၈၈ တုန်းက ဆရာကြီးတင်မိုးရေးခဲ့တဲ့ နာမည်ကျော်ကဗျာတစ်ပုဒ်

သမိုင်းစာမျက်နှာကဒဏ်ရာများ

(၁)သမိုင်း မျက်နှာစာမှာရှက်စရာ အထုပ်အပိုးတွေနဲ့ကုပ်ကျိုးအောင် ထမ်းခဲ့ရ။ ဘယ်လမ်းက လျှောက်ဘယ် တံခါးပေါက်ကို ဝင်ပြီးဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့စိတ် ချောက်ချားနေခဲ့ပြီ။

(၂)အမှန်တရား အမှန်တရားနဲ့အသံသာ ကြားနေရဘယ်နားကမှန်း ငါမသိ။ တုံးပိတဲ့ ဖားမြှူံးမိတဲ့ ငါးပမာရုန်းကြည့်တဲ့ အားလည်းနုံးချိလို့ သွားရော့ထင့်တရားတွေ ပျောက်အမှားတွေ ဖောက်သနဲ့ကျားကြောက်လို့ ရှင်ကြီးကိုးရှင်ကြီး ကျားထက်ဆိုးသည့်နှယ်အမျိုးမျိုး ကြုံအဆိုးမျိုး စုံခဲ့ပြီ။ မနုဿဘုံပေမို့ဒုက္ခ စုံလေရော့သလားကွယ်ရို့။

(၃)တစ်ယောက်နဲ့ အများတစ်ယောက်က ဓားနဲ့မို့အများက အရာမဝင်တာအာဏာရှင် စနစ်ပဲ။ဒီအာဏာရှင် စနစ်ဆိုးကိုငါတို့ မရှိခိုးနိုင်။လက်နက် တကားကားရက်စက်သလားမမေးနဲ့တို့သွေးများ ချောင်းစီးလို့မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကိုထုံးသုတ်လို့ ဖြူမတဲ့လား။

(၄)လိမ်လုံး ညာလုံးတွေကိုငါ အင်မတန် မုန်းမိတယ်ငါ အရှုံးမပေးနိုင်။စစ်အာဏာရှင် သေနတ်ကို ကြောက်လို့ငါ တို့ လက်မြှောက်ရရင်ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီးတို့နိုင်ငံ အသက်သေလိမ့်မယ်။ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီးတို့တတွေ ငရဲရောက်လိမ့်မယ်။

အရူး ငပေါက်တွေကိုဒူး မထောက်ကြနဲ့ဟေ့။ခွပ်ဒေါင်းအလံ ကိုင်စွဲပြီးရဲရဲကြီး ရှေ့တက်ရင်သင်း တို့တတွေ သွေးပျက်မယ်တစ်လက်မမျှ နောက်မဆုတ်ကြနှင့်အဓမ္မသမား လူရမ်းကားတွေကိုလားလားမျှ လက်မမြှောက်နဲ့။

(၅)လက်နက်နဲ့ လူသားလူသားက လက်နက်ကို အရှုံးပွဲနဲ့ဗုန်းဗုန်းလဲရရင်သမိုင်း စာမျက်နှာမှာအရိုင်းဒဏ်ရာတွေ ပါရော့မယ်။အမှန်ဟာ အင်အားအချိုဟာ ဘယ်တော့မှမခါးအမှန်ဟာ ဘယ်တော့မှမမှားတရားသည်သာ ဓားကိုယ့်အားကို ကိုယ်ယုံကြည်ဒီမိုကရေစီ တံခါးကိုဖွင့်ရင်းတရားနှင့် စောင့်နေမယ်။

တင်မိုး ၂၆ – ၁၂ -၁၉၈၈

( Page Review လုပ်ပေးခြင်းဖြင့် ကျွန်တော့်ကို ပြန်ကူညီနိုင်ပါတယ်ခင်ဗျာ )

ကောင်းစံသာ – Y.K

Likes:
0 0
Views:
1150
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *