တခြားတစ်ယောက်ကို ချစ်ရင်းပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ …

တခြားသူကို ဂရုစိုက်လွန်းတဲ့သူတွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်လေ … သူအဆင်ပြေရဲ့လို့မေးရင်းက ငါကော အဆင်ပြေရဲ့လားလို့မေးဖို့မေ့ နေတတ်ကြတယ် သူပျော်ရဲ့လားလို့ ကြည့်ရင်းက ငါကော ပျော်ရဲ့လားဆိုပြီးမေးဖို့မေ့နေတတ်ကြတယ်

တခြားတစ်ယောက်ကို ချစ်နေရင်းကလဲ ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ မေ့နေတတ်ကြသေးတယ် … လူဆိုတာ ကိုယ့်ရှင်သန်မှုနဲ့ကိုယ်ပါ … သိပ်ချစ်တဲ့သူပဲ ဖြစ်ဖြစ် သိပ် မုန်း တဲ့သူပဲဖြစ်ဖြစ် ဘယ်သူမဆို သူတို့ရှင်သန်မှုနဲ့ သူတို့ရှိကြတယ် … လူတစ်ယောက်အတွက်ဆိုပြီး ကိုယ့်ရှင်သန်မှုကို မေ့ထားလိုက်လို့တော့မရဘူး ..

တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခြင်းတွေနောက်မှာ ခွဲခွါ ခြင်းတွေ ကပ်ပါလာတတ် တယ် … လူတစ်ယောက် ကို ချစ်ပါ ဒါပေမယ့် အဲ့ဒီလူကိုချစ်နေရင်းက ကိုယ့် ကိုယ် ကို မေ့မသွားပါစေနဲ့ တချို့က သိပ်ချစ်တတ်တယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ သတိမရတော့တဲ့အခါ ကိုယ့်ဘဝကိုယ် နှစ်လိုက်သလိုပါပဲ …

ချစ်တတ်တဲ့ နှလုံးသားရှိတဲ့သူပဲလေ ချစ်မိကြတာမဆန်းပေမယ့် တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့တော့ သတိရပါ … သူမချစ်တော့ ရုံ နဲ့ ကိုယ့်ဘဝကိုယ် ရေစုန်မြောလိုက်ဖို့တွေးနေတဲ့အတွေးရှိနေတယ် သူမရှိတော့ရုံနဲ့ ကိုယ်လဲမရှိချင်တော့တဲ့ စိတ်တွေ ရှိတယ် ..ဖြစ်နိုင်ရင်ကိုယ့်ကိုယ်ကိုချစ်တတ် စေချင်တယ်

မိန်းမသားတို့အတွက်

သျှင်ယွန်း

Likes:
0 0
Views:
694
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *