ဆေးလိပ်သောက်ခြင်းဓလေ့

ဆေးရွက်ကြီး

ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တမျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်သည်။

ဤမျှ ပြင်းထန်သော အဆိပ်ကို လူသားတို့ သောက်ရှူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀-ခန့်ရှိပြီဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀-ခန့် (ဘီစီ ၆၀၀၀-ခန့်) ကတည်းက အမေရိကတိုက်တွင် ဆေးရွက်ကြီးများ စတင်ပေါ်ပေါက်နေကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။ အမေရိကတိုက်နေ လူရိုင်းများ ဆေးရွက်ကြီးကို သုံးစွဲခဲ့သည့် အထောက်အထားကိုမူ ခရစ်တော်မပေါ်မီ ၁-ရာစုအလိုခန့်တွင်မှ စတင်တွေ့ရှိခဲ့သည်။

လူရိုင်းတို့သည် ဆေးရွက်ကြီးမှ အငွေ့များကို ကောင်းကင်သို့ မှုတ်ထုတ်ပြီး နတ်ဘုရားများထံ အငွေ့များ ဆက်သခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဆေးရွက်ကြီးကိုငုံခြင်း၊ ရေစိမ်ပြီး အရည်သောက်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့သည်။ အမေရိကန် ရက်အင်ဒီးယန်းလူရိုင်းတို့၏ သင်္ချိုင်းများတွင် ဆေးတံများကို တူးဖော်တွေ့ရှိခဲ့ခြင်းက ဤအချက်ကို ထောက်ခံနေပါသည်။

ခရစ်နှစ် ၁၄၉၂-သို့ရောက်သောအခါ နယ်မြေသစ်ရှာဖွေသူ ခရစ်တိုဖာကိုလံဘတ်စ်သည် အမေရိကတိုက်ရှိ ဗဟားမားကျွန်းသို့ ရောက်ရှိလာသည်။ ကိုလံဘတ်စ်သည် ကျွန်းနေလူရိုင်းများ လယ်ယာလုပ်ငန်းမှအပြန် ညနေစောင်းတွင် သစ်ရွက်တမျိုးကို မီးရှို့ရှူရှိုက်နေကြသည်ကို တွေ့မြင်ခဲ့သည်။

ဤသည်ကို တွေ့မြင်သော ကိုလံဘတ်စ်သည် သူကိုယ်တိုင် ရှူရှိုက်ကြည့်သောအခါတွင် အနံ့အရသာကို နှစ်သက်သောကြောင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အစေ့များကို ဥရောပတိုက်သို့ ယူဆောင်လာခဲ့သည်။ ဤသို့ဖြင့် လူသားတို့ကို ဒုက္ခပေးမည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့သည် အမေရိကတိုက်မှ ဥရောပတိုက်သို့ ခြေဆန့်ရောက်ရှိလာခဲ့သည်။

ဆေးလိပ်တွင်ပါဝင်သော နီကိုတင်း၏ စွမ်းရည်တခုမှာ တကြိမ်သောက်ပြီးလျှင် နောက်တကြိမ်ထပ်သောက်ရန် အတွက် စွဲလမ်းသွားခြင်းပင် ဖြစ်သည်။ ဤအာနိသင်ကို မသိသေးသော ဥရောပတိုက်သားများသည် တဦးမှတဦး လက်ဆင့်ကမ်းသောက်သုံးခဲ့ရာမှ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းတို့သည် ဥရောပတိုက်တွင် ခေတ်စားလာခဲ့သည်။

၁၅၅၉-ခုတွင် ပေါ်တူဂီနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်သံအမတ် ဇင်းနစ်ကောသည် ဆေးရွက်ကြီး၏ ဆေးဖက်ဝင်အာနိသင်များကို မှတ်တမ်းတင်ခဲ့သည်။ ထိုအချိန်တွင် ပြင်သစ်ဘုရင်မ ကက်သရင်းသည် ခေါင်းတခြမ်းကိုက် ဝေဒနာ စွဲကပ်နေပါသည်။ နစ်ကောသည် ဘုရင်မကြီး ခံစားနေရသော ခေါင်းတခြမ်းကိုက် ဝေဒနာအတွက် ဆေးရွက်ကြီးကို နှာရှူဆေးအဖြစ် ဆက်သခဲ့သည်။ ထိုအချိန်မှစ၍ ပြင်သစ်နန်းတော်ကြီး၌ ဆေးရွက်ကြီးသည် အထူးခေတ်စားလာခဲ့သည်။

ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဆိုသောအမည်သည် အထက်ဖော်ပြပါ သံအမတ်ကြီး နစ်ကောကို ဂုဏ်ပြုခေါ်ဆိုထားခြင်းပင် ဖြစ်သည်။အင်္ဂလန်သို့ ဆေးရွက်ကြီး ယူဆောင်လာခဲ့သူမှာ ဆာဝေါ်လတာရော်လီ ဖြစ်သည်။ ဆေးလိပ်သောက်သုံးစက ဆာဝေါ်လတာ၏ အဖြစ်အပျက်ကလေးတခုမှာ ထင်ရှားပါသည်။

တနေ့တွင် ဆာဝေါ်လတာသည် အခန်းထဲတွင် တကိုယ်တည်းထိုင်ပြီး ဆေးလိပ်သောက်နေပါသည်။ မီးခိုးများလည်း တလူလူ ထွက်နေပါသည်။ ထိုအချိန်တွင် ဆေးလိပ်သောက်သည်ကို မမြင်ဖူးသော ဆာဝေါ်လတာ၏ အစေခံသည် သူ့သခင်ကို မီးလောင်နေသည်ထင်ပြီး မီး-မီး ကယ်ကြပါ-ဟု ထိတ်လန့်တကြား အော်ဟစ်ရင်း သူ့သခင်ကို ရေနှင့်လောင်းခဲ့ဖူးပါသည်။

၁၆၀၀-ပြည့်နှစ်ရောက်သောအခါ ဆေးရွက်ကြီးသည် ဥရောပတိုက်မှတဆင့် ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့ ပျံ့နှံ့လာခဲ့သည်။ မြန်မာနိုင်ငံတွင်မူ မြန်မာသက္ကရာဇ် ၉၉၁ (ခရစ်နှစ် ၁၆၂၉) သာလွန်မင်းတရား လက်ထက်တွင် “ဆေးလိပ်” သောက်ဆေး စတင်ရောက်ရှိလာကြောင်း အထောက်အထားများ အရ သိရှိရသည်။

စိန္တကျော်သူ၏ ဩဝါဒထူးပျို့တွင် ဆေးတံညို တတိုလောက်၊ ရော့သောက်တော့ပေး၊ ဆေးတအိုးကျွမ်း၊ ကွမ်းတယာညက်-စသော စကားများ ပါဝင်နေခြင်းက စိန္တကျော်သူ၏ လက်ထက် (မြန်မာနှစ် ၁၀၉၈-၁၁၃၃) (ခရစ်နှစ် ၁၇၃၆-၁၇၇၁) တွင် ဆေးလိပ်သောက်ခြင်းဓလေ့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်သည်။

ဆေးအိုးဖြင့် ဆေးသောက်ခြင်းဓလေ့မှာ

AD11 ရာစု မတိုင်ကပင် မြန်မာလူမျိုးတို့ကြား၌ ထွန်းကားခဲ့ကြောင်း တူးဖော်ရရှိသည့် ဆေးအိုးများအရသိရှိပြီးဖြစ်ပါသည်ယခုပြောနေသောအကြောင်းအရာမှာဆေး”လိပ်”ဖြစ်သည်မတူပါ}မြန်မာသက္ကရာဇ် ၁၁၂၈-ခုနှစ်တွင်ဆင်ဖြူရှင်မင်းတရားသည် ဒွါရာဝတီကို အောင်မြင်ပြီ းသောအခါမြန်မာတပ်မတော်သားများ ယိုးဒယားတို့ ငှက်ပျော်ဖက်သောက်သည်ကိုအတုယူပြီး ငှက်ပျောဖက်၊ ကွမ်းသီးဖက်၊ သနပ်ဖက်များဖြင့် ဆေးပေါ့လိပ်စတင်လိပ်ကာသောက်သုံးခဲ့ကြသည်။

ယခုအခါ ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ် သောက်သုံးသော တခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံသာ ရှိပါတော့သည်။ဤသို့ဖြင့် အမေရိကတိုက်မှ ဆေးရွက်ကြီးများသည် ကမ္ဘာတခွင်လုံးသို့ ပြန့်နှံ့လာခဲ့သည်။ ခရစ်နှစ် ၁၆၁၂-တွင် အမေရိကနိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ဆေးရွက်ကြီးကို စတင်စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ပြီး ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့သည်။ စီးကရက်ကို စတင်သုံးစွဲသူများမှာ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှ သူတောင်းစားများဖြစ်သည်။

သူတို့သည် စွန့်ပစ်ထားသော ဆေးလိပ်တိုများမှ ဆေးရွက်ကြီးအမှုန့်များကိုရရာ စက္ကူများဖြင့် ပတ်ပြီး သောက်သုံးခဲ့သည်။ ၎င်းဆေးလိပ်မျိုးကို စပိန်ဘာသာဖြင့် စီဂါရီလို (Cigarello) ဟုခေါ်ဆိုသည်။ နောင်တွင်မှ ပြင်သစ်တို့က စီးကရက် (Cigarette) ဟုအမည်ပေးခဲ့သည်။ကုန်းဘောင်ခေတ်နှောင်းတွင် သီပေါမင်းသည် သူ့၏အစ်မ တစ်ဝမ်းကွဲတော်သူ ကနောင်မင်း၏ သမီးတော် ဒုတိယ ရန်အောင်မြေထိပ်ခေါင်တင် လိပ်သည့် ဆေးပေါ့လိပ်ကိုမှ သောက်သည်ဟု အဆိုရှိခဲ့သည်။

အလားတူပင် ပါတော်မူသောအချိန်၌ ဘီရိုလှည်းပေါ်မှစုဖုရားလတ်သည်ဆေးလိပ်သောက်ချင်သည့်အတွက်ဘေး၌ရှိသောဂေါ်ရာစစ်သားများကို မီးခြစ်လှမ်းတောင်းသည်ဆိုသောမှတ်တမ်းမှတ်ရာများလည်း ရှိခဲ့ပါသည်။ H. Fielding Hall ရေးသော Thibaw’s Queen စာအုပ်တွင်လည်းအဝေးရောက် မိုးကောင်းမြို့ဝန်သမီး (၉)နှစ်မျှရှိသောမယ်မြသည် စီးကရက်လိပ်သည့်ရွှေသေတ္တာကိုပိုက်ပြီးအမြဲလိုက်နေရသည်ဟု ပါရှိလေသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင်ဆေးပေါ့လိပ်သောက်ခြင်းသည်အလေ့အထတစ်ခုအဖြစ်ရှိနေပြီးဖြစ်သည်ကို တွေ့ရပါသည်။

ဆေးလိပ် ​ေသာက်ခြင်းဓလေ့သည်မြန်မာ့နယ်ပယ်၌ခေတ်စားခဲ့ပြီး မြန်မာ့တို့၏ဓလေ့တခုအဖြစ် တည်ရှိလာခဲ့သည်။ဆေးလိပ်အား ရှေးအခါက အလှူမင်္ဂလာဆောင်များ၌ တည်းခင်းတတ်သလို မင်္ဂလာလက်ဆောင်အ​ြဖစ်ကမ်းလေ့ပါ ရှိခဲ့ကြသည်။

ထိုသို့သောနာမည်ကြီးခဲ့သည် ဆေးလိပ်သည် ရောင်တန်းဝင်နှင့် အိပ်၌လိပ်သော ဆေးလိပ်ဟုနှစ်မျိုးရှိပြီး ရောင်းတန်း၌အစီခံ၏အထက်လက်သစ်လုံးလောင်တွင် စက္ကူပတ်ထားတတ်ပြီး ဆေးလိပ်ခုံအမည်နှငိ့ထုတ်လုပ်သည့်တံဆိပ်ကို ရိုက်နှိပ်ထားကာအိမ်ဆေးလိပ်မှာစက္ကူဖြူနှင့် ပတ်ခြင်းနည်းပြီးချည်မျင်နှင့်သာ နှစ်ပတ်ရစ်ချည်ထိန်းနှောင်ထားလေသည်။

ထိုဆေးလိပ်၌ချည်မျှင်စည်းထားသည့်အကြောင်းကို “မဝယ်ဖူး မယ်ခူးတဲ့ဖက်စို”အစချီလေးဆစ်ကဗျာ၌ မယ်ခွေမှ”မဝယ်ဘူး၊ မယ်ခူးမယ်တဲ့ ဖက်စို။မီးမကူနေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာမင်းသောက်ဖို့ကို။ညှာအနား၊ ရှေ့ သွားနှင့်ကိုက်လို့ တို၊မချိုတောင့်လိပ်ဆေး။ပိုး မကူဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်ငယ်ချစ်မောင်ရွှေဝသွားကိုပါးလိုက်တယ်လေး”ဟူ၍ ဖွဲ့ဆိုထားမှုအားတွေ့ရလေသည်။

မယ်ခွေသည် ကုန်းဘောင်ခေတ်မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် နန်းတက်တော်မူသောဘိုးတော်ဘုရား လက်ထက်တွင်ထင်ရှားကျော်စောသော အမျိုးသမီးစာဆိုတော်တစ်ဦး ဖြစ်သည်။ ပညာရှင်တချို့၏ မှတ်သားချက်အရမယ်ခွေသည် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်တော်မူသော သာယာဝတီမင်း လက်ထက်တိုင်အောင် ထင်ပေါ်ကျော်ကြားသူ ဖြစ်ပါသည်မယ်ခွေမှာ ရတနာသိဃင်္မြို့နေ စစ်တောင်းဝန်၏ သမီးနှစ်ယောက်အနက် အငယ်ဖြစ်လေသည်။

အရွယ်ရောက်လတ်သော် အမွေဝန်ဟောင်း မောင်စွက်နှင့် စုံဖက်၏။ ထို့ကြောင့် မယ်ခွေကို အမွေဝန်ကတော်ဟုလည်း ခေါ်ကြသည်။ မယ်ခွေ၏ အစ်မကား မယ်ကေတည်း။

(မှတ်ချက်။ ။ မယ်ခွေကိုမယ်ခွေးဟု ခေါ်ကြသည်မှာ မှား၏။ မယ်ကေ၊ မယ်ခွေဟူသောညီအစ်မနှစ်ယောက်တို့သည် ဘိုးတော်ဘုရားလက်ထက်တွင် လွန်စွာကျော်စောကြောင်း ပုဂံဝန်ထောက်မင်း ဦးတင်၏စာအုပ်တွင်ရေးသားဖော်ပြထားပေသည်။)

အဲချင်းဟူသောကဗျာအဖွဲ့အနွဲ့များစွာတို့ကိုရေးသားခဲ့သဖြင့်အဲမယ်ခွေဟုပင်အမည်တွင်ကြောင်းမြန်မာဂန္ထဝင်တွင် ထင်ရှားသောအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။မယ်ခွေဆိုသောအဲချင်းများကို ၈၀ပေါ်အဲဟုလည်းခေါ်ကြသေးသည်။

​ြမန်မာ့ရိုးရာအရ ပြန်လည်မွမ်းမံကာသောက်သုံးသည့်ပုံစံမှာ ဆေးရွက်ကြီးနှင့်ဆေးရိုးတို့ကို အချိုးကျရောနှောပြီးပြောင်းဖူးဖက် သို့မဟုတ် သနပ်ဖက် နှင့်လိပ်သောက်သည့် ဆေးလိပ်ပုံစံ​ြဖစ်သည်။တချို့မှာဆေးရွက်ကြီး၏အရိုးကိုပင်ဆေးရိုးပြုလုပ်ကာ ထည့်သွင်းလေ့ရှိသော် လည်းဆေးရွက်ကြီး၏အရိုးမလောက်ငချိန် အရသော်လည်းကောင်းအုံးနှဲရိုးကိုကြိုက်နှစ်သက်သူတို့အတွက်လည်းကောင်းဆေးရိုးအား အုံးနှဲပင်ဖြင့်ပြုလုပ်လေ့ရှိသည်။

အုံးနှဲပင်အရိုး၏အရသာမှာ အနညိးငယ်ချိုသည်ထိုအပင်အရိုးများကို နုပ်နုပ်စဥ္းဖြတ်တောက်၍မကျည်းမှည့်ရေ၊ သကာရေ နှင့်ဆား အနည်းငယ်ထည့်ကာ ရောမွှေလျက်နေပူထဲတွင်အခြောက်လှမ်းထားရသည်ဤသို့ ပြုပြင်အခြောက်လှန်းထားသည့် အုံးနှဲရိုးဖြင့်ဆေးစပ်ထားသည်ကိုလည်းဟသောက်သုံးကြသည်။

ယနေ့ခေတ်ဆေးပေါ့လိပ်

ဆေးပေါ့လိပ်ဆိုသည်မှာလည်းမြန်မာပြည်တွင်သောက်သုံးနေသောဆေးလိပ်အမျိုးအစား တစ်မျိုးဖြစ်ပြီးသနပ်ဖက်ထဲတွင် ဆေးရွက်ကြီးအမှုန့်ကို ထည့်သွင်း၍ လိပ်ထားခြင်းပင် ဖြစ်သည်။

ဆေးစပ်နည်း

ဆေးပေါ့လိပ်ကို ဆေးစပ်ရာတွင်ကုန်းဆေးနှင့်ကျွန်းဆေးဟုခေါ်သောဆေးနှစ်မျိုးကို ရောစပ်၍အသုံးပြုလေ့ရှိကြသည်။ကုန်းဆေး ရာခိုင်နှုန်းများပါကဆေးစပ်ပြင်းပြီး ကျွန်းဆေးရာခိုင်နှုန်းများပါကဆေးစပ်ပျော့သည်။ ဆေးလိပ်ခုံများသည် ရာသီဥတုအပေါ်တွင်မူတည်၍ ဆေးစပ်ကို ပြောင်းလဲလေ့ ရှိကြသည်။

ဥပမာ အားဖြင့်ဆောင်းရာသီတွင် ဆေးစပ်ကို အပြင်းစားစပ်လေ့ရှိကြပြီး နွေရာသီတွင်ဆေးကိုအပျော့စားစပ်လေ့ရှိကြသည်။ သို့ရာတွင် ဆေးရွက်ကြီး သက်သက်ဖြင့် ဆေးစပ်ပါကဆေးပေါ့လိပ်ကိုကြာရှည်စွာမီးမစွဲနိုင်ပေ။ ထို့အတွက်ကြောင့်အရက်ကိုဆေးထဲတွင်ထည့်သွင်း ရောစပ်ခြင်းအားဖြင့် ဆေးပေါ့လိပ်ကိုကြာရှည်မီးစွဲအောင်ပြုလုပ်လေ့ရှိကြသည်။

အရက်သည်ဆေးပေါ့လိပ် မီးစွဲခြင်းကိုအထောက်အကူပေးသော်လည်း ဆေးသားထဲတွင်အရက်ပါဝင်သောကြောင့်ဆေးပေါ့လိပ်မီးလောင်သောအခါတွင်သောက်သုံးသူများအနေနှင့် မွှန်ထူသော အနံ့မျိုးကို့ရလေ့ရှိတတ်သည်။ ထိုအနံ့ကိုပယ်ဖျောက်ရန်အတွက် ဆေးစပ်ရာတွင် ကန့်ကိုထည့်သွင်းအသုံးပြုလေ့ရှိကြသည်။

BY OPBPHOTO INTERNET Credit Only Burmese!

Likes:
0 0
Views:
756
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *