မက်ဆိုပိုတေးမီးယားစစ်မြေပြင်

မက်ဆိုပိုတေးမီးယား(အီရတ်)စစ်မြေပြင်အကြောင်းစတင်စိတ်ဝင်စားမိသည်မှာ ဆရာကြီးရွှေဥဒေါင်း၏ ဂျမဒါကိုကိုကြီး ဝတ္ထုကြောင့်ဖြစ်သည်။ မက်ဆိုပိုတေး မီးယားစစ်ပြန်ဂျမဒါကိုကိုကြီး၏ရဲစွမ်းသတ္တိရှိပုံ စွန့်စား တိုက်ခိုက်ပုံတို့ကြောင့် မက်ဆိုပိုတေးမီးယားစစ်မြေပြင် ကိုသွားရောက်ခဲ့သော မြန်မာတို့အကြောင်းစိတ်ဝင်စား ကာဆက်လေ့လာမိခဲ့သည်။

၁၉၁၄ ခုမှာပထမကမ္ဘာစစ် စတင်ဖြစ်ပွားလာတော့ မြန်မာပြည်သားလူငယ်တွေဟာ ဗြိတိသျှဘက်ကဝင် ရောက်တိုက်ခိုက်ပေးခဲ့ကြပါတယ်။ ပထမစစ်ကြီးအတွင်း မြန်မာပြည်ကဖွဲ့တဲ့တပ်တွေကို အခု အီရတ်လို့ ခေါ်တဲ့ မက်ဆိုပိုတေးမီးယား စစ်မြေ ပြင်နဲ့ ပြင်သစ်စစ်မြေပြင်တွေမှာ အသုံးပြုခဲ့ပါတယ်။

အများအားဖြင့် အလုပ်သမားတပ်တွေ ဖြစ်ပြီး အသေ အပျောက် အကျအဆုံး ရှိခဲ့ပါတယ်။ဒီစစ်သားတွေကို ကရင်၊ ချင်း လူမျိုးစုတွေက အဓိက စုဆောင်းပြီး မြန်မာလူမျိုးတွေလည်း ပါဝင်ပါတယ်။ချင်းတောင်ဒေသမှာတော့ စစ်သားစုဆောင်းတာကို လက်မခံလို့ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း သီပေါမင်းပါတော်မူပြီးနောက် အနှစ် ၃ဝ လောက် မြန်မာတပ် မရှိရာကနေ ပြန်ဖွဲ့ပေးလို့ လူငယ်တွေ အများအပြား စစ်ထဲဝင်ကြပါတယ်။ပထမကမ္ဘာစစ်ပြန်တွေထဲက မြန်မာပြည်မှာ ထင်ရှားသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးများ လုပ်ကြံခံရမှု ခုံရုံးဥက္ကဋ္ဌ လုပ်ခဲ့သူ တရားသူကြီး ဦးကျော်မြင့်၊ ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီး၊ သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်တို့ ဖြစ်ပါတယ်။

ဆရာတင်ကတော့ ကွန်ပေါင်ဒါမို့ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။၁၉၁၇-၁၉၁၈ ခုနှစ်များအတွင်း ဖွဲ့စည်းတည်ထောင်လိုက်သော အမှတ် ၇၀ နှင့် အမှတ် ၈၅ ဗမာ့ရိုင်ဖယ်တပ်များသည် မက်ဆိုပိုတေးမီးယားတွင် သာမက ပါလက်စတိုင်းတွင် အော်တိုမန်အင်ပါယာနှင့် ဖြစ်ပွားသော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။

ယင်းတပ်ရင်းကြီးနှစ်ခုထဲတွင် ချင်း၊ ကချင်၊ ဗမာ၊ ကရင်စသော တိုင်းရင်းသားမျိုးစုံ ပါဝင်သည်။ မြန်မာပြည်မှ စစ်သားများသည် စစ်ယာဉ်မောင်း၊ စစ်အင်ဂျင်နီယာ၊ အလုပ်ကြမ်းတပ်သားစသဖြင့် တာဝန်ယူခဲ့သည်။ အနောက်စစ်မျက်နှာတန်း (ပြင်သစ်)ရှိ လုပ်သားတပ်ဖွဲ့တွင် ချင်းစစ်သည်များ အမှုထမ်းခဲ့သည်။

ပါလက်စတိုင်းတွင် တာဝန်ကျသော ကချင်တပ်သားအချို့မှာ ကချင်တောင်တန်းများမှ ဝေးဝေးလံလံ အခြားဒေသများသို့ တစ်ခါမှ ရောက်ဖူးခြင်းမရှိချေ။ ထို့ကြောင့် ယင်းတို့ခမျာ ပတ်ဝန်းကျင်အသစ်တွင် နေသားကျရန် အတော်ပင် အခက်အခဲဖြစ်ခဲ့သည်။ သဲကန္တာရထဲတွင် လပေါင်းများစွာ နေထိုင်ရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် တပ်သားများလည်း ရှိခဲ့သည်။

ကိုးကား၁။ မြန်မာပြည် မရောက်ပေမယ့် မြန်မာတွေတိုက်တဲ့ ပထမကမ္ဘာစစ် (ဘိုဘို၊ ဘီဘီစီမြန်မာပိုင်း၊ ၉ နိုဝင်ဘာ ၂၀၁၈)၂။

အမေ့ခံအတိတ်

Likes:
0 0
Views:
1896
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *