ်ဦးဆောင်တဲ့မဟာမိတ်စစ်တပ်ကစစ်သုံ့ပန်းခြောက်သောင်းနဲ့အတူဗမာနဲ့အရှေ့တောင်အာရှကတရုပ်ကုလား (Indian) အလုပ်သမားကိုချွေးတပ်စွဲပြီးဒီ သေမင်းတမန်ရထားလမ်းကိုဒလကြမ်းနေ့ည ဖေါက်လုပ်ခဲ့ကြတာပါ။

စုစုပေါင်းချွေးတပ်သားတသိန်းရှစ်သောင်းအသုံးပြုပြီးဖေါက်လုပ်ခဲ့တဲ့ရထားလမ်းမှာတမေးလ်ကုလား(အိန္ဒိယနိုင်ငံတမေလ်းနဒူးပြည်နယ်)ကဗမာပြည်မှာလယ်စိုက်ဖို့ကိုလိုနီအင်္ဂလိပ်သွင်းလာတဲ့ ကုလားလူမျိုးတသိန်းနဲ့ မဟာမိတ်စစ်သားတသောင်းနှစ်ထောင်ကျော်သေကျေပျက်စီးခဲ့ရတယ်။

ဒုတိယကမ္ဘာစစ်အပြီးဂျပန်စစ်ရာဇဝတ်ကောင် ၁၁၁ ယောက်ကို သေမင်းတမန်မီးရထားလမ်းဖေါက်လုပ်ရင်းအသေဆိုးနဲ့သေဆုံးခဲ့ရတဲ့သူတွေအတွက်မဟာမိတ်စစ်တပ်စစ်ခုံရုံးမှာတရားစွဲပြီးစစ်ရာဇဝတ်ကောင် ၃၂ ယောက်ကိုသေဒဏ်အပြစ်ပေးခဲ့တယ်။ The bridge on the river Kwai ရုပ်ရှင်ကားကျော်ကြားမှုကြောင့်ကမ္ဘာအရပ်ရပ်ကရုပ်ရှင်ချစ်သူတွေဟာယိုးဒယားနိုင်ငံကန်ချနာဘူရီခရိုင်မှာရှိတဲ့ (ကွေးရိုင်း) မြစ်ပေါ်ကတံတားကို (ကွေးမြစ်)ပေါ်ကတံတားအမှတ်နဲ့ နှစ်စဉ် လူသန်းနဲ့ချီပြီလာကြည့်ကြပါတယ်။

သေမင်းတမန်ရထားလမ်းအထိမ်းအမှတ်အနေနဲ့ယိုးဒယားဘက်အခြမ်းမှာကန်ချနဘူရီစစ်သင်းချိုင်းရှိပြီးမြန်မာဘက်မှာ သံဖြူဇရပ်စစ်သင်္ချီုင်းရှိတယ်။မူလနာမည်ယိုးဒယား- ဗမာမီးရထားလမ်းကနေသေမင်းတမန်မီးရထားလမ်းနာမည်ပေးခံခဲ့ရတာပါ။တည်ဆောက်ချိန် ၁၆ လကြာပါတယ်။ထိုင်းနိုင်ငံဘန်ပေါင်းက နေသံဖြူဇရပ်ကိုမိုင် ၂၅၀ ရှိပါတယ်။ပြင်းထန်တဲ့အပူချိန်နဲ့ မုန်သုန်ရာသီမှာဖြစ်တဲ့ပလိပ်ရောဂါကြောင့်ချွေးတပ်သားတွေသေကျေရတယ်။

ချွေးတပ်သားဆိုတာ Forced Labour ကိုခေါ်တာ။ အစားအသောက်ဆေးဝါးချို့တဲ့ပြီးရက်စက်တဲ့ဂျပန်၊ကိုရီးယားစစ်သားတွေကြောင့်ချွေးတပ်သားတွေအသေဆိုးနဲ့သေကျေခဲ့ရတာပါ။သေကျေ ခဲ့တဲ့ ၈၀% ဟာ မြန်မာ၊ မလေး၊တမေးလ်ကုလားဖြစ်ကြပြီး ၂၀% ဟာအင်္ဂလိပ်၊အမေရိကန်၊ဩဇီ၊နယူးဇီလန် မဟာမိတ်စစ်တပ်ကဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ဂျပန်သေမင်းတမန်ရထားလမ်းဖေါက်လုပ်နေတဲ့ချွေးတပ်သားတွေကိုအကုန်သတ်ပစ်ဖို့စီစဉ်ထားပေမယ့်မဟာမိတ်တပ်က ဂျပန်သတ်ခါနီးချွေးတပ်သားတွေကိုလက်မတင်လေးကယ်တင်နိုင်ခဲ့ပါတယ်။The bridge on the river Kwai ရုပ်ရှင်ကိုသီရိလင်္ကာနိုင်ငံတောနက်ကြီးထဲမှာဆက်တင်လုပ်ရိုက်ကူးခဲ့တာပါ။

သေမင်းတမန်မီးရထားလမ်းဖြတ်ကျော်ခဲ့တဲ့ထိုင်းနိုင်ငံကွေးရိုင်းမြစ်ဟာမြန်မာနိုင်ငံတနင်္သာရီတောင်တန်းကြားထဲမှာမြစ်ဖျားခံပြီးထိုင်းနိုင်ငံကကွေးမြစ်နဲ့အတူ မဲခေါင်မြစ်ထဲစီးဝင်သွားတာပါ။ဓါတ်ပုံကတောင်စွန်းတွေကြားဖြတ်ဖေါက်လုပ်ထားတဲ့ကွေးရိုင်းမြစ်ပေါ်ကသေမင်းတမန်မီးရထားလမ်းရုပ်ရှင်ပိုစတာပါ။

ယိုးဒယားဘက်မရောက်ရင်တောင်မြန်မာနိုင်ငံသံဖြူဇရပ်ဘက်ကသေမင်းတမန်မီးရထားလမ်းကိုတချိန်သွားလည် ဖြစ်မယ်ထင်တယ်။

Source : Googleလွင်ဦး(ရန်ကင်း) #lwinooyankin

Likes:
0 0
Views:
470
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *