သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီစဝ်သုစန္ဒီ

သီပေါ‌ စော်ဘွား စဝ်ကြာဆိုင် ဟာအမေရိကန်မှာပညာသင်ရင်း သြစတြီးယားသူနဲ့ နဖူးစာဆုံခဲ့တဲ့စော်ဘွားလည်း ဖြစ်ပါတယ်။သူ့လက်ထက်မှာ ပြည်နယ်တွင်း သတ္တုတူးဖော်ရေး အစပျိုးခဲ့သလိုစော်ဘွားပိုင် လယ်မြေတွေခွဲဝေပေးတာနဲ့ ပညာရေးနဲ့ကျန်းမာရေးကိစ္စတွေမှာလည်း တိုးတက်အောင် ဆောင်ရွက်ခဲ့လို့စော်ဘွားနဲ့မဟာဒေဝီကိုလူချစ်လူခင်များခဲ့ပါတယ်။

မဟာဒေဝီ သုစန္ဒီဟာ ရှမ်းတွေရဲ့ရင်ထဲမှာစွဲလမ်းချစ်ခင်လေးစားခံရသူတစ်ဦးဖြစ်ပါတယ်။ မဟာဒေဝီရဲ့ဘဝက ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့ ပြည့် နှက်နေတယ်။ မဟာဒေဝီ စဝ်သုစန္ဒီက ရှမ်း အမျိုးသမီး တစ်ယောက်တော့မဟုတ်ဘူး။ သူ့မူလအမည်ကမစ္စအင်ဂီအဲဗားဟတ် (Miss Inge Eberhasd) ပါ။ ဩစတြီးယားနိုင်ငံသူဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်မှာ ပြည်သူလူထုက အသက် (၂၀)အရွယ် စဝ်ကြာဆိုင်ကို သီ ပေါစော်ဘွားအဖြစ် တင်မြှောက် ကြတယ်။ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အဲဒီအချိန်ကအိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာပညာဆည်းပူးခဲ့ပြီး စီနီယာကန်းဘရစ် (Senior Cambridge)အောင်မြင်ပြီးပါပြီ။

ပညာလိုလားတဲ့ စဝ်ကြာဆိုင်က စော်ဘွားအဖြစ် ဘိ သိက်မခံသေးဘဲ အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ဒင်ဗာမြို့မှာ သတ္တုတွင်း အင်ဂျင်နီယာပညာသွားရောက်သင်ယူရင်း အင်ဂီနဲ့ဖူးစာဆုံကြတာပါ။စဝ်ကြာဆိုင်က အင်ဂီနဲ့ ၁၉၅၃ ခုနှစ်မှာလက်ထပ်တယ်။

အင်ဂီစဝ်ကြာဆိုင်ပြည်တော်ပြန်ချိန်မှာမြန်မာနိုင်ငံကို အတူ လိုက်ပါလာတယ်။သီပေါစော်ဘွား စဝ်ကြာဆိုင်ကအင်ဂီကိုစဝ်သုစန္ဒီအမည်ပေးပြီးမဟာဒေဝီ တင်မြှောက်ပါတယ်။ အင်ဂီကမြန်မာဘာသာစကား၊ရှမ်းဘာသာစကားတွေကို သင်ယူတယ်။

နိုင်ငံခြားသူတစ် ယောက်လိုမနေဘဲ ရှမ်းအမျိုး သမီးတစ်ယောက်လိုဝတ်စား ဆင်ယင်ကာလူရောစိတ်ပါ လုံးဝပြောင်းလဲပစ်လိုက်တာ ဒေသခံ တွေနဲ့ တစ်သားတည်းနေတယ်။ သူတို့နှစ်ဦးမှာ မာရာရီနဲ့ကိန္နရီ အမည်ရှိတဲ့သမီးတော်နှစ်ပါးထွန်း ကားတယ်။

၁၉၆၂ ခုနှစ်မှာဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့စစ်အာဏာရှင်တွေက မြန်မာနိုင်ငံကိုအာဏာသိမ်းလိုက်တယ်။ ရှမ်းပြည်နယ်ကောင်စီအ တွင်းရေးမှူးအထက်လွှတ်တော် ကိုယ်စားလှယ်တာဝန်တွေကို ထမ်းဆောင်ရင်းရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဝ်ကြာဆိုင်က ဆောင်ရွက်တယ်။ ရှမ်းပြည်သူလူထုက စဝ်ကြာဆိုင်ကိုချစ်ခင်လေးစားကြတယ်။

ဒါကိုဗိုလ်ချုပ်နေဝင်းက ကြိုက်ပုံမရပါဘူး။ တောင်ကြီးမြို့မှာ အစည်းအဝေးတက်ပြီး သီပေါမြို့ကိုပြန်ဖို့ဟဲဟိုးလေဆိပ်ကို ဆင်းလာတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို စစ်ထောက်လှမ်းရေးက လမ်းခု လတ်မှာပဲဖမ်းဆီးလိုက်တယ်။ လက်စတုံးလုပ်ပြီးဖျောက်ဖျက်ပစ်လိုက်တယ်။ဒီနေ့အထိသီပေါစော်ဘွားစဝ်ကြာဆိုင်ရဲ့ အလောင်းဘယ်မှာမြှုပ်နှံထားတယ် ဆိုတာမိသားစုကသိခွင့်မရပါဘူး။သီပေါဟော်နန်းကိုလည်း စစ်တပ်ကသိမ်းပိုက်လိုက်တယ်။

မဟာဒေဝီ စဝ်သုစန္ဒီနဲ့ သမီးတော်လေးနှစ်ပါးလည်း နေအိမ်အကျယ်ချုပ်ဖြစ်သွားတယ်။နိုင်ငံခြားသူ ဖြစ်တဲ့ စဝ်သုစန္ဒီဟာ (ခြောက်နှစ် နဲ့ သုံးနှစ်အရွယ်) သမီးတော်လေး တွေဖြစ်တဲ့မာရာရီနဲ့ ကိန္နရီကို ခေါ်ဆောင်ပြီး ၁၉၆၄ ခုနှစ်မှာမြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်း ရှောင်ကြရတယ်။ မဟာဒေဝီတစ်ဖြစ်လဲ အင်ဂီကတစ်ဖက်မှာကျောင်းဆရာမ လုပ်ရင်း ကျောင်းပြန်တက်တယ်။ Ph.D ပါရဂူဘွဲ့ရတယ်။ အလုပ် လုပ်ကိုင်ရင်း သမီးလေးတွေကို မြေတောင်မြှောက်တယ်။

သူ့ဘဝကို ဆက်လက်ထူထောင်ပါတယ်။နိုင်ငံခြားကို ဆေးကုသဖို့ ထွက်လာတဲ့ ဗိုလ်ချုပ်နေဝင်းကို မရအရတွေ့ပြီး သူ့ကြင်ရာတော် စဝ်ကြာဆိုင်ကို ဘယ်ပုံ အရေးယူဆောင် ရွက်သလဲဆိုတဲ့အကြောင်းကို မေးတယ်။ အဖြေတော့ မရပါဘူး။ ဒီအကြောင်းတွေကို အင်ဂီ က ‘Twilight Over Burma’ (မှုန်ရီဆိုင်းဆိုင်းမြန်တိုင်းဌာနီ) အမည်နဲ့ စာတစ်အုပ်ရေးသားထုတ် ဝေတယ်။

ဒီစာအုပ်က နိုင်ငံတကာမှာ ‘ပေါက်’သွားတယ်။ ဒီစာအုပ်ကို ဖတ်မိသူတွေကလွမ်းမောဖွယ်အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့သီပေါမြို့ကို စိတ်ဝင်တစားသွား ကြတယ်။ Twilight Over Burmaအမည်နဲ့ရုပ်ရှင်ရိုက်တယ် ။မြန်မာနိင်ငံမှာတော့ပြခွင့်မပေးခဲ့ပါဘူး။ သီပေါမြို့ဟာနိုင်ငံခြားခရီးသွားလုပ်ငန်းမှာဆွဲဆောင်မှု ကြီးမားတဲ့နေရာတစ်နေရာဖြစ် လာတယ်။

သီပေါမြို့နဲ့ သီပေါဟော်နန်းကို ကမ္ဘာလှည့်ခရီးသည် တွေ တဖွဲဖွဲ လာရောက်ကြတယ်။ သီပေါသူ၊ သီပေါသားတွေက လည်း သူတို့ မဟာဒေဝီရဲ့ကျေးဇူးကိုသိမှတ်နေကြပါတယ်။ ဟော်ဝင်းကအကျယ်ကြီး။ မြက်ခင်းစိမ်းမြတွေကိုတယုတယပြုစုထားတယ်။ သီပေါဟော်နန်း က ဥရောပဆန်တယ်။ ဟော်နန်း အတွင်း ဧည့်ဆောင်မှာ ဓာတ်ပုံပြ ခန်းရှိတယ်။

စော်ဘွားနဲ့ မဟာဒေဝီရဲ့ တချိန်ကလွမ်းမောဖွယ်အဖြစ်တွေကိုဓာတ်ပုံတွေကတဆင့်သရုပ်ဆောင်ပြသနေတုန်းပါ။

From Burmese Asia@THL&T

Likes:
0 0
Views:
2898
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *