တရုတ် နဲ့ အမေရိကန် မဟာမိတ်တွေ ဘယ်သူတွေက မြန်မာ့ အရေးအပေါ်မှာ အသာစီးရသွားနိုင်မလဲ…?

US ကပူးပေါင်းလုပ်တတ်တယ်၊လုပ်တိုင်းမှာလည်း သူကတော့ ဆရာကြီးနေရာကနေလေ့ရှိတယ်ဆိုတာ နေတိုးတို့ဘာတို့ ကြည့်ရင် ရတယ်သူဟာအဖွဲ့အစည်း တွေ ဖွဲ့ပြီး စုပေါင်းစားရိတ်နဲ့ ထကြွလာနိုင်သူတွေကိုနှိမ်နေကျဖြစ်ပါတယ် စုပေါင်းစားရိတ်နဲ့ဆိုတော့ အကုန်အကျ သက်သာစေတယ်ပေါ့ သေသေချာချာလေ့လာကြည့်ရင် အမေရိကန်ဟာ တစ်ကိုယ်တော်လုပ်ခဲတယ်ဆိုတာကို တွေ့နိုင်ပါတယ်

သေရေးရှင်ရေးဒါမှမဟုတ် အမြတ်သေချာတဲ့ ဂွင်ကောင်းတွေကလွဲလို့ စုပေါင်းလုပ်လေ့ရှိတယ် တောင်တရုပ်ပင်လယ် မှာတရုပ်တို့လူစွာလုပ်ပြီးကြွလာချိန်မှာအမေရိကန်တို့ဟာ ထရမ့်လက်ထက်ကုန်သွယ်ရေးစစ်ပွဲနဲ့ လုံးပမ်းနေချိန်ဖြစ်နေခဲ့ရာကနေ သတိကြီးစွာထားလာပြီး အင်ဒိုပစိဖိတ်မူဝါဒကိုပြန်ကြွေးကြော်လာရပါတယ်

အင်ဒိုပစိဖိတ်ဟာဘယ်လောက်အရေးပါတယ်ဆိုတာကို အသားပေးထုတ်ဖော်ရင်းနဲ့ဒေသထဲက အာဆီယန်ကို ပြန်လုံးလာရပါတယ် အာဆီ ယန်မှာ တရုပ်ရဲ့လက်တန်အတော်ဝင်မွှေထားပြီးသားဆိုတာကိုသိတဲ့အခါ သူဟာအာဆီယန်မဟုတ်တဲ့ဒေသတွင်းက အင်အားကြီးနိုင်ငံ တွေကို QUAD ဆိုတာနဲ့သိမ်းသွင်းလာရင်းတရုပ် ကို ရင်ဆိုင်ဖို့လုပ်လာပါတယ်

ဟောင်ကောင်အရေး တိုင်ဝမ်အရေးတွေမှာထဲထဲ ဝင်ဝင်လုပ်ပေးတယ်ကိုဗစ်ရောဂါကို နိုင်ငံရေးလက်နက်အဖြစ်တန်ပြန်အသုံးချပြီး တိုင်ဝမ်ကိုပိုဆက်ဆံပြလာတယ် ဝီဂါတွေ ကို မီးမောင်း ထိုးပြပြီး ဥပဒေတွေ ဟောင်ကောင် ကို အားပေးရင်း ဥပဒေတွေ ထုတ်ပြ တယ် စစ်ရေးလှုပ်ရှားမှုတွေနဲ့လေ့ကျင့်ခန်းတွေ လုပ်ပြလာတယ် ဆိုတာဟာ တရုပ်တို့ကိုကိုယ်ရှိန်သတ်သွားစေပြီး သူတို့ရဲ့BRI ကိုရပ်တန့်စေ ဖို့စလိုက်တာပါပဲ

ကပ်ရောဂါကိုအကြောင်းပြုပြီး ဘယ်တုန်းကတည်းက ထုတ်ထားခဲ့ပြီးမှန်းမသိတဲ့ ကာကွယ်ဆေးနဲ့ နိုင်ငံတကာကို အမြတ်ထုတ်လွှမ်းမိုးဖို့ ကြံနေတဲ့တရုပ်ကိုလည်း QUAD ရဲ့အင်ဒိုပစိဖိတ် ဆေးလှူဒါန်းရေးမူချလိုက်ပြီး အလဲထိုးပြန်တယ် စုပေါင်းထိုးနှက်ချက်တွေနဲ့ ပေါ့ အဲ့ဒိမှာမြန်မာပြည် က အရေး အခင်း ကထပေါ် လာတာရှိ နေ ပြန်တယ် တရုပ်ဟာမြန်မာ့အရေးကို ပြည်တွင်းရေးလို့အသံကောင်းဟစ်ပြီး သူကပွဲခင်းထဲနောက်ကနေ ဖင်နှိုက်နေတာကိုအများကသိနေတယ်

သူ့အကြံကအာဏာရှင်ကိုကြိုးကိုင်ဖို့ ကုလလိုနေရာမှာကူညီပြောဆိုပေးမယ် သူမွေးထားတဲ့မြောက်ပိုင်းအဖွဲ့တွေကို ငြိမ်ခိုင်းထားမယ် အာဆီယန်တရုပ်ဆက်ဆံရေး ပလက်ဖောင်းကနေတဆင့် သူကညှိပေးမယ် အာဆီယန်အပေါ်မှာသူ့ရဲ့လွှမ်းမိုးမှုကို မြန်မာ့အရေးကနေ တဆင့်အောင်မြေချဲ့ယူမယ် ဆိုတာမျိုး ကြံတာမှာ ကံဆိုးချင်တော့ မြန်မာ့အရေးမှာ အာဆီယန်ရဲ့အက်ကြောင်းကြီး ကထွက်ပေါ်လာပါတော့တယ်

အာဆီယန်နိုင်ငံတွေဟာ ဘယ်လိုတွေလည်း ဆိုတာကြီးကပေါ်လာပါတယ် တရုပ်တို့ရဲ့ ပြဿနာအဲ့ဒီမှာစတယ် အာဏာရယူလိုက်မိတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသိအမှတ်ပြုခံရဖို့သေရေးရှင်ရေးဖြစ်လာနေပါတယ်အာဏာရယူပြီးရက်ပေါင်း၄၀ကျော်တဲ့အထိ တရားဝင်အသိအမှတ်ပြုမခံရသေးတဲ့အပြင်ပြည်တွင်းကလည်း ဆန္ဒပြမှုတွေဟာ လူတွေအများအပြားသေကျေလာတဲ့အထိ ပြင်းထန်နေလေတော့

အနောက်ကမ္ဘာကို ကူညီပြောပေးဆိုပေးဖို့ လော်ဘီအဖွဲ့ကိုငွေပေးပြီးငှားခဲ့လိုက်တယ် ပြဿနာနောက်တခုက အဲ့ဒီလော်ဘီအဖွဲ့ ရဲ့ပိုင်ရှင်ဂျူးလူမျိုးဟာ အမေရိကန် ပြည်ထောင်စုက Discredited ကြေညာခံထားရတဲ့သူဖြစ်နေပြီး အဲ့ဒိလူရဲ့ အပြောအဆိုမလိမ္မာမှုကနေ ရိုက်တာသတင်းဌာနက အစစွဲထုတ်တာ ခံရပြီး တရုပ်နဲ့မနီး စပ် ချင်လို့ အမေရိကန်ကိုကပ်ချင်လို့ ပြောပေးရမှာဗျာ့ ဆိုတာကြီးက ပေါ်တင်ဖြစ်လာပါတယ်

နောက်တခါ မြန်မာ့သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူက တရုပ်ညှိပေးမယ်ဆိုတာလက်မခံဘူး လမ်းပြမြေပုံရှိပြီးသားဆိုပြန်တာရယ် ထိုင်းနယ်နိမိတ်နဲ့ ဆက်စပ် နေ တဲ့ အဖွဲ့တွေက စုစည်းညီညွတ်ကြမယ်ဆိုတာတွေရယ်ကိုကြားတဲ့အခါ တရုပ်မီးခဲခုပြီး သူ့မွေးစားသား တွေကို ရွှေလီမှာစည်းဝေးမယ်

ဆွန်းကော်ရှန်ဆိုတဲ့ အာရှရေးရာသံတမန်နဲ့တွေ့မယ် ဆိုပြီးဖြစ် လာတယ် ဒါပေသိ အဲ့ဒါမ တိုင်ခင် ကတည်းက UWSA ဝခေါင်းဆောင် တွေကို ကူမ င်းမှာထိန်းသိမ်း ထား တယ်ဆိုတဲ့ သတင်းက ထွက်ထားပြီးသား ဖြစ်နေပြီး

မြန်မာ့အရေးအခင်းမှာ ဝခေါင်းဆောင်တွေဖက်က အသံလည်းတိတ်နေလေတော့ပြည်တွင်း ကသူ့မွေးစားသားတွေဟာ တရုပ်မြေ ပေါ်တော့မလာရဲဘူးဆိုပြီးဖြစ်ကုန် ရာ က နေ ခုတော့ Zoom ဇွမ်းမီတင်နဲ့လုပ်ဖို့အလျှော့ပေးထားရတယ်လို့ သိကြားထားရပါတယ် တရုပ်ကိုမယုံဘူးဆိုတဲ့အသံကို ခုမှစကြားဖူးတာပါပဲ

သူတို့လည်း ဖယ်ဒရယ်ကိုလွတ်လွတ်လပ်လပ်မြည်းစမ်းချင်တယ်ဆိုတာမျိုးပေါ့ မြန်မာပြည်ကို သူ့ရဲ့ထီးရိပ်အောက် satellite country လိုသဘော ထားပြီး ကစား လာခဲ့တဲ့ တရုပ်ဟာ အာဆီယန်ကိုလွှမ်းမိုးဖို့ခြေလှမ်း မြန်မာပြည်ထဲက အရေးအခင်းကို မွေးစားသားတွေအသုံးချပြီးကစားကွက်ဖော်ဖို့ ခြေလှမ်း

စေ့စပ်ညှိနှိုင်းရေးမှာဆရာကြီးလုပ်ပြီး မြန်မာနိုင်ငံ့အရေးမှာခေါင်းကိုင်ဖခင်လုပ်မယ့်ခြေလှမ်းတွေဟာ မရေရာတော့ပဲဖြစ်လာတဲ့အပြင် မြန်မာပြည်ထဲက တရုပ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုပါ ခြိမ်းခြောက်ခံလာရနေပြီဖြစ်ပါတယ် တရုပ်ဟာသူ့ရဲ့ကြွယ်ဝချမ်းသာ လာမှုနဲ့အတူ နိုင်ငံတကာမှာ စိုးမိုးလို တဲ့စိတ်တွေကမ္ဘာကိုလွှမ်းမိုးလိုစိတ်တွေကြောင့် ဓနအင်အားကိုအသုံးချပြီး တကိုယ်တော် လှုပ်ရှားလေ့ရှိသူပါ

ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် တွေမှာလည်းသူက ကင်ဆာဆဲလ်တွေလို ထိုးဖောက်ဖြန့်ကြက်ထားပြီးသားဆိုတာကို ကမ္ဘာကမသိချင်တောင် နေလို့ မ ရ တဲ့ အထိဖြစ်လာအောင်ပါ ပဲ မြန်မာ့အရေးမှာ အာဆီယန်ရဲ့အက်ကြောင်းကြီးကပိုထင်ရှားလာတာ မြန်မာ့အရေးမှာ တရုပ်ရဲ့ ဒေသတွင်း လွှမ်းမိုး လိုမှု ခြေလှမ်း တွေ ဟန်ချက်ပျက်လာတာ

မြန်မာ့အရေးမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့တရုပ်အကြား သံသယတွေကြီးထွားလာတာ မြန်မာ့အရေးမှာ ဖယ်ဒရယ်ရောင်ခြည်သမ်းလာတာ မြန်မာ့ အရေးမှာ ဒီမိုက ရေစီ လမ်းကြောင်းပေါ်ကနေသွေဖည်သွားနိုင်ခြေများလာနေတာ စတဲ့ပုံရိပ်တွေကိုကောင်း ကောင်းအသုံးချ လို့ရတယ် ဆိုတာကို အများကသိလာကြပါတယ်

တကယ်တော့မြန်မာ့အရေးဟာ စီးပွားရေးအကျိုးအမြတ်ထက် ဘယ်ဟာကပိုမက်လုံးရှိနေတယ်ဆိုတာကို သိနေကြပါပြီ အဲ့သည်လို အနေအထား မှာ ပြည်တွင်းက လူငယ်တွေနဲ့ လူထုကြီးရဲ့ ဖော်ထုတ်ချက်တွေ စွန့်စားမှုတွေနဲ့အတူ ပြည်ပရောက်အင်အားစုတွေကလည်း ဖိအားပေးလာတဲ့အခါ

အစည်းအဝေးတိုင်းမှာမြန်မာအကြောင်းပါနေတယ် ခေါင်းကြီးပိုင်းတွေမှာ မြန်မာအကြောင်းပါနေတယ် သုံးသပ်ဆွေးနွေးပွဲတွေမှာ မြန်မာ့အကြောင်းပါ နေပါတော့ တယ် ဒီတော့အမေရိကန်တို့ဟာ သူ့ရဲ့မဟာမိတ်တွေနဲ့ ဖိအားပေးမယ်လို့သမ္မတဘိုင်ဒင်ပြောထား တဲ့အတိုင်း QUAD ကနေတဆင့်စကားဦးသန်းတာတွေဖြစ်လာပါတယ်

အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ မြန်မာ့အရေးကို တရုတ်အရေး အာဆီယန္အေရး အေရွ႕ေတာင္အာရွအေရး အင္ဒိုပစိဖိတ္အေရးဒီမိုကရေစီ အရေးလို့ သတ်မှတ်ထားပြီဆိုတာကို QUAD အစည်းအဝေးရဲ့ရလဒ်တွေကနေသိနိုင်ပါတယ်သူတို့ကတော့ teamwork နဲ့လာပါမယ်လို့ ကတိ ပြုကြပါတယ် တရုပ်ကတော့ရွှေလီအော်ပရာနဲ့ထုံးစံအတိုင်း တကိုယ်တော်ကဖို့ ဇာတ်ညွှန်းစနေပါပြီ တရုပ်နဲ့ အမေရိကန်မဟာ မိတ်တွေ ဘယ်သူတွေကမြန်မာ့အရေးအပေါ်မှာအကဲသာအရးသာမှုရသွားနိုင်သလဲ

Single နဲ့ Group fight ပေါ့

crd_pi lon

Likes:
0 0
Views:
1194
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *