ဗမာ့လွတ်လပ်ရေးအတွက် ပထမဆုံး အကြိမ်အဖြစ်ဝန်စတန်ချာချီ

ဗမာ့လွတ်လပ်ရေးအတွက် ပထမဆုံး အကြိမ်အဖြစ်ဝန်စတန်ချာချီ အစိုးရရုံးစိုက်ရာလန်ဒန်ထိ မြန်မာတွေသွားရောက်တောင်းဆိုခဲ့ကြတာ1941 ခုနှစ်မှာပါ။1941 ခုနှစ်မှာ ဂျာမနီကို စစ်ရှူံးနေတဲ့ အဂ်လိပ်နဲ့စစ်ထဲမဝင်သေးတဲ့ အမေရိကန်နိူင်ငံတို့ကြားမှာအတ္တလန်တစ်ချာတာဆိုတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့တယ်။စာချုပ်ထဲပါသမျှ အတိုချုပ်ကတော့စစ်ရှုံးနေတဲ့ အဂ်လိပ်ကို အမေရိကန်ကအကူအညီပေးမယ်။

အပြန်အလှန်အားဖြင့် စစ်ကြီးပြီးရင် အဂ်လိပ်ကသူ့လက်အောက်ခံကိုလိုနီနိူင်ငံတွေကို စနစ်တကျလွတ်လပ်ရေးပေးရမယ်။အမေရိကန်က အဂ်လိပ်နေရာကို ဝင်ယူမယ်။ဒါကိုသိလို့ လွတ်လပ်ရေးသွားရောက်တောင်းဆိုခဲ့သူကတော့အဲဒီအချိန်တုန်းက ဗြိတိသျှလက်အောက်ခံဗမာပြည်အစိုးရရဲ့ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဦးစောပဲဖြစ်ပါတယ်။သ္ခင်အောင်ဆန်းဟာ အိုက်အချိန်ကတရုတ်ပြည်မှာတရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ကြိုးစားနေဆဲအချိန်။

1941ခုနှစ်ဆိုတာဒုတိယကမ္ဘာစစ် ဖြစ်ခါစ ဂျာရမာန်တွေ စစ်ဦးဘီလူးဥရောပတခွင်မှာ ပန်ဇာတပ်တွေနဲ့ တရကြမ်း အောင်ပွဲဆင် နေကြချိန်။အဂ်လိပ်လက်အောက်ခံ ဗမာပြည်မှာအဂ်လိပ် အခက် ဗမာအချက် ဆိုပြီး စည်းရုံးတက်ကြွနေကြချိန်၊1941 ခုနှစ်ဦးမှာ ဦးစောက Londonထိသွားရောက် တောင်းဆိုခဲ့တာပါ။

ဦးစောက သူ့ရဲ့ London ခရီးစဥ်မှာဗြိတိသျဘားမား ရဲ့ ပထမဆုံး ICS ဦးတင်ထွဋ်ကိုခေါ်သွားခဲ့တယ်။တချိန်ထဲမှာလဲ ဝန်ကြီးချုပ် ဦးစောက မကြာခင် စစ်ထဲဝင်လာတော့မဲ့ ဂျပန်တွေနဲ့လဲ လျို့ဝှက် ဆက်သွယ်ထားပါသေးတယ်။

လက်အောက်ခံ ကိုလိုနီနိူင်ငံတွေအပေါ်မှာ ဘဘောထားတင်းမာတဲ့ ချာချီအစိုးရက ဦးစောတို့ကိုငြင်းလွှတ်လိုက်တယ်။London ကအပြန် ခရီးတထောက်နားရာပေါ်တူကီနိူင်ငံ လစ်စဘွန်း အရောက်မှာဦးစောက ဂျပန်သံရုံးကို လျို့ဝှက်သွားရောက်ဆက်သွယ်ခဲ့တယ်။

ဗြိတိသျှထောက်လှမ်းရေးက သိသွားတော့ဝန်ကြီးချုပ်ဦးစောနဲ့ ဦးတင်ထွဋ်ကို ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီး အာဖရိကယူဂန္ဓာနိူင်ငံမှာထောင်လေးနှစ်ချလိုက်ပါတယ်။ဦးတင်ထွဋ်ကတော့ မကြာခင်မှာ ပြန်လွတ်လာခဲ့တယ်။

ဒီလိုနဲ့ 1900 Born ၊ 1930 ဂဠုန်ဆရာစံ အမှုမှာအဂ်လိပ်အစိုးရကို ဆန့်ကျင်ပြီးဘယ်သူမှ တရားခံရှေ့နေမလုပ်ရဲချိန်မှာ အသက်သုံးဆယ်အရွယ် ရှေ့နေပေါက်စမောင်စောကဆရာစံဘက်က ရှေ့နေလိုက်ပေးရင်းဂဠုန်ဦးစောဖြစ်လာခဲ့သူ 1941ခုနှစ်ရဲ့ ဗမာပြည် ဝန်ကြီးချုပ်ဟာ1941 ကနေ 1944 ထိ ထောင်ကျသွားပါတယ်။.

စိတ်ဝင်စားဖို့ကောင်းတာကဦးစောက သူ့ရဲ့ လွတ်လပ်ရေးတောင်းLondon delegation မှာ အပါခေါ်သွားတဲ့ICS ဦးတင်ထွဋ်ပါ။

ဦးတင်ထွဋ်ကို 1895 Feb တစ်ရက်နေ့မှာမွေးဖွားပါတယ်။ဦးစောထက် ငါးနှစ်ကြီးပြီး၊ ဗိုလ်ချုပ်ထက်အသက်နှစ်ဆယ်ကြီးပါတယ်။ICS ဆိုတာ India Civil Service.British India ထဲက Native အသားညို။အုပ်စိုးသူ ကုလားဖြူတွေရေးတဲ့ စာအုပ်တွေထဲမှာတော့ Bloody black face တွေကိုဗြိတိသျှ ပဋိန်ဥာန် အရ ခန့်အပ်တဲ့ဗြိတိသျှ အရာရှိတွေနဲ့ တန်းတူ ရာထူးပါ။

ICS ဦးတင်ထွဋ် ကိုပဲ ဗိုလ်ချုပ်အောင်ဆန်းကနောင်ခြောက်နှစ်အကြာ 1947မှာအောင်ဆန်း အက်တလီ စာချုပ် ချုပ်ဖို့ London အသွားမှာ ထပ်ခေါ်သွားခဲ့ပြန်ပါတယ်။နန်းရင်းဝန် ဦးစောရော၊ ဗိုလ်ချုပ်အောင်ဆန်းပါအဂ်လိပ်ဆီမှာ လွတ်လပ်ရေးတောင်းတိုင်းEnglish သဘောကိုကျေညက်တဲ့၊ကျွမ်းကျင်တဲ့ဥပဒေပညာ ပြည့်ဝကုံလုံတဲ့ ဦးတင်ထွဋ်ကိုအားကိုးအားထားပြုခဲ့ရပါတယ်။တနည်းအားဖြင့် မြန့်မာလွတ်လပ်ရေးကိုနောက်ကွယ်က ယူပေးခဲ့သူလို့ပြောလို့လဲ ရပါတယ်။

ကိုလိုနီခေတ်မှာ ICS တွေဆိုတာက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။ သမီးရှင်တိုင်းက ဖမ်းချင်နေတဲ့သမက်။လူသိများ ထင်ရှားတဲ့ ICS ကတော့စာရေးဆရာ သိပ္ပံမောင်ဝပေါ့။ဂါတားရွာ ဗိုလ်တဲမှာ ဓါးပြတွေ ပစ်သတ်တာ မခံရခင်တပါတ်လောက်မှာပဲ ICS ဦးတင်ထွဋ်နဲ့ တွေ့ဆုံပြီးအကြံဥာဏ်တောင်းခဲ့ရသေးတယ်။ICS ဦးတင်ထွဋ်ဟာ အဲဒီခေတ်မှာ လူတကာအားကိုးယုံကြည်ရသူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဦးတင်ထွဋ်ဟာ မွေးချင်းခုနှစ်ယောက်ထဲမှာအကြီးဆုံးဖြစ်ပြီး အငယ်ဆုံးညီက ရန်ကုန်တက္ကသိုလ်ရဲ့ပထမဆုံး ပါမောက္ခချုပ် ပါမောက္ခဦးထင်အောင်ဖြစ်ပါတယ်။. . . . . 1947. July. 19 မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတယ်။လွတ်လပ်ခါနီး မြန်မာပြည်မှာ ဒုတိယ ကမ္ဘာစစ်လက်ကျန်လက်နက်တွေကိုင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှိုလိုပေါက်လာတယ်။

ကန္ဒီစာချုပ်အရ အသစ်ပြန်ဖွဲ့တဲ့ မြန်မာ့တပ်မတော်ကအင်အား ၅၂၀၀ ပဲရှိချိန်မှာအင်အားအကောင်းဆုံးက ဗိုလ်ချုပ်လက်ကိုင်တပ် PVOအင်အား 38000 ကွန်ုမြူနစ်တပ်က အင်အား 20000 ကျော်မူဂျာဟစ်ဒင်KNDOစစ်ဝန်ထမ်းတပ်စစ်ရဲတပ်ICS ဦးတင်ထွဋ်ကိုလဲ Burma Auxiliary တပ်ရဲ့သေနာပတိအဖြစ်ခန့်အပ်ကြတယ်။1948 September 18 ရက်နေ့မှာသူ့ကိုယ်ပိုင် စာအုပ်တိုက်ကရုံးဆင်းဖို့ အိမ်အပြန် ဝန်ကြီးများရုံးဘေးရပ်ထားတဲ့ကားစက်နိူးလိုက်ချိန်မှာ ကားဗုံးကွဲပြီးICS ဦးတင်ထွဋ် သေဆုံးခဲ့ပါတယ်။. . .

အလောင်းပြန်မရပေမဲ့သူ့အုတ်ဂူကို အာဇာနည်ကုန်းမှာလေတပ်က လေသူရဲ ဗိုလ်ပီတာနဲ့ အတူတူ ထားခဲ့တယ်။. 1983 အာဇာနည်ကုန်း ဗုံးကွဲပြီးတဲ့နောက်သူနဲ့ ဗိုလိပီတာကို ကြံတောသင်းချိုင်းရွေ့လိုက်ပြီးတဲ့ နောက် သူ့သမိုင်းကအမေ့အလျော့ခံ ဖြစ်သွားတယ်။. . .မြန်မာ့သမိုင်းမှာ အရေးပါခဲ့သူ တစ်ယောက်အ​ကြောင်းပြန်လည်ဖော်ထုတ်ရေးသားလိုက်ရပါတယ်။

Htet Wai Zaw

Likes:
0 0
Views:
917
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *