မြန်မာ့ရုပ်ရှင်သမိုင်းမှာမင်းသမီးကြီး(ဒေါ်)ခင်သန်းနု

မြန်မာ့ရုပ်ရှင်သမိုင်းမှာမင်းသမီးကြီး(ဒေါ်)ခင်သန်းနုကိုချန်ထားလို့မရပါဘူး။

ဒီဇင်ဘာ ၅ ရက်အသက် ၇၆ မွေးနေ့မှနှစ်ပေါင်းရာကျော်ပါစေဆုတောင်းပေးတယ်။“ သီတာဘယ်သို့ချစ်ရမယ် ” ရုပ်ရှင်ကားနဲ့မင်းသမီးကြီး(ဒေါ်)ခင်သန်းနုကိုစကြည့်ဖူးတယ်ထင်တယ်။၁၉၇၂-၇၃ လောက်ဖြစ်မယ်။ လူကြီးသရုပ်ဆောင်ဦးဘချစ်လည်းပါတယ်။အဲ့ခေတ်ကရွှေသွေး၊တေဇ၊ရွှင်ပြုံးအပတ်စဉ်ကာတွန်းစာစောင်တွေရှိတယ်။

ခင်သန်းနုမင်္ဂလာဆောင်တုံးကရွှင်ပြုံးစာစောင်မှာမျက်နှာဖုံးပြည့်သတို့သားသတို့သမီးရောင်စုံ ဓါတ်ပုံကြီးတွေပါတာမှတ်မိတယ်။တိုက်လေးလုံးတန်ဆောင်တိုင်သုံးကားပေါင်းမိုးအလင်းပွဲမှာမင်းသမီးခင်သန်းနုပါတဲ့ “ ရုပ်ရှင်ရူးမလေး ” ကားလည်းပြတယ်။

ဇတ်လမ်းထဲမှာ ရုပ်ရှင်ရူးရူးနေတဲ့တောသူကောင်မလေးတယောက်ထမိန်အင်္ကျီအသစ်ဝတ်ပြီးအူမြူးနေတာသရုပ်ဆောင်ဘယ်လောက်ကောင်းလဲဆိုရင်ကျွန်တော်တို့ဘေးနားက(အသက် ၁၅-၁၆ အရွယ်)အမကြီးအုပ်စုက … “ ကောင်မ…..နှံ့နေလိုက်တာ…” ထဆဲတဲ့အထိပဲ။

နိုင်ငံကျော်မင်းသမီးခင်သန်းနုရဲ့ထင်ရှားတဲ့ရုပ်ရှင်ကားအချို့(မှတ်မိသမျှ)………ရုပ်ရှင်ရူးမလေး (စိန်မြင့်) ၊မောင်တို့ချယ်ရီမြေ (ဝင်းဦး) ကျောက်မဲအကျဉ်းသား (ဝင်းဦး) နှလုံးသားနဲ့စစ်တာဝန် ( ကျော်ဟိန်း) ကညာပျိုနဲ့ဇရာအို (ကောလိပ်ဂျင်နေဝင်း)၁၉၈၅ ကထွက်တဲ့သင်္ကြန်မိုးရုပ်ရှင်ကိုတီဗွီမှာဟိုတပိုင်းဒီတပိုင်းကြည့်ဖြစ်တာမင်းသမီးကြီးပါလို့ပါ။

နောက်ပိုင်းကြတော့သင်္ကြန်မိုးရုပ်ရှင်ကို ခင်သန်းနုထက်စာရင်ရုပ်ရှင်ဇတ်ဝင်သီချင်းတွေကိုပိုလို့ခံစားမိတယ်။ပျဉ်းမနားသူ ခင်သန်းနုကို ၁၉၄၅ ခုနှစ်မှာမွေးခဲ့လို့နိုင်ငံခေါင်းဆောင် DASSK နဲ့အသက်တူတူပဲ။ DASSK ငယ်စဉ်တုံးကဓါတ်ပုံတွေကြည့်လိုက်ရင်မင်းသမီးခင်သန်းနုလိုနင်လားငါလားချောတယ်လို့အသိအမှတ်ပြုကြတယ်။

အသက် (၁၆)နှစ်ပဲရှိသေးတဲ့ခင်သန်းနုဟာပြည်ထောင်စုမယ်ဘွဲ့ကို ၁၉၆၁ မှာရရှိခဲ့ပြီးရုပ်ရှင်လောကကိုဝင်ရောက်လာတယ်။မင်းသမီးကြီး(ဒေါ်)ခင်သန်းနုမှာမောင်နှမလေးယောက်ရှိပြီးအကြီးဆုံးဖြစ်ပါတယ်။ကောလဟလပြောနေကြတာကအလှမယ်ခင်သန်းနုဟာ မဆလအာဏာရှင်ဗိုလ်နေဝင်းရဲ့သမီးတယောက်ဖြစ်တယ် ဗိုလ်နေဝင်းရှဲ့ဗမာ့သေနပ်ကိုင်တပ်ရင်း(၄)ပျဉ်းမနားမှာအခြေချခဲ့တုံးကရရှိခဲ့တဲ့သမီးတယောက်ဆိုကြတယ်။

ဒါကြောင့်ဦးနေဝင်းဟာသူ့သမီးကိုနောက်ကွယ်ကနေစောင့်ရှောက်ထောက်ပံ့ချင်လို့စစ်တပ်ထဲကအရက်မသောက်ဖဲမရိုက်သင့်တော့်မယ့်လူပျိုအရာရှိတယောက်ရှာဖို့သူ့တပြည့်တပန်းတွေကိုတိတ်တဆိတ်ညွှန်ကြားခဲ့တယ်ပါးစပ်သတင်းရှိခဲ့တယ်။ဦးနေဝင်းသမီးတယောက်ဖြစ်တဲ့ဒေါ်သီတာဝင်းနဲ့ ခင်သန်းနုရုပ်အတော်ဆင်တယ်လို့သိသူများပြောကြတာကြားဖူးတယ်။

တပါးသူမိသားစုအတွင်းရေးဖြစ်ပေမယ့်နိုင်ငံသိနိုင်ငံကျော်လူပုဂ္ဂိုလ်များဖြစ်နေလို့ပြည်သူအများစိတ်ဝင်စားကြပါတယ်။ရုပ်ရှင်မင်းသမီးခင်သန်းနုဟာဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ ၁၉၇၅ ကအိမ်ထောင်ပြုခဲ့ပြီးတရုပ်နိုင်ငံမှာစစ်သံမှူးအဖြစ်တာဝန်ထမ်းဆောင်မယ့်အမျိုးသားနောက်လိုက်ခဲ့ပြီးရုပ်ရှင်လောကနဲ့ခေတ္တကင်းကွာခဲ့တယ်။

ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ (ဒေါ်)ခင်သန်းနုတို့မိသားစုသားတယောက်သမီးတယောက်ထွန်းကားခဲ့ပါတယ်။ရန်ကင်းနဲ့မင်းသမီးကြီးခင်သန်းနုဆက်စပ်မှုရှိနေပါတယ်၊မင်းသမီးကြီးခင်သန်းနုရဲ့မောင်က ၁၂ လုံးတန်းကရန်ကင်းသူနဲ့အကြောင်းပါခဲ့ပြီးခင်သန်းနုရဲ့ညီမတယောက်က(၁)ရပ်ကွက်ကရန်ကင်းသားနဲ့အကြောင်းပါခဲ့တယ်။

မင်းသမီးကြီးခင်သန်းနုဟာအကယ်ဒမီရွှေစင်ရုပ်ဆုသုံးဆုရရှိခဲ့ပြီးဗဟန်းကမ္ဘေဇရိပ်သာထဲမှာမိသားစုနဲ့အတူကျမ်းကျမ်းမာမာရှိနေပါတယ်။မြန်မာ့ရိုးရာငွေဖလားနဲ့အတာသင်္ကြန်ရေကစားနေတာတခေတ်ကလျှမ်းလျှမ်းတောက်ရုပ်ရှင်မင်းသမီးခင်သန်းနုပါ။

လွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
1725
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *