ခေတ်ဟောင်းမင်းသမီးကြီး “ဒေစီကျော်ဝင်း”

ခေတ်ဟောင်းမင်းသမီးကြီး “ဒေစီကျော်ဝင်း” အကြောင်းသိရှိသမျှပါ။အချက်အလက်မှားရင်ပြင်ပေးနိုင်ပါတယ်။ကံဘဲ့ဆရာအတတ်သင်(ရန်ကင်းပညာရေးကောလိပ်) ဟောခန်းမမှာ ရုပ်ရှင်ကားသစ်မကြာခဏပြလေ့ရှိခဲ့တယ်။

၁၉၇၀-၇၁ ခုနှစ်ကျောင်းဟောခန်းမှာရုပ်ရှင်ကားသစ်ပြမယ်ဆိုလို့ကျနော်တို့ရန်ကင်းကလေးအုပ်စုသွားကြည့်ခဲ့ကြတယ်။ရုပ်ရှင်ကားနာမည် “ ပယင်းရောင် ” ဖြစ်ပြီးအကြိုက်ဆုံးမင်းသားကြီးကော်လိပ်ဂျင်နေဝင်းကားဖြစ်လို့အစအဆုံးအားပေးခဲ့တယ်။ရုပ်ရှင်အပြီးကျောင်းအုပ်ကြီးရုံးခန်းရှေ့ရပ်ထားတဲ့ဆလွန်းကားနားမှာမင်းသားကြီးကောလိပ်ဂျင်နေဝင်းကိုတွေ့ရတယ်။

မျက်မှန်၊ပိုးပုဆိုးနဲ့မင်းသားကြီးကိုညပိုင်းခန့်ခန့်ငြားငြားမြင်ရတယ်။အဲ့တုန်းကမင်းသားကြီးကကျောက်ကုန်းကျောင်းလမ်းထဲနေတယ်ကြားတယ်။ “ ပယင်းရောင်” ဇတ်ကားမင်းသမီး “ ဒေစီကျော်ဝင်း ” ဆိုတာနောက်ပိုင်းအမတွေပြောမှသိရတယ်။ကျနော်တို့ငယ်ဘဝအလှဆုံးအချောဆုံးမင်းသမီးတွေထဲမှာဒေစီကျော်ဝင်းလည်းပါတယ်။

မင်းသမီးကြီးဒေစီကျော်ဝင်းဟာရုပ်ရှင်ကားကြီးဆယ်ကား‌ကျော်ရိုက်ကူးခဲ့ပြီးနာမည်ကြီးကားအချို့က။နှစ်ယောက်ထဲနေချင်တယ်(၁၉၆၂) မောင့်မူပိုင်ရှင် (၁၉၆၄)ဗန်တိုလူလေးနှင့်သူဇာပယင်းရောင် (၁၉၆၉)ငို၍ရယ်၍မရသောမျက်နာ (၁၉၆၉) အားနွဲ့သူပါရှင် (၁၉၇၁)ဒေစီကျော်ဝင်းဟာ မောင့်မူပိုင်ရှင် (၁၉၆၄ ) အားနွဲ့သူပါရှင် (၁၉၇၁) ရုပ်ရှင်ကားများနဲ့ အမျိုးသမီးဇတ်ဆောင်အကယ်ဒမီနှစ်ဆုရရှိခဲ့တယ်။

မောင့်မူပိုင်ရှင်ကို MRTV ကပြန်ပြလို့ဒေစီကျော်ဝင်းကိုမြင်လိုက်ရတယ်။အတော်‌ချောတယ်။မင်းသမီးချောဒေစီကျော်ဝင်းဟာခေတ်ဟောင်းမင်းသားကြီးကျော်ဝင်းနဲ့မင်းသမီးတင်တင်မူရဲ့သမီးဖြစ်ပါတယ်။

ကျော်ဝင်းနဲ့တင်တင်မူတို့လည်း ၁၉၅၂ နဲ့ ၁၉၆၅ ခုနှစ်မှာအကယ်ဒမီဆုအသီးသီးရရှိခဲ့ကြတယ်။ဒါကြောင့်ဒေစီကျော်ဝင်းမိသားစုဟာမြန်မာ့ရုပ်ရှင်လောကမှာပထမဦးဆုံးရှားရှားပါးပါးအကယ်ဒမီမိသားစုဖြစ်ပါတယ်။မင်းသားကြီး(ဦး)ကျော်ဝင်းဟာ ၁၉၅၂ ခုနှစ်ပြသခဲ့တဲ့ “ မာလာရီ” ရုပ်ရှင်ကားနဲ့မြန်မာ့ပထမဦးဆုံးအမျိုးသားအကယ်ဒမီမင်းသားဖြစ်ပါတယ်။

အဲ့ခေတ်အကယ်ဒမီဆုမသုံးသေးပဲအမျိုးသားပညာသည်ဆုသုံးတယ်။ မင်းသမီးကြီး (ဒေါ်) တင်တင်မူရဲ့ 555 စီးကရက်လက်ကြားညှပ်စတိုင်ကိုဒီနေ့ထိဘယ်မင်းသမီးမှလိုက်မမှီပြောကြတယ်။

ရုပ်ရှင်မရိုက်ခင်တင်တင်မူဟာကာယဗလမယ် “ မုဒုံအမာတင် ” နာမည်နဲ့မွန်ပြည်နယ်ကျော်ကြားခဲ့တယ်။ဒေစီကျော်ဝင်းနာမည်ကြီးသီချင်းက “ ရွှေဖိုးခေါင်” ဖြစ်ပါတယ်။

ကျနော်တို့ငယ်ငယ်မြန်မာ့အသံကမကြာခဏလွှင့်လေ့ရှိတယ်။ဒီသီချင်းအဲ့ခေတ်ကလူကြိုက်များတယ်။သီချင်းနဲ့သံစဉ်ရေးဖွဲ့ထားမှုပုံစံဆန်းပြားတယ်။

“ ရွှေဖိုးခေါင် ” သီချင်းခံစားချင်ရင်။

ဒေစီကျော်ဝင်းဟာဒါရိုက်တာခင်စိုးနဲ့အိမ်ထောင်ပြုခဲ့ပါတယ်။

Ref: Wikipediaလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
1180
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *