“သုံးဘီးကား”

ရန်ကင်းလမ်းမပေါ်ခဏလာရပ်တဲ့သုံးဘိမ်း(သုံးဘီး)ကားကိုစာတိုက်(ဟောင်း)ဘေးကွင်းထဲတွန်းပြီးဖွက်ထားတယ်။ပိုင်ရှင်ကသူ့ကားအသည်းအသန်လိုက်ရှာနေတာတိုက်ကြားထဲကပုန်းကြည့်ပြီးဟီးဟီးဟားဟားလုပ်ခဲ့ဖူးတယ်

။၅ နှစ်သားလောက်ကအဖေခရီးထွက်တာ မလိုက်ရလို့သုံးဘီးကားကိုအနောက်ကငိုပြီးဆွဲထားဘူးတယ်။အမေနဲ့အမတွေကဝိုင်းချော့မော့ပြီးအိမ်ထဲပြန်ခေါ်သွားတယ်တဲ့။သုံးဘီးကားခေါ်တဲ့ MAZDA K360 ကို ဂျပန်နိုင်ငံမှာ ၁၉၅၉ -၁၉၆၉ ခုနှစ်အတွင်းထုတ်လုပ်ရောင်းချခဲ့တယ်။ အစီးရေ နှစ်သိန်းရှစ်သောင်းတိတိထုတ်လုပ်ခဲ့တယ်။

သုံးဘီးကားကိုအပြည်ပြည်ဆိုင်ရာကားစျေးကွက်မှာ MAZDA MAZDAGO ခေါ်တယ်။ဂျပန်ထုတ်ခဲ့သမျှဘီးသုံးဘီးကားထဲမှာသုံးဘီးခေါ်တဲ့ MAZDA K360 ကလူကြိုက်အများဆုံးပါ။

သုံးဘိန်း (သုံးဘီး) ကားကိုဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာရှိတဲ့ Toyo Kogyo ကုမ္ပဏီကထုတ်လုပ်ခဲ့တာပါ။Toyo Kogyo ကုမ္ပဏီသုံးဘီးကားထုတ်လုပ်ရတဲ့အဓိရည်ရွယ်ချက်က ဂျပန်နိုင်ငံရဲ့ကျဉ်းမြောင်းတဲ့လမ်းအတွက်ဖြစ်ပါတယ်။Mazda သုံးဘီးကားအောင်မြင်လို့ အခြားဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ Daihatsu , Mitsubishi တို့လည်းသုံးဘီးကားအမျိုးအစားကိုထုတ်လုပ်လာကြပါတယ်။

Toyo Kogyo ကုမ္ပဏီရဲ့မူလနာမည်က Toyo Cork Gogyo ဖြစ်ပါတယ်။ ကုမ္ပဏီပထမဆုံးဥက္ကဋ္ဌနာမည်က Mr. Matsuda ဖြစ်ပါတယ်။ Matsuda ရဲ့အသံထွက်က Mahtsda (မတ်ဇဒါ) ဖြစ်ပါတယ်။’ မတ်ဇဒါ ‘ ဆိုတာ ဂျပန်ရိုးရာအလင်းရောင်နဲ့ဆိုင်တဲ့နတ်ဘုရားတစ်ပါးနာမည်ပါ။Mahtsda ကိုအနီးစပ်ဆုံးအင်္ဂလိပ်အသံထွက် MAZDA နဲ့အသံဖလှယ်ထားတာပါ။

အမေရိကန်ကမ္ဘာကျော် Sotheby’s လေလံမှာ ၁၉၆၀ ထုတ်သုံးဘီးကားကို အမေရိကန်ဒေါ်လာ ၂၅,၃၀၀/ နဲ့ရောင်းထွက်ထားပါတယ်။သုံးဘီးကားအချက်အလက်အချို့….ကား အရှည် ၂.၉၇၅ မီတာ ၊ ဗျတ် ၁.၂၈ မီတာ၊ အမြင့် ၁.၄၃ မီတာ၊ အလေးချိန် ၄၈၅ ကီလိုရှိပါတယ်၊356 cc အင်ဂျင်ဖြစ်ပြီး 2Cyl,4 stroke ပါ။

အမြန်ဆုံး ၁ နာရီ ၆၅ ကီလိုမီတာ မောင်းနိုင်ပါတယ်။နောင်တအရဆုံးကသူငယ်ချင်းတွေနဲ့ သုံးဘီးကားစုငှားစီးပြီးကားခမပေးပဲယာဉ်မောင်းကိုရန်လုပ်ခဲ့တာကိုပါ။

အခုနေအဲ့ဒီယာဉ်မောင်းကိုအခွင့်ရရင်ထိုင်ကန်တော့ပြီးတောင်းပန်ချင်ပါတယ်။

Ref:Googleလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
1069
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *