ရန်ကုန်မြို့ မလွှကုန်း ဘူတာနားက စက်ဝိုင်း ပုံသဏ္ဍာန် ရထားခေါင်းတွဲပြင် စက်ရုံ

ယခင်က ဒီစက်ရုံရဲ့ ပုံသဏ္ဍာန် သည် စက်ဝိုင်းပုံ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ဖြစ်သည့်အခါ ဗုံကြံခံရသောကြောင့် တခြမ်း ပျက်စီးသွားသည်ဟု သိရှိရပါသည်။ ဒီစက်ရုံဟာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတခုပါ။

အလယ်မှာ ဆုံလည် ရှိပြီး ရထားခေါင်းတွဲကဆုံလည်ပေါ် လာရပ်ရတယ်။ ဆုံလည်ကြီးက လှည့်ပြီး သက်ဆိုင်ရာ ပြင်ဆင်ရာ နေရာသို့ ဦးတည်ပေးတယ်။

ဒီအဆောက်အအုံ ကို စိတ်ဝင်စားတဲ့အတွက် ပြင်ပနိုင်ငံက ရထားခေါင်းတွဲပြင် စက်ရုံတွေကို လိုက်ရှာပြီး လေ့လာတော့မှ ဘာ့ကြောင့် စက်ဝိုင်းပုံသဏ္ဍာန် ဆောက်ထားရတာလဲ ဆိုတာကို နားလည်သွားပါတယ်။ Locomotive roundhouse လို့ ရေးတာ တွေ့ရတယ်။

ယခင် ရေနွေးငွေ့စက်ခေါင်း အသုံးပြုခဲ့စဉ်က ရထားလမ်းဆုံး သို့မဟုတ် လမ်းဆုံ လမ်းခွဲတွေမှာ ရထားစက်ခေါင်းကို လာရာ အရပ်ဖက်သို့ ပြန်လှည့်တဲ့အခါ ရထားစက်ခေါင်းကို ဒီ roundhouse ပေါ်မောင်းတင်ပြီး roundhouse ကို လှည့်ပေးရတယ်လို့ ရထားအကြောင်း သိရှိတဲ့ FB မိတ်ဆွေတဦးက ရှင်းပြပါတယ်။

မလွှကုန်းဘူတာရုံနားက ရထားတွဲခေါင်းပြင် စက်ရုံမှာတော့ roundhouse သဘောတရားကို ရထားခေါင်း ပြင်ဆင်တဲ့နေရာ အသီးသီးကို ပို့ဆောင်ပေးတဲ့ လမ်းလွှဲဆုံလည် တခုအဖြစ် အသုံးပြုတည်ဆောက်ထားတာကို သိရပါတယ်။

ယခုအချိန်အခါမှာတော့ ဒီစက်ရုံကြီးဟာ ပုံမှန်အလုပ်လုပ်နေသေးလား အခြားလား ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ရောက်လည်း မရောက်ဖူးပါဘူး။

စိတ်ဝင်စားတဲ့အတွက် Google earth က arieal view နဲ့ google search မှာ ရှာဖွေတွေ့ရှိတဲ့ ပုံတွေကို ဗဟုသုတ ရရန် အလို့ငှါ ကူးယူတင်ပြထားခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားရင် သွားရောက် လေ့လာကြည့်ရှုကြပါလို့ တိုက်တွန်းပရစေ။

Likes:
0 0
Views:
1539
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *