“သင်္ချိူင်းက​ချေသည်​” (မင်း​ရွှေသိန်း)

“ဆရာ….မိုးချုပ်​​တော့မယ်​​နော်​ ဆရာ” “မိုးချုပ်​​ရောဘာဖြစ်​လဲကွာ၊ကားမီး​ကောင်း​နေတာပဲဟာ”

​ကျော်​ဖြိုးတစ်​​ရောက်​စိတ်​ပူ​နေသ​လောက်​ သူ့ဆရာက​တော့ မထုံတတ်​​သေး..။​မော့လျှက်​သားအရက်​ခွက်​ကို စားပွဲ​ပေါ်​ဆောင့်ချပြီး ပဲကြီး​လှော်​ဝါးလိုက်​၊ ​ဆေးလိပ်​​လေးဖွာလိုက်​နဲ့ ထိုင်​ရာကထဖို့ နည်းနည်း​လေးမှစဉ်းစားဟန်​မပြ။

သူ့ဆရာ ကားဒရိုင်​ဘာကိုဝင်း​သောင်းက သည်​ချက်ပလက်​​ သုံးတန်​ကားစုတ်​ကြီးရဲ့လက်​ကိုင်​​ခွေကိုင်​ခဲ့တာမှ ​ခြောက်​လသာသာရှိ​သေးဆို​ပေမယ့် ကားတစ်​စီးလုံးပြင်​ရင်း ​မောင်းရင်းနဲ့စက်​ပိုင်းဆိုင်​ရာကျွမ်းကျင်​ရုံသာမက ​နေ့​နေ့ညည ​စေလိုရာ​စေ ခိုင်း​ကောင်းတာ​ကြောင့် ကားပိုင်​ရှင်​ ဆန်​စက်​သူ​ဌေးကိုယ်​တိုင်​ အ​ရေး​ပေးထားတဲ့လူ။

လခကိုလည်း အခြားကားသမား​တွေထက်​ အဆမတန်​ ပို​ပေးထားလို့ စပယ်​ယာဖြစ်​တဲ့ ​ကျော်​ဖြိုးအ​နေနဲ့ ​တော်​ရုံကိစ္စဆို သူ့ဆရာကိုဝင်း​သောင်းကို ဘာတစ်​ခုမှ ​ပြောရဲဆိုရဲခဲ့တာမဟုတ်​။ ဒရိုင်​ဘာခိုင်းသမျှ စပယ်​ယာလုပ်​ ​ဆောင်​ပုဒ်​စည်းချက်​နဲ့အညီ ကခဲ့တာပဲဟာ ဘာ​ပြောစရာရှိဦးမှာလဲ။ ခုဟာက မုတ္တမ-သထုံ မိုင်​(၄၀)ခရီးကိုပြန်​​မောင်းရမှာဆို​တော့ သည်​လမ်း​ကြောင်း​ပေါ်ကား​နောက်​လိုက်​လာတာ ကြာပီဖြစ်​တဲ့​ကျော်​ဖြိုးစိတ်​ပူ​နေပုံက အ​ကြောင်းတစ်​ခုခု ရှိလိမ့်မယ်​ထင်​ပါတယ်​။

လွန်​ခဲ့တဲ့ ​ခြောက်​လ​လောက်​တုန်းက ဆန်​စက်​လိုင်​စင်​ကိစ္စနဲ့ရန်​ကုန်​တက်​သွားတဲ့သူ​ဌေးအပြန်​မှာ ကိုဝင်း​သောင်းပါလာတာ ​ကျော်​ဖြိုးမှတ်​ဉာဏ်​ထဲရှိ​နေဆဲမဟုတ်​လား။ အသက်​၄ဝနီးပါး၊ အသားဖြူဖြူပိန်​ပိန်​ပါးပါးနဲ့အမြဲဘို​ကေ​ကြော့​နေ​အောင်​ဖီးထားတာမြင်​ရ​တော့ ကြမ်းတမ်​တဲ့ကား ဒရိုင်​ဘာအလုပ်​ကြာကြာလုပ်​နိုင်​ပါ့မလားဆိုပြီး ​ကျော်​ဖြိုးအထင်​​သေးခဲ့မိတာအမှန်​။

ဒါ​ပေမယ့် ပြီးခဲ့တဲ့​နွေရာသီလုံးမှာ ကွင်းထဲက သူ​ဌေးဝယ်​ထားတဲ့စပါး​တွေကို ညမအိပ်​ ​နေ့မနား ကားနဲ့ဆင်းတိုက်​ခဲ့ကြတာ အ​ခေါက်​​ရေတစ်​ရာမကခဲ့။သူ​ဌေးပိုင်​ဆန်​စက်​မှာကြိတ်​ခွဲထားတဲ့ ဆန်​အိတ်​​တွေကိုလည်​း သထုံက​နေ မုတ္တမဆိပ်​ကမ်းထိသယ်​ပို့​ပေးခဲ့တာတစ်​​နေ့တစ်​​ခေါက်​ကြဝတ်​မပျက်​။ ဒရိုင်​ဘာရှားပါးတဲ့ ကာလမှာ ကိုဝင်း​သောင်းလိုကား​မောင်းတစ်​မားတစ်​​ယောက်​ရခဲ့တာ သူ​ဌေးအ​နေနဲ့​ရွေးချယ်​မှုမှန်​ကန်​တယ်​လို့ပဲ​ပြောရ​တော့မှာပါ။

လူဆိုတာအလုံးစုံ​ကောင်းဖို့​တော့ဘယ်​ဖြစ်​နိုင်​ပါ့မလဲ။အလုပ်​မှာဘယ်​လိုပဲ ဝိရိယ​ကောင်းကျွမ်းကျင်​တယ်​ဆို​ပေမယ့် ကိုဝင်း​သောင်းရဲ့ဗီဇစရိုက်​က တစ်​ခါတစ်​​လေ ​ကျော်​ဖြိုးအတွက်​ စိတ်​ပျက်​စရာပါ။

ပထမ အချက်​ကအရက်​ကိစ္စ။ ချဉ်​ချဉ်​တူးတူး မူးပြီး​ရောဆိုတဲ့လူစားမျိုး။​နေရာမ​ရွေး ၊ အချိန်​မ​ရွေး၊ ​သောက်​နိုင်​တဲ့လူ။နောက်​တစ်​ချက်​ကမိန်းမ ကိစ္စ။ ကာ​မေသုမိစ္ဆာကံမကလို့ ဘာကံကြီးပဲထိုက်​ပါ​စေ မိန်းမဆို ပျို အို နူဝဲ ဘာတစ်​ခုမှ ​ရှောင်​တဲ့လူမဟုတ်​။

တွဲလာတာ လပိုင်း​လောက်​မှာ​တောင်​ ရန်​ကုန်​မှာ သူ့ရဲ့ စတုထ္တ ဇနီးရှိတာ ​ကျော်​ဖြိုးသိရပြီး လက်​ရှိမှာလည်း ဆန်​စက်​ထဲ ဖွဲသယ်​တဲ့ တစ်​ခုလပ်​ အလုပ်​သမ တစ်​​ယောက်​နဲ့ရှုပ်​​နေတာ ဘာကြာ​သေးလို့လဲ…..။

အမှန်​​ပြောရရင်​ ကိုဝင်း​သောင်းနဲ့တွဲပီးကားလိုက်​လာတာ ဆင်​​ခြေ​ပေး အထွန့်​တက်​တာ ​ကျော်​ဖြိုး တစ်​ကြိမ်​မှ မလုပ်​ခဲ့ဖူး​ပေ။ ခုဟာက.. မုတ္တမက​နေ သထုံအပြန်​မှာမိုးရွာတုန်းအချိန်​ ညဘက်​​မောင်းရမယ့် အ​ရေးဆို​တော့ ​တွေး​တွေးပြီး အရိုးစိမ့်​အောင်​​ကြောက်​တာ​ကြောင့် မဝံ့မရဲနဲ့ သူ့ဆရာကို သတိ​ပေးလိုက်​မှ တုန့်​ပြန်​မှုက​အေးစက်​စက်​။ပုလင်​းထဲကအရက်​မကုန်​မချင်း ထမယ့်ပုံမ​ပေါ်လို့ပဲ​ပြောရပါ​တော့မယ်​။

“မိုးချုပ်​ကြီးမှာ…..ဟို…..ဟို….အုတ်​တံတားသချႋင်း ဖြတ်​ရမှာ​နော်​…ဆရာ”

“လခွီး…သချိႋင်း ဖြတ်​တာများ အဆန်းလုပ်​လို့ကွာ..။ လမ်းမှာ အုတ်​တံတား သချိႋင်​းတစ်​ခုပဲရှိတာမှမဟုတ်​ပဲ သချႋင်း​တွေမှအများကြီး။ ဇင်​းကျိုက်​၊ဖြူ ဘ၊ရွာတန်းရှည်​၊ရင်းငြိမ်းသချႋင်း​တွေလည်း ဖြတ်​ရအုံးမယ်​​လေကွာ…အဆန်းလား။ သထုံပြန်​​ရောက်​ရင်​ စား​သောက်​ပြီး အိပ်​ရုံပဲဟာ ​လောမ​နေပါနဲ့ငါ့​ကောင်​ရာ…”

ကိုဝင်း​သောင်းစကားက ​ယေဘုယျ ဆန်​ဆန်​​တွေးရင်​မှန်​သလိုထင်​ရ​ပေမယ့်….တစ်​ကယ်​​တော့ အုတ်​တံတား သချႋင်းက တစ်​ခြားသချႋင်း​တွေနဲ့မတူတာ သူမှမသိ​သေးပဲကိုး။သည်​လမ်း​ကြောင်​း​ပေါ် သူ​မောင်းလာတာ ​ခြောက်​လ​လောက်​ပဲရှိပြီး ​နေ့ခင်း​ကြောင်​​တောင်​ကလွဲလို့ညဘက်​​မောင်းဖူးတာမဟုတ်​။

အထူးသဖြင့်လူ​ပြော သူ​ပြောများရုံမက ကိုယ်​​တွေကြုံဖူးတဲ့ ကားသမား​တွေ၊ ​စျေးသည်​​တွေရဲ့အဖြစ်​ပျက်​​တွေ အ​ကြောင်းပြုပြီး နာမည်​ကြီး​နေတဲ့ အုတ်​တံတား သချႋင်းဆိုတာ သူ့ဆရာကိုဝင်း​သောင်းလို သူစိမ်းတစ်​​ယောက်​ကဘယ်​သိအုံးမှာလဲ..။

မှန်​ပါတယ်​။ ​ခေတ်​ကာလကြည်​့ပြန်​​တော့ တကယ့် ​ခေတ်​ဆိုး​ခေတ်​ပျက်​ကြီး။ သထုံခရိုင်​တစ်​ခုလုံးမှာ ရထားဗုံးခွဲ၊ကားဓားပြတိုက်​၊ပြန်​​ပေးဆွဲ၊ဆတ်​​ကြေး​တောင်း၊ ရွာမီးရှို့့နဲ့ ​သောင်းကြန်းသူ​တွေရမ်းကား​နေတဲ့ကာလဖြစ်​လို့ တပ်​ကလဲရှိတဲ့အင်​အားနဲ့ လိုက်​တိုက်​​နေရတာ…။

တိုက်​တုန်းမှာ ဆုတ်​ခွာ၊တပ်​လွန်​သွားတာနဲ့ ဗိုလ်​​နေမြဲ ကျား​နေမြဲ ဆိုသလို ​မြေစာပင်​​တွေပဲခံကြရတာဆို​တော့ ပိုက်​ဆံချမ်းသာတဲ့ လူ​တွေကမြို့​ပြောင်းနဲ့ ရွာတိုင်းဟာ ကျီးနဲ့ဖုတ်​ဖုတ်​။ မိုးချုက်​ရင်​ပဲ မီးမထွန်းရဲနဲ့ အိမ်​တံခါးပိတ်​ ပုန်းအိပ်​​နေကြရတာ။ ကားလမ်း​ပေါ်လူမ​ပြောနဲ့​ခွေး​တောင်​​တွေ့ဖို့မလွယ်​တာ ကိုဝင်း​သောင်း အကဲမခတ်​မိ​သေးတာလဲဖြစ်​မှာပါ။

​နေ့ခင်းဘက်​မှာ​တောင်​ ခရီးသည်​တင်​ကားဆိုတာတစ်​စီးတစ်​​လေရှိတာမဟုတ်​။ ရွာတစ်​ချို့မှာဆန်​ဟက်​​ထောင်​ထားတဲ့သူ​ဌေး​တွေက ကြိတ်​ခွဲတဲ့ ဆန်​အိပ်​​တွေ မုတ္တမဆိပ်​ကမ်းပို့ မရှိမဖြစ်​​ထောင်​ထားကြတဲ့ ချက်​ပလက်​ သုံးတန်​ကား​ဟောင်းကြီး ၅ စီး​လောက်​ကို အလုပ်​ရှိတဲ့အခါ လမ်းက​စောင့်တားစီးရုံပဲရှိတာပါ။ ဆတ်​​ကြေး​ပေးပျက်​ကွက်​လို့က​တော့ မီး​သွေးခဲဖြစ်​သွားတာ ကြာပီဆိုပါ​တော့။

မုတ္တမဆိတ်​ကမ်​းမှာ ဆန်​အိတ်​​တွေချပြီးရင်​ ကူးတို့သ​ဘောင်္ဆိုက်​ချိန်​နဲ့ကိုက်​ပြီး ဂိတ်​ထိုး၊ ခရီးသည်​တင်​ပြီးမှပြန်​ကြရတာ၊ သည်​​နေ့မှာ​တော့ ကံဆိုးတယ်​လို့​ပြောရမလားမသိ။​ကျော်​ဖြိုးတို့ကား ​နောက်​ဆုံး ကူးတို့သ​ဘောင်္ဆိုက်​ချိန်​ ည​နေ ၄နာရီမှာမ ဂိတ်​ထိုးခွင်​့ရခဲ့တာ​လေ။

သထုံပြန်​တဲ့ခရီးသည်​တစ်​​ယောက်​မှမပါ။လမ်းကြုံလိုက်​တစ်​​ယောက်​တစ်​​လေမှမရှိလို့ ကားကို ခါလီထိုးထားလျက်​က သူ့ဆရာ အရက်​ဆိုင်​ထဲစည်းစိမ်​ယူ​နေတာ ​နေဝင်​ချိန်​​တောင်​​ရောက်​​နေပီမဟုတ်​လား….။

သီကြားမင်း နားကင်းနဲ့ဆင်းလာပြီး​မောင်းထုတ်​ရင်​​တောင်​သူ့ဆရာက တုတ်​တုတ်​​လေးမျှ လှုပ်​မှာမဟုတ်​တာ သိထားတဲ့​ကျော်​ဖြိုးက​တော့ ကား​ရှေ့ခန်းခုံ​ပေါ်စိတ်​ပျက်​စွာနဲ့​ခြေပစ်​လက်​ပစ်​​ပေါ့။အမှန်​အကန်​​ပြောရရင်​ သုတို့ကားက ဆတ်​​ကြေး​ပေးထားတာမကြာ​သေးဖြစ်​လို့ ​သောင်​းကျန်​းသူ​တွေ ပစ်​ခတ်​မီးရှို့မှာ ဘယ်​စိတ်​ပူစရာလိုပါ့မလဲ။ အဓိကက အုတ်​တံတားသချႋင်းဖြတ်​ရမယ့်ကိစ္စ။

လူတိုင်း ကားတိုင်းဘယ်​လိုအ​ကြောင်းမျိုးနဲ့မှ ည​မှောင်​ရီသန်းချိနိကစလို့ဖြတ်​သန်းဖို့စိတ်​မကူးရဲတဲ့ သချႋင်း။ တိတိကြကြ​ပြောရရင်​ အတြ်​တံတားသချႋင်းမှာ ကွယ်​လွန်​သူအမြားအပြား မြှု ပ်​နှံသဂြိုလ်​ထားတာမှန်​​ပေမယ့် တကယ့်နာမည်​ကြီး ​ခေတ်​စား​နေတာက ချိတ်​ထဘီ တ​စ္ဆေမ။

ဘာ​ပြော​ပြောသည်​ညအပြန်​ခရီးမှာ​တော့ ချိတ်​ထဘီ တ​စ္ဆေမဇာတ်​လမ်းကို သူ့ဆရာကိုဝင်း​သောင်းသိ​အောင်​ ​ပြောပြထားဖို့ လိုအပ်​ပြီဆိုတာက​တော့ ​ကျော်​ဖြိုးတစ်​​ယောက်​ သန္ဓိဋ္ဌာန်​ချလိုက်​ပြီးသား ဖြစ်​ပါတယ်​။

အုတ်​တံတားဆိုတာ သထုံက​နေ မုတ္တမလာရင်​ မိုင်​၂၀ ​လောက်​​ဝေးတဲ့ အ​ဝေး​ပြေးကားလမ်းမကြီး​ဘေးက ရွာတန်​းရှည်​ကြီး၊ လယ်​ယာဥယျာဉ်​ခြံလုပ်​ကိုင်​သူ များပြားသလို ဇာတ်​သဘင်​အနုပညာနဲ့ပတ်​သက်​တဲ့ မင်းသား၊ မင်းသမီး၊ လူရွှင်​​တော်​​တွေ ထွက်​တဲ့ရွာဗိုလ်​လံစိန်​ဆိုတဲ့ဇာတ်​မင်းသားဆို တနသာင်္ရီတိုင်း(ယခုမွန်​ပြည်​နယ်​)တစ်​ခွင်​နာမည်​ကြီး​ပေါ့။

မင်းသမီး အများအပြား ထွက်​တဲ့အထဲမှာလည်​ာမြစိမ်းရည်​ဆိုတဲ့အငြိမ့်မင်းသမီးဟာလည်းနာမည်​ကြီးပါပဲ။သူက အငြိမ့်ပွဲတစ်​မျိုးထဲနဲ့ ပရိတ်​သတ်​အ​ပေါ်စိုးမိုးနိုင်​သူဖြစ်​လို့ သထုံခရိုင်​ထဲကျင်းပတဲ့မင်းပွဲစိုးပွဲ​တွေအပြင်​ ကထိန်​ပွဲ၊ရဟန်းခံရှင်​ပြုပွဲ​တွေမှာလည်းမြစိမ်းရည်​အငြိမ့်မပါမဖြစ်​တဲ့အထိ နာမည်​​ကျော်​ကြားခဲ့တာပါ။

မြစိမ်းရည်​ကအဆိုအက​ကောင်းသလို အသား​တော်​ညိုပြာညက်​နဲ့ကိုယ်​ဟန်​က အဖုအထစ်​အရှိုက်​အဟိုက်​​တွေ ​နေသားတကျရှိတာဖြစ်​လ်ု့ိ ​ကြော့​မော့လှပ​နေပုံက ယမင်းရုပ်​ပမာ။

ဒါ​ကြောင့်လည်း သူ့အငြိမ့်ပွဲရှိတဲ့​နေရာတိုင်း ပရိတ်​သတ်​ဆိုတာ အုတ်​​အော်​​သောင်းတင်း ကြိတ်​ကြိတ်​တိုး​ပြောရင်​​တောင်​မှားမှာမဟုတ်​ပါဘူး။မိုးရာသီကလွဲပြီး ကျန်​တဲ့ရာသီတစ်​ခုလုံးပွဲငှါးရက်​​စေ့​နေတာဆို​တော့ သူနဲ့တွဲကြတဲ့ဆိုင်းအဖွဲ့​တွေ၊ လူပြက်​​တွေလည်းအလုပ်​ဖြစ်​ကြတာ​ပေါ့​လေ။ အိမ်​​ထောင်​ရှိတဲ့မြို့ပိုင်​တစ်​​ယောက်​က​တောင်​ ​ရွှေဒင်္ဂါးဆုချပြီးတန်းတန်းစွဲကမ်းလှမ်းတဲ့ သတင်းထွက်​လာတဲ့​နောက်​ပိုင်းမှာ ပိုပြီး နာမည်​ကြီးလာတာပဲဖြစ်​ပါတယ်​။

တစ်​​နေ့​တော့ သီတင်းကျွတ်​ပြီး စရက်​တစ်​ရက်​မှာပဲ ရင်းငြိမ်း​ကျေးရွာမှာကျင်းပတဲ့ ဘုံကထိန်​ပွဲကငှါးလို့ တစ်​ညကခဲ့ရပါတယ်​။ အငြိမ့်ပွဲထုံးစံကညတစ်​ဝက်​ဆို​ပေမယ့် ရပ်​​ဝေးပွဲကြည့် ပရိတ်​သတ်​​တွေကို ငဲ့ညှာတဲ့အ​နေနဲ့ ရပ်​မိရပ်​ဖ​တွေ​တောင်းဆိုတာ​ကြောင့် အရုဏ်​တက်​ချိန်​ထိ က ​ပေးရတာ​ပေါ့။ည​ကြေးကလဲနှစ်​ဆတိုး​ပေးမယ်​ဆိုထားတာကိုး။

ပွဲသိမ်းချိန်​​ရောက်​​တော့ မုတ္တမကိုဆန်​အိပ်​​တွေပို့မယ့် ဆန်​စက်​သူ​ဌေးရဲ့ချက်​ပလက်​ကားကြီးက အသင့်ထိုးထားတာဖြစ်​လို့ အငြိမ့်အဖွဲ့ကပါ ဝရုန်းသုန်းကားနဲ့တက်​လိုက်​ကြတဲ့အချိန်​မှာမြစိမ်းရည်​ခမျာ မင်းသမီးအဝတ်​အစား​တွေမလဲအား​တော့ပဲ ကမန်းကတန်း ကား​နောက်​မြှီးပိုင်းဆန်​အိပ်​​ပေါ်ထိုင်​ရင်းလိုက်​ပါခဲ့ရတယ်​လို့ဆိုပါတယ်​။

သူ့သ​ဘောသူ​ဆောင်​​လေ့ရှိတဲ့ ကံကြမ္မာရဲ့အလှည့်အ​ပြောင်းကို ဘယ်​သူ​တွေက​ရော တပ်​အပ်​​သေချာသိနိင်​ပါ့မလဲ။ ရင်​ငြိမ်းရွာနဲ့အုတ်​တံတားရွာဆိုတာ ရှိလှမှ ၈ မိုင်​​ကျော်​​ကျော်​။ အရုဏ်​တက်​ချိန်​အလွန်​​လေးမှာ မီးထိုးပြီး တအိအိ​မောင်းလာတဲ့ကား​ပေါ်ထိုင်​ရက်​က ငိုက်​လာကြတာ စကား​ပြောသံသဲ့သဲ့​လေး​တောင်​မကြားရပဲကားစက်​သံကလွဲလို့တိတ်​ဆိတ်​​နေ​ရောဆိုပါ​တော့။

အုတ်​တံတားရွာသချႋင်းဖြတ်​တဲ့အချိန်​မှာ လမ်းနှစ်​ဖက်​ကသစ်​​တောကြီး​တွေ​ပေါ်မြူ​တွေဆိုင်းပြီး မှိုင်း​နေလိုက်​တာ။ဘာတစ်​ခုမှသဲသဲကွဲကွဲမ​တွေ့ရ။သချႋင်းဇရပ်​​ရှေ့​ရောက်​​တော့ ကုန်းတက်​​နေရာဖြစ်​တာ​ကြောင့် ကားကဖြစ်​ညှစ်​ရုန်းတက်​​နေရချိန်​မှာပဲ အုတ်​ဂူ​တွေကြားက​နေရုတ်​တစ်​ရက်​​ပေါ်လာတဲ့ လိ​မ္မော်​​ရောင်​မီးတန်း​တွေနဲ့အတူအဆက်​မပြတ်​” ဒိုင်း…..ဒိုင်း..ဒက်​….ဒက်​” ​သေနတ်​သံ​တွေထွက်​လာတာ ကမ္ဘာပျက်​တဲ့အလားလို့​ပြောရ​တော့မှာ​ပေါ့။ကားကရပ်​မ​ပေး။ စက်​ကုန်​ဖွင့်​မောင်း​ပြေးရင်းက ​အော်​ဟစ်​ ငိုယိုသံ​တွေ ပွက်​​လောရိုက်​ ဆူညံသွား​တော့တာပါပဲ။

ရွာလယ်​ပိုင်း ဓမ္မာရုံ​ရှေ့​ရောက်​​တော့ မိုးမလင်းတလင်းအချိန်​။ ​စော​စောက​သေနတ်​သံ​တွေ​ကြောင့်ရွာသား​တွေတရုန်းရုန်းဖြစ်​​နေကြရာက ကားရပ်​သွားတာမြင်​မှ ကားအနားကို​ပြေးလာကြတာ အလျှိုလှိျု။ ရွာလူကြီး​တွေနဲ့ကင်းသမား​တွေပါ ​ရောက်​လာကြပြီး စစ်​​စေးကြည့်လိုက်​တာ အငြိမ့်မင်းသမီးမြစိမ်းရည်​ပါမလာ​တော့ဘူးတဲ့။

သူထိုင်​တဲ့ ဆန်​အိတ်​​ပေါ်မှာ ​သွေးကွက်​ ​သွေးစက်​​တွေ မြင်​မ​ကောင်း ရှုမ​ကောင်း။ ဆိုင်းသမားနှစ်​​ယောက်​ပါညဒါဏ်​ယာရထားတာမစိုးရိမ်​ရ​ပေမယ့် အဲ့သည်​ကားနဲ့ပဲ ​ပေါင်​ မြို့​ဆေးရုံပို့ခိုင်းပြီး လူစုလူ​ဝေးနဲ့မြစိမ်​းရည်​ကိုရှာဖို့ သချႋးစီချီတက်​သွားကြပါ​တော့တယ်​။

မှန်​တာ​ပေါ့…… သချႋင်းတည့်တည့် ကုန်​တက်​ကားလမ်းအ​ရှေ့ဘက်​​ဘေး​နေရာမှာ ဒါဏ်​ရာ ဗလပွနဲ့ပူ​နွေး​နေတဲ့​သွေးအိုင်​ထဲ ​ခွေ​ခေါက်​လဲ​နေတဲ့ မြစိမ်းရည်​ကို​တွေ့​တော့တာပါပဲ။အသက်​ကမရှိ​တော့ပဲ ဆံပင်​ကဖရိုဖရဲ။ မင်းသမီးဝတ်​စုံဖြစ်​တဲ့ ချိတ်​ထဘီနဲ့ ထိုင်​မသိမ်းအကျႌ​တွေပါ ဖုံ​တွေ ​သွေး​တွေ အလူးလူး​ပေပြီး ရုပ်​ပျက်​ဆင်းပျက်​ကို​သေ​နေတာတဲ့။

ရွာထိပ်​ဘုန်းကြီး​ကျောင်းက ကပ္ပိယကြီး​ပြောတာက​တော့ သည်​ဆန်​အိတ်​ကားကို ဆတ်​​ကြေး အကြိမ်​ကြိမ်​​တောင်း​နေတာ မ​ပေးလို့ထွက်​တားတာတဲ့။ ကားကရပ်​မ​ပေးမှ ပစ်​ခတ်​တာဆိုပြီး ​သောင်းကျန်းသူ​တွေ​တောင်​​ပေါ်ပြန်​တက်​ရင်း​ပြောကြတာ သူြုကားခဲ့ရတယ်​ဆိုပါတယ်​။

ရွာရဲ့ဓ​လေ့ထုံးစံအတိုင်းပဲဆိုပါ​တော့ ။အစိမ်း​သေဆိုရင်​ရွာထဲမသွင်းရပဲ သချႋင်းမှာပဲ ​နေ့ချင်​း​မြေမြှပ်​သဂြိုလ်​ကြရ​တော့တာ​ပေါ့။ အဲ့သည်​ကစပြီး အုတ်​တံတားသချႋင်းကချိတ်​ထဘီတ​စ္ဆေမဇာတ်​လမ်း စတင်​ပျိုး​တော့တာပဲဖြစ်​ပါတယ်​။ထူးခြားတယ်​လို့​ပြောရမှာက တ​စ္ဆေ သရဲ နာနာဘာဝမှန်​သမျှဟာ လူ​တွေ​သွေးပျက်​လုမတတ်​ ​ခြောက်​ခြား​အောင်​ပုံသဏ္ဍန်​အမျိုးမျိုးနဲ့ ​ခြောက်​လှန့်တတ်​တယ်​ဆို​ပေမယ့် ချိတ်​ထဘီတ​စ္ဆေမရဲ့ ​ခြောက်​လှန့်ပုံက အင်​မတန်​ ညက်​​ညောပြီး အနုပညာဆန်​သလိုဖြစ်​​နေတာ​ကြောင့် ပိုသတင်းကြီးတာလဲဖြစ်​ချင်​ဖြစ်​မှာပါ။

ပထမဦးဆုံး ချိတ်​ထဘီတ​စ္ဆေမ​ခြောက်​တာခံရတဲ့သူက အသံချဲ့စက်​ငှါးလိုက်​ဖွင့်တဲ့​စောသိန်းလင်းနဲ့ ဆိုက်​ကားသမားတစ်​​ယောက်​။ရှင်​ပြုအိမ်​မှာအသံချဲ့စက်​ဖွင့်​နေတုန်း ဘက်​ထရီ ကုန်​သွားလို့ ​စောသိန်းလင်းဟာ ဆိုက်​ကားတစ်​စီး​ခေါ်ပြီးဘတ်​ထရီယူဖို့ ဇင်းကျိုက်​ရွာကိုသွားကြတာတဲ့။ခါတိုင်းလည်း အုတ်​တံတားသချႋင်းဆိုတာ ​ခြောက်​တယ်​ လှန်​့တယ်​ ဆိုပြီး ကြုံဖူး ကြားဖူးတဲ့လူမရှိဆို​တော့ သူတို့လည်​း​ကြောက်​စိတိမရှိ​အေး​ဆေးပါပဲ။

ညဉ့်နက်​သန်း​ခေါင်​နီးပါး လ​ရောင်​ ကြယ်​​ရောင်​​တွေလင်း​နေချိန်​ဖြစ်​လို့ အုတ်​တံတားရွာစွန်​အထွက်​ကစပြီး မင်​းဂွပ်​၊မရမ်​း၊အူးရင်​း၊ပိန္နဲပင်​​တွေထူထပ်​တဲ့ဥယျာဉ်​တန်းကိုဖြတိလာကြတာပုစဉ်းရင်​ကွဲ​အော်​သံတစီစီကလွဲလို့ တိတ်​ဆိတ်​ငြိမ်​သက်​​နေ​ရောပဲတဲ့။

ဒါ​ပေမယ့် ယိုင်​နဲ့နဲ့ သချိႋင်းဇရပ်​အိုကြီးနားမ​ရောက်​ခင်​​လေးကြမှ ရုတ်​တရက်​ဘယ်​က​ရောက်​လာမှန်းမသိတဲ့ ​လေးပြင်း​လေးတစ်​ချက်​တိုက်​လာလိုက်​တာ သစ်​ပင်​ သစ်​ကိုင်း​တွေရှဲကနဲမြည်​သွားသံနဲ့အတူ လန်​​နေတဲ့ဇရပ်​သွပ်​မိုးကပါ တဖြန်းဖြန်းရိုက်​ခတ်​သံထွက်​လာတာသတိပြုမိကြ​သေးတာတဲ့။

​ယောကျင်္ားနှစ်​​ယောက်​ဆို​တော့​ကြောက်​စိတ်​ဘယ်​ဝင်​ပါ့ဦးမလဲ တစ်​ညလုံးအလှုအိမ်​မှာ​သောက်​ထားတဲ့ထန်း​ရေ​ကြောင့် ဆီးမ​အောင့်နိုင်​​တော့ဘူးဆိုပြီး ဆိုက်​ကားသမား​တောင်​လမ်း​ဘေးဆင်းသွားပါ​သေးတယိ။ သူဆီးသွား​နေတဲ့အချိန်​မှာမ စူးစူးရှရှလွင့်လာတာက မိတ်​ကပ်​ သနခါး နံ့​တွေတဲ့။”ဟာ….ဟို….ဟို…သစ်​တိုပင်​ကြီးအရင်းမှာ……ဘာ….ဘာလဲမသိဘူးဗျ…။လှုပ်​..လှုပ်​ ​နေတာမြင်​လား”

​စောသိန်းလင်း ထစ်​ထစ်​​ငေါ့​ငေါ့​ပြောတာကြားရမှဆိုက်​ကားသမားဟာ သူ့ဆိုက်​ကား​ပေါ်ခွထိုင်​ရင်းကြည့်လိုက်​တာ။ သစ်​တိုပင်​ရင်းနားမှာ အ​ငွေ့လိုလို….အလင်း​ရောင်​ဖြူ မှုန်​မှုန်​အရိပ်​လိုလိုသဏ္ဍာန်​ဟာအုတ်​ဂူ​ဟောင်းကြားထဲ ဖျတ်​ခနဲ ဖျတ်​ခနဲ လှုပ်​ရှား​နေတာ တကယ့်လိပ်​ပြာတစ်​​ကောင်​နဲ့ နင်​လားငါလားပဲ။

ဖြန့်ကားထားတဲ့ ခြုံပဝါ ​လေထဲလွင့်​နေတဲ့ပုံမျိုးတဲ့။မြင်​ကွင်းဆန်းဖြစ်​လို့နှစ်​​ယောက်​သားကြည်​​ကောင်း​ကောင်းနဲ့ ​ငေး​နေချိန်​မှာပဲ….အ​ငွေ့အရိပ်​သဏ္ဍာန်​က​နေ တဖြည်းဖြည်းပီပြင်​လာပြီး ချိတိထဘီ​ပေါ်က ​ဘော်​ကြယ်​တန်း​တွေ တလက်​လက်​….။ငြိမ့်​ညောင်းတဲ့ ကဟန်​နဲ့လိမ်​တွန့်ပြီးက​နေရင်း ဆံပင်​ ဖို့ရို့ဖားရားလွင့်​နေတဲ့ကြားမှာ​ပေါ်လာတာက ​သေနတ်​မှန်​လို့​သေသွားတဲ့ မြစိမ်းရည်​မျက်​နှာနဲ့ချွတ်​စွတ်​ကိုတူတာတဲ့။

အဲ့သည်​​တော့မှ တ​စ္ဆေ​ခြောက်​မှန်းသ​ဘော​ပေါက်​လာတဲ့သူတို့နှစ်​​ယောက်​ နင်း​ပြေးဖို့ပြင်​ပီ​ပေါ့။အစပိုင်းမှာ အနုပညာဆန်​လို့ဘယ်​လိုပဲကည့်​ကောင်းတယ်​​ပြော​ပြော….တ​စ္ဆေဆိုတာ ​ခြောက်​လှန့်တဲ့ပရ​လောကသားပဲဟာ…​နောက်​ဆုံးမှာမျက်​နှာကအစကိုယ်​လုံး​နေရာမှာပါ ဖွာကနဲ…ဖွာကနဲ ​ပေါက်​ကွဲထွက်​လာတဲ့ ​သွေးကွက်​နီရဲရဲ​တွေ၊လွင်​့​နေတဲ့ဆံပင်​​တွေကြားက အစိမ်း​ရောင်​မီးလုံးလို မျက်​စိတစ်​စုံ။

နုညက်​​နေတဲ့ လက်​နှစ်​ဖက်​ဆန့်တန်းပြီး​ရှေ့တိုးလာတဲ့ဟန်​​တွေက​ချောက်​ခြား​သွေးပျက်​စရာမြင်​ကွင်းဆို​တော့ ​စောသိန်းလင်းတို့နှစ်​​ယောက်​အသားကုန်​​အော်​ဟစ်​ရင်းနင်း​ပြေးကြတာ ​သွေးရူး​သွေးတန်​းလို့ပဲ​ပြောရပါ​တော့မယ်​။အဲ့သည်​ညကစပြီး နှစ်​​ယောက်​စလုံး လန့်ဖျားဖျားသွားကြတာ ဆိုက်​ကားသမားဆိုရင်​ ​ဂေါက်​​ကြောင်​ဖြစ်​သွားခဲ့တယ်​။ပ​ယောဂဆရာ​တွေကု​နေတဲ့ကြားမှာ အအိပ်​အစား​တောင်​မမှန်​ချင်​​အောင်​ က​ယောင်​ကတန်းဖြစ်​တုန်း။ ​စောသိန်းလင်းက​တော့ ညဘက်​မ​ပြောနဲ့၊ ​နေ့ခင်း​ကြောင်​​တောင်​အချိန်​မှာ​တောင်​ အ​ဖော်​မပါပဲနဲ့အုတ်​တံတားသချႋင်းဖြတ်​ဖို့ဆိုတာ​ဝေး​ရောလို့​ပြောပါတယ်​။

ရွာက​တော့ ဘုန်းကြီး​တွေပင့်၊ သချႋင်းဇရပ်​မှာပရိတ်​ရွတ်​၊ အမျှအတန်း​ဝေတာမှ မကြာခဏ။ချိတ်​ထဘီတ​စ္ဆေမကကျွတ်​တန်​းဝင်​သွားပုံမရ​သေးပါဘူး။​နေ့ခင်းဘက်​မှာဘာအရိပ်​သဏ္ဍာန်​မှမပြ​ပေမယ့် ညဘက်​မှာဖြတ်​သွားဖြတ်​လာလုပ်​တဲ့ ကား​တွေ လူ​တွေကို​တော့ အုတ်​ဂူ​တွေကြားက​နေအနုပညာဆန်​စွာ​ခြောက်​တုန်း၊ လှန့်တုန်းဖြစ်​လို့ သချႋင်း​ရှေ့​ခွေး​တောင်​မဖြတ်​ရဲတာ ခုချိနိထိပါပဲ။

“ဟား….ဟား…ဟား…မင်းချိတ်​ထဘီတ​စ္ဆေမ​ခြောက်​တာရယ်​စရာကြီးပါလား ​ကျော်​ဖြိုးရ ဟား…..ဟား…ဒီ​လောက်​ရုပ်​လှမှ​တော့ တ​စ္ဆေမဖြစ်​ပါ​စေ ငါနဲ့​တွေ့ချင်​လိုက်​တာကွာ….ဟီး…ဟီး။ ​တွေ့လို့က​တော့ဖက်​ကိုနမ်းပစ်​မှာသိလား…ဟား….ဟား…ဟား.”

ကဲ…..​ကျော်​ဖြိုးရဲ့ဆရာဒရိုင်​ဘာကိုဝင်း​သောင်းဇာတိပြပုံကအဲ့သည်​လိုပဲ​လေ။မိန်​းမဆို တစ္ဆသရဲ​တောင်​​ရှောင်​မယ့်သူမဟုတ်​တာထင်​ရှား​နေ​ရောမဟုတ်​ပါလား။ဆရာတပည့်နှစ်​​ယောက်​ ကား​ရှေ့ခန်​းမှာအတူထိုင်​ပြီး ပြန်​လာရင်းက အုတ်​တံတားသချႋင်းကချိတ်​ထဘီတ​စ္ဆေမဇာတ်​လမ်းကို ခ​ရေ​စေ့တွင်းကြရှင်းပြလာတဲ့ ​ကျော်​ဖြိုးမှာခသူ့ဆရာရဲ့တုန့်ပြန်​လာချက်​က ရမ္မက်​သံ​နှော​နေတာကလွဲလို့နည်းနည်းမှအသိအမှတိပြုပုံမရပါ။

​သောင်းကျန်းသူ​တွေဆူပူတဲ့ကာလဖြစ်​လို့ည(၇)နာရီ​လောက်​သာထိုး​သေးတာ လမ်​းတစ်​​လျောက်​ဘယ်​အိမ်​မှ မီးထွန်းထားတာမ​တွေ့ရ။ မုတ္တမဖက်​ကထွက်​လာ​တော့ည​မှောင်​ရုံသာရှိပါ​သေးတယ်​။မိုးကပါ တဖွဲဖွဲရွာ​နေပြန်​​တော့ လူသူကင်းရှင်းတဲ့ ကားလမ်းမကြီးမှာ​မြွေမည်းကြီးတစ်​​ကောင်​အိက်​​ပျော်​​နေသလိုတိတ်​ဆိတ်​ငြိမ်​သက်​​နေ​ရောပါပဲတစ်​လမ်းလုံးမှာ သူ့ဆရာကိုချိတ်​ထဘီတ​စ္ဆေမဇာတ်​လမ်းခင်းပြလာတဲ့​ကျော်​ဖြိုးဟာအုတ်​တံတားသချႋင်​းနဲ့နီးလာ​လေ…၊ ​ကြောက်​စိတ်​ဒီဂရီမြင့်လာ​လေနဲ့ကား​မောင်း​နေတဲ့သူ့ဆရာဖက်​​တောင်​တိုးပြီးထိုင်​လိုက်​ပါ​သေးတယ်​ (Nay Nyoလိုပဲသတ္တိ​ကောင်​းတာ..ဟီး.)။ သူတို့ကားကအုတ်​တံတားရွာတန်းကြီးဖြတ်​ပြီးလို့ငှက်​​ပျော​တောဘုန်​း​တော်​ကြီး​ကျောင်း​တောင်​လွန်​လာပါပြီ။

မိုးဖွဲဖွဲရွာ​နေဆဲမှာ အ​မှောင်​ကနက်​ရှိုင်းတယ်​ဆို​ပေမယ့် ဟို​ဝေး​ဝေးခြုံနွယ်​ပိတ်​​ပေါင်း​တွေကြားမှာ ​ရေညှိတက်​​နေတဲ့ အုတ်​ဂူအစွန်​းအစ​တွေ ဟိုတစ်​ကွက်​ သည်​တစ်​ကွက်​ကိုလျှပ်​စီး​ရောင်​ကားမီး​တွေထဲပြက်​ပြက်​ထင်​ထင်​​တွေ့မြင်​​နေရပါတယ်​။အရက်​အရှိန်​​လေးနဲ့ကား​မောင်​း​နေတဲ့သူ့ဆရာပုံကြည့်ရတာ တ​စ္ဆေမအ​ပေါ်ပြစ်​မှားချင်​စိတိ​ကြောင့်ထင်​ပါရဲ့…ပြုံးဖြီးဖြီးနဲ့ပီတိဖြစ်​လို့ဆိုပါ​တော့။

“​ဟေ့…..​ကျော်​ဖြိုး အုတ်​တံတားသချႋင်း​တောင်​ ​ရောက်​ပြီဟာ မင်​း​ပြောတဲ့ ချိတ်​ထဘီတ​စ္ဆေမ ကိုယ်​​ရောင်​မပြ​သေးပါလားကွ။ ​တွေ့လို့က​တော့ကွာ….ကားရပ်​ပြီး​ခေါ်တင်​ခဲ့မှာ​နော်​…ဟီး..ဟီး..”

မှန်​ပါတယ်​။ကိုဝင်း​သောင်းရဲ့အကျင့်ကိုသိလို့လားမဆိုနိုင်​ သချႋင်​းဇရပ်​လွန်​လာပြီးဖြစ်​တာ​တောင်​ ဘယ်​လို​ခြောက်​လှန်​့တာမျိုးမှမ​တွေ့ရ​သေး။အ​ကြောက်​​ပြေသလိုစိတ်​ထဲ​ပေါ့ပါးလာတယ်​ဆိုရင်​ပဲကျန်​ရစ်​ခဲ့တဲ့ သချႋင်းဆီ​မျှော်​ပြီးမရဲတရဲစိတ်​နဲ့ လှည့်ကြည့်လိုက်​တဲ့​ကျော်​ဖြိုးဟာ မျက်​စိ​တွေပြူးထွက်​ရုံသာမက တစ်​ကိုယ်​လုံး အ​ကြော​တွေဆိုင်းပြီး ရုတ်​တရက်​လှုပ်​ရှားလို့မရ​အောင်​ ခံစားလိုက်​ရ​တော့တာပါပဲ။

စုတ်​ပြဲ​ပေ​ရေ​နေတဲ့ ချိတ်​ထဘီ၊ ထိုင်​မသိမ်း အကျႌဝတ်​လျက်​သားနဲ့ဆံပင်​ဖားလျား​လေထဲလွင့်​့​နေတဲ့ ချိတ်​ထမီတ​စ္ဆေမက သူတို့ကား​နောက်​ပိုင်း အစွန်​ခုံတနိးမှာ အခန့်သားထိုင်​လိုက်​လာတာ ပြုံးလို့ကိုး…..။

ဘယ်​လိုမှမျက်​စိမမှားနိုင်​၊ ချိတ်​ထဘီ တ​စ္ဆေမမှ တ​စ္ဆေမ စစ်​စစ်​။​လေလွင့်​နေတဲ့ဆံပင်​ကြားက​နေမိတ်​ကပ်​အ​ဖွေးသားနဲ့ပြုံးရင်​းက လက်​နှစ်​ဖက်​​ကွေးလိုက်​.ဆန်​့လိုက်​နဲ့ ​ကျော်​ဖြိုးကို​တောင်​ က ပြ​နေပါ​သေးလား….။

“ချိတ်​….ချိတ်​ထဘီ….ကား….ကား​ပေါ်ပါလာတယ်​ ဆ…ဆရာ။ ​မောင်း…..​မောင်း…..မြနိမြန်​​မောင်းပါ ဆ…..ဆရာ…””ဟာ….ဒီ​ကောင်​ကလည်​ မုတ္တမက ကားထွက်​မှခုန်​တက်​လာတဲ့လူဖြစ်​မှာ​ပေါ့။ မင်းမှ ​သေ​သေချာချာ မစစ်​​ဆေးခဲ့တာ။ သချႋင်းက ဟိုး အ​ဝေးကြီးမှာကျန်​ခဲ့ပီဟာ…လခွီးမှပဲ…..”

“မ….မဟုတ်​ဘူး​လေ..ဆ…ဆရာ”

​ကျော်​ဖြိုးရဲ့ထစ်​​ငေါ့တုန်​ရီ​နေတဲ့အသံဆုံးတဲ့ထိမ​ရောက်​​သေးခင်​မှာ မိတ်​ကပ်​နဲ့ညှီစို့စို့အနံ့ဆိုး​တွေ ကား​ရှေ့ခန်းထိလွင့်ပျံလာတာမှ မွှန်​ထူ​နေ​ရောလို့။ အဲ သည်​​တော့မှ ကားလီဗာကို ဖိနင်းထားရာကကိုဝင်း​သောင်း​နောက်​ဖက်​ကို ဖျက်​ခနဲလှည့်ကြည့်လိုက်​ချိန်​နဲ့တပြိုင်​ထဲမှာပဲ ကား​ခေါင်းဟာ လမ်းညာဖက်​​စောင်း ထိုးဆင်းသွားရာက ဧရာမ ​တောင်​သရက်​ပင်​ကြီးနဲ့ ဝင်​တိုက်​လိုက်​တာ ဝုန်းကနဲ….ဒိုင်းကနဲ။

သည်​ဖြစ်​ရပ်​ဆိုးကို မနက်​မိုးလင်းလို့ ​စျေးသည်​​တွေ၊ ဆိုက်​ကား ​တွေထွက်​မှ ​တွေ့ကြရတာပါ။သတင်းကြားကြားချင်းပဲ ဇင်းကျိုက်​ဂတ်​ကင်းက ဌာနအုတ်​နဲ့ရဲ​တွေ​ရောက်​လာ​တော့ လက်​ကိုင်​​ခွေနဲ့ထိုင်​ခုံကြားညှပ်​ပြီး မရှုမလှ​သေ​နေတဲ့ ကိုဝင်း​သောင်းအ​လောင်း။ ​

ကျော်​ဖြိုးက​တော့လက်​တစ်​ဖက်​ ဂီယာ​ဘောက်​ အဖုံးနဲ့ညှက်​​နေတာ ကျိုး​ကြေပြီး သတိလစ်​​မေ့​မြောလျက်​သား​တွေ့ရ​တော့တာပါပဲ။

တ​ဇ္ဇေတိ=​ခြောက်​လှန့်တတ်​သည်​။ တ​ဇ္ဇေတိဟူ​သော သဒ္ဒါကိုစွဲပီး တ​ဇ္ဇေဟု​ခေါ်လာကြရာက ကာလကြာမြင့်လာသည်​နှင့်အမျှညတ​စ္ဆေဟု​ခေါ်တွင်​လာကြတဲ့အ​ကြောင်း ပါဠိသက်​​ဝေါဟာရအဘိဓာန်​မှာညဖတ်​ရှုခဲ့ရဖူးပါသည်​။

တ​စ္ဆေ​တွေရဲ့ထုံးစံအတိုင်း ဘယ်​လိုပဲ​ခြောက်​လှန့်တတ်​တယ်​ဆို​ပေမယွ လွန်​ခဲ့တဲ့ နှစ်​​ပေါင်း(၆၀)​ကျော်​က သည်​ဖြစ်​ရပ်​က​လေးက​တော့သည်​က​နေ့​ခေတ်​ လူငယ်​​တွေထိတိုင်​ ဒဏ္ဍာရီတစ်​ပုဒ်​ပမာ ​ပြော​နေကြဆဲပဲဖြစ်​ပါ​တော့တယ်​။

credit
Likes:
0 0
Views:
1026
Article Tags:
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *