မြန်မာ့သက်တော်ရှည်ဂီတအနုပညာရှင်ကြီးဗိုလ်ကလေးတင့်အောင်

မြန်မာ့သက်တော်ရှည်ဂီတအနုပညာရှင်ကြီးဗိုလ်ကလေးတင့်အောင်(အသက် ၁၀၀) မနေ့ကကွယ်လွန်သွားပါပြီ။စည်သူဗိုလ်ကလေးတင့်အောင်ကို ၁၉၂၂ ခုနှစ်ဧရာတီတိုင်းဘိုကလေးမြို့မှာမွေးဖွားခဲ့တယ်။

သူဟာအောင်မြင်ထင်ရှားတဲ့သီချင်းရေးဆရာ၊ဇတ်ညွှန်းဆရာ၊ရုပ်ရှင်ဒါရိုက်တာ၊ပြဇတ်ဒါရိုက်တာဖြစ်ပါတယ်။သူဟာရုပ်ရှင်သဘင်ဂီတနာမည်ကျော်ဂန္ဓဝင်သီချင်းများဖန်တီးရှင်တဦးဖြစ်ပါတယ်။မွေးချင်းမောင်နှစ်မခြောက်ယောက်ရှိပြီးကွယ်လွန်သူဂီတပညာရှင်ဂီလလုလှင်မောင်ကိုကို့ အကိုရင်းဖြစ်ပါတယ်။

ဗိုလ်ကလေးတင့်အောင်ဟာငယ်စဉ်ထဲကကျောင်းသားလှုပ်ရှားမှုများမှာပါဝင်ခဲ့ပြီးရဲတပ်ဖွဲ့နဲ့ ၁၉၄၂ မှာ ဗမာ့လွတ်လပ်ရေးတပ် (BIA)ထဲဝင်ခဲ့ဖူးတယ်။ BIA ဖျက်သိမ်းပြီးသူဟာအနုပညာလောကထဲခြေစုံပစ်ဝင်ရောက်ခဲ့တယ်။ ဗိုလ်ကလေးတင့်အောင်ဟာ ၁၉၄၇ မှာမြန်မာ့အသံသတင်းကျေညာသူအဖြစ်လုပ်ကိုင်ခဲ့တယ်။၁၉၄၉ မှာသူ့ညီမောင်ကိုကိုတူရီယာဝိုင်းမှာဂီတပညာရှင်အဖြစ်လုပ်ကိုင်ခဲ့တယ်။

ဂီတပညာရှင်ဒဂုံဆရာတင်ဆီမှာတပည့်ခဲ့ပြီးသီချင်းရေးစပ်သီကုန်းမှု၊ရုပ်ရှင်ပြဇတ်၊ဇတ်ညွှန်းပညာလေ့လာသင်ယူခဲ့တယ်။ဗိုလ်ကလေးတင့်အောင်ဟာဂီတအနုပညာဆိုင်ရာဆောင်းပါးများစွာရေးသားခဲ့တယ်။ ၁

၉၈၀ နောက်ပိုင်းအနုပညာမဂ္ဂဇင်းတခုသူတည်းဖြတ်ထုတ်ဝေခဲ့ဖူးတယ်။ ဗိုလ်ကလေးတင့်အောင်ဟာလူမှုထူချွန်(ပထမဆင့်)နဲ့ဂီတအနုပညာထူးချွန်ဆုကို မဆလခေတ်မှာချီးမြှင့်ခံခဲ့ရတယ်။၁၉၅၃ ခုနှစ်ဗိုလ်ကလေးတင့်အောင်ကိုယ်တိုင်ရေးစပ်သီကုန်းခဲ့တဲ့ “ သက်ဆိုင်သူသို့ ” သီချင်းဟာဒီနေ့ခေတ်အထိ ဗာရှင်းအမျိုးမျိုးနဲ့ပြန်ဆိုနေကြတုန်းပဲ။

သက်ဆိုင်သူသို့ ” သီချင်းမူရင်းတေးသံရှင်ကြည်ကြည်ဋ္ဌေးဖြစ်ပါတယ်။ဒီသီချင်းကိုနာမည်ကျော်ရုပ်ရှင်မင်းသမီးကြီးခင်ယုမေက “ တိမ်ဦးလေပြေမောင့်ကိုစေ ” ရုပ်ရှင်ကားကြီးမှာပြန်လည်သီဆိုခဲ့တယ်။ဗိုလ်ကလေးတင့်အောင်ရေးစပ်တဲ့နမည်ကျော်ဂန္ဓဝင် “ မျက်ဝန်းလှဲ့ပြာပြာ” သီချင်းကို “ မှုန်ရွှေရည် ”ရုပ်ရှင်ကားမှာမင်းသား “ ဝင်းဦး” သီဆိုခဲ့တယ်။အခြားနာမည်ကျော်မြန်မာ့သီချင်းတွေဖြစ်တဲ့ “ ဂျင်မလေးဂျမ်း ” “

မွေးလွန်းသည့်ပန်း ” သီချင်းများဖန်တီးသူမှာဆရာဗိုလ်ကလေးတင်အောင်ဖြစ်ပါတယ်။၁၉၅၀ ခုနှစ်ဘိုကလေးတင့်အောင်တင်ဆက်ခဲ့တဲ့ “ ငယ်ကျွမ်းဆွေ ” ပြဇတ်ဟာဒီနေ့အထိလူတိုင်းနူတ်ဖျားမှာရှိနေဆဲပါ။ ၁၉၆၀ နောက်ပိုင်း “ ငယ်ကျွမ်းဆွေ ” ရုပ်ရှင်ရိုက်ကူးခဲ့ပြီးအလွန်လူကြိုက်များခဲ့တယ်။

ထွန်းထွန်းဝင်း၊အောင်လွင်၊နွဲ့နွဲ့မူ၊အေးအေးသင်းပါဝင်သရုပ်ဆောင်ကြတယ်။ဒီနေ့ခေတ် KTV ဆိုင်တိုင်းမှာလူအဆိုအများဆုံးသီချင်းက “ ငယ်ကျွမ်းဆွေ ” ထင်ပါတယ်။“

ငယ်သူငယ်ချင်းရေ…အခုတော့ငယ်ကျွမ်းဆွေ ….” “ အခုလိုကြုံတွေ့ရတာဝမ်းသာမဆုံနိုင်ပေ….” “ မီးပုံးလှလှလေးတွေ…..ရောင်စုံထွန်းကျွန်းနုမြေ….အလှအပတွေဆုံကာလေ… တို့ဘဝလိုပမာတူပေ..ဒီတံတားလေးပေါ်မှာဆော့ပြေးကစားခဲ့တာတွေမှတ်မိပါတယ်..အတူးရေ…မှတ်မိပါတယ်..အသက်ရေ …ငယ်ကျွမ်းတဲ့ငယ်ကျွမ်းဆွေ……

”ခံစားလွယ်သူများအတွက် “ငယ်ကျွမ်းဆွေ ” သီချင်း ကာရာအိုကေ Link ချပေးထားတယ်။လူမသိအောင်အိမ်သာထဲခိုးဆိုလို့ရတယ်။

မြန်မာ့ဂီတသုခုမ မဟာပညာကျော်ဆရာဗိုလ်ကလေးတင့်အောင်ကောင်းရာမွန်ရာဘဝရောက်ရှိပါစေ။

Ref: Wikipediaလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
487
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *