ဂျစ်ကား

လူဆိုးများသည်မင်းသမီးကိုကားပေါ်ပွေ့တင်၍ ကားကိုအပြင်းမောင်းထွက်သွားသည်ဆိုပြီးအရင်ဝတ္တုထဲပါတဲ့နာမည်ကျော်ကားကဂျစ်ကားပါ။မြန်မာ့သမိုင်းမှာအမဲစက်ထင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရမှုမှာလူသတ်သမားတွေစီးလာတာဂျစ်ကားပါပဲ။

ခေတ်အဆက်ဆက်သင်္ကြန်မှာဂျစ်ကားမပါရင်ပွဲမစည်ပါဘူး။ရေပက်ခံထွက်တဲ့ကားမှာဂျစ်ကားအများစုပါ။တစ်ချိန်ကအောင်မြင်ခဲ့တဲ့မြန်မာ့ရုပ်ရှင်ကားတွေမှာဂျစ်ကားမပါလို့မဖြစ်ဘူး။

ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်စစ်တပ်အတွက်အထူးထုတ်လုပ်တဲ့ Willys MB နဲ့ Ford GPW မော်ဒယ် ¼ တန် FWD (Four Wheel Drive) ကို ဂျစ်(Jeep) ကားတကမ္ဘာလုံးကခေါ်ကြတယ်။မဟာမိတ်စစ်တပ်ကိုစစ်ယာဉ်ယန္တယားအထောက်အပံ့ပေးနိုင်ဖို့အထူးထုတ်လုပ်ခဲ့တဲ့ကားပါ။ဂျစ်ကားကကမ္ဘာ့ပထမဆုံး FWD ကားအမျိုးအစားပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းထုတ်လုပ်ခဲ့တဲ့ဂျစ်ကားကိုအရပ်ဘက်သုံးဂျစ် CJ (Civilian Jeep)ခေါ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွက်အမေရိကန်ထုတ်လုပ်ခဲ့တဲ့ဘီးတပ်စစ်ကား ၁၈% ကဂျစ်ပါ။

Ford နဲ့ Willys ထုတ်လုပ်တဲ့ဂျစ်ကားပစ္စည်းအစိတ်အပိုင်းကိုအပြန်အလှန်တပ်ဆင်နိုင်ပါတယ်။ဂျစ်ကား အချက်အလက်အချို့။

Type …….¼ Ton, 4 x 4

လုပ်ငန်းသုံး ထရပ်ဒီဇိုင်းရေးဆွဲသူ…. Karl, Delmar, Willys

ထုတ်လုပ်သူ……. Willys .

Fordအစီးရေ… ၆သိန်း ၄ သောင်း ကျော်

အလေးချိန်…… ၁၁၁၃

ကီလိုအင်ဂျင် ……… 2.2 L , 60HP

ဆီတိုင်ကီ …… ၁၅ US ဂါလံအမြန်နူန်း …… တစ်နာရီ ၆၅ မိုင် Jeep နာမည်ဖြစ်လာတာနဲ့ပတ်သက်ပြီးအယူအဆအမျိုးမျိုးရှိတယ်။အထင်ရှားဆုံးကJeep ဆိုတာ GP ကနေဖြစ်လာတာ။

အထွေ ထွေလုပ်ငန်းသုံးစစ်သုံးယာဉ်ကို GP (General/Government Purpose) ခေါ်တယ်။ GP ခေါ်တာကြာတော့ Jeep ဖြစ်လာတာပါ။ဒီနေ့အမေရိကန်စစ်ပွဲတွေမှာနာမည်ကြီးနေတဲ့ဂျစ်မျိုးဆက်သစ်က Humvee ပါ။

မြန်မာဘောစိ အချို့ကြိုက်တဲ့ Hummer နဲ့ Humvee မတူပါဘူး။Hummer ကို အမေရိကန်ကုမ္ပဏီ AM General ကထုတ်ပြီး GM (General Motor) ကတကမ္ဘာလုံးကိုဖြန့်ချီပါတယ်။

မဝေးသေးတဲ့အချိန်ကဂျစ်ကားတခေတ်ဖြစ်ခဲ့သေးတယ်။ရှမ်းတား၊ ရိုးမရာဇာ၊ဂျစ်ပု ၊မုံရွာဇုံဂျစ်။အခုတော့အကုန်ကြက်ပျောက်ငှက်ပျောက်သံရည်ကျိုစက်မီးသင်းဖိုထဲရောက်သွားပြီးလား။

ဖျက်သိမ်းစာရင်းဝင်လို့မီးသင်းဖိုမရောက်သေးခင်ရွာမ၊မြင်းခြံ သံစက်ရုံဝင်း ထဲမှာတစ်စစီကျိုးပဲ့ရုပ်ပျက်ဆင်းပျက်သံတိုသံစပုံဖြစ်နေပြီလား။

၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်ဗိုလ်ချူပ်ကြီးပက်တန် (Gen. Patton)ကိုယ်တိုင်ဂျစ်ကားကိုကာလီဖိုးနီးယားသဲကန္တရတစ်ခုထဲမှာလေ့ကျင့်မောင်းနှင်နေတာကိုစီးကြည့်နေတဲ့ပုံပါ။

Ref:Googleလွင်ဦး(ရန်ကင်း) #lwinooyankin

Likes:
0 0
Views:
517
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *