စိုးလွင်လွင်စိုးလွင်လွင်

စိုးလွင်လွင်စိုးလွင်လွင် (၁၉၆၂၁၉၉၉) သည် ၁၉၈၀ ခုနှစ်များတွင် ထင်ပေါ်ကျော်ကြားသည့်အဆိုတော်တစ်ယောက်ဖြစ်သည်။ အဆိုတော် ကိုင်ဇာ၊ လွှမ်းမိုး၊ မောင်ဂဠုန်တို့အတွက် အောင်မြင်သော သီချင်းများကို ရေးစပ်ပေးခဲ့သည်။

ချစ်လူမိုက်၊ ငယ်သူမို့၊ အမေ၊ မောင်မျက်ရည်ဝိုင်း၊ ကိုယ်ချင်းစာနာခဲ့ရပြီလေ စသော သီချင်းများသည် သူ၏ အောင်မြင်သည့် သီချင်းအချို့ဖြစ်သည်။( ၁)၁၉၉၉ ဇူလိုင် ၂၅ တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။

အလ်ဘမ်များ

ငယ်သူမို့ (၁၉၈၄)

ချစ်လူမိုက်

သူရဲကောင်းဒို့နှလုံသား

ကျွန်တော်မသိတဲ့ကျွန်တော် (၁၉၈၈)

မြင်းရိုင်းတစ်ကောင်

ဆယ်လ်မွန်ငါးတို့အပြန်

မန္တလာမှာဝေတဲ့နှင်း

လူဆိုးတွေနဲ့မောင်တိုင်ပင်

သံယောဇဉ်မြစ်တစ်စင်း

ကာရံသစ်

လက်ဆောင်သစ်

သံစဉ်သစ်

အဆိုတော် စိုးလွင်လွင်အလွမ်းပြေပါ။အဆိုတော် စိုးလွင်လွင်အား၈.၉.၁၉၆၂တွင်မွေးဖွားခဲ့ပြီး ၂၅.၇.၁၉၉၉ တွင် ကွယ်လွန်ခဲ့ပါတယ် ။သူ့ကိုရန်ကင်းဒေသန္တရတွင်မွေးဖွားခဲ့ပြီး မွေးဖွားပေးခဲ့သောဆရာဝန်နာမည်ကိုအစွဲပြုကာ စိုးလွင်လွင်( ခေါ် ) ပိုပို ဟုမှည့် ခေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဂီတကိုရူးသွပ်ခဲ့ပြီး စန္ဒယားတီးသင်ခြင်း၊ ဂစ်တာတီးခြင်းတို့ပြုလုပ်ခဲ့သည်။

သီချင်းအပုဒ်ရေ သုံးရာကျော်ခန့်ရေးသားခဲ့ပြီးတစ်ယောက်တည်းအခွေ၊ အတွဲခွေ ပေါင်းတစ်ရာခန့်ထွက်ရှိခဲ့သည် ။ နာမည်ကြီးအဆိုတော်ဘဝမရောက်ခင်ထဲကတေးသီချင်းများရေးနေခဲ့ပြီး တေးရေးဘဝဖြင့် ကိုင်ဇာ၏အခွေတွင်ရာဇူးကမမ သီချင်းဖြင့်ပါဝင်ခွင့်ရရှိခဲ့သည်။ ၁၉၈၃ခုတွင် ကိုယ်ပိုင်စီးရီး “မင်းထက်သာတဲ့လူ” အားရန်ကြီးအောင်တေးသံသွင်းမှထုတ်လုပ်ဖြန့်ချိခဲ့ပြီးမအောင်မြင်ခဲ့ပါ။

၁၉၈၅ ခုတွင်ဒုတိယခွေ “ချစ်လူမိုက်” အခွေဖြင့် မြန်မာပြည်တစ်ဝှမ်းလုံးထိအောင် အောင်မြင်ခဲ့ပြီးသူရဲကောင်းတို့ရဲ့နှလုံးသားကျွန်တော်မသိတဲ့ကျွန်တော်မာနမျက်နှာမောင့်မျက်ရည်ဝိုင်း…

အစရှိတဲ့ စီးရီးခွေများစွာအပါအဝင်ပြန်ဆိုတေးများ အတွဲခွေ များပါထွက်ရှိခဲ့သည်။အဆိုတော်ပေါင်းမြောက်များစွာအတွက်တေးသီချင်းများရေးသားပေးခြင်း ၊ ရုပ်ရှင်သီချင်းများရေးသားခြင်းများပြုလုပ်ခဲ့သည့် အပြင် ဝထ္ထုတိုများလည်းရေးသားခဲ့သည်။ ကွယ်လွန်ချိန်မှာ သားဒေဝနဲ့သမီးရွှေအိမ်စည်တို့ကျန်ခဲ့ပြီး စိုးလွင်လွင်နဲ့ပက်သတ်တဲ့ အနုပညာအမှတ်တရများကိုဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။

တွေးမိလေတိုင်းငိုချင်တယ်။

တချို့သီချင်းလေးတွေရဲ့ရာဇဝင်ဟာမှတ်တမ်းတင်ထားရလောက်အောင်ခမ်းနားပါတယ်။ကိုင်ဇာ ရေးပြီး စိုးလွင်လွင် ဆိုခဲ့တဲ့”မောင့်မျက်ရည်ဝိုင်း” ဆိုတဲ့ သီချင်းမှာလည်းနောက်ခံ ရာဇဝင်လေး တစ်ခု ရှိနေခဲ့ပါတယ်ဗျာ ။မှတ်တမ်းတင်လိုက်ပါရစေ….. “အောင်ခိုင်မော်” ဆိုတဲ့ နာမည်ကို မိတ်ဆွေတို့ ကြားဖူးကြမလား မဆိုနိုင်ပါဘူး။စိုးလွင်လွင် “ချစ်လူမိုက်” စီးရီးစ် ထဲက”ရင်ဆိုင်စရာစွမ်းအား မရှိတော့လို့ပါ” သီချင်းကအောင်ခိုင်မော် ရဲ့ လက်ရာပါ။

“ပန်းနုရောင် နှုတ်ခမ်းပါးကို နမ်းဖူးသူတစ်ယောက်မို့ပါနောက်ထပ်တစ်ခါ နမ်းခွင့်တော့ လိုချင်တာ”ဆိုတဲ့စာသားမျိုး ကို ရေးနိုင်စွမ်းသူပါ။စိုးလွင်လွင် ဒုတိယစီးရီး “သူရဲကောင်း တို့ရဲ့နှလုံးသား”အခွေမှာလည်း”နှစ်ယောက်အတူ…တို့” ဆိုတဲ့ သီချင်းဟာ အောင်ခိုင်မော် ရဲ့ လက်ရာပါ ။စိုးလွင်လွင် တတိယ စီးရီးစ် “ကျွန်တော် မသိတဲ့ ကျွန်တော်” ထဲက”ဟုတ်ကဲ့ပါ” ဆိုတဲ့ သီချင်းဟာအောင်ခိုင်မော် နဲ့ စိုင်းလတ် နှစ်ယောက်ပေါင်းရေးတဲ့ သီချင်းပါ ။

အောင်ခိုင်မော်ဟာ “မောင့်မျက်ရည်ဝိုင်း” သီချင်းကို ပထမဆုံးသီဆိုခဲ့သူပါ ။အောင်ခိုင်မော် ဟာ ကိုင်ဇာ ပထမဆုံးစီးရီးစ် “အကျည်းတန်၏ အထီးကျန် အတ္ထုပတ္တိ” အခွေထွက်ပြီးသိပ်မကြာခင်မှာပဲ “မောင့်မျက်ရည်ဝိုင်း” နာမည်နဲ့ပဲ စီးရီးထွက်ခဲ့ဖူးသူပါ ။ Success ရဲ့တီးခတ်မှု နဲ့ပါပဲ ။နိုင်မြန်မာဟာလည်း အဲဒီအချိန် (၁၉၈၀ လောက်) ကတည်းကသီချင်းတွေရေးနေခဲ့ပြီလို့ဆိုပါတယ် ။

အောင်ခိုင်မော် ခွေထဲမှာ နိုင်မြန်မာ သီချင်းတွေလည်းပါခဲ့ပါတယ်စိုးလွင်လွင် “ချစ်လူမိုက်” ထဲက သီချင်းတော်တော်များများဟာ အောင်ခိုင်မော် ခွေထဲပါခဲ့တဲ့ သီချင်းတွေပဲလို့သိရပါတယ် ။”မောင့်မျက်ရည်ဝိုင်း” သီချင်းဟာ အောင်ခိုင်မော် ရဲ့ဖီလင်အစစကို ကိုညီ (ကိုင်ဇာ) က အငှားခံစားပေးပြီးသီချင်းရေးပေးခဲ့တာလို့ဆိုပါတယ်။

သူတို့ဇာတ်လမ်းက ရုပ်ရှင်ဆန်ပါတယ်။ ကို Andrew Swe ရေးတဲ့ ကွန်းမန့်လေးကိုဖတ်ကြည့်ရင် ” မောင့်မျက်ရည်ဝိုင်း ” သီချင်းအပြင် “ပုံပြင်လေးဖြစ်သွားပြီ” ဆိုတဲ့ သီချင်းကပါအောင်ခိုင်မော် ရဲ့ ကိုယ်တွေ့ဇာတ်လမ်း ဖြစ်နေတာကိုတွေ့ရမှာပါ။

ဖတ်ကြည့်ပေးကြပါဦး ။…

အောင်ခိုင်မော်ကို မော်ကြီးလို့ခေါ်တယ်။သိစက ဖိုကြီးလို့ခေါ်တာ သတိထားမိတယ်။မေးကြည့်တော့မုဆိုးဖိုကြီးကို အတိုကောက်ခေါ်တာ လို့ပြောတယ် ။သူ့ရီးစားသေသွားလို့ သူ မုဆိုးဖို ဖြစ်သွားပြီပြောတာကနေစနောက်ပြီး ခေါ်ကြတာ။ ခင်သွားမှ တကယ်သေသွားခဲ့တာမဟုတ်ဘူးဆိုတာ သိလာတယ် ။သူ့မှာ ချစ်သူ ” ဝိုင်း “ဆိုတာရှိတယ် ။

ဝိုင်း ရဲ့မိဘကသဘောမတူလို့သူဝိုင်းကို ခိုးပြေးတယ်၃ ရက်လောက်နေတော့လူကြီးစုံရာနဲ့ပြန်အပ်တယ်။သွားတောင်းတဲ့အခါ ဝိုင်းအဖေကမင်းနဲ့ပေးစားမဲ့အစား ငါ့သမီးကိုခွေးအမြှီးဖြတ်ပေးစားမယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့ ဝိုင်းနဲ့မော်ကြီး ကွဲပြီးဖိုကြီး နံမည်ရခဲ့တယ်။ ဒီ ပထမပိုင်းဇတ်လမ်းကိုကိုင်ဇာ ပုံပြင်လေးဖြစ်သွားပြီ ဆိုပြီး သီချင်းရေးခဲ့တယ်။

သီချင်းရှင်ကို ကြင်နာပါ အခွေထဲမှာ ပါတယ်။ဝိုင်းက Botany major။ကျောင်းမှာတွေ့ပေမဲ့သူ့အနားမှာအိမ်ကထဲ့ပေးလိုက်တဲ့အစောင့်အမြဲရှိနေလို့စကားပြောလို့မရဘူး ။ဝိုင်းရဲ့ အမ၀မ်းကွဲတယောက်ကတဆင့်ဝိုင်းကိုအိမ်ထောင်ချပေးဖို့လုပ်တာသိရတယ်။ဝိုင်းက နောက်ဆုံးနှစ်စာမေးပွဲပြီးရင် ယူမယ်လို့ကတိပေးလိုက်တာသိရတယ်။မော်ကြီးလည်း ဒီသတင်းတွေကြားတယ်။သူ့ခံစားချက်တွေကိုအခွေထုတ်ချင်တယ်ပြောတာနဲ့ မေမှာ မောင့်မျက်ရည်ဝိုင်း အခွေ သွင်းခဲ့တယ် ။

ကိုင်ဇာ ကအခွေခေါင်းစဉ် မောင့်မျက်ရည်ဝိုင်းသီချင်းပေးခဲ့တယ် ။အခွေကာဗာက သတို့သမီး၀တ်စုံနဲ့အမျိုးသမီးပုံ။အခွေထွက်တော့ဝိုင်းအမ၀မ်းကွဲကတဆင့်အခွေကို ဝိုင်းလက်ထဲ ကို ထဲ့လိုက်တယ် ။အခွေနားထောင်ပြီး ဝိုင်းမော်ကြီးကိုပြန်ဆက်သွယ်တယ်ပြောတယ်၀ိုငျး မင်္ဂလာဆောင်ပွဲလုပ်ခါနီး တပါတ်အလို မှာဝိုင်းကဘေးအိမ်ခဏသွားမယ်ပြော ပြီးအိမ်ကထွက် ဘေးအိမ်ရှေ့ မှာကားနဲ့စောင့်နေတဲ့မော်ကြီးနောက်တခါတည်းလိုက်သွားခဲ့တယ်။ဒီတခါတော့ပြန်မအပ်တော့ဘူး ။

ဒီလို နဲ့ဝိုင်း နဲ့မော်ကြီး ပြန်ပေါင်းထုတ်ခဲ့တယ်။ကျနော်တို့သူငယ်ချင်းအုပ်စုထဲမှာအရင်ဆုံးမိန်းမ ရခဲ့သူမို့ကျနော်တို့ရဲ့နေ့စဉ် မျိုးစုံ နောက်ပြောင်ခြင်းကိုခံခဲ့ရသူ တစ်ယောက်ပါ ။ အခုတော့ အောင်ခိုင်မော် ဟာကွယ်လွန်ခဲ့ပြီးပါပြီ။တချို့ သီချင်းလေးတွေရဲ့ ရာဇဝင်ဟာမှတ်တမ်းတင်ထားရလောက်အောင်ခမ်းနားပါတယ်။

“မောင့်မျက်ရည်ဝိုင်း” သီချင်းကြောင့်ကွဲကွာကြမလို ဖြစ်နေတဲ့အောင်ခိုင်မော် တို့ ချစ်သူနှစ်ဦးဟာပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါသတဲ့ပြန်ပြောပြပေးခဲ့ကြတဲ့ ကိုညီ Kaizar N Win နဲ့ ကို Andrew Sway ကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

Credit Ko Blackchaw#KoTinNaingOoTeddy shares.Thang Hao Len Pao

Likes:
0 0
Views:
3552
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *