လံချား ဆိုတာ

အရင်ကကုန်စျေးတန်း၊စဉ့်အိုးတန်း၊ဝါးတန်းလမ်းနဲ့ကမ်းနားလမ်းတဝိုက်မှာလံချားတွေ့ဖူးတယ်။လူစီးတာမဟုတ်ဘူး။ကုန်တင်ဖို့။လံချားဆွဲတာအများအားဖြစ် ကုလားများတယ်။အညာသားတွေလည်းရှိတယ်။ အပေါ်ပိုင်းဗလာနဲ့ခေါင်းစိုက်ပြီးကုန်အပြည့်နဲ့လံချားကိုဆွဲသွားတာ။လူစီးလံချားကျွန်တော်မမှီလိုက်ဘူး။လူဆွဲလံချားကိုလူစီးသွားတာတမျိုးကြီးပဲ။

လူလူခြင်းမစာနာဖူးလို့ အချို့ပြောကြတယ်။ဒီနေ့မြင်နေရတဲ့ဆိုက်ကားလည်းလူနင်းတဲ့ ဆိုက်ကားကိုလူစီးသွားတာပဲ။လံချားနဲ့ဆိုက်ကား ဖွဲ့စည်းပုံမတူပေမယ့်စက်မဲ့ယာဉ်ခြင်းတူတူပဲ။လံချားဆိုတာကုလားစကားကဆင်းသက်လာတယ်ထင်တယ်လံချားဆိုတာလူဆွဲဘီးနှစ်ဘီးလှည်းကိုခေါ်တာ။E လို Pulled Rickshaw ခေါ်တယ်။

လူတယောက်(သို့)နှစ်ယောက်စီးနိုင်တယ်။လူစီးလံချားကိုနိုင်ငံတော်တော်များများမှာပိတ်ပင်ထားပေမယ့်အိန္ဒိယနိုင်ငံမှာအခုထိတွင်ကျယ်ပါတယ်။လံချားတဖြည်းဖြည်းပျောက်ကွက်စပြုနေပါပြီ။လူဆွဲလံချား အစားအခြားစက်တတ်ယာဉ်များအစားထိုးသုံးစွဲလို့ပါ။

လံချားကို ဂျပန်နိုင်ငံမှာ ၁၈၆၀ ခုနှစ်ကတည်ထွင်ခဲ့ပြီးနောက်ပိုင်းအခြားအာရှနိုင်ငံကိုပျံ့နှံ့သွားတယ်။လံချားစီးတာဟာလောင်စာမကုန်ပဲစားရိတ်သက်သာလို့အာရှနိုင်ငံမှာ ၁၉ ရာစုထဲကလူကြိုက်များ ယာဉ်တမျိုးပါ။ကျေးလက်တောရွာများမှမြို့တက်လာသူများပထမဆုံးအလုပ်အကိုင်ကလံချားဆွဲလုပ်ငန်းဖြစ်ပါတယ်။

အရင်းစိုက်စရာမလိုပဲ ကိုယ့်လုပ်အားနဲ့ပိုက်ဆံရှာနိုင်လို့ပါ။လံချားပိုင်ရှင်ဆီကအခကြေးငွေနဲ့ငှားပြီးကိုယ့်လုပ်အားနဲ့လံချားဆွဲပြီးဝင်ငွေရှာတာပါ။ဆိုက်ကားအုံနာဆီကဆိုက်ကားယူနင်းသလိုပါ။စက်တတ်ယာဉ်ထွက်ပေါ်လာလို့ လံချားဟာဂျပန်နိုင်ငံမှာ ၁၉၃၀ နောက်ပိုင်းခေတ်မစားတော့ဘူး။ စကာင်္ပူနိုင်ငံမှာ ၁၉၃၀ ခုနှစ်က လံချားတသိန်းခန့်ရှိတယ်။

တရုပ်နိုင်ငံရှန်ဟိုင်းမြို့ကြီးမှာအရင်ကအငှားလံချားကိုအဝါရောင်သင်္ဘောဆေးသုတ်ထားပြီးပိုက်ဆံရှိသူကိုယ်ပိုင်လံချားကိုအဝါရောင်အစားအခြားအရောင်သုတ်ထားကြတယ်။နေဒဏ်၊မိုးဒဏ်ခံနိုင်အောင်လူထိုင်တဲ့နေရာမှာတာပေါ်လင်စနဲ့ခေါက်လို့ရတဲ့အမိုးမိုးထားပေးတယ်။လံချားကလှည့်နိုင်လို့မြို့ထဲလမ်းကျဉ်းလေးအထဲသွားရင်အရမ်းအသုံးဝင်ပါတယ်။

လံချားစီးသူကိုအိပ်ပေါက်ဝအရောက်ပို့ဆောင်ပေးနိုင်လို့လူကြိုက်များပါတယ်။Rickshaw ဆိုတာဂျပန်စကား Riki (အားအင်) နဲ့ Sha (ယာဉ်) ပေါင်းစပ်ပြီးဖြစ်လာတာပါ။လူ့လုပ်အားယာဉ်လို့အနီးစပ်ဆုံးဘာသာပြန်နိုင်ပါတယ်။လံချားကိုတရုပ်ဗီယက်နမ် အာရှနိုင်ငံမှာတိုးရစ်စ်အတွက်အပျော်ခရီးတိုစီစဉ်ပေးထားပါတယ်။

အင်္ဂလန်နန်းစွန့်မင်းသား Edward of Wales အဖွဲ့ ဟာ ၁၉၂၂ ခု ဂျပန်နိုင်ငံကိုချစ်ကြည်ရေးအလည်သွားတုံးကဂျပန်လံချားဆွဲသမား အင်္ကျီဝတ်ခဲ့လို့နာမည်ကြီးခဲ့ပါတယ်။၁၈ ရာစုအကုန်ုမှာဂျပန်နိုင်ငံမှာလံချားအစီးလေးသောင်းရှိတယ်လံချားကိုမြင်းနဲ့မဆွဲပါဘူး။မြင်းကို ဂျပန်စစ်တပ်အတွက်ပဲသီးသန့်အသုံးပြုပါတယ်။

လူ့လုပ်အားကမြင်းထက်ပိုစျေးပေါလို့ပါ။လံချားဆွဲသမားတယောက်ဟာပျမ်းမျှတနာရီ ၅ မိုင်နူန်းနဲ့တရက် မိုင် ၃၀ ဆွဲနိုင်ပါတယ်။ဂျပန်လံချားထုတ်လုပ်သူတွေဟာလံချားကိုအာရှနဲ့အာဖရိကနိုင်ငံကို Export လုပ်ခဲ့ပါတယ်။ဂျပန် ယာဉ်ယန္တယား Export လုပ်တယ်ဆိုတာအခုမှမဟုတ်ပါဘူး။စင်္ကာပူနိုင်ငံကိုလံချား ၁၈၈၀ ခုနှစ်မှာရောက်လာတယ်။

လံချားမရှိခင်နွားလှည်းနဲ့ ရထားလုံးပဲစင်္ကာပူမှာစီးစရာရှိတယ်။စင်္ကာပူမှာလံချားဆွဲစားသူအများစုကဆင်းရဲနွမ်းပါတဲ့တရုပ်အနွယ်ကူလီပါ။တရုပ်နိုင်ငံမှာ ၁၈၇၃ နောက်ပိုင်း လံချားခေတ်စားလာပြီးအစီးတသောင်းခန့်ရှိတယ်။အိန္ဒိယနိုင်ငံမှာလံချား က ၁၈၈၀ ခုနှစ်လောက်မှစရောက်လာတယ်။ကိုရီးယားနိုင်ငံကိုလံချား ၁၉၀၀ ခုနှစ်နောက်ပိုင်းမှရောက်လာတာမှတ်တမ်းရှိတယ်။

ဒုတိယကမ္ဘာစစ်အပြီးတရုပ်မှာလံချားခေတ်စားလာတယ်။တရုပ်လူချမ်းသားများကလံချားကိုဂုဏ်ပုဒ်တခုအနေနဲ့စီးကြလို့ပါ။ အိန္ဒိယနိုင်ငံကိုးလ်ကတ္တားကလံချားတစီးဓါတ်ပုံပါ။

Ref: Wikipediaလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
420
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *