အံ့ဖွယ် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်

အံ့ဖွယ် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်

ဘုန်းကြီးမြို့တော်ဟုနာမည်ပေးထားသော်လည်း၊ တကယ်တော့ဗုဒ္ဓဘာသာ အကယ်ဒမီ၊ စာသင်တိုက်များဖြစ်ပါသည်။လူနေအိမ်များမဟုတ် အနီရောင်တဲအိမ်များဖြင့် တည်ဆောက်ထားသည့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတဲကျောင်းများသာဖြစ်သည်။အဓိက မိမိတို့လေ့လာလိုသည့် ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာလေ့လာခွင့်ရှိသည်။

အချို့ဘုန်းကြီးများကလည်း စကားမပြောဘဲ ၀စီပိတ်ကျင့်ကြံကြဧ။်။အလွန်းအလွန်သာယာပြီး သူတော်ကောင်းတို့ရဲ့ ဓမ္မစာပေများသာကြားရပြီးဆဲဆိုသံ ရန်ုဖြစ်သံမကြားရပါ အလွန်အေးချမ်းပြီး တိတ်ဆိတ် ငြိမ်သက်လှပါတယ်။

အလွန်အံသြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံ၊ ချန်ဒူမြို့မှ မိုင် ၃၇၀ အကွာရှိ ၊ လာရန်ဂါတောင်ကြားတွင်ဘုန်းတော်ကြီးနှင့် သီလရှင် အပါး(၄၀၀၀၀) လေးသောင်းကျော်သီတင်းသုံးနေထိုင်ကြပါတယ်။ဘုန်းတော်ကြီးများနှင့် သီလရှင်များတို့ရဲ့၊ နေထိုင်ရာနေရာနဲ့ကျောင်းကြားတွင် လမ်းမကြီးဖြင့် စည်း ခြားထားပါတယ်။

ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်ကို၊ ထင်ရှားသည့် ယင်မာ လာမာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ၊ ဂျစ်မီဖန့်ဆော့စ်က လူနေထိုင်ခြင်းမရှိသည့် တောင်ကြား၌ ၁၉၈၀ တွင်၊စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဝေးလံခေါင်သီ သည့် ဒေသတွင်ရှိသော်လည်း၊လာရန်ဂါအကယ်ဒမီမှာ၊ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ အခြေချနယ်မြေဖြစ်လာခဲ့သည်။

ချန်ဒူမြို့မှ မိုင် ၃၇၀ အကွာ ဆာတာဒေသရှိ ၊ ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်သို့၊သွားရောက်လိုပါက နာရီ ၂၀ ကြာ၊ ခရီးကို ဖြတ်သန်းရမည်ဖြစ်သည်။သာယာလှပသည့် ထိုဒေသတွင်၊ တီဗီများကို ပိတ်ပင်ထားပြီးဘုန်းတော်ကြီးနှင့် သီလရှင်များမှာ၊ ဘာသာရေးစာပေများ လေ့လာသင်ယူခြင်း၊ဘုရားရှိခိုးခြင်းတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြသည်။

ဗုဒ္ဓဘာသာဘုန်းကြီးမြို့တွင် ၊ တရုတ်လူမျိုး စာသင်သားများအဖြစ် ထိုင်၀မ်၊ တိဘက်၊ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှားမှ စာသင်သားများပါ သင်ကြားလျက်ရှိသည်။

သီးခြားစီခွဲခြားထားသည့် စာသင်ခန်းများတွင်၊ မန်ဒရင်းတရုတ်ဘာသာဖြင့် သင်ကြားပြီးစာသင်ခန်း ကျယ်ကြီးများတွင်၊ တိဘတ်ဘာသာဖြင့် သင်ကြားလျက် ရှိသည်။…..

Ashin Pannathiha

Likes:
0 0
Views:
501
Article Tags:
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *