မြန်မာနိုင်ငံမှာ ဖုန်းဘယ်တုန်းက ပေါ်လာခဲ့တာလဲ သိပါသလား

မြန်မာနိုင်ငံမှာ ဖုန်းဘယ်တုန်းက ပေါ်လာခဲ့တာလဲ သိပါသလား

–ယနေ့ခေတ်မှာ မိုလ်ဘိုင်းဖုန်း Brand မျိုးစုံ၊ Model မျိုးစုံကို ကိုယ်စီအသုံးပြုနေကြပြီး Operator တွေလည်း ရရှိလို့နေပါပြီ။အသစ်တွေမှာပဲ ပျော်ပါးနေတဲ့ ကျွန်တော်တို့ မိုလ်ဘိုင်းဖုန်းတွေရဲ့ သမိုင်းကြောင်းကို ပြန်သွားပြီး လွမ်းဆွေးစရာကိစ္စလေးတွေကို ပြန်အစဖော်ကြရအောင် ….မိုလ်ဘိုင်းဖုန်းတွေ ဘယ်လိုပေါ်ပေါက်လာတာလဲ?

ဒီမေးခွန်းမျိုးမေးလိုက်ရင် ၁၀၀ မှာ ၁၀ ယောက်လောက်ပဲဖြေနိုင်ကြပါလိမ့်မယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖုန်းလိုင်းတွေမပေါ်ပေါက်ခင် ၁၈၆၁ ခုနှစ်လောက်က ကြေးနန်းတွေနဲ့ ပထမဆုံးဆက်သွယ်ခဲ့ကြရပါတယ်။၁၈၈၄ ခုနှစ်ရောက်မှ မြန်မာနိုင်ငံမှာ ပထမဆုံး တယ်လီဖုန်းလိုင်းကို စတင်ရရှိခဲ့ပြီး ရန်ကုန်မြို့အတွင်း တယ်လီဖုန်းလိုင်း ၁၃၀၀ မျှသာရှိခဲ့ပါတယ်။

၁၉၃၇ ခုနှစ်မှာတော့ မြို့ပေါင်း ၅၀ အထိ ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒီကာလတွေကို ဖြတ်သန်းပြီး ၁၉၉၃ ခုနှစ်မှာမှ ပထမဆုံး Cellular ဖုန်းစနစ်ကို ရန်ကုန်မြို့မှာ စတင်ရရှိလာခဲ့ပါတယ်။Cellular ဖုန်းတွေ ပေါ်ပေါက်လာပေမယ့် တန်ဖိုးမြင့်မားလွန်းတဲ့အတွက် အသုံးပြုသူ ၇၀၀၀ လောက်ပဲ အသုံးပြုနိုင်ခဲ့ပါတယ်။ငွေကြေးမတတ်နိုင်တဲ့ သာမန်လူတန်းစားတွေကတော့ အရေးအကြောင်းဆက်သွယ်စရာရှိရင် လမ်းဘေးဖုန်း (ကြိုးဖုန်း) ကိုသာ အခကြေးငွေပေးပြီး ဆက်သွယ်ခဲ့ကြရပါတယ်။

အရေးတကြီးဆက်သွယ်စရာရှိရင် ‘မြို့တွင်း၊ နယ်ဝေး ဖုန်းပြောနိုင်သည်’ ဆိုင်းဘုတ်ကို လိုက်ရှာပြီးဆက်သွယ်ရတဲ့အခိုက်အတန့်တွေက မမေ့နိုင်တဲ့အမှတ်တရတွေ ဖြစ်စေခဲ့မှာအမှန်ပါပဲ….။ လိုင်းမကောင်းလို့ အသံကောင်းကောင်း မကြားရတာကတစ်မျိုး၊ ပြောတာကြာသွားလို့ ပိုက်ဆံကုန်ရတာက တစ်ဖုံနဲ့ ရွေ့လျားလာခဲ့တာ ၂၀၀၅ ခုနှစ်အရောက်မှာတော့ 482, 128 ဖုန်းတွေ ပေါ်လာခဲ့ပါတယ်။ Touch Screen ဖုန်းတွေမကိုင်နိုင်သေးကြလို့ Key pad လေးတွေနဲ့ ဟန်ထုတ်လာခဲ့ကြတဲ့အချိန်ဆိုလည်းမမှားပါဘူး။ ဟန်ထုတ်လည်း ထုတ်ချင်စရာလေ…. တော်ရုံလူတွေက ကိုယ်ပိုင်ဖုန်းမှ မကိုင်နိုင်ကြတာကိုး…

ဒီနောက်နှစ်တွေမှာတော့ နိုင်ငံခြားက ဈေးသင့်တဲ့ ဟန်းဆက်တွေ ရောက်ရှိလာလို့ Touch Screen ဖုန်းလေးတွေရဲ့ခေတ် စတင်လာခဲ့ပါတယ်။ဒါပေမယ့် လူတိုင်းတော့ မကိုင်နိုင်ကြသေးပါဘူး။၂၀၁၃ ခုနှစ်ကာလတွေမှာတော့ ၁၅၀၀ တန်ဆင်းကတ်တွေ မဲနှိုက်ပေးလို့ အိမ်တိုင်းလိုလို ဖုန်းကိုင်နိုင်လာကြပါပြီ။Key Pad သုံးတဲ့သူတွေကသုံး၊ Touch Screen သုံးနိုင်တဲ့သူတွေက Touch Screen ဖုန်းကိုယ်စီနဲ့ ဖြစ်လာကြပါတယ်။အရင်ကထက် ဆက်သွယ်ရေးတွေ ပိုကောင်းမွန်လာခဲ့ပေမယ့် အင်တာနက်လိုင်းတွေ မကောင်းသေးလို့ နိုင်ငံခြားနဲ့ဆက်သွယ်ချင်သူတွေ၊Online Chatting ထိုင်ချင်တဲ့သူတွေကတော့ အင်တာနက်ဆိုင်တွေကိုပဲ အားကိုးနေကြရတုန်းပါပဲ….

ဒီစာကို ဖတ်နေတဲ့သင်လည်း အင်တာနက်ဆိုင်မှာ Online Chatting ထိုင်ခဲ့ဖူးတယ်ဆိုရင် အတိတ်ကဖြစ်ရပ်တွေကို တွေးမိပြီး ပြုံးနေမိမှာပါ။၂၀၁၄ နှစ်ကုန်ပိုင်းရောက်လာတဲ့အချိန်မှာ Telenor နဲ့ Ooredoo တို့လို Operator တွေနဲ့အတူ Mobile Phone Brand မျိုးစုံလည်း စုံစုံလင်လင်ရရှိနေပြီပဲဖြစ်ပါတယ်။ ဒီအချိန်ကစလို့ ယနေ့ခေတ်တိုင်အောင် 3G, 4G Network တွေနဲ့အတူ အသစ်သစ်သော Mobile Phone တွေကို လူတိုင်းလိုလို အသုံးပြုနေကြပြီဖြစ်ပါတယ်။

ကျွန်တော်အပေါ်မှာပြောပြခဲ့တဲ့အကြောင်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Phone အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပုံတွေပဲ ဖြစ်ပါတယ်။မိတ်ဆွေတို့ရော ဒီဖုန်းအမျိုးအစားတွေထဲက ဘယ်ဖုန်းကို စသုံးခဲ့တာလဲဗျ….အတိတ်ကအမှတ်တရလေးတွေကို Comment မှာ မျှဝေရင်း နောင်ထွက်လာမယ့် Mobile Phone အသစ်တွေကို ခံစားလိုက်ကြရအောင်လားဗျာ ….အချိန်ပေးဖတ်ရှုမှုအတွက် ကျေးဇူးအထူးတင်ပါတယ်….မိတ်ဆွေတို့လည်း ဗဟုသုတများစွာ ရရှိလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်ဗျ….သာယာသောနေ့လေးဖြစ်ပါစေ.?Kyaw Thet Aung

“မြန်မာပြည်က တယ်လီဖုန်းများ”

”၂ဝ၁၃ နှင့် လူတစ်ယောက် ဖုန်းတစ်လုံးပုံပြင်”ဟူသောဆောင်း ပါးကို ၃-၁-၂ဝ၁၃ နေ့ထုတ် ပေါ် ပြူလာနယူးစ်ဂျာနယ် ၅/၁ ထဲတွင် ဖတ်ရှုခဲ့ရပြီး ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ သည့် သတင်းနှင့် ၄င်းအပါအဝင် ဆက်သွယ်ရေး အဆင့်မြင့် အရာရှိ အချို့ အစစ်ဆေးခံနေရသော သတင်းများ၊ မိုဘိုင်းဖုန်းဆင်းကတ် စျေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံရှင်းပြီး မှ သိမည်ဆိုသော သတင်းများကို ထပ်မံဖတ်ရှုရသည့်အတွက် မြန်မာ ပြည်က တယ်လီဖုန်းများအကြောင်း ကို ရေးသားဖော်ပြလိုသောဆန္ဒ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ကြိုးဖုန်းများ

မြန်မာပြည်က တယ်လီဖုန်း များအကြောင်းကို ပြောမည်ဆိုလျှင် ပထမဆုံး ကြိုးဖြင့်ဆက်သွယ်ထား သော ဖုန်းများအကြောင်းကို စတင် ရမည်ဖြစ်ပါသည်။ ယခုအခါ ရန် ကုန်နှင့် အချို့သောမြို့ကြီးများတွင် အော်တိုတယ်လီဖုန်းများအဖြစ် ပြောင်းလဲလာကြသော်လည်း အချို့ သောမြို့များတွင် အိတ်ချိန်းမှတစ် ဆင့် ဆက်သွယ်ပြောဆို ကြရဆဲဖြစ်ပါသည်။ ထိုတယ်လီဖုန်းများအားလုံးသည် လိုင်းကြိုးနှင့် ဆက်သွယ်ထားသည့် ကြိုးဖုန်းများဖြစ်ကြ၍ တော်ရုံရာသီဥတု အပြောင်းအလဲဒဏ်ကို ခံနိုင်ရည် ရှိကြပြီး အခက်အခဲ များများစားစား မရှိတတ်ပါ။

သစ်ပင်သစ်ကိုင်းကြောင့် သော်လည်းကောင်း၊ လိုင်းကြိုးတိုင်ပြိုလဲ သောကြောင့်သော်လည်းကောင်း၊ တယ်လီဖုန်း ကြိုးများ ပြတ်တောက် ခြင်း မဟုတ်ပါက မည်သည့်အနှောင့် အယှက်အခက်အခဲမျှ မရှိဘဲ ကြည် ကြည်လင်လင် ဆက်သွယ်ပြောဆို နိုင်ပါသည်။

ကြိုးမဲ့ဖုန်းများ

ကြိုးမဲ့ဟန်းဖုန်းများ၏ ရှေ့ပြေး အနေနှင့် ဆယ်လူလာဖုန်းများ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်းတွင် ခြင်းဖုန်းများ ပေါ်ထွက်လာပါသည်။ ခြင်း ဖုန်းဆိုသည်မှာ ယနေ့ လိုင်းဖုန်းအ ဖြစ်ခေါ်နေသောကြိုးဖုန်းနှင့် အသွင် ကြိုးမပါခြင်းသာ လျှင်ကွာခြားပါသည်။ ခရီးသွားလာ ရာတွင် အလွယ်တကူယူဆောင် သွားနိုင်ရန်ခြင်းဖြင့် ထည့်ထားတတ် ကြသဖြင့် ခြင်းဖုန်းဟု နာမည်တွင် သွားခြင်းဖြစ်ပါသည်။ ထိုဖုန်းများ နောက်ပိုင်းတွင် ကြိုးမဲ့တယ်လီဖုန်း များ တစ်မျိုးပြီးတစ်မျိုး ပေါ်ထွက် လာခဲ့ရာ အတော်ပင်စုံလင်လှပါ သည်။

GSM ဖုန်းများ၊CDMA 800 MHz ဖုန်းများ၊ CDMA 450 MHzဖုန်းများ၊ WCDMAဖုန်းများ ဖြစ်ကြပါသည်။ မည်သည့်ဖုန်းအမျိုး အစားကို မည်ကဲ့သို့သတ်မှတ်ခေါ် ဆိုကြောင်း အသေအချာ မသိရှိ သော်လည်း ကမ်းရိုးတန်းဖုန်း သို့မ ဟုတ် နေပြည်တော်ဖုန်းဟု ခေါ်ဆို ကြသည်ကိုလည်း ကြားသိရပါသေး သည်။

အသေအချာ သိရှိမြင်တွေ့ နေရသော အချက်များမှာ အင်တာ နက်ချိတ်ဆက်၍မရခြင်း၊ တယ်လီ ဖုန်းကို နားဖြင့်ကပ်၍ နားထောင် နေရာမှ ပါးစပ်ရှေ့သို့ ပြောင်းရွှေ့ ပြောဆိုရခြင်း တိုက်ခန်းတစ်ခန်းထဲ ၌ပင်လျှင် အိမ်နောက်ဘက်မီးဖိုခန်း ဝရန်တာတွင် ဖြစ်ဖြစ်၊ အိမ်ရှေ့ဝရန် တာတွင် ဖြစ်ဖြစ်၊ ဆက်သွယ်ပြော ဆိုရလွယ်ကူသော နေရာကို ရွေး ချယ်ရွှေ့ပြောင်း ပြောဆိုရခြင်း၊ ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက် ပြီးပြောမှ အဆင်ပြေခြင်း၊ ဆက် သွယ်ပြောဆိုရာတွင် အဆင်ပြေ သော နေရာ၌ ဇောက်ထိုးချိတ်ပြီး နားကြပ်ဖြင့် ပြောဆိုရခြင်း၊ အသံ ကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆို ရခြင်း၊ ကြားလား ကြားလားဟု အကြိမ်များစွာပြောဆိုရခြင်း၊ ”ကြားလား”ဆိုသော အသံမှတစ်ပါး အခြားအသံ များ မကြားရခြင်း၊ ဖုန်းသံ တိုးလွန်းသဖြင့် အရေးကြီးကိစ္စများကိုပင် speaker ဖွင့်၍ပြောဆိုရသော ကြောင့် အဆင်မပြေခြင်း စသည့် ပြဿနာမျိုးစုံမှာ ကြိုးမဲ့ဖုန်းတစ်မျိုး မဟုတ် တစ်မျိုးတွင် အမြဲကြုံတွေ့ရ သောအခက်အခဲများဖြစ်ကြပါသည်။

အထက်တွင် ဖော်ပြခဲ့သော အခက်အခဲများကိုသာမက အံ့သြ ဖွယ်ရာ ဖြစ်ရပ်များကိုလည်း ကြုံ တွေ့ရပါသေးသည်။ GSM ဖုန်းဖြစ် ဖြစ်၊ CDMA ဖုန်းဖြစ်ဖြစ်၊ မည်သည့် ဖုန်းကိုမဆို ဆက်သွယ် ခေါ်ဆိုလိုက်ပါက-”လူကြီးမင်းခေါ်ဆို သောဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်” ဟု ပြန်လည် ဖြေဆိုသံကြားရလျှင် မယုံလိုက်ပါ နှင့် နောက်တစ်ကြိမ် ခေါ်ကြည့် လိုက်ပါ။”လူကြီးမင်း ခေါ်ဆိုသောဖုန်း မအားလပ်သေးပါ၍ ခေတ္တစောင့် ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်” ဟု ထပ်မံဖြေဆိုသံကို ကြားရပါ လိမ့်မည်။ စက်ပိတ်ထားသည် ဆို သော တယ်လီဖုန်းက မအားလပ် ပြန်ဘူးဆိုပါလား။ အံ့သြဖွယ်ရာ ပါပဲ။

အံ့သြရုံအံ့သြပြီး ဇွဲမလျှော့ပါ နှင့် နောက်တစ်ကြိမ်မျှ ကြိုးစား ကြည့်စေချင်ပါသည်။ ပိုပြီး အံ့သြ ဖွယ်ရာ ကောင်းသည်မှာ ကိုယ် ဆက်သွယ် ပြောကြားလိုသူက ပြန်လည်ဖြေကြားနေသည်ကို တွေ့ရပါလိမ့်မည်။ ထိုအဖြစ်အပျက်များမှာ မြန်မာပြည်က ဖုန်းများတွင် တွေ့ ကြုံနေရသည့်အခြေအနေများ ဖြစ်ပါသည်။ ထပ်မံ ပြောလိုပါသေးသည်။ ကိုယ်က ဖုန်းခေါ်လိုက်သည့် အခါ-”လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်ရေးဧရိယာပြင်ပ သို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”ဟူ၍ တစ်မျိုး၊ ”လူ ကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြား ခြင်းမရှိပါသဖြင့် ခေတ္တ စောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်” ဟူ၍ တစ်သွယ်၊ ”တူ…တူ…တူ…တူ” စသော မည်သည့် တုံ့ပြန်မှုကိုမျှ တစ်ထစ်ချယုံကြည်စိတ်ချ၍ မရနိုင်ပါ။

နောက်ထပ်တစ်ကြိမ် နှစ် ကြိမ် ကြိုးစားခေါ်ဆိုကြည့်ပါက ကိုယ်ပြောလိုသော တယ်လီဖုန်းနှင့် အဆက်အသွယ် ရရှိတတ်ခြင်းက မြန်မာပြည်၏ အံ့ဖွယ်တယ်လီဖုန်း များ ဖြစ်ကြပါသည်။ ပြောပြလိုသော အဓိကအကြောင်းမှာ မြန်မာပြည်က တယ်လီဖုန်းများ ဤကဲ့သို့ ဖြစ်နေ ရခြင်းသည် တည်ဆောက်ထားသော မိုဘိုင်းဖုန်းကွန်ရက်များတွင် နိုင်ငံခြား၌ အလကားပေးသည် ကို ပင် လက်ခံအသုံးမပြုကြသည့် ပစ္စည်းများကို လုပ်ပိုင်ခွင့်ရှိသူများက တံစိုးလက်ဆောင်ယူပြီး လက်ခံသုံး စွဲပေးခဲ့ကြသောကြောင့်ဟု ပြောရ မည်လား မသိတော့ပါ။

ရောင်းချပုံနှင့် စျေးနှုန်းများ

မြန်မာပြည်က ဖုန်းများအ ကြောင်း ပြောမည်ဆိုလျှင် တယ်လီ ဖုန်း ရောင်းချပုံစနစ်နှင့် ဖုန်းစျေး နှုန်းများအကြောင်းကို ထည့်သွင်း ပြောဆိုမှသာလျှင် ပြည့်စုံမည်ဟု ထင်ပါသည်။ ကနဦးပိုင်းက တယ် လီဖုန်းရောင်းချပုံစနစ်မှာ လုပ်ပိုင် ခွင့်ရှိသူများ၏ဆန္ဒအတိုင်း လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ခွင့်ပြုထားသော စနစ်မျိုးဖြစ်ပါသည်။ လွတ်လွတ် လပ်လပ် ရောင်းချပေးသောစနစ် မဟုတ်ဘဲ လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချ ပေးသော စနစ်ဖြစ်ပါသည်။

ထို့ ကြောင့် လုပ်စား၊ ကိုင်စားသမား များနှင့် လုပ်ပိုင်ခွင့်ရှိသူ အချို့အတွက်သာ အဆင်ပြေကြခြင်း ဖြစ်ပါသည်။ ခေတ်ပြောင်းလာသည်နှင့်အမျှ အလွတ်ရောင်းချသည့်စနစ်သို့ ပြောင်းလာခဲ့ ပါသည်။ သို့ရာတွင် ပြည်သူများကလည်း လက်ဝါးကြီးအုပ် ခြယ်လှယ်ရောင်းချပုံစနစ်များကို နားလည်သဘောပေါက်လာကြ သည့်အတွက် စျေးနှုန်းလျှော့ရောင်း ပေးခဲ့သည့်တိုင်အောင် ၄င်းတို့ မျှော်မှန်းသည့်အတိုင်း မဝယ်ယူကြ သည့်အတွက် အရစ်ကျနှင့်အကြွေး ရောင်းချသောစနစ်ကို ပြုလုပ်လာကြပါသည်။

ပထမတွင် ဝန်ထမ်း များကို ရောင်းချပေးပြီး လောဘဇော မသတ်နိုင်ကြသေးဘဲ ကျေးလက်နေ တောင်သူလယ်သမားများထံသို့ အရစ်ကျစနစ်နှင့် သွားရောက် ရောင်းချခဲ့ကြသည့် အခြေ အနေသို့ ပင်ရောက်ရှိသွားကြပါတော့သည်။တယ်လီဖုန်း စျေးနှုန်းများကလည်း မျက်စိလည်စရာ ကောင်းလှ ပါသည်။ ပထမဆုံးအနေနှင့် အော် တိုကြိုးဖုန်းများသည် တရားဝင် ရောင်းစျေး ကျပ်နှစ်သိန်းပတ်ဝန်း ကျင်ရှိနေရာမှ ကျပ် ၁ဝ သိန်းအထိ စျေးမြင့်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျပ်ငါးသိန်းအထိ ပြန်လည်စျေးကျ ဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။

ကိုယ်နားလည်သမျှ ျကစစူပ ညေိ ိနာညေိ သဘောတရားအရ ပြော မည်ဆိုလျှင် တယ်လီဖုန်းရောင်းချ မှုကို အရေအတွက်က အစ ဝယ် ယူခွင့်အထိ အထိန်းအချုပ်လုပ်ထား ပြီး စျေးနှုန်းကို စိတ်ကြိုက်ကစား ကြခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ၂ဝ၁၁ ခုနှစ် မတိုင်မီကာလများတွင် တယ်လီဖုန်းစျေးနှုန်းသည် လုပ် ပိုင်ခွင့်ရှိသူများ၏ လက်တွင် ကိုင် ထားပြီး ရောင်းချမည့် ဖုန်းအရေ အတွက်ကို ကန့်သတ်ထားသည့်အ တွက် မှောင်ခိုစျေးမှာ အဆမတန် ဖြစ်ခဲ့ရပါသည်။

သတ်မှတ်ထုတ်စျေး ၁၅ သိန်းဖြစ်သော်လည်း မှောင် ခိုစျေးတွင် သိန်း ၃ဝ ကျော်ဝန်းကျင် ဖြစ်ကြောင်း သိရပါသည်။ နောက် ပိုင်းကာလများတွင် တဖြည်းဖြည်း ပြောင်းလဲလာ သော ခေတ်နှင့်အညီ ကျပ်ငါးသိန်းတန်ဖုန်းများ၊ ကျပ် နှစ်သိန်းခွဲတန်နှင့် နှစ်သိန်းတန် ဖုန်းများ ဖြစ်လာကြပါသည်။

ငါးထောင်တန်ဖုန်းများ

၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေပြည်တံခွန်ကုမ္ပဏီမှကျပ် ၅ဝဝဝ တန်တယ်လီဖုန်းများ ရောင်းချပေး နိုင်ပါသည်ဟု သတင်းထုတ်ပြန် ကြေညာလိုက်သည့်အခါ အကြီးအ ကျယ် ဂယက်ရိုက်ခဲ့ပြီး မြန်မာ့ဆက် သွယ်ရေးက မဖြစ်နိုင်ပါဟု အ ကျောက်အကန် ငြင်းဆိုခဲ့သည်ကို တွေ့ရပါသည်။ အကြောင်းပြချက် မှာ လက်ရှိကျင့်သုံးနေသည့် ရှိရင်း စွဲဥပဒေအရ မြန်မာ့ဆက်သွယ်ရေး ကသာလျှင် လုပ်ပိုင်ခွင့်ရှိသော ကြောင့်ဟု ဆိုပါသည်။

ပြည်သူ အများ ကောင်းကျိုးခံစားရမည့်ကိစ္စ ဖြစ်သည့်အတွက် အကန့်အသတ် အတားအဆီးဖြစ်နေသည်ဆိုသော ဥပဒေအား ပြင်၍မရနိုင်ဘူးလားဟု စဉ်းစားကြည့်မိသောအခါ ”မပြင် နိုင်သေးဘူးဟေ့၊ စားလို့ဝါးလို့အား မရသေးဘူး၊ နောက်များမှ စျေး လျှော့ကြတာပေါ့ကွာ” ဆိုသည့် သဘောမျိုးဖြစ်နေကြောင်းကို တွေ့ ရမည်ဟု ထင်ပါသည်။ဤနေရာတွင် လုပ်ငန်းသ ဘောအရကြည့်ပါက ကုမ္ပဏီတစ်ခု အနေနှင့် တယ်လီဖုန်းတစ်လုံးကို ကျပ် ၅ဝဝဝ နှင့် ရောင်းခြင်းမှာ စရိတ်စက၊ အမြတ်အစွန်း ပါဝင်ပြီး ဟု နားလည်ရပါသည်။ အကြောင်း တိုက်ဆိုင်၍အငြိမ်းစားမယူမီ ၁၉၉၅ ခုနှစ်ခန့်ကကြုံတွေ့ခဲ့ရသော ဖြစ်စဉ် တစ်ခုကိုပြောပြလိုပါသည်။

မြို့နယ် တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ရ စဉ်က တယ်လီဖုန်း တိုးချဲ့တပ်ဆင် ရေးကော်မတီတွင် ပါဝင်ခဲ့ရပါသည်။ စက်ခလုတ်ခုံတစ်ခု တိုးချဲ့တပ်ဆင် ကြမည် ဖြစ်သည့်အတွက် ကုမ္ပဏီ အချို့နှင့် ဆက်သွယ်ပြီး ကိုယ်စား လှယ်များတင်ပြသော စျေးနှုန်းများ ကို စိစစ်ရွေးချယ်ကြပါသည်။ စျေး နှုန်းတင်ပြပုံများက စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

တယ်လီဖုန်း တစ်လုံး၏ ကုမ္ပဏီရောင်းစျေးက xxx-ဟု တင်ပြပြီး လုပ်ပိုင်ခွင့် ရှိသူအတွက် xxx/- ခွင့်ပြုချက်ပေးသော ဌာနအတွက် xxxx/-စသည့် နောက်ဆက်တွဲ စရိတ်များကို ထည့်ပေါင်းသတ်မှတ်ပြီး ထိုသတ်မှတ် စျေးအပေါ်တွင် မြို့နယ်အထွေထွေ ရန်ပုံငွေလိုအပ်သလောက် xxxx/ – ကိုထပ်မံ ထည့်သွင်းသတ်မှတ်ကြ ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ပင်လျှင် လျှောက် လွှာနှင့် ထိန်းချုပ်ထားပြီး အရေ အတွက်ကိုပါ ကန့်သတ်ထားသဖြင့် ဝယ်ယူခွင့်ရသော တယ်လီဖုန်းတစ် လုံးကို ကျပ်လေးငါးခြောက်သောင်း အမြတ်ရခဲ့ကြဖူးပါသည်။

အပြောင်းအလဲခေတ်သို့ ရောက်လာသည့်အခါ အများပြည် သူတို့အနေနှင့် မျက်စိပွင့်နားပွင့် ဖြစ်လာကြပြီး တယ်လီဖုန်းစျေးနှုန်း များကို ကျပ်နှစ်သိန်းခွဲ၊ ကျပ်နှစ် သိန်းအထိ စျေးလျော့နည်းရောင်းချ ပေးသည့်တိုင်အောင် မျှော်မှန်းသလောက် မဝယ်ကြသောကြောင့် ဝန်ထမ်းများကိုသာမက ကျေးလက် နေ တောင်သူလယ် သမားများကိုပါ အရစ်ကျစနစ်ဖြင့် ရောင်းချရပြန်ပါ သည်။ ဤကဲ့သို့ အရစ်ကျစနစ်ဖြင့် အစွံရောင်းနေချိန်၊ ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တယ်လီဖုန်းစျေး နှုန်းများကို တစ်သိန်းနှစ်သောင်း နှင့်တစ်သိန်းအထိ ထပ်မံစျေးလျှော့ ချမည်ဆိုသည့်သတင်းနှင့် သမ္မတ ကြီးက တယ်လီဖုန်းစျေးနှုန်းများကို တစ်သိန်းအောက် ဖြစ်စေလိုသော ဆန္ဒရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသော်လည်း ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီလသို့ ရောက်သည့်တိုင် အောင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် လျှော့ချပေးသော စျေး နှုန်းအသစ်များက ပေါ်ထွက်လာခြင်း အလျှင်းမရှိခဲ့ပါ။

ဆက်လက် ဆွေးနွေးနေကြဆဲဟု အကြောင်းပြ ပြီး ခေတ်ပြောင်းကာလ၏ လက်သုံးစကားဖြစ်သော ”ပွင့်လင်းမြင်သာမှု ရှိကြပါ”ဆိုသည့်စကားကို မေ့နေ ကြဟန်တူပါသည်။ ဤသို့သော အခြေအနေများနှင့် ပတ်သက်၍ ကျွန်တော့်မိတ်ဆွေတစ်ယောက်က မကျေမနပ်ဖြင့် ရင်ဖွင့်ပြောပြသည် မှာ- ”တာဝန်ရှိသူတွေအနေနဲ့ ပြဿနာတက်ကြတာက ငါတို့ပြည် သူတွေနဲ့ မဆိုင်ပါဘူးကွာ။ သူတို့ အမှုပြီးပြတ်မှ စျေးနှုန်းအသစ် သိရမယ်ဆိုတာ ကတော့ မဖြစ်သင့်ပါ ဘူး။ သူတို့အရှုပ်ထုပ်က ၁ နှစ် ၂ နှစ်နဲ့ မပြီးရင် ဘယ်လိုလုပ်ကြမှာလဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်လေ၊ လျှော့ချ ပေးထားတဲ့ စျေးနှုန်းအသစ် ထွက်လာရင် အရစ်ကျနဲ့ရောင်းထား တဲ့ တယ်လီဖုန်းဖိုးတွေက ရှုံးကုန် ကြတော့မှာကွ။အရစ်ကျရောင်းတာက ၂ဝ၁၂ ခုနှစ် အောက်တိုဘာကစပြီး ဒီဇင် ဘာလကုန်အထိ မဟုတ်လား။

ပထမ ကျပ် ၄ဝဝဝဝ သွင်းရပြီး၊ လစဉ် ကျပ် ၁ဝဝဝဝ သွင်းရတာ ဖြစ်တော့၊ ခုအချိန်မှာ စျေးနှုန်း အသစ်ထွက်ရင် အခက်တွေ့ကြရမှာ လေ။ စျေးနှုန်းအသစ် ထွက်လာလို့ အရစ်ကျသွင်းထားတာတွေက ပို နေရင် ပြန်မပေးဘဲ လိုနေသေးရင် တော့ သတ်မှတ်တဲ့စျေးအထိ ပြည့် မီအောင် သွင်းပေးကြရမှာတဲ့။ ဒီ တော့ နောက်ဆုံးကြားရတဲ့ သတင်း အတိုင်း အခုအချိန်မှာကျပ် ၂ဝဝဝဝ စျေးနဲ့ ထွက်ခဲ့ရင် ၂ဝ၁၂ ခုနှစ် အောက်တိုဘာမှာရောင်းထားခဲ့တဲ့ လူတွေ ဆီက ကျပ် ၇ဝဝဝဝ နဲ့ပဲ ပြီးပြတ်ရတော့မှာဖြစ်ပြီး ဒီဇင်ဘာ လမှာ ဝယ်ခဲ့တဲ့ လူတွေဆီက ကျပ် ၅ဝဝဝဝ နဲ့ပဲ စခန်းသိမ်းကြရတော့ မှာကွ။ အရစ်ကျနဲ့ရောင်းထားတဲ့ ဖုန်းတန်ဖိုးက ကျပ် ၂ဝဝဝဝဝ /- ဆိုတော့ ၁ သိန်းသုံးသောင်းကနေ ၁ သိန်း ငါးသောင်းအထိ ဆုံးရှုံး ကြတော့မှာလေ” တဲ့။

မျှော်လင့်ချက်

သည်တော့ မြန်မာပြည်က တယ်လီဖုန်းများနှင့် ပတ်သက်ပြီး အထက်တွင် ဖော်ပြခဲ့သောအခြေအ နေများကို သိရှိနားလည် သဘော ပေါက်လာကြသည့် ကျွန်တော်တို့ ပြည်သူများအနေနှင့် ခံစားမှုအမျိုး မျိုးကို နှစ်ချီခံစားခဲ့ရပါသော်လည်း အမှတ်မရှိကြသေးဘဲ ၂ဝ၁၃ ခုနှစ် ၏ မကြာမီသောကာလ အတွင်းမှာ ဖြင့် ကျပ် ၅ဝဝဝ တန် တယ်လီဖုန်း လေး မဟုတ်ခဲ့လျှင်သော်မှ၊ တန်ဖိုး အမြင့်ဆုံး မြန်မာ့ငွေစက္ကူတစ်ရွက် သို့မဟုတ် နှစ်ရွက်မျှ တန်ကြေးရှိ သော တယ်လီဖုန်းလေးများကို အ သုံးပြုခွင့် ရနိုး၊ ရနိုးဆိုပြီး မျှော်လင့် စောင့်ဆိုင်းနေကြမည် ဖြစ်ပါ ကြောင်း။

ခင်မောင်အေး(ချောက်)Popular Myanmar News Journal 13-2-2013

ယနေ့ခေတ်မှာ မိုလ်ဘိုင်းဖုန်း Brand မျိုးစုံ၊ Model မျိုးစုံကို ကိုယ်စီအသုံးပြုနေကြပြီး Operator တွေလည်း ရရှိလို့နေပါပြီ။ဖုန်း ဆင်းကဒ်တွေလည်းအတော်စျေးပေါနေပါပြီအသစ်တွေမှာပဲ ပျော်ပါးနေတဲ့ ကျွန်တော်တို့ မိုလ်ဘိုင်းဖုန်းတွေရဲ့ သမိုင်းကြောင်းကို ပြန်သွားပြီး လွမ်းဆွေးစရာကိစ္စလေးတွေကိုအစဖော်ပေးလိုက်ပါတယ် ။ ။

ခရက်ဒစ်…#CRDAll Photos #CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
1305
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *