ဇာတ်ပို့ မင်းသမီးကြီး(မယ်တင်)

မြန်မာ့ ရုပ်ရှင် လောကတွင် ၁၉၄၁ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကြာမျှ ဇာတ်ဆောင်၊ ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့်နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး သုံးထပ်ကွမ်းအကယ် ဒမီဆုရှင် ဝဏ္ဏကျော်ထင်ဒေါ်မေသစ်ကို ရန်ကုန်မြို့တွင် ဖခင် ဆည်ဝန်ထောက်ဦးကိုကိုကြီး၊ မိခင်ဒေါ်သန်းရွှေတို့က ၁၉၂၅ ခုနှစ်၌ မွေးဖွားသည်။

မွေးချင်းမောင်နှမ ငါးယောက်ရှိသည်။ ပထမ အိမ်ထောက်ဖက်မှာ ဇေယျကျော်ထင် ဒု-ဗိုလ်မှူးကြီး ကိုကို (ငြိမ်း )ဖြစ်သည်။ ဦးကိုကို-ဒေါ်မေသစ်တို့တွင် သားကြီး ကိုကိုဦး၊ သားလတ် ကိုကိုလတ်၊ သမီးထွေး မဝင်းရီတို့ ထွန်းကားခဲ့သည်။ ဦးကိုကိုနှင့် ဒေါ်မေသစ်တို့သည် ရေစက်ကုန်သည့် အခါ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြပေသည်။

အရွယ် ရှိသေးသည့် ဒေါ်မေသစ်သည် တိုင်းသာသနာရေး အရာရှိ ဦးဝင်းနှင့် ဒုတိယ အိမ်ထောင် ထူခဲ့သည်။ ဒုတိယ အိမ်ထောင်ဖက် ဦးဝင်းသည် ဒေါ်မေသစ်နှင့် ဆယ်နှစ်ကျော်ခန့် ပေါင်းသင်းပြီး ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပေသည်။ (Wikipedia)ကျွန်မတို့ ငယ်စဉ် ၁၉၆၇ နှစ်က ရွှေညောင် အောင်သပြေ တပ်စခန်းသို့ ရောက်ရှိသောအခါ ကျွန်မတို့ နေအိမ်မှကြည့်လျှင် အပေါ်စီး ကုန်းကမူထက် တွင် ခန့်ညားလှသည့် နှစ်ထပ် အိမ်အိုကြီးတစ်လုံးရှိပါသည်၊

အပေါ်ထပ်မှာ ရေနံချေးတို့ဖြင့်မဲနက်နေသော သစ်သားအဆောက်အဦ ဖြစ်ပြီး အောက်ထပ်ကတော့ အနီရောင် အုတ်ကွက်ဖော်ထားသည့် အုတ်​အဆောက်အဦဖြစ်ပါသည်။ အပေါ်ထပ်တွင်ကျယ်ဝန်းလှသောသစ်သားဝရံတာကြီး ရှိပါသည်။ အိမ်တံခါးများအစဉ် ပိတ်ထားပါသည်။ လူမနေပါ ..။ ထင်းရှူးချယ်ရီယူကလစ် ပင်ကြီးများနှင့်အုပ်ဆိုင်းမှိုင်းညှို့လျှက်ရှိပါသည်။

လူမနေသော်လည်း ခြံဝင်းအတွင်း သစ်ပင်ပန်းမာလ်များ စနစ်တကျစိုက်ပျိုးထားရှိပါသည်။ ထိုအိမ်ကြီးကတော့ ဇေယျကျော်ထင် ဒု-ဗိုလ်မှူးကြီး ကိုကို (ငြိမ်း )နှင့်ဝဏ္ဏကျော်ထင် ရုပ်ရှင်မင်းသမီးကြီးဒေါ်မေသစ်တို့၏ တပ်ရင်းမှူးနေအိမ်ပင်ဖြစ်ပါတော့သည် ။ဒေါ်မေသစ်မှာ ရုပ်ရှင်ကားများလက်မလည်အောင်ရိုက်ကူးရပါသဖြင့် ခင်ပွန်းသည် တပ်ရင်းမှူးနှင့်အတူမနေနိုင်ပါ ..။

သို့ပါ၍ ခင်ပွန်းဖြစ်သူကရှေ့တန်း မှပြန်ရောက်တွင် သူ ရိုက်ကူးရေး အားလပ်ချိန်နှင့်ကြုံပါက ထိုအိမ်သို့ရောက်လာပါသည် ။ ရောက်လာသည့်အချိန်တွင် တပ်မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည့်သဘောနှင့် ပါတီပွဲ တစ်ကြိမ်ပြုလုပ်ခဲ့ပါသည် ။ ကျွန်မ ၏ ဘခင်နှင့် မိခင်တို့ ဝတ်ကောင်းစားလှ များ ဝတ်ဆင်၍ ပွဲတက်ရောက်သည်ကို ကျွန်မ မှတ်မိနေပါသည် ။

မိုးချုပ်မှ အမေတို့ပြန်လာရာ ဒေါ်မေသစ်အကြောင်း တဖွဖွပြောလာပါသည် ၊အမေ လက်ထဲတွင် ဒေါ်မေသစ်၏ချစ်စဖွယ်ချိုမြသော ပြုံးအလှ ပိုင်ရှင်ဓါတ်ပုံလေးတပုံလည်းလက်ဆောင်ရလာပါသည်။ Dearest Nyo , with love from your lovely ဟူသောလက်ရေးသော့သော့နှင့် လက်မှတ် ကလေးလည်းပါပါသည်။

မကြာခင်ကာလမှာ အမေဆုံးပါးသွားသဖြင့်ဓါတ်ပုံလေးလည်း တိမ်မြုတ်သွားပါတော့သည်။ ယခု နှစ်ပေါင်း ၅၀ကျော်ကြာမှ album ရှင်းရင်း ပြန်တွေ့လို့တင်ပြလိုက်ပါသည်။တဆက်တည်းသတိရမိတာကတော့ ~ရုပ်ရှင်မင်းသမီးနဝရတ်သည် ဒေါ်မေသစ်၏ တူမနှင့် ဒေါ်မေသစ် ၏ခင်ပွန်း တို့အကြောင်းပါပြီး မွေးဖွားလာသူ ဖြစ်ပါသည်။

ဒေါ်မေသစ်က နေ့ည မအားလပ်အောင်ရုပ်ရှင်ရိုက်နေရသဖြင့် တူမ ဖြစ်သူက အိမ်ထောင်ထိန်းသိမ်း ရင်း အဒေါ်ဖြစ်သူ၏ အိမ်ထောင်နှင့်​ ငြိစွန်းသည်ဟု ကြားဖူးပါသည်။

(မယ်တင်)

Likes:
0 0
Views:
523
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *