သီပေါမင်း၏ စာသင်ကျောင်း (သို့)သီပေါမင်း နောက်ဆုံး တက်ခဲ့တဲ့ ဒိုင်အိုဂျင်သံတဲကျောင်းတော်ကြီး

သီပေါမင်း၏ စာသင်ကျောင်း (သို့)သီပေါမင်း နောက်ဆုံး တက်ခဲ့တဲ့ ဒိုင်အိုဂျင်သံတဲကျောင်းတော်ကြီး

သီပေါမင်းပညာသင်ယူခဲ့သောစာသင်ကျောင်းသည် မန္တလေးနန်းမြို့ရိုးအနောက်ဘက်တွင် တည်ရှိပြီး ‘ဒေါက်တာမာ့ခ်စ်ကျောင်း’‘ဆရာမှတ်ကြီးကျောင်း’ ဟုလည်း လူသိများသည့် အက်စ်ပီဂျီ သာသနာပြု စာသင်ကျောင်းဖြစ်သည်။

၁၈၆၉ ခုနှစ်တွင်ရန်ကုန်စိန်ဂျွန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ခရစ်ယာန်သာသနာပြုဘုန်းကြီး ဂျိန်းမ်စ်အက်ဘန်နီဇာမာ့က်စ်(James Ebenezer Marks) အား ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဆရာများနေရန် နေအိမ်အပါအဝင် စာသင်ကျောင်းတစ်ခု အတူတကွ တည်ထောင်ရန် မင်းတုန်းမင်းကြီး ဖိတ်ကြားခဲ့သည်။

ထိုကျောင်းတွင် သီပေါမင်းသားအပါအဝင် မင်းညီမင်းသား ၇ ဦး ပညာဆည်းပူးခဲ့သည်။ သီပေါမင်းသားကို ခရစ်ကတ်ကစားရာတွင် “ပြိုင်ဘက်မရှိ ထူးချွန်သော” ကစားသမားအဖြစ်၊ ဒိုးလုံးလှိမ့်တမ်း ကစားသည့်အခါ “မင်းသားတစ်ယောက်နှင့် မလိုက်ဖက်သော စကားများ” ပြောဆိုတတ်သည်ဟု အမှတ်ရကြသည်။

သီပေါမင်းသားသည် လိမ္မာရေးခြားသော ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး အင်္ဂလိပ်စာကို ပြောတတ်ဖတ်တတ်နိုင်သော ပထမဦးဆုံးနှင့် နောက်ဆုံး မြန်မာဘုရင်တစ်ယောက် ဖြစ်ခဲ့ကြောင်း မှတ်သားရပေသည်။အခုတော့ အ.ထ.က (၁၀) မန္တလေး လို့ သိကြပါတယ်..

ဒီကျောင်းတော်ကြီးဟာ ဇွန်လ (၇) ရက်နေ့ ၂၀၂၁ခုနှစ်မှာ နှစ် (၁၅၂) ပြည့်သွားပါပြီ… အခုလက်ရှိ ကျောင်းဝင်းထဲမှာပဲ ဒီတော်ဝင်သံတဲကျောင်းဆောင်ကြီးကို ယနေ့အချိန်ထိ တွေ့နိုင်သလို ရှေးခေတ်က မင်းညီမင်းသားများဟာ ကျောင်းတက်ရင် ဆင်နဲ့တက်ခဲ့ကြတာမို့ ကျောင်းအဝထိပ်နားမှာ ဆင်ချည်တိုင်ကိုလည်းအခုအချိန်ထိ ထိန်းသိမ်းထားတာကို တွေ့နိုင်ပါတယ်..

ဝင်ရောက်လေ့လာဖို့ကတော့ ကျောင်းအုပ်ကြီးကို ခွင့်တောင်းပြီးမှသာ ဝင်လို့ရမှာဖြစ်ပါတယ်အခုလိုမျိုး သမိုင်းမှာ အရေးပါခဲ့တဲ့ စာသင်ဆောင်တစ်ခုကို ထိန်းသိမ်းပေးထားတာဝမ်းသာစရာပါ…

နေရာကတော့ BEHS (10) Mandalay လို့ မြေပုံမှာရှာရင် တွေ့နိုင်ပါတယ်..

Source : အမေ့ခံအတိတ်

Credit Chitthu Min

နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
473
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *