“ဦးသုခ”(၁၉၁၀-၂၀၀၅)

“ဦးသုခ”(၁၉၁၀-၂၀၀၅)

အလင်္ကာကျော်စွာဘွဲ့ရစာရေးဆရာဦးသုခသည် စာရေးဆရာ၊ အကယ်ဒမီ ၆ ဆုရ ရုပ်ရှင် ဒါရိုက်တာ၊ အဆိုတော်၊ တေးရေးဆရာ၊ ဘာသာရေးဟောပြောသူ၊ မြန်မာပြည်တွင် အမေနေ့ကျင်းပရန် ဆော်ဩခဲ့သူဖြစ်သည်။ စွယ်စုံရ ထူးချွန်သည့် ပါရမီရှင်ကြီး တစ်ဦးဖြစ်သည်။

ငယ်ဘဝ

၁၉၁၀ပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ် အပိုင်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ် သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။

ပညာရေး

၁၉၂၆ – ကျိုက်လတ်မြို့၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။၁၉၂၇ – ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာအထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။

၉-တန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင်၊ ရန်ကုန်တွင်တည်ထောင်သော ‘အာဇာနည်ဂျာ နယ်’ တိုက်တွင်လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်ပြန်ခဲ့သည်။ ကျိုက်လတ်ပြန် ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးပေး၊ ကိုယ်တိုင်လည်းပါဝင် ကပြ၊ ဒါရိုက်တာလည်းလုပ်ခဲ့သည်။

၁၉၂၉ – စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၊ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံရသည်။ စာမူခငွေ (၁၀ိ/-)နှင့် မဂ္ဂဇင်း(၆)လဆုရရှိခဲ့သည်။၁၉၃၀ – ပြည့်နှစ်တွင် ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲ၌ မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရသည်။၁၉၃၂ – အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စု ဆောင်းရေးသား(နောင်တွင် သုခမှတ်စု စာအုပ်ထွက်ခဲ့)သည်။

၁၉၃၄ – ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်အောင်သုခအမည်ခံယူ။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထု အဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိ။ ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေး သားခဲ့။ မိုက်မိတယ် လုံးချင်းထွက်ရှိသည်။

ရုပ်ရှင်လောကသို့ဝင်ရောက်ခြင်း

၁၉၃၈ – ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့။၁၉၄၂ – ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့။ ကန်တော်မိတ်ရုံတွင် ဂုဏ်။ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ မြိုင်ရုံတွင် ဩော်မိန်းမ – ဩော်ယောင်္ကျား မိန်းမနဲ့ယောင်္ကျား ဩော် — လောက ပြဇာတ် များတင်ဆက်ခဲ့။ စာရေးဆရာအသင်း ရံပုံငွေအတွက် ဝိဇယ ‘ပေါ်ဦး’ ပြဇာတ်များတွင် ဒါရိုက်တာလုပ်၊ ကိုယ် တိုင်ပါဝင်ကပြခဲ့။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့။

နောက်ပိုင်း ကာဌေးရုံးတွင် ချစ်တော့ချစ်တယ်၊ ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတိုးရုပ်ရည်ပြဇာတ်များကို ကိုယ် တိုင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့။၁၉၄၈ – ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူး (ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရခဲ့)။

၁၉၅၁ – သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်။ (ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့)။၁၉၅၄ – ဩော်မိန်းမဇာတ်ကားရိုက်။ (အကယ်ဒမီ ဒါရိုက်တာဆုရ)။၁၉၅၆ – ဘဝသံသရာဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။၁၉၅၇ – ၆၇ – ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်စာအုပ်များရေးသားထွက်ရှိ၊ ဗုဒ္ဓဘာသာတရားတော်ကို စွဲ မြဲစွာယုံကြည်ရင်းရှိသဖြင့် (နောင်တွင် ရဟန်းစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ ရုပ်မြင်သံကြားဇာတ် လမ်းများရေးသား ရိုက်ကူးခဲ့)။

၁၉၆၈ – စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။၁၉၇၀ – ကျမမှာမိန်းမသား ဇာတ်ကားရိုက် (အကယ် ဒမီ ဒါရိုက်တာဆုရ)။၁၉၇၃ – ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားရိုက်(အကယ်ဒမီ ဒါရိုက်တာဆုရ)။၁၉၇၅ – ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားရိုက် (အကယ်ဒမီဒါရိုက်တာဆုရ)။

၁၉၈၃ – ၈၄ – ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွန်းမံသင် တန်းတို့တွင် စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ ဘာသာရပ်ပို့ချခဲ့။၁၉၉၄ – ရာမာခရစ္စနာ၏ သုတ္တပုံပြင်များစာအုပ်ထွက်။၁၉၉၄ – ဇန်နဝါရီလ(၄)ရက်နေ့တွင် မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြင်ခြင်းခံရ။

၁၉၉၅ – ရတနာသုတ်စာအုပ်ထွက် မင်္ဂလသုတ် (စတုတ္ထ အကြိမ်)ထွက်။၁၉၉၇ – ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ထွက်။၁၉၉၈ – ဇေယျတုသဗ္ဗမင်္ဂလံ၊ ဓမ္မရသ၊ လောကနီတိ၊ အကျော်ဒေးယျ၊ ဗုဒ္ဓသမီးတော်များ စသောစာအုပ်များ ထွက်။၁၉၉၉ – ကံကံ၏အကျိုး၊ မေတ္တာသုတ် စာအုပ်များထွက်။

၂၀၀၀ – ပြည့်နှစ် သုခနှင့်သုခ စာအုပ်ထွက်။၂၀၀၁ – အောက်တိုဘာ(၂၆)ရက်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ အပ်နှင်း။ ချီးမြင့် ပဒေသာ၊ သဗ္ဗေသတ္တာ စာအုပ်များထွက်။စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁း၃၀့နာရီတွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့။

ပါဝင်ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းများ

ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (ဝိုင်အမ်ဘီအေ)နာယကစေတီယင်္ဂဏအသင်း၊ နာယကတိပိဋက နိကာယသာသနာပြု ဥပဌာကအဖွဲ့ ဂုဏ်ထူးဆောင်နာယက။တိ-နိ စာအုပ်စာပေ အနုပညာနှင့် မော်ကွန်းအဖွဲ့ နာယကနာရေးကူညီမှုအသင်း (ရန်ကုန်)နာယကဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁၀၀မျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေး သားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကား မျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။

ရရှိခဲ့သောဘွဲ့ထူးဂုဏ်ထူးများအကောင်းဆုံး

ဒါရိုက်တာဆု (၆)ဆု = (၁၉၅၄၊ ၁၉၅၆၊ ၁၉၆၈၊ ၁၉၇၀၊ ၁၉၇၃၊ ၁၉၇၅)အလင်္ကာကျော်စွာ (၁၉၅၈)ရုပ်ရှင်ဝါသနာအိုးများ၏ သူရဿတီရုပ်တု (၁၉၆၀)မဟာသဒ္ဓမ္မဇောတိကဓဇ (၁၉၉၄)ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု (၁၉၉၄)အာဆီယံစာပေဆု (၁၉၉၇)ကျေးဇူးသစ္စာ မြတ်ဘဏ္ဍာ ဂုဏ်ပြုဆု (၁၉၉၉)လူမှုထူးချွန် (ပထမအဆင့်) (၂၀၀၀)ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်) (၂၀၀၀)ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Ph.D (၂၀၀၀)ဓမ္မဗိမာန် တစ်သက်တာစာပေဆု (၂၀၀၅)

ထင်ရှားသည့်စာအုပ်အချို့

သုခမှတ်စုအကျော်ဒေးယျ ဗုဒ္ဓသမီးတော်များမင်္ဂလသုတ်(အဖွင့်)မေတ္တသုတ်လောကနီတိသုခဝတ္ထုတိုပေါင်းချုပ်ရာမာခရစ္စနာပုံပြင်များကံကံ၏အကျိုးချယ်ရီအလှစာအလှသုတရသဓမ္မစာစုံစိတ်ဆိုသောစိတ်ကိုးကား1=မုဒိတာ (တောင်သာ) (5 January 2019)။

ပြာသိုလပြည့် အမေများနေ့။ 2=The New Light of Myanmar (5 January 2019)။ Yangon University confers Doctor of Letters on Reactor Sayadaw of International Theravada Buddhist Missionary University, Sayagyi U Thukha။ “Speaking about Sayagyi U Thukha, the YU Rector said Sayagyi U Thukha is a prominent writer, movie director and Myanmar nationalist…

”#CRD သမိုင်းအကြောင်း#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
1078
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *