မင်းသိင်္ခ(စာရေးဆရာ)

မင်းသိင်္ခ(စာရေးဆရာ)

မင်းသိင်္ခ (၁၉၃၉−၂၀၀၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဗေဒင်ပညာရှင် ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။

စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ငယ်ဘဝနှင့် ပညာရေး၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်မည်မှာ အောင်ထွန်း ဖြစ်သည်။ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပါသည်။

စာပေရေးသားခြင်း၁၉၅၄ ခု၊ အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်က ထွက်ခဲ့ပါ ဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့် ရေးကာ စာပေနယ်သို့ ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှု မဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာ သတ်မှု ကို အောင်သင်း ကလောင်နှင့် ရေးသည်။ မနုစာရီ လုံးချင်းကို စရေးမှသာ မင်းသိင်္ခ အမည်ကို ခံယူသည်။

မကွယ်လွန်မီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှမြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များဖြန့်ဝေခဲ့ပြီးဆက်လက်ထုတ်ဝေရန်စာပေစိစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များကျန်ခဲ့သေးသည်။

၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ်စုစုပေါင်းအုပ်ရေ (၇၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။ရေးသားသော စာအုပ်များတပွဲစားဦးနှောက်၊ မင်းဂွတ်သီးသုံးလုံး၊ ဆားပုလင်းနှင်းမောင်နှင့်ဓားနှစ်လက်စသောရုပ်ပြ ဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာ ရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။

ဦးစီးထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများမှာအောက်ပါအတိုင်းဖြစ်သည် −မနောမယဂမ္ဘီရဂျာနယ်၊မနောကြာဖြူမဂ္ဂဇင်း၊မဟာမြိုင် မဂ္ဂဇင်း၊ မနုစာရီ မဂ္ဂဇင်း၊မြရီသီတာ မဂ္ဂဇင်း နှင့်ရောင်ပြန် မဂ္ဂဇင်းအလုပ်အကိုင်၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမှုထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။

ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊လက်ဖက်ရည် ဆိုင်ပိုင်ရှင်ဘဝတို့ဖြင့်ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီလုံးချင်းဝတ္ထုကြီးကိုစတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာသို့လည်း ပြန်ဆိုခြင်းခံရသည်။

ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာစနေမောင်မောင်ဆားပုလင်းနှင်းမောင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားမိုးသီးအောင်ထွန်းဘိန်းစား ဘွန်း‌ဟောင်း တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။ဗေဒင်ဟောခြင်း၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။

ထိုအချိန်မှစ၍ မင်းသိင်္ခဟူသောအမည်ကိုခံယူခဲ့သည်။ ၁၉၇၈ တွင်ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင်ရန်ကုန်မြို့သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီးထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင်မှော်ဘီမြို့အစွန်ရှိ အယူတော်မင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

မဟာဂန္ဓရီခရီးစဉ်မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊မရမ်းတလင်းအယူတော်မင်္ဂလာခြံ၌နေထိုင်သည်။နက္ခတ်ဗေဒ ပါရဂူဘွဲ့အိန္ဒိယနိုင်ငံကာလကတ္တားအခြေစိုက် A.R.P ကပေးအပ်သည့်ပေးအပ်သည့် ရိုးရာဗေဒင်ပညာပါရဂူဘွဲ့နှင့်မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီးဆုသွားရောက် လက်ခံမရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုမင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်းပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲကတရားဟောတယ်။

အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာပေါပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူကတောထဲပြန်တယ်၊ ကိုယ်တို့ကပြန်စရာမရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။

သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များအဆက်မပြတ်ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကိုဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ထပ်မံပို့ဆောင်ခဲ့သည်။

မိသားစုဘဝ၁၉၅၇ ခုတွင်မအေးအေးရွှေနှင့်အိမ်ထောင်ကျသည်။မအေးအေးရွှေ၏ မိဘများက သဘောမတူသဖြင့် အိမ်ထောင် ခွဲသည်။၁၉၆၀ ပြည့်တွင် ချောက်နေမြမြဝင်း (ခ) ကျင်ဖုံနှင့်အကြောင်းဖက်သည်။ သားဖြစ်သူမောင်မောင်သစ်ထွန်းကားသည်။ ၁၉၆၁ တွင်မကျင်ဖုံနှင့် မိသားစုပြသနာများကြောင့်ကွဲသည်။

၁၉၈၀ အလွန်တွင် ချစ်သူဟောင်း မအေးအေးရွှေနှင့် ပြန်ပေါင်းဖြစ်သည်။ဘဝနိဂုံ:၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ခြံကိုပြန်ရောက်လာတယ်။

မနေ့က မနက်ကမှ ထူးထူးဆန်းဆန်းစကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ငါပြီးပြီတဲ့။ အဲလို့ပြောပြီးအခန်းထဲ ဝင်သွားတယ်။

ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသင်္ဂြိုဟ်သည်။

ဆရာကြီးကွယ်လွန်ချိန်တွင် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဦးဝင်းဇော်(သစ်တော)နှင့် ညီမဒေါ်သန်းနုအောင်တို့သာကျန်ရစ်ခဲ့သည်။

CRD Han Lin Aung နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
2356
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *