၁၉၆၂ ခုနှစ် တွင် ပထမတခါဆေးသုတ်ခဲ့သည်။ ထိုနှစ် 7 July တွင် ကျောင်းသားအရေးအခင်းဖြစ် ပြီး၊ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ Rangoon University Student Union (RUSU) အဆောက်အဦးကိုလည်း ဖျက်စီးပစ်ခဲ့၍ ကျောင်းသားအများအပြားကြွေလွင့်ခဲ့ရသည်။
ထိုနောက် ၁၃ နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်၍ ဆေးသုတ်ခဲ့သည်။ ထိုအကြိမ်တွင် ဦးသန့်အရေးအခင်း နှင့်ပတ်သက်၍ကျောင်းသားများဖိတ်ဆင်ခဲ့ပြီးလူထုအုံကြွမူတခုဖြစ်ခဲ့ပြန်သည်။
ထိုနောက် မယုံတဝက်ယုံတဝက်နှင့်တိုက်ဆိုင်မူ တခုသာ သဘောထားပြီး နောက်ထပ် ၁၃ နှစ်အကြာ ၁၉၈၈ ဖေဖော်ဝါရီလ တွင် တတိယအကြိမ်ဆေးထ ပ်သုတ်ခဲ့ ကြသည်။
ဤတွင်လည်း ရှေးကနည်းတူ လူထုအုံကြွ ကျောင်းသားအရေးအခင်းကြီးထပ်ဖြစ်ကာ ကျောင်းသားများအသက်စတေးခဲ့ ရလေသည်။တိုက်ဆိုင်မူတခုလား?ယုံချင်ယုံမယုံချင်နေ ပါ
သို့ပေမယ့် နှစ်ကြိမ်မြောက် ဖြစ်ပျက်ခြင်းကို တိုက်ဆိုင်မူ ဟု ခေါ်သော်ငြားလည်းသုံးကြိမ်မြောက် သွေးထွက်သံယိုနှင့် ရှေးကအဖြစ် အပျက်နည်း တူ မြန်မာ့နိုင်ငံ ရေး ကို ကြီးမားစွာ ပြောင်းလဲခြင်းကို တော့လက်မခံ၍မရတောပေ။
ထိုအချိန်မှစတင်ကာ ကျောင်းမှတာဝန်ရှိသူတို့သည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှလွဲ၍ ကျောင်းတဝန်းလုံးရှိ အဆောက်အဦးမှန်သမျှကိုသာဆေးသုတ်ခြင်းများသာပြုလုပ်ကြတော့သည်။
(နောက်ထပ်လည်း မစမ်းသပ်သင့်ပေ) ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးမသုတ် ပဲမူလအတိုင်းထားရှိသော ရန်ကုန်တက္ကသိုလ် (Convocation Hall )သည် ပို၍တည်ငြိမ်ရင့်ကျက်ခန့်ငြားမူရှိသောသဘော ဆောင်နေသည်ဟုထင်မြင်မိပါသည်။
ထို့အတူ ဆေးသုတ်ခြင်း မသုတ်ခြင်းထက်အနာဂတ်ရဲ့ အားကိုးရမည့်မျိုးဆက်သစ် လူငယ်များကိုအမြဲတန်း ထာဝရမွေးထုတ်ပေးနေမှာ ဧကန်မလွဲ ဖြစ်ပါတော့သည်။
Old but Gold