သမိုင်းထဲကဒီနေ့

အမေရိကန်တို့ကိုစစ်မကြေငြာပဲဂျပန်တို့ပုလဲဆိပ်ကမ်းကိုဗုံးကြဲတိုက်ခိုက်ပြီးနောက်ဂျပန်ရေကြောင်းဗိုလ်ချုပ်ကြီးအက်ဒမိုင်ရယ်ယာမာမိုတိုရဲ့စကားကမှတ်သားလောက်ပါတယ်။ဒီဇင်ဘာ လ ၆ ရက်နေ့…အမေရိကန်ပိုင်…ဟာဝိုင်ယီကျွ န်းပေါ်က .အမေရိကန်ရေတပ်စခန်းကို ဂျပန်က… ဗုံးကြဲတိုက်ခိုက်ပြီးအမေရိကန်ကိုဒုတိယကမ္ဘာစစ်ထဲ ဆွဲသွင်းခဲ့တဲ့ ဖြစ်ရပ်ဟာဒီနေ့မှာ ဖြစ်ခဲ့တယ်။..

ဒီဖြစ်ရပ် မတိုင်မီ ကာလတွေတုန်းက အမေရိကန်အနေနဲ့ Volunteer စစ်သားတွေကပဲ စစ်ကြီးထဲ မှာပါဝင်ခဲ့ကြတယ်။ဂျပန်ရေကြောင်းဗိုလ်ချုပ်ကြီး ယာမာမိုတိုက… ဒီ စီမံချက်ကို သူ့ဆန္ဒမပါဘဲ သဘောတူခဲ့ရတာ တဲ့… ။

ယာမာမိုတိုက အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ခဲ့တာ.ဆိုတော့ အမေရိကန်ရဲ့… ကြွယ်ဝချမ်းသာ မှူနဲ့… စစ်အင်အားတောင့်တင်းမှုကို အတွင်းကျကျ သိထားခဲ့သူပါ။.အဲဒီ Operation ကို အကောင်အထည်ဖော်ခဲ့သူက.. ဗိုလ်ချုပ်ကြီးနာဂူးမိုး ဖြစ်ပြီး…တကယ်သွားရောက်တိုက်ခိုက်ခဲ့့သူတွေ.က Capt. Fuchida ဦးဆောင်တဲ့ လေယာဉ်အုပ်ပေါ့….

ဂျပန်တွေအတွက် ကံဆိုးပြီး အမေရိကန်တွေအတွက်ကံကောင်းခဲ့တာက….အဲဒီအချိန်မှာ.. အမေရိကန် ရေတပ်ရဲ့…. အဓိကစစ်သဘော်​င်္ကြးတွေက ပုလဲဆိပ်ကမ်းမှာ ကမ်းမကပ်ဘဲ တခြားနေရာကို ရောက်နေခဲ့တာပဲ.။

အဲဒါကြောင့်ဂျပန်လေတပ်က ဖျက်ဆီးနှစ်မြှုပ်ပစ်လိုက်တဲ့ စစ်သဘောင်္တွေထဲမှာ အင်အားကြီးမားတဲ့ စစ်သဘော်တွေ ပါမသွားခဲ့ဘူး….နောက်ပြီး ဒီဖြစ်ရပ်ဟာ အမေရိကန်ကို စစ်မကြေငြာဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့သူအဖြစ်နဲ့ဂျပန်တွေအတွက် သမိုင်းမှာ အရှက်ရစရာ ဖြစ်ခဲ့တယ်..ဂျပန်က စစ်ကြေငြာခဲ့ပေမယ့်… အချိန်အတော်ကြီး နောက်ကျပြီးမှ ..အမေရိကန်စစ်ဌာနချုပ်ကို ရောက်ခဲ့တယ်…

စစ်ကြေငြာစာ ရောက်ချိန်မှာပုလဲဆိပ်ကမ်းကဗုံးကြဲတိုက်ခိုက်ခံရပြီးနေပြီ။……အမေရိကန် ရေတပ်အနေနဲ့အလူးအလဲ ချေမှုန်းခံခဲ့ရတယ်….ဒီ Operation ကြီး အောင်မြင်စွာပြီးဆုံးသွားတဲ့နောက်မှာ … ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် ယာမာမိုတိုက စကားတစ်ခွန်းပြောခဲ့သတဲ့…..”အိပ်ပျော်နေတဲ့….. ဘီလူးကြီးကို သွားနှိုးမိပြီ..”.. တဲ့…..

ဒီအကြောင်းတွေကို…. မှတ်တမ်းရုပ်ရှင်အဖြစ်နဲ့ ရိုက်ကူးထားတာက. Tora Tora Toraဆိုတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။အဲဒီရုပ်ရှင်က ထူးခြားတယ်။အမေရိကန်ဘက်ကအပိုင်းကို… အမေရိကန်က ရိုက်ကူးပြီး ဂျပန်ဘက်က အပိုင်းကို ဂျပန်က ရိုက်ကူးခဲ့တယ်။အဲဒီနှစ်ပိုင်း ပေါင်းပြီးတော့မှရုပ်ရှင် တစ်ကားဖြစ်လာတယ်။ .

နောက်ထပ်ထူးခြားတာလေးတစ်ခုက……..အရှေ့တိုင်းနဲ့အနောက်တိုင်းရဲ့ အချိန်ကွာခြားချက်ကို..Pearl Habour ဗုံးကြဲခံရတဲ့ အဖြစ်ကနေလည်း ထင်ထင်ရှားရှား မြင်နိုင်တယ်။

အမေရိကန်ဘက်က ဗုံးကြဲခံရတဲ့ နေ့ကို မှတ်သားထားတဲ့ရက်နဲ့ ၇. ၁၂ .၁၉၄၁ ဖြစ်ပြီးဂျပန်ဘက်ကမှတ်သားထားတဲ့ရက် ၆.၁၂.၁၉၄၁ က (၁) ရက်တိတိ ကွာခြားနေခဲ့ပါတယ်။

Credit : Dolly Tin

Likes:
0 0
Views:
503
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *