ဗိုလ်ချုပ်အောင်ဆန်းကိုကယ်ခဲ့တဲ့ သူရဲကောင်း အမျိုးသမီး မာရီလှတေ

ဗိုလ်ချုပ်အောင်ဆန်းကိုကယ်ခဲ့တဲ့ သူရဲကောင်း အမျိုးသမီး မာရီလှတော

သူရဲကောင်း အမျိုးသမီး မာရီလှတောအောင်ဆန်း ရုပ်ရှင်မှာ .. ဗျိုလျခြုပျနှငျ့ ဖိုးဖိုးသခင်တင်မောင် တို့ကိုကယ်ခဲ့တဲ့ .. သူရဲကောင်း အမျိုးသမီး မာရီလှတော အကြောင်းထည့်ရိုက်ပေးတာ .. ကျေးဇူးတင်ပါတယ် ။ သူမသာ မကူညီခဲ့ရင် .. တိုင်းပြည် ကံကြမ္မာ တမျိုးတဖုံပြောင်းလဲ သွားနိုင်တယ် ။ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ အမျိုးသမီး သရုပ်ဆောင်က မိုးဟေကို ဆိုတော့ .. ဇာတ်ရုပ်နဲ့ လိုက်မှာပါ ။

မာရီလှတော .. အကြောင်း မဖတ်ရသေးတဲ့ .. မိတ်ဆွေတွေအတွက် .. ပြန်တင်ပေးလိုက်ပါတယ် ..။ မာရီလှတော .. အကြောင်း မဖတ်ရသေးတဲ့ .. မိတ်ဆွေတွေအတွက် .. ပြန်တင်ပေးလိုက်ပါတယ် ..ဗိုလ်ချုပ် အောင်ဆန်း၁၉၄၀ _ ၄၁ လွတ်လပ်ရေးမရခင်မှာ ဒို့ဗမာအစည်းရုံးဖွဲ့ပြီး သခင်တွေလွတ်လပ်ရေးရဖို့ကြိုးစားနေတဲ့အချိန်။ လွတ်လပ်ရေးရဖို့တွက်တရားဟောတဲ့ သခင်နု နဲ့ သခင်သန်းထွန်းရန်ကုန်မှာအဖမ်းခံတယ်။ တစ်ချိန်တည်းမှာ သခင်အောင်ဆန်း နဲ့(ကျုံမငေး)သခင်တင်မောင်ကဟင်္သတမှာ တရားသွားဟောနေတယ်။

တရားနေတဲ့အချိန်မှာလည်း သခင်အောင်ဆန်းကိုဆုငွေထုတ်ပြီးတရားပွဲက ဆင်းတာနဲ့ ဝင်ဖမ်းမှာဖြစ်တယ်။ ဒါ့ကြောင့်ဗြိတိသျှပုလိပ်တွေ တရားပွဲကိုလာဝိုင်းတယ်။ ဝိုင်းတာလဲသိရော တရားပွဲထဲကနေ သခင်အောင်ဆန်းနဲ့(ကျုံမငေး)သခင်တင်မောင် က အဲ့ဒီလူအုပ်ထဲကနေထွက်ပြီးလမ်းမပေါ်ရောက်သွားတယ်။လမ်းမပေါ်ရောက်ပြီးထွက်ပြေးမယ်လုပ်တော့ လမ်းမတိုင်းလမ်းမတိုင်းမှာ ဗြိတိသျှပုလိပ်တွေရှိနေတော့ဘယ်မှပြေးမလွတ်တောဘူး။

ပြေးမလွတ်တဲ့အချိန်ကျတော့မှသခင်တင်မောင်ကအကြံပေးတယ်။ကျွန်တော်တို့လူမျိုးခြားအဖမ်းတော့မခံဘူး။ကျွန်တော်တို့ဗမာ အချင်းချင်း ဖမ်းချင်ဖမ်းပါစေ ဆိုပြီး ..အဲ့ဒီအချိန်မှာဟင်္သတရဲ့ရာဇဝတ်ဝန်ထောက်က မစ္စတာဇေးဗီးယား ဒုတိယရာဇဝတ်ဝန်ထောက်ကဦးလှတော(ဗမာလူမျိုး)ဦးလှတောကICSတကယ့်ဗြိတိသျှအစိုးရက လူယုံအနေနဲ့ခန့်ထားတဲ့ဒုတိယအကြီးဆုံးရာဇဝတ်ဝန်ထောက်။

ဦးလှတောရဲ့မိန်းကလေးက ဇနီးသည်လေးက အင်မတန်ချော အင်မတန်လှ အင်မတန်အသက်ငယ်ပြီးတော့ ဗမာတွေမျက်စေ့ထဲမှာကြည့်မရထောင့်မကျိုးဗိုလ်ဆန်တဲ့ကလေးမလေး နာမည်ကိုက ယောက်ျားရပြီးတာနဲ့ မာရီလှတော ဆိုပြီး တော့ ..နာမည်ပြောင်းထားတဲ့ ကလေးမလေး။သူရဲကောင်း အမျိုးသမီး မာရီလှတောအဲ့ဒီအိမ်က သခင် အောင်ဆန်း နဲ့ (ကျုံမငေး)သခင်တင်မောင် ရောက်နေတဲ့နေရာနဲ့နီးတယ်။နီးတော့အဲဒီခြံဝန်းထဲကို ဝင်သွားတယ်။

ဝင်သွားတဲ့အချိန်မှာတိုက်ရဲ့ဆင်ဝင်အာက်မှာ ကားတစ်စီးရပ်ထားတယ်။ ကားဘေးမှာလင်မယားနှစ်ယောက်စကားပြောနေတယ်။ယောက်ျားကရုံးသွားကာနီးအချိန်မှာ သခင်နှစ်ယောက်ကရောက်သွားပြီးသခင်တင်မောင်ကစကားစလိုက်တယ် ကျွန်တော်တို့လာတာကတော့ ပြောစရှိသေး။ မာရီလှတော က သူ့ယောက်ျားကိုအစ်ကို အလုပ်ကို သွားစရာရှိတာသွားတော့ကျွန်မကြည့်ရှင်းလိုက်မယ်ဆိုပြီးတော့ သူ့ယောက်ျားကို ကားပေါ်တင်ပေးလိုက်တယ်။

သူ့ယောက်ျားကားမောင်းထွက်သွာပြီးတော့မှရှင်တို့ဘာကိစ္စရှိလဲလို့မေးတော့မှသခင်တင်မောင်က ပြောပြသည်။ခင်ဗျားယောက်ျားဆီမှာ အဖမ်းခံဖို့လာတာ ကျွန်တော်တို့ဘယ်လိုမှပြေး မလွတ်တော့ဘူး အဲ့ဒီဗြိတိသျှပုလိပ်တွေလက်ထဲမှာ အဖမ်း မခံချင်လို့ ဗမာအချင်းချင်း အဖမ်းခံချင်လို့ ခင်ဗျားယောက်ျားဖမ်းမလား ဆိုပြီးလာအပ်တာ ခုခင်ဗျားယောက်ျားထွက်သွားပြီ ခင်ဗျားတယ်လီဖုန်းဆက် ..နီးစပ်ရာ ဂတ်ကို ဒါမှမဟုတ် ခင်ဗျားယောက်ျားကို ဖုန်းဆက်ပြီးတော့အကြောင်းကြား ကျွန်တော်တို့ အဖမ်းခံဖို့အဆင်သင့်ပဲ လို့ပြောချိန်မှာ မာရီလှတော က ခဏလေးနေဦး ဆိုပြီးတော့ အိမ်ထဲဝင်သွားတယ်။

အဲ့ဒီအချိန်မှာ သခင်နှစ်ယောက်က သူတို့့ကို ဖုန်းဆက်အကြောင်းကြားမယ်လို့ထင်နေတဲ့အချိန်မှာ ခဏလေးကြာတော့ မာရီလှတောပြန်ထွက်လာတယ်။ လက်ထမှာကားသော့လေးတစ်ချောင်းပါလာတယ်။ ပြီးတော့မှဂိုထောင်ထဲကကားတစ်စီးထုတ်လာကာ ရှင်တို့နှစ်ယောက်နောက်ခန်းကတက်။ဝပ်ပြီးလိုက်ခဲ့ ဆိုပြီး မာရီလှတောကအဲဒီသခင်နှစ်ယောက်ကို ခြံဝန်းထဲက ထွက်ပြီးတော့ဟင်္သတမြို့ထဲကို ဖြတ်မောင်းတယ်ဖြတ်မောင်းတဲ့အချိန်မှာ စစ်ပုလိပ်တွေက ဒါ ရာဇဝတ်ဝန်ထောက်ရဲ့ကားဆိုတာသိတော့ မရှာပါဘူး။

မရှာတော့ဘယ်ကို ရောက်သွားလဲဆိုတော့ ဟင်္သတနဲ့တော်တော်လေးလှမ်းတဲ့ ယုန်တလင်း ဆိုတဲ့ရွာကိုရောက်သွား သည်။ယုန်တလင်းဆိုတဲ့ရွာမှာ ဘယ်သူရှိလဲဆိုတော့နောင်တစ်ချိန်မှာအာဇာနည်ခေါင်းဆောင် ဖြစ်လာမဲ့ မန်းဘခိုင် ရှိတယ်။ မန်းဘခိုင်ရဲ့ငှက်ပျောတောကြီးထဲမှာ သခင်နှစ်ယောက်ကိုဖွက်ပေးထားတယ်။ဖွက်ပေးထားထားပြီး နောက်တစ်နေ့မှာ မန်းဘခိုင်ကသူ့ငှက်ပျောလှေတွေထဲမှာ ငှက်ပျောခိုင်တွေနဲ့ဖိဖိပြီးတော့မှသခင်နှစ်ယောက်ကိုရန်ကုန်သို့ပို့လိုက်တယ်။နောက်တစ်နေ့မှာ သခင်အောင်ဆန်းဟာ အမွိုင်ကို လွတ်လပ်ရေးအတွက် ခရီးထွက်သွားခဲ့တယ်။ ကောင်းပြီဘာပြောချင်လဲဆိုတော့မာရီလှတောကို လူတွေသိသလား။

အဲဒီ မာရီလှတောရဲ့လုပ်ရပ်က ဘယ်လောက်အရေးကြီးလဲ။မာရီလှတောကသာ အဖမ်းခိုင်းလိုက်ရင် ဘာပြောပြောကျွန်တော်တို့လွတ်လပ်ရေး ဒီလောက်မြန်မြန်ရပါ့မလား ?စဉ်းစားစရာတွေများကြီးရှိပါတယ်။အဲဒီတော့မာရီလှတောဟာကောင်းကင်မရှိတဲ့ကြယ်မဟုတ်ဘူးလား? (ဗိုလ်ချုပ်တို့က ကောင်းကင်ရှိတဲ့ကြယ် )ဘာလို့ကျွန်တော်တို့မတွေ့ကြရတာလဲ? အဲဒီလိုကောင်းကင်မရှိတဲ့ ကြယ်တွေ အများကြီးရှိပါတယ်။

အဲဒီမှာ မှားမှန်ခွဲနိုင်တဲ့ပညာဆိုတာကိုဘာတွေလဲဆိုတော့မာရီလှတောကသူဘာလုပ်ရမလဲလို့စဉ်းစားတဲ့အချိန်မှာ မှန်လား မှာလားဆိုတာ နှစ်ချက်ကိုစစဉ်းစားမယ်ဖမ်းလိုက်တာမှန်လား လွှတ်လိုက်တာမှန်လား ဆိုတာကိုပေါ့။ဘယ်လောက်ခေတ်ဆန်ဆန် ဘယ်လောက် ဗိုလ်ဆန်ဆန်နှလုံးသားကဗမာ ဗျ ဗမာလိုတွေးမှာပဲဗမာ့လွတ်လပ်ရေးကိုကြိုက်မှာပဲ။ယောက်ျားက ဘယ်လောက်ပဲ ဗြိတိသျှ ဝန်ထမ်းဖြစ်ဖြစ်ဗမာပြည်ကိုချစ်မှာပဲ။ အဲဒီအတွက်လွှတ်လိုက်တာမှန်တယ်လို့ သူသိတယ်။

ဒါပေမဲ့ သူ့နေရာမှာ ကျွန်တော်တို့ဝင်စဉ်းစားကြည့်လိုက်။လွှတ်တာမှန်မှန်းသိရင်လွှတ်ရဲမလားလွှတ်လိုက်ရင် ငါ့ယောက်ျားပြုတ်သွားမလားငါတို့တိုက်ကြီးကို လာပိတ်သွားမလား ငါ့တို့လင်မယားနှစ်ယောက်ကိုဖမ်းမလား သူတွေးမှာပဲ။သူမတွေးပဲမနေဘူး။ အဲဒါတွေ တွေးပြီးတော့မှ အဲဒါတွေဖြစ်ချင်ဖြစ် လုပ်ရဲ တယ်ဆိုပြီး မာရီလှတော လုပ်သွားတာအဲ့ဒါအမှန်ကိုချစ်တာပဲ။ အဲဒါသူရဲကောင်းပဲ။ ကျွန်တော်တို့ကမာရီလှတောလိုမလုပ်ရဲလို့မလုပ်ခဲ့ရတာတွေအများကြီး။

ဒါဆိုရင်မာရီလှတောဟာလည် းသူရဲကောင်းအမျိုးသမီးတစ်ယောက်ပါလို့ဆိုချင်ပါတယ်။

Credit: မြန်မာ့သမိုင်းcrd..ori..upldr#CRDMgMg#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
800
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *