အမျိုးသားနေ့နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခြင်း

တက္ကသိုလ်ဥပဒေတိုက်ဖျက်ရေးအစည်းအဝေးကျင်းပပြီးအောက်ပါအတိုင်း ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်-

(၁) ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ရန်ကုန်ကောလိပ်ကျောင်းသို့ လာရောက်ပြီး “မြန်မာနိုင်ငံတွင် ရန်ကုတက္ကသိုလ်ဖွင့်လှစ်ကြောင်း”ကြေငြာသောအခါ ကောလိပ်ကျောင်း ၂ ကျောင်းရှိ ကျောင်းသားကြီးများသည် ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီ ဟု အော်ဟစ်ကာ ကျောင်းမှ ထွက်လာရန် ။

(၂) သပိတ်မှောက်ပြီးမှ ထိုရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာများ အထက်တန်းပညာသင်ကြားရေးအတွက် နစ်နာအောင် ချုပ်ချယ်သည့် ဥပဒေများဖြစ်၍ ယင်းတို့ကို ပြုပြင်ရန် အင်္ဂလိပ်ေျူရိုကရက်အစိုးရသို့ တောင်းဆိုရန် ။

(၃) ပြုပြင်ပေးရန်တောင်းဆိုသော အချက်များကို ပြုပြင်၍မပေးသမျှကာလပါတ်လုံး ကျောင်းပြန်၍ မတက်ရန် ။

ကောလိပ်ကျောင်း(၂)ကျောင်းက ကျောင်းသားကိုယ်စားလှယ်တွေက ၂၆ ယောက်ရှိပါတယ် ။

(၁) ကိုဘရှင် ဘီအက်စီအထက်တန်း

(၂) ကိုညီပိတ် ဘီအက်စီအထက်တန်း

(၃) ကိုဖိုးကွန်း ဘီအက်စီအထက်တန်း

(၄) ကိိုအေး ဘီအေအထက်တန်း

(၅) ကိုလှတင် ဘီအေ အထက်တန်း

(၆) ကိုဖေသိန်း အိုင်အေအထက်တန်း

(၇) ကိုထွန်းဝင်း အိုင်အေအထက်တန်း

(၈) ကိုဘရှင် အိုင်အေအထက်တန်း

(၉) ကိုဘခင် အိုင်အေ အထက်တန်း

(၁၀) ကိုအောင်ဒင် အိုင်အေ အထက်တန်း

(၁၁) ကိုဘဦး ကောင်စီဥက္ကဋ္ဌ ဘီအေအထက်တန်း

(၁၂) ကိုလှစိန် ဥပဒေပညာ

(၁၃) ကိုလှစိန် ဥပဒေပညာ

(၁၄) ကိုဘတင် ဥပဒေပညာ

(၁၅) ကိုမြ ဘီအက်စီအထက်တန်း

(၁၆) ကိုမြင့် နေရှင်နယ်ဦးမြင့်

(၁၇) ကိုစိုးဝင်း ဘီအေအထက်တန်း

(၁၈) ကိုဖိုးလတ် ဘီအေအထက်တန်း

(၁၉) ကိုထွန်းဖေ အိုင်အေအထက်တန်း

(၂၀) ကိုဘဟန် ဘီအေအထက်တန်း

(၂၁) ကိုဘကျော် အိုင်အေအထက်တန်း

(၂၂) ကိုလူဖေဝင်း ဘီအေအထက်တန်း

(၂၃) ကိုမောင်ကို ဘီအေအထက်တန်း

(၂၄) အီးမောင်စိန် ဘီအေအထက်တန်း

(၂၅) အန်စီဆင်း ဘီအေအထက်တန်း

(၂၆) မစ္စတာဘိုစ့်

သပိတ်မှောက်တာက ဒီဇင်ဘာ ၅ ရက်နေ့မှာပါ။ မူလစီစဉ်ထားတာက ၇ ရက်နေ့ပဲ၊ သတင်းပေါက်ကြားလို့ ၅ ရက်နေ့ပြောင်းလိုက်တာပါ ။ မှတ်မှတ်ရရပဲ မြန်မာပြည်မှာရှိတယ့် ရုံးပိတ်ရက် အထိမ်းအမှတ်နေ့တွေထဲမှာ အမျိုးသားနေ့တစ်ရက်ပဲ မြန်မာလို တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အဖြစ် သတ်မှတ်ထားတာ ။

သပိတ်မှောက်ပြီးတော့ လိုလားချက်တွေ တောင်းဆိုကြတယ်။ ဥပဒေပြင်ပေးသည်ဖြစ်စေ မပြင်သည်ဖြစ်စေ အမျိုးသားကျောင်းများ တည်ထောင်ရန် စတင်လှုံ့ဆော်သူက မစ္စတာအဘစ်ထရဂျီ က ဗဟန်းသပိတ်စခန်းကို လာရောက်ပြောဆိုပါတယ်။ ကျောင်းသားများဘက်မှ ရပ်တည်သော ဆရာများကလည်း ဗဟန်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက လာရောက်သင်ကြားပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ မှာ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်မှာ ပြည်လုံးကျွတ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ထိုအစည်းဝေးကို လူကြီးမိဘများဖြစ်သော ဦးဖိုးအောင်၊ ဦးဖိုးထက်၊ ဦးကိုကို၊ ဦးသင်းမောင်၊ အက်စ်အက်စ်ဟော်ကား၊ အက်စ်အေအက်စ် ထရပ်ဂျီတို့က ဦးဆောင်ကျင်းပပြီး ၄င်းပွဲမှာဘဲ ဦးဖိုးတာကို ဥက္ကဋ္ဌ တင်မြှောက်လိုက်တယ်။ အဲ့ဒီအစည်းဝေးမှာဘဲ မြန်မာနိုင်ငံတိုင်းရင်းသားယူနီဗာစီတီ သိပ္ပံကျောင်းတော်ကြီး မဖြစ်မနေ တည်ထောင်ကြရန် ဆုံးဖြတ်လိုက်ကြတယ် ။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ရွှေကျင်ကျောင်တိုက်ကြီးမှာ သပိတ်မှောက်ကျောင်းသားတွေဟာ ကျောင်းသားထု အစည်းဝေးကြီး ကျင်းပခဲ့တယ်။ ကျောင်းအာဏာပိုင်တွေက ရက်အကန့်အသတ်နဲ့ ကျောင်းပြန်တက်ဖို့ ခြိမ်းခြောက်တာကို တုံ့ပြန်တယ့်အနေနဲ့ ကျင်းပပြီးတော့ အောက်ပါကျောင်းသားတွေဟာ မိမိတို့ရဲ့ ကောလိပ်ကျောင်းဝင်စာရင်းကို ပါယ်ဖျက်ပေးရန်၊ နှုတ်ပါတယ်ပေးရန် အမည်စာရင်း တင်သွင်းကြပါတယ်-

ရန်ကုန်ကောလိပ် ၊ ဘီအေအထက်တန်း (၈၃) ယောက်

ရန်ကုန်ကောလိပ် ၊ ဘီအက်စီအထက်တန်း( ၃၃)ယောက်

ရန်ကုန်ကောလိပ် ၊ဘီအေအောက်တန်း(၃၁)ယောက်

ရန်ကုန်ကောလိပ် ၊ ဘီအက်စီအောက်တန်း(၁၅)ယောက်

ရန်ကုန်ကောလိပ် ၊အိုင်အေအထက်တန်း(၇၅)ယောက်

ရန်ကုန်ကောလိပ် ၊ အိုင်အက်စီအထက်တန်း(၈၇)ယောက်

ရန်ကုန်ကောလိပ် ၊ အိုင်အေအောက်တန်း(၃၈)ယောက်

ရန်ကုန်ကောလိပ် ၊၊ အိုင်အက်စီအောက်တန်း(၁၀၁)ယောက်

ယုဒသန်ကောလိပ်၊ ဘီအေအထက်တန်း(၈)ယောက်

ယုဒသန်ကောလိပ်၊ ဘီအေအောက်တန်း(၆)ယောက်

ယုဒသန်ကောလိပ်၊ အိုင်အေအထက်တန်း(၁၈)ယောက်

ယုဒသန်ကောလိပ်၊ အိုင်အေအောက်တန်း(၁၁)ယောက်

ယုဒသန်ကောလိပ်၊ အိုင်အက်စီအောက်တန်း(၈)ယောက် ။ စုစုပေါင်း( ၅၀၄)ယောက် ဖြစ်ပါတယ်။နာမည်တွေနဲ့တကွ ရှိပါတယ်။ ဒါပေမယ့် ရေးရင် နေရာမလောက်လို့ပါ ။

၁၉၂၀ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ GCBA အသင်းက ပြည်လုံးကျွတ်အစည်းဝေးခေါ်ပြီး တစ်နိုင်ငံလုံးရှိကျောင်းများ မတက်ရန် တိုက်တွန်း၊ အစိုးရက ၁၉၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ နောက်ဆုံးထား ကျောင်းပြန်တက်ရန် အမိန့်ထုတ်လာသည် ။

၁၉၂၁အတွင်း ရန်ကုန်မြို့မ တိုင်းရင်းသားကျောင်းနှင့် တိုင်းရင်းသားအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ သြဂုတ်လတွင် ဗဟန်း ဦးအရိယကျောင်းတိုက်တွင် အမျိုးသားကောလိပ်သိပ္ပံကျောင်းတော်ကြီးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ နယ်တွေမှာလည်း ကျောင်းတွေဖွင့်ပေးပြီး ဆရာများနှင့် ကျောင်းသားလက်တွဲ၍ တိုင်းရင်းသားကျောင်းသားများသမဂ္ဂများကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည် ။

ဆက်ရေးမလို့ပါပဲ၊ အမျိုးသားကျောင်းများ ပြိုကွဲရခြင်းအကြောင်းအရာကိုရောက်တော့ နိုင်ငံရေးအာဏာအတွက် စမန်ခုတ်နေတယ့် မြန်မာ့အမတ်များနဲ့ အုပ်စုကွဲနေတယ့် ပါတီဝင်တွေကိစ္စ ပါဝင်လာတော့ ဆက်ရေးချင်စိတ် ကုန်သွားခဲ့လို့ပါ ။ အချိန်ပေးဖတ်တယ့်အတွက် ကျေးဇူးပါဗျာ ။

Credit : Yan Naing Win

Likes:
0 0
Views:
600
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *