ငဇင်ကာအကြောင်း

ငါးတန်းကထင်တယ်။

ငဇင်ကာအကြောင်းသင်ရတယ်။ပေါ်တူဂီလူမျိုးသံလျှင်မြို့စား၊နောက်ပိုင်းတံစို့ထိုးအသတ်ခံရတဲ့သူ။ငဇင်ကာနဲ့တွဲပြီးတောင်ငူဘုရင်နတ်သျှင်နောင်နဲ့ဓါတုကလျှာ…..။သံလျှင်မှာအခုထိပေါ်တူဂီဘုရားကျောင်းပျက်၊ငဇင်ကာအုပ်ဂူ၊နတ်သျှင်နောင်တည်ထားတဲ့ဘုရားရှိသေးတယ်။ပေါ်တူဂီလူမျိုးကြေးစားစစ်သားကုန်သည် Filipe De Brito E Nicote ကိုမြန်မာက (ငဇင်ကာ)ခေါ်ပါတယ်။

သူ့ကို ၁၅၆၆ ခုနှစ်ပေါ်တူဂီနိုင်ငံ Lisbon မှာမွေးခဲ့တယ်။အဖေပြင်သစ်အမေပေါ်တူဂီလူမျိုးကမွေးခဲ့တဲ့ Filipe ဟာအရှေ့တောင်အာရှကိုသာမန်သဘောင်္သားလေးအဖြစ်မထင်မရှားရောက်လာခဲ့တယ်။Filipe ရဲ့လုပ်ရည်ကိုင်ရည်ကြောင့်ရခိုင်ဘုရင်မင်းရာဇာကြီးလက်အောက်မှာသာမန်သဘောင်္သားလေးကနေကြေးစားစစ်သားအဖြစ်အမှုထမ်းခွင့်ရခဲ့တယ်။

ရခိုင်ဘုရင်ဆီမှာနေရာရလာတဲ့Filipe ဟာတိုက်သင်္ဘော ၃ စင်းပေါ်တူဂီရခိုင်ရဲမက်စုစုပေါင်း ၃၀၀၀ နဲ့အတူရခိုင်ကနေသံလျင်လာတိုက်ခိုက်သိမ်းပိုက်ပြီး ၁၅၉၉ ခုနှစ်မှာသံလျင်ရယူခဲ့ပြီးသူ့ကိုယ်သူသံလျင်မြို့စားအဖြစ်ခန့်အပ်ခဲ့တယ်။အင်အားကြီးလာတဲ့သံလျှင်စား Filipe ဟာသံလျင်မှာသူ့လူမျိုးပေါ်တူဂီစစ်သားတွေအခြေချနေထိုင်ဖို့ခံတပ်စစ်စခန်းအခိုင်အမာဆောက်လုပ်ပြီးသူ့အလုပ်ရှင်ရခိုင်ဘုရင်ဆီကလွတ်လပ်ရေးတောင်းဆိုပြီးသီးခြားရပ်တည်ဖို့ကြိုးစားခဲ့တယ်။F

ilipe သိမ်းပိုက်ထားတဲ့ပဲခူးမြစ်ကမ်းဘေးတံငါရွာသံလျင်ဟာအရင်ကဟံသာဝတီဘုရင်လက်အောက်ခံဆိပ်ကမ်းမြို့လေးဖြစ်ပြီးနောက်ပိုင်းတောင်ငူဘုရင်လက်အောက်ခံဆိပ်ကမ်းမြို့ငယ်လေးဖြစ်ခဲ့ပါတယ်။၁၆၀၃ ခုနှစ်မှာတောင်ငူဘုရင်နဲ့ရခိုင်ဘုရင်မဟာမိတ်လုပ်ပြီး ယ Filipe ကိုဝိုင်းတိုက်လို့မြောက်ဦးဘုရင်အိမ်ရှေ့စံမင်းခမောင်းကို Filipe ကလက်ရဖမ်းဆီးပြီးသူသိမ်းပိုက်ထားတဲ့သံလျင်လွတ်လပ်ရေးကိုအသိအမှတ်ပြုပေးဖို့အကြပ်ကိုင်တောင်းဆိုခဲ့တယ်။

ကြံရည်ဖန်ရည်ရှိတဲ့ Filipe ဟာမုတ္တမင်းမွန်ဘုရင်ဗညားဒလရဲ့သမီးတော်ကိုလက်ထပ်ခဲ့ပြီးသံလျင်မြို့ကိုသူပိုင်စိုးထားတာပိုပြီးတည်မြဲအောင်ကြံဆောင်ခဲ့တယ်။Filipe ဟာအိန္ဒိယအနောက်မြောက်ဘက်အင်္ဂလိပ်အုပ်ချူပ်ရေးရုံးစိုက်တဲ့ဆိပ်ကမ်းမြို့ဂိုအာ(GOA) ကိုပြန်ပြီးသူ့ကိုယ်သူသံလျင်စစ်ဦးစီးချူပ်၊ပဲခူးအောင်နိုင်သူဗိုလ်ချူပ်ကြီး၊ပဲခူးဘုရင်စတဲ့နာမည်အမျိုးမျိုးနဲ့သူသံလျင်ကိုအပိုင်စားတာတရားဝင်ဖြစ်စေနိုင်ဖို့ပေါ်တူဂီဘုရင့်ခံရုံးတော်ရှိတဲ့ Goa မှာဆောင်ရွက်ခဲ့တယ်။Filipe ဟာသူ့ပေါ်တူဂီတပ်ကိုမွန်တွေဆီအခကြေးငွေနဲ့ငှားပြီးကျူးကျော်သူဗမာတပ်ကိုဝိုင်းခုခံတိုက်ခိုက်ပေးခဲ့တယ်။

တောင်ငူကိုအင်းဝဘုရင်ဝင်တိုက်တော့ Filipe ဟာယိုးဒယားအယုဒ္ဒယဘုရင်လက်နက်ဆင်ပေးထားတဲ့ မွန်ဘုရင်ဗညားဒလနဲ့အတူတောင်ငူကိုစစ်ကူပေးခဲ့တယ်။အင်းဝဘုရင်တိုက်လို့တောင်ငူကျသွားတဲ့အခါ Filipe ဟာတောင်ငူကရသမျှအဖိုးတန်ပစ္စည်းတို့နဲ့အတူဘုရင်နတ်ရှင်နောင်ကိုခေါ်ပြီးသံလျင်ပြန်လာခဲ့တယ်။Filipe ဟာအမြာက်ကျည်ဆံရဖို့သံလျင်မှာရှိတဲ့ဘုရားကျောင်းကန်ကြေးဆင်းတုတော်များကျိုချက်ပြီးကျည်ဆံလက်နက်ထုတ်လုပ်ခဲ့တယ်။

၁၆၁၃ ခုနှစ်မှာတောင်ငူဘုရင်အနောက်ဘက်လွန်မင်းဟာသံလျင်ကိုတက်သိမ်းပိုက်ခဲ့ပြီးဧပြီလမှာ Filipe နဲ့နတ်ရှင်နောင်ကိုဗုဒ္ဓဆင်းတုတော်ဖျက်ဆီးမှုနဲ့စွဲချက်တင်ပြီးတံစို့ထိုးသုတ်သင်ခဲ့တယ်။တောင်ငူဘုရင်ဟာ Filipe နောက်လိုက်ပေါ်တူဂီလူမျိုး ၅၀၀၀ ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းခံရပြီးအင်းဝကိုပို့တယ်။

ပေါ်တူဂီအချို့ကိုစစ်ဘက်အကြံပေးအဖြစ်တောင်ငူဘုရင်ကပြန်ခန့်အပ်ခဲ့တယ်။ပေါ်တူဂီသုံ့ပန်းကိုနောင်တိုင်းပြည်အရေးအရာအာဏာလုပွဲတွေမှာမပါလာအောင်မူးမြစ်ဝှမ်းတစ်ဝိုက်မှာသေချာစီစဉ်ပြီးလုပ်ကိုင်စားသောင်နိုင်အောင်စံနစ်တကျအင်းဝဘုရင်ကနေရာချပေးခဲ့တယ်။ဒီနေ့ထိပေါ်တူဂီအနွယ်ဝင်တွေကိုစစ်ကိုင်းတိုင်းမူးမြစ်ဝှမ်းတစ်ဝိုက်မှာတွေ့နေရပါသေးတယ်။

မူးမြစ်နဲ့ချင်းတွင်းမြစ်ဝှမ်းကြားမှာနေထိုင်ကြတဲ့ Catholic ဘာသာကိုးကွယ်ကြသူထဲမှာနှာခေါင်းရှည်ရှည်၊မျက်လုံးညိုညိုစစ်သုံ့ပန်းပေါ်တူဂီအဆက်အနွယ်များဒီနေ့ထိတွေ့မြင်နိုင်ပါသေးတယ်။

သာမန်သဘောင်္သားလေးဘဝကနေတစ်ပြည်တစ်ရွာမှာဘုရင်ခံတက်လုပ်နိုင်ခဲ့တဲ့ငဇင်ကာခေါ်တဲ့ပေါ်တူဂီလူမျိုးနယ်ပယ်သစ်ရှာဖွေသူစွန့်စားရေးသမား Filipe De Brito E Nicote ကိုနယ်ချဲ့သမားဆိုပြီးမြန်မာ့သမိုင်းမှာခပ်မှိန်မှိန်ပဲနေရာပေးထားပါတယ်။

Ref: Wikipediaလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
1440
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *